ေကာ့ေသာင္းအနီး ေလွစီးေျပး ဒုကၡသည္ ၁၈၀ ဖမ္းမိ

၂၀၁၇ စက္တင္ဘာတုန္းက ထြက္ေျပးၾကတဲ့ ေလွစီးေျပး ဒုကၡသည္မ်ား

(Zawgyi/Unicode)

ဒီဇင္ဘာ ၁၅ရက္ ည ၈နာရီ ေကာ့ေသာင္းၿမိဳ႕ကေန ေရမိုင္ ၁၅၅ မိုင္အကြာ ပင္လယ္ျပင္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္ စခန္းေတြက ဒုကၡသည္ ၂၀၀ ေလာက္ပါတဲ့ စက္ေလွတစီးကို တပ္မေတာ္ေရတပ္က ဖမ္းဆီးမိပါတယ္။ အခုသူတို႔ကို ေကာ့ေသာင္းၿမိဳ႕ကို ေခၚလာေနၿပီး ဒီေန႔ညပိုင္းေလာက္မွာ ေကာ့ေသာင္းၿမိဳ႕ကို ေရာက္ရွိလိမ့္မယ္လို႔ တပ္မေတာ္ ျပန္ၾကားေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။ ဒီအေၾကာင္းကို ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းထားပါတယ္။

ေကာ့ေသာင္း အေနာက္ဘက္ ပင္လယ္ျပင္မွာ မေန႔က လူေမွာင္ခိုစက္ေလွတစီးကို ဖမ္းဆီးရမိၿပီး ေလွထဲမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္ စခန္းေတြက ဒုကၡသည္ က်ား၊ မ အေယာက္ ၂၀၀ ေလာက္ ပါလာတာကို ကနဦး စစ္ေဆးေတြ႔ရွိခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“အဲဒီလူေမွာင္ခိုစက္ေလွကို စစ္ေဆးတဲ့အခါမွာ မ ၆၉ေယာက္၊ ဘဂၤါလီလူငယ္ ၁၁၃ ေယာက္၊ လူငယ္မ ၉ေယာက္၊ စက္ေလွေမာင္းတဲ့သူေပါ့ စက္ေလွသား ၇ေယာက္ စုစုေပါင္း ၁၈၀ ဖမ္းဆီးရမိပါတယ္။”

ကနဦး စစ္ေဆးေတြ႔ရွိခ်က္ ေတြအရဆိုရင္ ဒီစက္ေလွဟာ ဘဂၤလားေဒ့ရွ္ေတာင္ပိုင္း စိန႔္မာတင္ကြၽန္းရဲ႕ ေရမိုင္ ၈မိုင္အကြာကို ဒီဇင္ဘာ ၂ရက္ ည ၁၀နာရီမွာေရာက္လာတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ လိုက္ပါမယ့္သူေတြကို ဘဂၤလားေဒ့ရွ္ဘက္ကေန ဒီစက္ေလွေပၚကို ဒီဇင္ဘာ ၄ရက္၊ ၆ရက္နဲ႔ ၁၀ရက္ ေတြမွာ စုစုေပါင္း ၃ႀကိမ္ခြဲပို႔ခဲ့တာ ျဖစ္ၿပီး ဒီဇင္ဘာ ၁၁ရက္ မနက္ ၂နာရီမွာ သူတို႔ စတင္ထြက္ခြာလာၾကတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

သူတို႔ကို စစ္ေဆး၊ ေမးျမန္းတာေတြဆက္လုပ္ဖို႔ ေကာ့ေသာင္းၿမိဳ႕ကို ေခၚလာေနၿပီ ျဖစ္ၿပီး ဒီေန႔ ဒီဇင္ဘာ ၁၆ရက္ ညပိုင္းမွာ ေကာ့ေသာင္းၿမိဳ႕ကို ေရာက္လိမ့္မယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။

“အမ်ားစုကေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြက ျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီေလွကေတာ့ အခု ေကာ့ေသာင္းကို ျပန္ပို႔ေနပါၿပီ ေရမိုင္ ၁၅၅ မိုင္ဆိုေတာ့ လမ္းခုလတ္မွာပဲ ရွိပါေသးတယ္။”

ဒါ့အျပင္ ၂၀၁၅ နဲ႔ ၂၀၁၆ ခုႏွစ္ေတြအတြင္း ဘဂၤလားပင္လယ္ေအာ္ ေဒသမွာ ေလွစီးေျပး ဒုကၡသည္ေတြ အမ်ားအျပား ဖမ္းဆီးရမိတာနဲ႔ ပတ္သက္ၿပီး ဒါဟာ ျမန္မာႏုိင္ငံတြင္းက လံုၿခံဳေရး မေကာင္းတဲ့ အတြက္ ထြက္ေျပးၾကသူေတြ ျဖစ္ေၾကာင္း သတင္းေတြမွာ ေဖၚျပခဲ့ၾကေပမယ့္ စစ္ေဆးလိုက္တဲ့ အခါမွာ ဘဂၤလားေဒ့ရွ္ က အမ်ားစု ျဖစ္ေနတာ ေတြ႔ရတယ္လို႔လည္း ေျပာပါတယ္။

ရခိုင္ကမ္းလြန္ပင္လယ္မွာ ၂၀၁၅ ေမလ ၂၂ရက္က ေလွစီးေျပးဒုကၡသည္ ၂၀၀ ေက်ာ္ဖမ္းဆီး ရမိၿပီး အဲဒီေနာက္ပိုင္း အေယာက္ ၇၀၀ ေက်ာ္ကို ဧရာဝတီတိုင္း ဟိုင္းႀကီးကြၽန္းနားမွာ ထပ္ေတြ႕ခဲ့တာပါ။ အဲဒီအထဲကျမန္မာႏိုင္ငံသားေတြကိုေတာ့ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ေပါက္ေတာ စတဲ့ သူတို႔ေဒသေတြကို ျပန္ပို႔ခဲ့ၿပီး က်န္တဲ့သူေတြကိုေတာ့ ဘဂၤလားေဒ့ရွ္အစိုးရကို ႏွစ္ႏိုင္ငံနယ္စပ္ ဒုကၡသည္ျပန္လည္ လက္ခံေရး ေတာင္ၿပိဳလက္ဝဲစခန္းက တဆင့္ အသုတ္လိုက္ လႊဲေျပာင္းေပးခဲ့ပါတယ္။

၂၀၁၉ ႏိုဝင္ဘာ ၂၉ ရက္ကလည္း ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္၊ ေခ်ာင္းသာေက်း႐ြာမွာ ေလွစီးေျပး ဒုကၡသည္ ၁၀၀ ေလာက္ ဖမ္းဆီးမိခဲ့တာ ျဖစ္ၿပီး တခ်ိဳ႕ကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားခဲ့ပါတယ္။

(Unicode Version)

ကော့သောင်းအနီး လှေစီးပြေး ဒုက္ခသည် ၁၈၀ ဖမ်းမိ

ဒီဇင်ဘာ ၁၅ရက် ည ၈နာရီ ကော့သောင်းမြို့ကနေ ရေမိုင် ၁၅၅ မိုင်အကွာ ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေက ဒုက္ခသည် ၂၀၀ လောက်ပါတဲ့ စက်လှေတစီးကို တပ်မတော်ရေတပ်က ဖမ်းဆီးမိပါတယ်။ အခုသူတို့ကို ကော့သောင်းမြို့ကို ခေါ်လာနေပြီး ဒီနေ့ညပိုင်းလောက်မှာ ကော့သောင်းမြို့ကို ရောက်ရှိလိမ့်မယ်လို့ တပ်မတော် ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က မေးမြန်းထားပါတယ်။

ကော့သောင်းအနောက်ဘက် ပင်လယ်ပြင်မှာ မနေ့က လူမှောင်ခိုစက်လှေတစီးကို ဖမ်းဆီးရမိပြီး လှေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေက ဒုက္ခသည် ကျား၊ မ အယောက် ၂၀၀ လောက်ပါလာတာကို ကနဦးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“အဲဒီလူမှောင်ခိုစက်လှေကို စစ်ဆေးတဲ့အခါမှာ မ ၆၉ယောက်၊ ဘင်္ဂါလီလူငယ် ၁၁၃ ယောက်၊ လူငယ်မ ၉ယောက်၊ စက်လှေမောင်းတဲ့သူပေါ့ စက်လှေသား ၇ယောက် စုစုပေါင်း ၁၈၀ ဖမ်းဆီးရမိပါတယ်။”

ကနဦး စစ်ဆေးတွေ့ရှိချက် တွေအရဆိုရင် ဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း စိန့်မာတင်ကျွန်းရဲ့ ရေမိုင် ၈မိုင်အကွာကို ဒီဇင်ဘာ ၂ရက် ည ၁၀နာရီမှာရောက်လာတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် လိုက်ပါမယ့်သူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဒီစက်လှေပေါ်ကို ဒီဇင်ဘာ ၄ရက်၊ ၆ရက်နဲ့ ၁၀ရက် တွေမှာ စုစုပေါင်း ၃ကြိမ်ခွဲပို့ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၁၁ရက် မနက် ၂နာရီမှာ သူတို့ စတင်ထွက်ခွာလာကြတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

သူတို့ကို စစ်ဆေး၊ မေးမြန်းတာတွေဆက်လုပ်ဖို့ ကော့သောင်းမြို့ကို ခေါ်လာနေပြီ ဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၆ရက် ညပိုင်းမှာ ကော့သောင်းမြို့ကို ရောက်လိမ့်မယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“အများစုကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေက ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလှေကတော့ အခု ကော့သောင်းကို ပြန်ပို့နေပါပြီ ရေမိုင် ၁၅၅ မိုင်ဆိုတော့ လမ်းခုလတ်မှာပဲ ရှိပါသေးတယ်။”

ဒါ့အပြင် ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေအတွင်း ဘင်္ဂလားပင်လယ်အော် ဒေသမှာ လှေစီးပြေး ဒုက္ခသည်တွေ အများအပြား ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး ဒါဟာ မြန်မာနိုင်ငံတွင်းက လုံခြုံရေး မကောင်းတဲ့ အတွက် ထွက်ပြေးကြသူတွေ ဖြစ်ကြောင်း သတင်းတွေမှာ ဖေါ်ပြခဲ့ကြပေမယ့် စစ်ဆေးလိုက်တဲ့ အခါမှာ ဘင်္ဂလားဒေ့ရှ် က အများစု ဖြစ်နေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ရခိုင်ကမ်းလွန်ပင်လယ်မှာ ၂၀၁၅ မေလ ၂၂ရက်က လှေစီးပြေးဒုက္ခသည် ၂၀၀ ကျော်ဖမ်းဆီး ရမိပြီး အဲဒီနောက်ပိုင်း အယောက် ၇၀၀ ကျော်ကို ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းနားမှာ ထပ်တွေ့ခဲ့တာပါ။ အဲဒီအထဲကမြန်မာနိုင်ငံသားတွေကိုတော့ မောင်တော၊ ဘူးသီးတောင်၊ ပေါက်တော စတဲ့ သူတို့ဒေသတွေကို ပြန်ပို့ခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ဘင်္ဂလားဒေ့ရှ်အစိုးရကို နှစ်နိုင်ငံနယ်စပ် ဒုက္ခသည်ပြန်လည် လက်ခံရေး တောင်ပြိုလက်ဝဲစခန်းက တဆင့် အသုတ်လိုက် လွှဲပြောင်းပေးခဲ့ပါတယ်။

၂၀၁၉ နိုဝင်ဘာ ၂၉ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာမှာ လှေစီးပြေး ဒုက္ခသည် ၁၀၀ လောက် ဖမ်းဆီးမိခဲ့တာ ဖြစ်ပြီး တချို့ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

ေဇာ္ထက္/VOA Burmese
https://burmese.voanews.com
ေကာ့ေသာင္းအနီး ေလွစီးေျပး ဒုကၡသည္ ၁၈၀ ဖမ္းမိ ေကာ့ေသာင္းအနီး ေလွစီးေျပး ဒုကၡသည္ ၁၈၀ ဖမ္းမိ Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.