ထိုင္းဖမ္းထားတဲ့ AA ေခါင္းေဆာင္မိသားစု ျမန္မာကိုလႊဲမယ့္ကိစၥ ပ်က္

AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္။

(Zawgyi / Unicode)

ထိုင္းအာဏာပိုင္ေတြ ဖမ္းဆီးထားတဲ့ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ႕ ဇနီးနဲ႔ ကေလး ၂ ဦးကို ျမန္မာအာဏာပိုင္ေတြဘက္ လႊဲေျပာင္းေပးတဲ့ အစီအစဥ္ ပ်က္ျပယ္သြားၿပီလို႔ ANC ေခါင္းေဆာင္တဦးက ေျပာပါတယ္။ ဒီလို လႊဲေျပာင္းမယ့္အစီအစဥ္ကို တ႐ုတ္ႏုိင္ငံဘက္က ကန္႔ကြက္လို႔ျဖစ္ေၾကာင္း ႏုိင္ငံေရးေလ့လာသူေတြက ဆိုပါတယ္။ အျပည့္အစုံကုိ ထိုင္းအေျခစိုက္ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ ႏုိင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ စစ္ဦးစီးခ်ဳပ္ျဖစ္သူ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ႕ ဇနီးနဲ႔ ကေလး ၂ ဦး ထိုင္းႏုိင္ငံ ခ်င္းမိုင္ၿမိဳ႕ လ၀က႐ုံးမွာ ဗီဇာသက္တမ္း သြားတိုးခ်ိန္ ထိုင္းရဲေတြက ဖမ္းဆီးသြားၿပီးေနာက္ ျမန္မာအာဏာပိုင္ကို လႊဲေျပာင္းဖို႔ အစီအစဥ္ အေျပာင္းအလဲ ျဖစ္သြားၿပီလို႔ ခ်င္းမိုင္အေျခစိုက္ ရခိုင္အမ်ိဳးသားေကာင္စီ ANC အေထြေထြအတြင္းေရးမွဴး ကိုထြန္းေဇာ္က ေျပာပါတယ္။

“မေန႔ကေတာ့ မယ္ဆိုင္ဘက္ကို ေခၚသြားတယ္လို႔ ၾကားတယ္ေလ။ အဓိကကေတာ့ မယ္ဆိုင္ဘက္ကို ယူတယ္ဆိုတာ တာခ်ီလိတ္ဘက္ကို လႊဲမယ္ဆိုတဲ့ သေဘာေပါ့ဗ်ာ။ မေန႔က ဟိုဘက္က လာယူတယ္ေပါ့ေနာ္။ ခ်င္း႐ုိင္မွာ လာယူတယ္လို႔ေတာ့ ေျပာတယ္ ဟုိဘက္ကမ္းက။ ဒါေပမယ့္ ဒီဘက္ကမ္းက လႊဲေျပာင္းမယ့္အစီအစဥ္ ပ်က္ျပယ္သြားတယ္ဆိုၿပီးမွ သတင္းထြက္လာတယ္။ မလႊဲျဖစ္ဘူးေပါ့။ ဒီေန႔မနက္မွာ တခ်ိဳ႕မိတ္ေဆြေတြရဲ႕ ေျပာၾကားခ်က္အရေပါ့ေလ၊ အခုထက္ထိေတာ့ မလႊဲျဖစ္ေသးဘူး။ တတိယႏုိင္ငံတခုခုကို ပို႔မလား အဲဒီလိုသတင္းေတြ ၾကားတယ္ေပါ့ေလ။ ဒါေတာ့ အတိအက် မေျပာတတ္ေသးဘူး။”

ဒီဇင္ဘာလ ၄ ရက္ေန႔က AA စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ႕ ဇနီးျဖစ္သူ မႏွင္းဇာျဖဴနဲ႔ အသက္ ၁၂ ႏွစ္အရြယ္ သမီး ေစာျပည့္သၽွင္၊ အသက္ ၁ ႏွစ္ေက်ာ္ သား ျမတ္လင္းဇံတို႔ကို ထိုင္းရဲေတြက ဖမ္းဆီးၿပီး ျမန္မာအာဏာပုိင္ေတြဘက္ကို လႊဲေျပာင္းဖို႔ ထိုင္း-ျမန္မာနယ္စပ္ မယ္ဆိုင္ဘက္ကို ေခၚေဆာင္သြားၿပီး ဒီအစီအစဥ္ ပ်က္ျပယ္သြားတာပါ။

ဒါေပမယ့္ ျမန္မာအာဏာပိုင္ေတြကို လႊဲမယ္ မလႊဲဘူးဆိုတာနဲ႔ ပတ္သက္လို႔ ထိုင္းအာဏာပိုင္ေတြဘက္က တရား၀င္ ေျပာဆိုတာေတာ့ မရွိေသးပါဘူး။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဟာ တ႐ုတ္နယ္စပ္အေျခစိုက္ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔၀င္ ျဖစ္သလို ဒီလို လက္နက္ကိုင္ အဖြဲ႔အစည္း တခုခုရဲ႕ မိသားစုေတြကို ဖမ္းဆီးၿပီး ျမန္မာဘက္ကို လႊဲေျပာင္းဖို႔ အစီအစဥ္ကို တ႐ုတ္ႏုိင္ငံဘက္က လက္မခံေၾကာင္း ႏုိင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္္စိုးက ေျပာပါတယ္။

“ေလာေလာဆယ္ မလႊဲျဖစ္ဘူးလို႔ ၾကားသိထားပါတယ္။ တ႐ုတ္ဘက္ကေတာ့ လက္ခံႏုိင္မယ့္ အေနအထား မရွိပါဘူး။ က်ေနာ့္အျမင္ကေတာ့။ တ႐ုတ္ဘက္က ကန္႔ကြက္မယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္လည္း အခုလႊဲေျပာင္းမႈကိစၥ ရပ္တန္႔သြားတယ္လို႔ ထင္ပါတယ္။”

အတည္မျပဳႏုိင္ေသးတဲ့ သတင္းတခုကေတာ့ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ႕ ဇနီးျဖစ္သူ မႏွင္းဇာျဖဴဟာ တ႐ုတ္ႏုိင္ငံပတ္စ္ပို႔ကို ကိုင္ေဆာင္သူျဖစ္လို႔ တ႐ုတ္အာဏာပိုင္ေတြက ကန္႔ကြက္ထားတယ္လို႔ ထိုင္းအေျခစိုက္ ရခိုင္လူမႈ အဖြဲ႔အစည္း၀င္တဦးက ဆိုပါတယ္။

ရခိုင္လက္နက္ကိုင္ AA ေျပာခြင့္ရ ခိုင္သုခကေတာ့ ထိုင္းအာဏာပိုင္ေတြကေန ဖမ္းဆီးတာရွိေပမယ့္ ဆိုး၀ါးတဲ့အေျခအေန ျဖစ္မလာႏုိင္ဘူးလို႔ ယူဆေၾကာင္း ေျပာပါတယ္။

“ေလာေလာဆယ္မွာေတာ့ ထိုင္းဘက္ကေနၿပီးေတာ့ သူတို႔ကို ထိန္းသိမ္းထားတာေပါ့။ ထိုင္းဘက္ကလည္းပဲ က်ေနာ္တို႔ ထင္ပါတယ္။ သူတို႔ဘက္ကေတာ့ လူ႔အခြင့္အေရးကို ေလးစားတဲ့ႏုိင္ငံ၊ ေနာက္ၿပီးလို႔ရွိရင္ အစဥ္အလာအရကလည္းပဲ က်ေနာ္တုိ႔ ေတာ္လွန္ေရးအဖြဲ႔အစည္း ေခါင္းေဆာင္ေတြကို သူတို႔ အဲဒီမွာ သြားလာလႈပ္ရွား ေနထိုင္တာေတြ ရွိတာကိုး။ ဆိုေတာ့ ဆိုး၀ါးတဲ့ အေျခအေန ျဖစ္လာလိမ့္မယ္လို႔ေတာ့ က်ေနာ္တို႔ဘက္ကေတာ့ သိပ္မယူဆဘူးေပါ့ေနာ္။”

ဖမ္းဆီးထားတဲ့သူေတြကို မေန႔က ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕နယ္ အာဏာပိုင္ေတြဘက္ကို လႊဲေျပာင္းေပးမယ္လို႔ သတင္းထြက္ေပၚေနတဲ့အေပၚ ရွမ္းျပည္နယ္ရဲမွဴးႀကီး ေဇာ္ခင္ေအာင္က အခုလိုဆိုပါတယ္။

“ေလာေလာဆယ္ေတာ့ က်ေနာ္တုိ႔ဆီ ဘာမွမေရာက္လာေသးဘူးဗ်။ ခင္ဗ်ားတို႔ေျပာတဲ့ဟာေတာ့ ဟုတ္လိမ့္မယ္။ ဘာျဖစ္လဲဆိုေတာ့ က်ေနာ္တုိ႔ အင္တာနက္ေပၚမွာေတာ့ ေတြ႔ေနၿပီ။ က်ေနာ္တို႔ဆီကိုေတာ့ လႊဲေျပာင္းမယ့္ အေျခအေန ဘာမွမေျပာေသးဘူးဗ်။”

ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ႕ ေယာက္ဖျဖစ္သူ ကိုေက်ာ္ႏုိင္နဲ႔ ညီမျဖစ္သူ မိုးႏွင္းျဖဴတို႔ကုိ ထိုင္းႏုိင္ငံ ခ်င္းမိုင္ကျပန္လာစဥ္ ရန္ကုန္ေလဆိပ္မွာ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔က ဖမ္းဆီးၿပီး အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒ ၅၂(က) (ခ) (ဂ) နဲ႔ အမႈဖြင့္ တရားစြဲဆိုထားပါတယ္။

ဒီလို မိသားစု၀င္ေတြကို ဖမ္းဆီးတဲ့ ျမန္မာအစိုးရရဲ႕ လုပ္ေဆာင္ခ်က္ဟာ ဆိုးက်ိဳးေတြကို ပိုၿပီး ဦးတည္သြားေစႏုိင္မယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“အခု ဒီ ULA ေခါင္းေဆာင္ေတြရဲ႕ မ္ိသားစုေတြကို ဦးတည္ၿပီးေတာ့ လုပ္တဲ့ဥစၥာမ်ိဳးက အရင္ ဘယ္ေတာ္လွန္ေရးအဖြဲ႔အစည္းနဲ႔ ျဖစ္ျဖစ္ေပါ့ဗ်ာ။ အရင္တိုက္ခဲ့တဲ့ သမိုင္းတေလွ်ာက္မွာ အဲဒီလိုမ်ိဳး ပစ္မွတ္ထား ဦးတည္တာ မရွိခဲ့ဘူးဗ်။ ဆိုေတာ့ ဒီဟာေတြက ေျပာမယ္ဆိုလို႔ရွိရင္ အမ်ားႀကီး ဆိုးက်ိဳးဘက္ကို ဦးတည္လာတယ္လို႔ ေျပာလို႔ရတယ္။”

အခုလို ေတာ္လွန္ေရးလက္နက္ကိုင္ အဖြဲ႔ေတြရဲ႕ မိသားစု၀င္ေတြကို ဖမ္းဆီးတဲ့ လုပ္ရပ္ဟာ တဖက္နဲ႔တဖက္ တင္းမာမႈေတြ ပိုတိုးပြားေစႏုိင္တယ္လို႔ ႏုိင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္္စိုးက ေျပာပါတယ္။

“လက္နက္ကိုင္တိုက္ေနၾကတဲ့ အဖြဲ႔အစည္း ေခါင္းေဆာင္ေတြ အဖြဲ႔အစည္း၀င္ေတြကိုဗ်ာ အဲဒါေတြ ဖမ္းဆီးတာ ျပႆနာမရွိပါဘူး။ သူတို႔ရဲ႕ မိသားစု၀င္ေတြကို ဖမ္းဆီးဖို႔ လုပ္တယ္ဆိုလို႔ရွိရင္ တဖက္နဲ႔တဖက္ တင္းမာမႈ ပိုမ်ားလာပါလိမ့္မယ္။ ေနာက္တခုကေတာ့ အဖြဲ႔အစည္းတခုကို ၀င္တိုက္ခိုက္ေနတယ္ဆိုေပမယ့္ သူ႔ရဲ႕မိသားစု၀င္ေတြကို ဖမ္းတာေတာ့ မကိုက္ညီဘူးလို႔ ထင္ပါတယ္။”

ျမန္မာအစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔တို႔ ၿငိမ္းခ်မ္းေရးနဲ႔ ျပည္တြင္းစစ္ အဆံုးသတ္ႏုိင္ေရး ေတြ႔ဆုံ ေဆြးေႏြးေနတဲ့အခ်ိန္မွာ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႔ရဲ႕ မိသားစုေတြကို ဖမ္းဆီးတဲ့ လုပ္ရပ္ေၾကာင့္ ေနာင္ေတြ႔ဆုံမႈ အတြက္ ျပည္တြင္းနဲ႔ ထိုင္းႏုိင္ငံမွာ လက္နက္ကိုင္အဖြဲ႔ေတြအတြက္ လုံၿခံဳေရး စိုးရိမ္စရာ အေျခအေန ျဖစ္လာႏုိင္တယ္လို႔လည္း နယ္စပ္ေန ႏုိင္ငံေရးအကဲခတ္သူေတြက ဆိုပါတယ္။

---------------------------------

(Unicode)

ထိုင်းဖမ်းထားတဲ့ AA ခေါင်းဆောင်မိသားစု မြန်မာကိုလွှဲမယ့်ကိစ္စ ပျက်

ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေး ၂ ဦးကို မြန်မာအာဏာပိုင်တွေဘက် လွှဲပြောင်းပေးတဲ့ အစီအစဉ် ပျက်ပြယ်သွားပြီလို့ ANC ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီလို လွှဲပြောင်းမယ့်အစီအစဉ်ကို တရုတ်နိုင်ငံဘက်က ကန့်ကွက်လို့ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ ကလေး ၂ ဦး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ လဝကရုံးမှာ ဗီဇာသက်တမ်း သွားတိုးချိန် ထိုင်းရဲတွေက ဖမ်းဆီးသွားပြီးနောက် မြန်မာအာဏာပိုင်ကို လွှဲပြောင်းဖို့ အစီအစဉ် အပြောင်းအလဲ ဖြစ်သွားပြီလို့ ချင်းမိုင်အခြေစိုက် ရခိုင်အမျိုးသားကောင်စီ ANC အထွေထွေအတွင်းရေးမှူး ကိုထွန်းဇော်က ပြောပါတယ်။

“မနေ့ကတော့ မယ်ဆိုင်ဘက်ကို ခေါ်သွားတယ်လို့ ကြားတယ်လေ။ အဓိကကတော့ မယ်ဆိုင်ဘက်ကို ယူတယ်ဆိုတာ တာချီလိတ်ဘက်ကို လွှဲမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ မနေ့က ဟိုဘက်က လာယူတယ်ပေါ့နော်။ ချင်းရိုင်မှာ လာယူတယ်လို့တော့ ပြောတယ် ဟိုဘက်ကမ်းက။ ဒါပေမယ့် ဒီဘက်ကမ်းက လွှဲပြောင်းမယ့်အစီအစဉ် ပျက်ပြယ်သွားတယ်ဆိုပြီးမှ သတင်းထွက်လာတယ်။ မလွှဲဖြစ်ဘူးပေါ့။ ဒီနေ့မနက်မှာ တချို့မိတ်ဆွေတွေရဲ့ ပြောကြားချက်အရပေါ့လေ၊ အခုထက်ထိတော့ မလွှဲဖြစ်သေးဘူး။ တတိယနိုင်ငံတခုခုကို ပို့မလား အဲဒီလိုသတင်းတွေ ကြားတယ်ပေါ့လေ။ ဒါတော့ အတိအကျ မပြောတတ်သေးဘူး။”

ဒီဇင်ဘာလ ၄ ရက်နေ့က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူနဲ့ အသက် ၁၂ နှစ်အရွယ် သမီး စောပြည့်သျှင်၊ အသက် ၁ နှစ်ကျော် သား မြတ်လင်းဇံတို့ကို ထိုင်းရဲတွေက ဖမ်းဆီးပြီး မြန်မာအာဏာပိုင်တွေဘက်ကို လွှဲပြောင်းဖို့ ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဘက်ကို ခေါ်ဆောင်သွားပြီး ဒီအစီအစဉ် ပျက်ပြယ်သွားတာပါ။

ဒါပေမယ့် မြန်မာအာဏာပိုင်တွေကို လွှဲမယ် မလွှဲဘူးဆိုတာနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေဘက်က တရားဝင် ပြောဆိုတာတော့ မရှိသေးပါဘူး။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ တရုတ်နယ်စပ်အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဖြစ်သလို ဒီလို လက်နက်ကိုင် အဖွဲ့အစည်း တခုခုရဲ့ မိသားစုတွေကို ဖမ်းဆီးပြီး မြန်မာဘက်ကို လွှဲပြောင်းဖို့ အစီအစဉ်ကို တရုတ်နိုင်ငံဘက်က လက်မခံကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“လောလောဆယ် မလွှဲဖြစ်ဘူးလို့ ကြားသိထားပါတယ်။ တရုတ်ဘက်ကတော့ လက်ခံနိုင်မယ့် အနေအထား မရှိပါဘူး။ ကျနော့်အမြင်ကတော့။ တရုတ်ဘက်က ကန့်ကွက်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း အခုလွှဲပြောင်းမှုကိစ္စ ရပ်တန့်သွားတယ်လို့ ထင်ပါတယ်။”

အတည်မပြုနိုင်သေးတဲ့ သတင်းတခုကတော့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းဇာဖြူဟာ တရုတ်နိုင်ငံပတ်စ်ပို့ကို ကိုင်ဆောင်သူဖြစ်လို့ တရုတ်အာဏာပိုင်တွေက ကန့်ကွက်ထားတယ်လို့ ထိုင်းအခြေစိုက် ရခိုင်လူမှု အဖွဲ့အစည်းဝင်တဦးက ဆိုပါတယ်။

ရခိုင်လက်နက်ကိုင် AA ပြောခွင့်ရ ခိုင်သုခကတော့ ထိုင်းအာဏာပိုင်တွေကနေ ဖမ်းဆီးတာရှိပေမယ့် ဆိုးဝါးတဲ့အခြေအနေ ဖြစ်မလာနိုင်ဘူးလို့ ယူဆကြောင်း ပြောပါတယ်။

“လောလောဆယ်မှာတော့ ထိုင်းဘက်ကနေပြီးတော့ သူတို့ကို ထိန်းသိမ်းထားတာပေါ့။ ထိုင်းဘက်ကလည်းပဲ ကျနော်တို့ ထင်ပါတယ်။ သူတို့ဘက်ကတော့ လူ့အခွင့်အရေးကို လေးစားတဲ့နိုင်ငံ၊ နောက်ပြီးလို့ရှိရင် အစဉ်အလာအရကလည်းပဲ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်တွေကို သူတို့ အဲဒီမှာ သွားလာလှုပ်ရှား နေထိုင်တာတွေ ရှိတာကိုး။ ဆိုတော့ ဆိုးဝါးတဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်လို့တော့ ကျနော်တို့ဘက်ကတော့ သိပ်မယူဆဘူးပေါ့နော်။”

ဖမ်းဆီးထားတဲ့သူတွေကို မနေ့က ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် အာဏာပိုင်တွေဘက်ကို လွှဲပြောင်းပေးမယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် ရှမ်းပြည်နယ်ရဲမှူးကြီး ဇော်ခင်အောင်က အခုလိုဆိုပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ဆီ ဘာမှမရောက်လာသေးဘူးဗျ။ ခင်ဗျားတို့ပြောတဲ့ဟာတော့ ဟုတ်လိမ့်မယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ အင်တာနက်ပေါ်မှာတော့ တွေ့နေပြီ။ ကျနော်တို့ဆီကိုတော့ လွှဲပြောင်းမယ့် အခြေအနေ ဘာမှမပြောသေးဘူးဗျ။”

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက်ဖဖြစ်သူ ကိုကျော်နိုင်နဲ့ ညီမဖြစ်သူ မိုးနှင်းဖြူတို့ကို ထိုင်းနိုင်ငံ ချင်းမိုင်ကပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က) (ခ) (ဂ) နဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။

ဒီလို မိသားစုဝင်တွေကို ဖမ်းဆီးတဲ့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်ဟာ ဆိုးကျိုးတွေကို ပိုပြီး ဦးတည်သွားစေနိုင်မယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“အခု ဒီ ULA ခေါင်းဆောင်တွေရဲ့ မိသားစုတွေကို ဦးတည်ပြီးတော့ လုပ်တဲ့ဥစ္စာမျိုးက အရင် ဘယ်တော်လှန်ရေးအဖွဲ့အစည်းနဲ့ ဖြစ်ဖြစ်ပေါ့ဗျာ။ အရင်တိုက်ခဲ့တဲ့ သမိုင်းတလျှောက်မှာ အဲဒီလိုမျိုး ပစ်မှတ်ထား ဦးတည်တာ မရှိခဲ့ဘူးဗျ။ ဆိုတော့ ဒီဟာတွေက ပြောမယ်ဆိုလို့ရှိရင် အများကြီး ဆိုးကျိုးဘက်ကို ဦးတည်လာတယ်လို့ ပြောလို့ရတယ်။”

အခုလို တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတဲ့ လုပ်ရပ်ဟာ တဖက်နဲ့တဖက် တင်းမာမှုတွေ ပိုတိုးပွားစေနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“လက်နက်ကိုင်တိုက်နေကြတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေ အဖွဲ့အစည်းဝင်တွေကိုဗျာ အဲဒါတွေ ဖမ်းဆီးတာ ပြဿနာမရှိပါဘူး။ သူတို့ရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဖို့ လုပ်တယ်ဆိုလို့ရှိရင် တဖက်နဲ့တဖက် တင်းမာမှု ပိုများလာပါလိမ့်မယ်။ နောက်တခုကတော့ အဖွဲ့အစည်းတခုကို ဝင်တိုက်ခိုက်နေတယ်ဆိုပေမယ့် သူ့ရဲ့မိသားစုဝင်တွေကို ဖမ်းတာတော့ မကိုက်ညီဘူးလို့ ထင်ပါတယ်။”

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ရေး တွေ့ဆုံ ဆွေးနွေးနေတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ မိသားစုတွေကို ဖမ်းဆီးတဲ့ လုပ်ရပ်ကြောင့် နောင်တွေ့ဆုံမှု အတွက် ပြည်တွင်းနဲ့ ထိုင်းနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေအတွက် လုံခြုံရေး စိုးရိမ်စရာ အခြေအနေ ဖြစ်လာနိုင်တယ်လို့လည်း နယ်စပ်နေ နိုင်ငံရေးအကဲခတ်သူတွေက ဆိုပါတယ်။

ႏုိင္ကြန္းအိန္/ VOA Burmese
https://burmese.voanews.com
ထိုင္းဖမ္းထားတဲ့ AA ေခါင္းေဆာင္မိသားစု ျမန္မာကိုလႊဲမယ့္ကိစၥ ပ်က္ ထိုင္းဖမ္းထားတဲ့ AA ေခါင္းေဆာင္မိသားစု ျမန္မာကိုလႊဲမယ့္ကိစၥ ပ်က္ Reviewed by THITHTOOLWIN on 02:24 Rating: 5
Powered by Blogger.