လည္ပင္းတစ္ျခမ္း ေညာင္းကိုက္ေနတာ ဘယ္လိုကုသမလဲ

(Zawgyi)⤵⤵⤵
လည္ပင္းဆိုတာ ကြၽန္ေတာ္တို႔ ခႏၶါကိုယ္မွာ အလုပ္အမ်ားဆုံးေသာ အစိတ္အပိုင္းေတြထဲက တစ္ခုပါ။ သူ႔ရဲ႕ ကႊက်သားေတြက အၿမဲလႈပ္ရွားေနၿပီး တျခားကိုယ္ခႏၶါအစိတ္အပိုင္းေတြနဲ႔ ကာကြယ္ထားတာ မဟုတ္တဲ့အတြက္ အလြယ္တကူ ထိခိုက္မိႏိုင္ပါတယ္။ နာက်င္မႈဆိုတာ တစ္ဘက္တည္းျဖစ္ႏိုင္သလို ႏွစ္ဘက္လုံး ေညာင္းကိုက္တာမ်ိဳးလည္း ရွိပါတယ္။ ပုံမွန္အားျဖင့္ေတာ့ နေထိုင်မႈပုံစံေၾကာင့္ သာမန္ေညာင္းကိုက္တတ္ၿပီး အာ႐ုံေၾကာထိခိုက္မိတာ၊ ေက်ာ႐ိုးထိခိုက္မိတာ အစရွိတဲ့ က်န္းမာေရးအေျခအေနေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

လည္ပင္းဟာ တျခားအစိတ္အပိုင္းေတြနဲ႔လည္း ဆက္စပ္ေနတဲ့အတြက္ သူ႔ရဲ႕ ႂကြက္သားေတြ ေညာင္းကိုက္ေနၿပီဆိုရင္ ပုခုံး၊ လက္ေမာင္း၊ ခါး၊ ေက်ာ႐ိုး၊ ေမး႐ိုး၊ ဦးေခါင္းမွာပါ နာက်င္ကိုက္ခဲမႈေတြ ဆက္တိုက္ျဖစ္လာမွာပါ။ နာက်င္မႈဟာ အခ်ိန္အနည္းငယ္အတြင္း သူ႔ဘာသာ ေပ်ာက္ကင္းသြားမယ္ ဆိုေပမယ့္လည္း ဆက္တိုက္ဆိုသလို လည္ပင္းက ေညာင္းညာကိုက္ခဲေနတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပၾကည့္တာ အေကာင္းဆုံးပါပဲ။

ဒါဆိုရင္ ဘာေၾကာင့္ မၾကာခဏ လည္ပင္းေတြ ေညာင္းကိုက္ေနရတာလဲဆိုတာနဲ႔ပတ္သက္ၿပီး ဒီေန႔ေဆာင္းပါးေလးမွာ ေျပာျပသြားခ်င္ပါတယ္။

၁။ လည္ပင္းႂကြက္သား ေတာင့္တင္းေနတာ

ဥပမာဆိုၾကပါစို႔။ ကြန္ပ်ဴတာေရွ႕မွာ အခ်ိန္အၾကာႀကီး မလႈပ္မယွက္နဲ႔ ထိုင္သုံးေနတာ၊ ေခါင္းႀကီးငုံ႔ၿပီး ဖုန္းကို အၾကာႀကီး စိုက္ၾကည့္ေနတာမ်ိဳးဟာ ကိုယ့္ရဲ႕ လည္ပင္းႂကြက္သားေတြကို အားနည္းေစ႐ုံသာမက အ႐ိုးအဆစ္ေတာင့္တင္းၿပီး ဇက္လႈပ္ရွားဖို႔ ခက္ေစတယ္။ လႈပ္လိုက္တဲ့အခါမွာလည္း နာက်င္ကိုက္ခဲမႈကို ခံစားရႏိုင္ပါတယ္။

၂။ အိပ္တဲ့အေနအထား မမွန္တာ

ႂကြက္သားနာက်င္ကိုက္ခဲျခင္းမွာ အိပ္တဲ့အေနအထားဟာလည္း အမ်ားႀကီး စကားေျပာပါတယ္။ ကိုယ္က ေမွာက္ၿပီး အိပ္ေနတာ၊ လည္ပင္းကို ေဘးတစ္ျခမ္းေစာင္းၿပီး အိပ္ေနတာ၊ ေခါင္းအုံးေတြ အမ်ားႀကီးထပ္ၿပီး အိပ္ေနတာမ်ိဳးက ဦးေခါင္းနဲ႔ လည္ပင္းကို တစ္သားတည္းမျဖစ္ေစလို႔ လည္ပင္းႂကြက္သားနာက်င္ၿပီး ဇက္ေၾကာတက္တာေတြ ျဖစ္တတ္ပါတယ္။

၃။ ကိုယ္ေနဟန္ထား မမွန္တာ

လမ္းေလွ်ာက္ရင္ ခါးႀကီးကိုင္း၊ ေခါင္းငုံ႔ၿပီး ေလွ်ာက္တတ္တဲ့သူေတြ၊ ထိုင္တဲ့အခ်ိန္ ခါးကို မတ္မတ္မထားဘဲ ကုန္းကုန္းႀကီး ေနတဲ့သူေတြ ၾကာလာရင္ လည္ပင္းနဲ႔ ပုခုံးႂကြက္သားေတြ ေညာင္းညာကိုက္ခဲေစ႐ုံသာမက ေက်ာ႐ိုးကလည္း တျဖည္းျဖည္း အေရွ႕ကို ေစာင္းလာႏိုင္ပါတယ္။

၄။ စိတ္က်န္းမာေရးျပႆနာ

စိတ္ဖိစီးမႈေတြ၊ စိုးရိမ္ပူပန္တတ္တဲ့ စိတ္ေတြဟာလည္း ႂကြက္သားေတြကို တင္းေစၿပီး နာက်င္ကိုက္ခဲမႈကို ျဖစ္ေစပါတယ္။ အထူးသျဖင့္ ဦးေႏွာက္ထဲ ေသြးစီးဆင္းတဲ့ လည္ပင္းနဲ႔ ပုခုံးတစ္ေလွ်ာက္မွာ နာက်င္မႈကို ပိုၿပီး ခံစားရတတ္ပါတယ္။

၅။ မေတာ္တဆ ထိခိုက္မိတာ

အရင္တုန္းက လည္ပင္းကို ျပင္းျပင္းထန္ထန္ ထိခိုက္မိထားရင္ အဲ့ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ လည္ပင္းႂကြက္သားနဲ႔ အ႐ြတ္ေတြမွာ ဒဏ္ျဖစ္ႏိုင္ပါတယ္။ ဒီဒဏ္ရာေတြ က်န္ေနတဲ့အခ်ိန္မွာ ခါးနဲ႔ လည္ပင္းအေနအထား ပုံမမွန္တာ၊ ႂကြက္သားေတြကို အရမ္းအလုပ္လုပ္ခိုင္းတဲ့အခ်ိန္မွာ ေညာင္းညာကိုက္ခဲတာေတြ ျဖစ္ႏိုင္ပါတယ္။

၆။ အ႐ိုးအဆစ္ မသန္စြမ္းေတာ့တာ

အသက္ႀကီးလာတာ၊ တျခားက်န္းမာေရးျပႆနာေတြ ႀကဳံလာရတဲ့အခါ ကိုယ္ခံအားစနစ္သာမက ႂကြက္သားနဲ႔ အ႐ိုးအဆစ္ေတြ၊ အာ႐ုံေၾကာစနစ္ေတြပါ အားနည္းလာႏိုင္ပါတယ္။

ကုသေျဖရွင္းေပးႏိုင္မယ့္ အိမ္တြင္းနည္းလမ္းေတြ
သာမန္ ဇက္ေၾကာတက္ ႂကြက္သားေညာင္းကိုက္တာကိုေတာ့ ေအာက္မွာျပထားတဲ့ အိမ္တြင္းနည္းလမ္းေတြနဲ႔ ေျဖရွင္းႏိုင္ပါတယ္။

၁။ ေဆးဆိုင္မွာ အကိုက္အခဲေပ်ာက္ေဆး ဝယ္ေသာက္တာ

၂။ ေညာင္းကိုက္ေနတဲ့ ေနရာကို ေရခဲအုံေပးတာ

၃။ ေရခဲကပ္ၿပီး နာရီဝက္ေနရင္ ေရေႏြးဝတ္ကပ္ေပးတာ ဒါမွမဟုတ္ ေရေႏြးစိမ္ခ်ိဳးတာ

၄။ လည္ပင္းကို ေဘးဘက္ကို ျဖည္းျဖည္းခ်င္း ေစာင္းၿပီး ေလ့က်င့္ခန္းလုပ္တာ

၅။ ေတာင့္တင္းေနတဲ့ လည္ပင္းႂကြက္သားေတြကို ျဖည္းျဖည္းခ်င္း ဆန္႔ထုတ္တာ

၆။ တစ္ေနရာထဲမွာ ၿငိမ္ၿငိမ္ေလးထိုင္မေနဘဲ လႈပ္လႈပ္ရွားရွားေနေပးတာ

၇။ တစ္ေယာက္ေယာက္ကို ဇက္ေၾကာႏွိပ္ခိုင္းတာ

၈။ ခါးကို မတ္မတ္ထားပါ

၉။ ညအိပ္တဲ့အခါ ေခါင္းအုံးတစ္လုံးပဲ ခံထားပါ။

၁၀။ ေဘးေစာင္းအိပ္တာမ်ိဳး မလုပ္ဘဲ လည္ပင္းနဲ႔ ေခါင္း တစ္ေျပးညီတည္းျဖစ္ေစဖို႔ ပက္လက္အိပ္ပါ။

၁၁။ တရားထိုင္တာ၊ ေယာဂက်င့္တာမ်ိဳး လုပ္ေပးလို႔ ရပါတယ္။

ဒီနည္းလမ္းေတြ လုပ္ၾကည့္လို႔မွ လုံးဝမသက္သာဘူး၊ ပိုဆိုးလာတယ္၊ ရက္ေတာ္ေတာ္ေလးၾကာတဲ့အထိ မေပ်ာက္သြားတာ၊ ဒါမွမဟုတ္ အၿမဲလိုလို ဇက္ေၾကာတက္ၿပီး ေညာင္းကိုက္ေနတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပၾကည့္ၿပီး MRI ႐ိုက္တာ၊ CT Scan ဖတ္ဖို႔ လိုအပ္ပါတယ္။ လိုအပ္တဲ့ ေဆးဝါးကုသမႈေတြကိုေတာ့ ဆရာဝန္ကပဲ အႀကံဉာဏ္ေပးသြားမွာျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ေတာ့ ဇက္ေၾကာတက္တာ၊ လည္ပင္းႂကြက္သား ေညာင္းကိုက္တာေတြဟာ တျခားစိုးရိမ္စရာ က်န္းမာေရးျပႆနာေတြေၾကာင့္ မဟုတ္ဘဲ ကိုယ့္ရဲ႕ ေနပုံထိုင္ပုံနဲ႔သာ သက္ဆိုင္ေနတာျဖစ္တာေၾကာင့္ ကုသဖို႔လည္း အရမ္းလြယ္ကူပါတယ္။

ေရးသားသူ Ye Myo Myat
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
------------
(Unicode)⤵⤵⤵
လည်ပင်းတစ်ခြမ်း ညောင်းကိုက်နေတာ ဘယ်လိုကုသမလဲ

လည်ပင်းဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်မှာ အလုပ်အများဆုံးသော အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ သူ့ရဲ့ ကွှကျသားတွေက အမြဲလှုပ်ရှားနေပြီး တခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေနဲ့ ကာကွယ်ထားတာ မဟုတ်တဲ့အတွက် အလွယ်တကူ ထိခိုက်မိနိုင်ပါတယ်။ နာကျင်မှုဆိုတာ တစ်ဘက်တည်းဖြစ်နိုင်သလို နှစ်ဘက်လုံး ညောင်းကိုက်တာမျိုးလည်း ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ နထေိုငျမှုပုံစံကြောင့် သာမန်ညောင်းကိုက်တတ်ပြီး အာရုံကြောထိခိုက်မိတာ၊ ကျောရိုးထိခိုက်မိတာ အစရှိတဲ့ ကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လည်ပင်းဟာ တခြားအစိတ်အပိုင်းတွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် သူ့ရဲ့ ကြွက်သားတွေ ညောင်းကိုက်နေပြီဆိုရင် ပုခုံး၊ လက်မောင်း၊ ခါး၊ ကျောရိုး၊ မေးရိုး၊ ဦးခေါင်းမှာပါ နာကျင်ကိုက်ခဲမှုတွေ ဆက်တိုက်ဖြစ်လာမှာပါ။ နာကျင်မှုဟာ အချိန်အနည်းငယ်အတွင်း သူ့ဘာသာ ပျောက်ကင်းသွားမယ် ဆိုပေမယ့်လည်း ဆက်တိုက်ဆိုသလို လည်ပင်းက ညောင်းညာကိုက်ခဲနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။

ဒါဆိုရင် ဘာကြောင့် မကြာခဏ လည်ပင်းတွေ ညောင်းကိုက်နေရတာလဲဆိုတာနဲ့ပတ်သက်ပြီး ဒီနေ့ဆောင်းပါးလေးမှာ ပြောပြသွားချင်ပါတယ်။

၁။ လည်ပင်းကြွက်သား တောင့်တင်းနေတာ

ဥပမာဆိုကြပါစို့။ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး မလှုပ်မယှက်နဲ့ ထိုင်သုံးနေတာ၊ ခေါင်းကြီးငုံ့ပြီး ဖုန်းကို အကြာကြီး စိုက်ကြည့်နေတာမျိုးဟာ ကိုယ့်ရဲ့ လည်ပင်းကြွက်သားတွေကို အားနည်းစေရုံသာမက အရိုးအဆစ်တောင့်တင်းပြီး ဇက်လှုပ်ရှားဖို့ ခက်စေတယ်။ လှုပ်လိုက်တဲ့အခါမှာလည်း နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။

၂။ အိပ်တဲ့အနေအထား မမှန်တာ

ကြွက်သားနာကျင်ကိုက်ခဲခြင်းမှာ အိပ်တဲ့အနေအထားဟာလည်း အများကြီး စကားပြောပါတယ်။ ကိုယ်က မှောက်ပြီး အိပ်နေတာ၊ လည်ပင်းကို ဘေးတစ်ခြမ်းစောင်းပြီး အိပ်နေတာ၊ ခေါင်းအုံးတွေ အများကြီးထပ်ပြီး အိပ်နေတာမျိုးက ဦးခေါင်းနဲ့ လည်ပင်းကို တစ်သားတည်းမဖြစ်စေလို့ လည်ပင်းကြွက်သားနာကျင်ပြီး ဇက်ကြောတက်တာတွေ ဖြစ်တတ်ပါတယ်။

၃။ ကိုယ်နေဟန်ထား မမှန်တာ

လမ်းလျှောက်ရင် ခါးကြီးကိုင်း၊ ခေါင်းငုံ့ပြီး လျှောက်တတ်တဲ့သူတွေ၊ ထိုင်တဲ့အချိန် ခါးကို မတ်မတ်မထားဘဲ ကုန်းကုန်းကြီး နေတဲ့သူတွေ ကြာလာရင် လည်ပင်းနဲ့ ပုခုံးကြွက်သားတွေ ညောင်းညာကိုက်ခဲစေရုံသာမက ကျောရိုးကလည်း တဖြည်းဖြည်း အရှေ့ကို စောင်းလာနိုင်ပါတယ်။

၄။ စိတ်ကျန်းမာရေးပြဿနာ

စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်တတ်တဲ့ စိတ်တွေဟာလည်း ကြွက်သားတွေကို တင်းစေပြီး နာကျင်ကိုက်ခဲမှုကို ဖြစ်စေပါတယ်။ အထူးသဖြင့် ဦးနှောက်ထဲ သွေးစီးဆင်းတဲ့ လည်ပင်းနဲ့ ပုခုံးတစ်လျှောက်မှာ နာကျင်မှုကို ပိုပြီး ခံစားရတတ်ပါတယ်။

၅။ မတော်တဆ ထိခိုက်မိတာ

အရင်တုန်းက လည်ပင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိထားရင် အဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ လည်ပင်းကြွက်သားနဲ့ အရွတ်တွေမှာ ဒဏ်ဖြစ်နိုင်ပါတယ်။ ဒီဒဏ်ရာတွေ ကျန်နေတဲ့အချိန်မှာ ခါးနဲ့ လည်ပင်းအနေအထား ပုံမမှန်တာ၊ ကြွက်သားတွေကို အရမ်းအလုပ်လုပ်ခိုင်းတဲ့အချိန်မှာ ညောင်းညာကိုက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။

၆။ အရိုးအဆစ် မသန်စွမ်းတော့တာ

အသက်ကြီးလာတာ၊ တခြားကျန်းမာရေးပြဿနာတွေ ကြုံလာရတဲ့အခါ ကိုယ်ခံအားစနစ်သာမက ကြွက်သားနဲ့ အရိုးအဆစ်တွေ၊ အာရုံကြောစနစ်တွေပါ အားနည်းလာနိုင်ပါတယ်။

ကုသဖြေရှင်းပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းတွေ
သာမန် ဇက်ကြောတက် ကြွက်သားညောင်းကိုက်တာကိုတော့ အောက်မှာပြထားတဲ့ အိမ်တွင်းနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။

၁။ ဆေးဆိုင်မှာ အကိုက်အခဲပျောက်ဆေး ဝယ်သောက်တာ

၂။ ညောင်းကိုက်နေတဲ့ နေရာကို ရေခဲအုံပေးတာ

၃။ ရေခဲကပ်ပြီး နာရီဝက်နေရင် ရေနွေးဝတ်ကပ်ပေးတာ ဒါမှမဟုတ် ရေနွေးစိမ်ချိုးတာ

၄။ လည်ပင်းကို ဘေးဘက်ကို ဖြည်းဖြည်းချင်း စောင်းပြီး လေ့ကျင့်ခန်းလုပ်တာ

၅။ တောင့်တင်းနေတဲ့ လည်ပင်းကြွက်သားတွေကို ဖြည်းဖြည်းချင်း ဆန့်ထုတ်တာ

၆။ တစ်နေရာထဲမှာ ငြိမ်ငြိမ်လေးထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေပေးတာ

၇။ တစ်ယောက်ယောက်ကို ဇက်ကြောနှိပ်ခိုင်းတာ

၈။ ခါးကို မတ်မတ်ထားပါ

၉။ ညအိပ်တဲ့အခါ ခေါင်းအုံးတစ်လုံးပဲ ခံထားပါ။

၁၀။ ဘေးစောင်းအိပ်တာမျိုး မလုပ်ဘဲ လည်ပင်းနဲ့ ခေါင်း တစ်ပြေးညီတည်းဖြစ်စေဖို့ ပက်လက်အိပ်ပါ။

၁၁။ တရားထိုင်တာ၊ ယောဂကျင့်တာမျိုး လုပ်ပေးလို့ ရပါတယ်။

ဒီနည်းလမ်းတွေ လုပ်ကြည့်လို့မှ လုံးဝမသက်သာဘူး၊ ပိုဆိုးလာတယ်၊ ရက်တော်တော်လေးကြာတဲ့အထိ မပျောက်သွားတာ၊ ဒါမှမဟုတ် အမြဲလိုလို ဇက်ကြောတက်ပြီး ညောင်းကိုက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပြီး MRI ရိုက်တာ၊ CT Scan ဖတ်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကိုတော့ ဆရာဝန်ကပဲ အကြံဉာဏ်ပေးသွားမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဇက်ကြောတက်တာ၊ လည်ပင်းကြွက်သား ညောင်းကိုက်တာတွေဟာ တခြားစိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့သာ သက်ဆိုင်နေတာဖြစ်တာကြောင့် ကုသဖို့လည်း အရမ်းလွယ်ကူပါတယ်။

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
လည္ပင္းတစ္ျခမ္း ေညာင္းကိုက္ေနတာ ဘယ္လိုကုသမလဲ လည္ပင္းတစ္ျခမ္း ေညာင္းကိုက္ေနတာ ဘယ္လိုကုသမလဲ Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.