ICJ အမႈရင္ဆိုင္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ထြက္ခြာ

ICJ တြင္ ၾကားနာစစ္ေဆးမည့္ကိစၥ ရင္ဆုိင္ေျဖရွင္းရန္ နယ္သာလန္ႏုိင္ငံသုိ႔ ထြက္ခြာသြားသည့္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ဒီဇင္ဘာ ၈၊ ၂၀၁၉)
(Zawgyi / Unicode)

ႏိုင္ငံတကာတရား႐ံုးမွာ ျမန္မာႏုိင္ငံအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ စြပ္စြဲခ်က္နဲ႔ တရားစြဲဆိုမႈကို ရင္ဆိုင္ေျဖရွင္းဖို႔ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဒီကေန႔မနက္ပိုင္း ေနျပည္ေတာ္ကေန နယ္သာလန္ႏိုင္ငံကုိ ထြက္ခြာသြားၿပီ ျဖစ္ပါတယ္။ ရခုိင္ျပည္နယ္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ စြဲခ်က္အေပၚ ႏုိင္ငံတကာတရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ သြားေရာက္ေျဖရွင္းျခင္းအားျဖင့္ ျမန္မာျပည္ရဲ႕ လူ႔အခြင့္အေရး အေျခအေန၊ အစိုးရရဲ႕ သေဘာထားကို ကမာၻက သိရွိခြင့္ရမယ့္ အေနအထားအျဖစ္လည္း အကဲခတ္ေတြက ႐ႈျမင္ပါတယ္။ ရခိုင္အပါအဝင္ တုိင္းရင္းသားေဒသေတြမွာ စစ္တပ္ဘက္က လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ၊ စစ္ရာဇဝတ္မႈ က်ဴးလြန္မႈေတြအေပၚ တရားမွ်တမႈ ရႏုိင္ေတာ့မယ့္ အလားအလာေကာင္းအျဖစ္လည္း လူ႔အခြင့္အေရး အဖြဲ႔ေတြက သံုးသပ္ပါတယ္။ အျပည့္အစုံကို မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ရခိုင္ျပည္နယ္တြင္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္ခဲ့တယ္ဆိုၿပီး ျမန္မာႏုိင္ငံအေပၚ လူမ်ဳိးတုံးသတ္ျဖတ္မႈဆိုင္ရာ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာတရား႐ံုး (ICJ) မွာ OIC ႏုိင္ငံေတြရဲ႕ကိုယ္စား ဂမ္ဘီယာႏုိင္ငံက တိုင္ၾကားထားတာကို ICJ တရား႐ံုးမွာ ဒီဇင္ဘာလ ၁၀ ရက္ေန႔ ၾကားနာစစ္ေဆးမယ့္ကိစၥ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြားေရာက္ရင္ဆိုင္ေျဖရွင္းဖို႔ ဒီကေန႔ ဒီဇင္ဘာလ ၈ ရက္ တနဂၤေႏြေန႔မွာ ေနျပည္ေတာ္ကေန နယ္သာလန္ႏုိင္ငံကို စတင္ထြက္ခြာသြားၿပီ ျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၀ ရက္ေန႔ အဂၤါေန႔မွာေတာ့ နယ္သာလန္ႏိုင္ငံ The Hague က ႏုိင္ငံတကာ တရား႐ံုးမွာ ဂမ္ဘီယာႏုိင္ငံကေန ျမန္မာႏုိင္ငံအေပၚ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာ မြတ္စလင္ေတြကို ႏွိပ္စက္ညႇဥ္းပန္းၿပီး လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ တိုင္ၾကားထားတဲ့အမႈကို စတင္ၾကားနာစစ္ေဆးမွာ ျဖစ္ပါတယ္။

ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာေတာ့ ႐ုိဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ စြဲခ်က္အေပၚ အစိုးရက ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးကို လက္ခံမထားတဲ့့ ျမန္မာႏိုင္ငံဘက္ကလည္း ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ဦးေဆာင္ၿပီး ျပန္လည္ေလွ်ာက္လဲမွာ ျဖစ္ပါတယ္။ ဒီဇင္ဘာ ၁၂ ရက္ေန႔မွာေတာ့ ဂမ္ဘီယာႏိုင္ငံနဲ႔ ျမန္မာႏုိင္ငံတို႔ အျပန္အလွန္ ေလွ်ာက္လဲၾကမွာ ျဖစ္ပါတယ္။

အခုလို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ႏုိင္ငံတကာတရား႐ံုး (ICJ) မွာ ရင္ဆုိင္ေျဖရွင္းမယ့္ ကိစၥရပ္အေပၚမွာေတာ့ ကမာၻက စိတ္ဝင္စားေနတဲ့ ျမန္မာႏုိင္ငံတြင္းက လူ႔အခြင့္အေရး အေျခအေန အထူးသျဖင့္ ရခုိင္ျပည္နယ္တြင္းက ႐ုိဟင္ဂ်ာ မြတ္စလင္ေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ စြဲခ်က္ေတြအေပၚ ႏုိင္ငံတကာကို ရွင္းျပႏုိင္မယ့္ သူမအေနနဲ႔ ေလွ်ာက္လဲခ်က္ေပးႏုိင္မယ့္ အေနအထား ျဖစ္တယ္လို႔ ျမန္မာ့အေရးအကဲခတ္ သတင္းစာဆရာ ဦးေဇယ်သူက ႐ႈျမင္ပါတယ္။

“လက္ရွိ အစုိးရအဖြဲ႔ ေခါင္းေဆာင္အေနနဲ႔ကေတာ့ သူ႔လက္ထက္မွာ ျဖစ္သြားတာဆုိေတာ့ သူက ရွင္းရမွာေပါ့ေလ။ ကုိယ္စားလွယ္ လႊတ္မေနဘဲ သူကုိယ္တုိင္သြားတာဆုိေတာ့ ရင္ဆုိင္ရဲတယ္ ဆုိတဲ့ဟာလည္း ေပၚတာေပါ့။ ႏုိင္ငံတကာ စင္ျမင့္မွာက က်ေနာ္မွတ္မိသေလာက္ ေဒၚေအာင္ဆန္းစုၾကည္က ဒီေလာက္ ႀကီးႀကီးမားမား ေတ့ေတ့ဆုိင္ဆုိင္ မရွင္းျပရေသးဘူးေပါ့။ ဆုိေတာ့ ဒါ ပထမဆုံးအႀကိမ္ က်ေနာ့္အျမင္ေတာ့ ဒီေလာက္ႀကီးတဲ့ စင္ျမင့္ေပါ့ေလ သြားရွင္းျပတာ ျဖစ္တယ္။ ဟုိဘက္ကေတာ့ အျပန္အလွန္ ၾကားနာၾကမွာ ဆုိေတာ့ေလ။ ရလဒ္ ဘယ္ေလာက္ထြက္မလဲ ဆုိတာေတာ့ အခ်ိန္ေတြက ၾကာဦးမွာေလ။ သုံးေလးငါးႏွစ္ ၾကာရင္ၾကာမယ္၊ ဆယ္ႏွစ္ၾကာရင္ ၾကာမယ္။ ဒါေပမယ့္ ေလာေလာဆယ္ကေတာ့ သူ႔အေနနဲ႔ ႏုိင္ငံအႀကီးအကဲတေယာက္ အေနနဲ႔ ကုိယ့္ႏုိင္ငံရဲ႕ ရပ္တည္ခ်က္ေပါ့ေလ။ ဘာေတြ ျဖစ္သြားသလဲဆုိတာ ျမန္မာျပည္ ႏုိင္ငံအစုိးရ ႐ႈေထာင့္ကေန ပထမဆုံး ႀကီးႀကီးက်ယ္က်ယ္ သြားၿပီးေတာ့ တင္ျပတာျဖစ္တယ္။”

လူမ်ိဳးတုံးသတ္ျဖတ္မႈအတြက္ ျမန္မာႏိုင္ငံအေပၚ စြဲခ်က္တင္မႈကို ႀကိဳဆိုေထာက္ခံေၾကာင္း လူထုအေျချပဳ ကရင္အမ်ိဳးသမီးမ်ားကြန္ရက္က ဒီကေန႔ ဒီဇင္ဘာလ ၈ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာပါတယ္။ ဒီလို ႏိုင္ငံတကာခံု႐ုံးမွာ တရားဥပေဒေၾကာင္းအရ အေရးယူ ေဆာင္ရြက္မႈဟာ တုိင္းရင္းသားေဒသေတြမွာ စစ္တပ္ရဲ႕ လူမဆန္မႈ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ၊ စစ္ရာဇဝတ္မႈေတြကို ေဖာ္ထုတ္ၿပီး တရားမွ်တမႈကို ေဆာင္ၾကဥ္းႏုိင္မယ့္ အလားအလာေကာင္းအျဖစ္ ကရင္အမ်ိဳးသမီးမ်ားကြန္ရက္ ဒုဥကၠ႒ ေနာ္လားရွီးထူးက ေမွ်ာ္လင့္ပါတယ္။

“မတရားခံရတဲ့လူေတြ အတြက္လည္း က်မတို႔က တရားမွ်တမႈကို ျပန္လုိခ်င္တယ္။ အဲဒီအတြက္ က်မတို႔ရဲ႕ အဓိက ရည္ရြယ္ခ်က္တခုျဖစ္တယ္။ ေနာက္ၿပီးေတာ့ က်မတုိ႔ တုိင္းရင္းသားေဒသမွာ အခုဆုိ တုိင္းရင္းသားလူမ်ဳိးေတြက ေတာ္ေတာ္မ်ားမ်ား နည္းေပါင္းစုံနဲ႔ ဆယ္စုႏွစ္မကဘူး ၾကာခဲ့ၿပီ ဖိႏွိပ္ညႇဥ္းဆဲခံရတယ္။ သူတုိ႔ရဲ႕ ကိုယ္ပုိင္လြတ္လပ္ခြင့္ေတြ၊ လူသားေတြရဲ႕ လြတ္လပ္ခြင့္ေတြ၊ လူ႔ဂုဏ္သိကၡာေတြ ဆုံး႐ႈံးေနရတယ္။ အဲဒီအတြက္ေၾကာင့္ က်မတုိ႔က ဒီအရာေတြကို တရားမွ်တၿပီးေတာ့ ညီညီမွ်မွ် ျပန္ျဖစ္ေစခ်င္တယ္။ အဲဒီအတြက္ က်မတို႔က ဒီ ICJ ကုိ ေထာက္ခံရျခင္းျဖစ္တယ္။”

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ သြားေရာက္ေျဖရွင္းမယ့္ ကိစၥအေပၚမွာေတာ့ ျပည္တြင္းမွာေရာ ျပည္ပမွာပါ တုိင္းရင္းသား လက္နက္ကိုင္ေတြ အပါအဝင္ သူမနဲ႔အတူ ေထာက္ခံသူေတြေရာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအတြက္ တရားမွ်တမႈရဖို႔ လိုလားသူေတြေရာ အျမင္သေဘာထား ရပ္တည္မႈေတြ မ်ိဳးစံုရွိေနတဲ့အခ်ိန္ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္လည္းျဖစ္ ႏုိင္ငံျခားေရးဝန္ႀကီးအျဖစ္ အဖြဲ႔ကို ဦးေဆာင္သြားမယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ ႏုိင္ငံေတာ္အတုိင္ပင္ခံ႐ုံး ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္နဲ႔အတူ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ံုးနဲ႔ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြ လိုက္ပါသြားၾကတာ ျဖစ္ပါတယ္။

-------------------------------------

(Unicode)

ICJ အမှုရင်ဆိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ထွက်ခွာ

နိုင်ငံတကာတရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့မနက်ပိုင်း နေပြည်တော်ကနေ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အပေါ် နိုင်ငံတကာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းခြင်းအားဖြင့် မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ၊ အစိုးရရဲ့ သဘောထားကို ကမ္ဘာက သိရှိခွင့်ရမယ့် အနေအထားအဖြစ်လည်း အကဲခတ်တွေက ရှုမြင်ပါတယ်။ ရခိုင်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ဘက်က လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေအပေါ် တရားမျှတမှု ရနိုင်တော့မယ့် အလားအလာကောင်းအဖြစ်လည်း လူ့အခွင့်အရေး အဖွဲ့တွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ OIC နိုင်ငံတွေရဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ICJ တရားရုံးမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကြားနာစစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ ဒီကနေ့ ဒီဇင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ နေပြည်တော်ကနေ နယ်သာလန်နိုင်ငံကို စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ အင်္ဂါနေ့မှာတော့ နယ်သာလန်နိုင်ငံ The Hague က နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားထားတဲ့အမှုကို စတင်ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အပေါ် အစိုးရက ရိုဟင်ဂျာဆိုတဲ့ အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ပြန်လည်လျှောက်လဲမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာတော့ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ အပြန်အလှန် လျှောက်လဲကြမှာ ဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံတကာတရားရုံး (ICJ) မှာ ရင်ဆိုင်ဖြေရှင်းမယ့် ကိစ္စရပ်အပေါ်မှာတော့ ကမ္ဘာက စိတ်ဝင်စားနေတဲ့ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တွေအပေါ် နိုင်ငံတကာကို ရှင်းပြနိုင်မယ့် သူမအနေနဲ့ လျှောက်လဲချက်ပေးနိုင်မယ့် အနေအထား ဖြစ်တယ်လို့ မြန်မာ့အရေးအကဲခတ် သတင်းစာဆရာ ဦးဇေယျသူက ရှုမြင်ပါတယ်။

“လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင်အနေနဲ့ကတော့ သူ့လက်ထက်မှာ ဖြစ်သွားတာဆိုတော့ သူက ရှင်းရမှာပေါ့လေ။ ကိုယ်စားလှယ် လွှတ်မနေဘဲ သူကိုယ်တိုင်သွားတာဆိုတော့ ရင်ဆိုင်ရဲတယ် ဆိုတဲ့ဟာလည်း ပေါ်တာပေါ့။ နိုင်ငံတကာ စင်မြင့်မှာက ကျနော်မှတ်မိသလောက် ဒေါ်အောင်ဆန်းစုကြည်က ဒီလောက် ကြီးကြီးမားမား တေ့တေ့ဆိုင်ဆိုင် မရှင်းပြရသေးဘူးပေါ့။ ဆိုတော့ ဒါ ပထမဆုံးအကြိမ် ကျနော့်အမြင်တော့ ဒီလောက်ကြီးတဲ့ စင်မြင့်ပေါ့လေ သွားရှင်းပြတာ ဖြစ်တယ်။ ဟိုဘက်ကတော့ အပြန်အလှန် ကြားနာကြမှာ ဆိုတော့လေ။ ရလဒ် ဘယ်လောက်ထွက်မလဲ ဆိုတာတော့ အချိန်တွေက ကြာဦးမှာလေ။ သုံးလေးငါးနှစ် ကြာရင်ကြာမယ်၊ ဆယ်နှစ်ကြာရင် ကြာမယ်။ ဒါပေမယ့် လောလောဆယ်ကတော့ သူ့အနေနဲ့ နိုင်ငံအကြီးအကဲတယောက် အနေနဲ့ ကိုယ့်နိုင်ငံရဲ့ ရပ်တည်ချက်ပေါ့လေ။ ဘာတွေ ဖြစ်သွားသလဲဆိုတာ မြန်မာပြည် နိုင်ငံအစိုးရ ရှုထောင့်ကနေ ပထမဆုံး ကြီးကြီးကျယ်ကျယ် သွားပြီးတော့ တင်ပြတာဖြစ်တယ်။”

လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံအပေါ် စွဲချက်တင်မှုကို ကြိုဆိုထောက်ခံကြောင်း လူထုအခြေပြု ကရင်အမျိုးသမီးများကွန်ရက်က ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ ဒီလို နိုင်ငံတကာခုံရုံးမှာ တရားဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်မှုဟာ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူမဆန်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ပြီး တရားမျှတမှုကို ဆောင်ကြဉ်းနိုင်မယ့် အလားအလာကောင်းအဖြစ် ကရင်အမျိုးသမီးများကွန်ရက် ဒုဥက္ကဋ္ဌ နော်လားရှီးထူးက မျှော်လင့်ပါတယ်။

“မတရားခံရတဲ့လူတွေ အတွက်လည်း ကျမတို့က တရားမျှတမှုကို ပြန်လိုချင်တယ်။ အဲဒီအတွက် ကျမတို့ရဲ့ အဓိက ရည်ရွယ်ချက်တခုဖြစ်တယ်။ နောက်ပြီးတော့ ကျမတို့ တိုင်းရင်းသားဒေသမှာ အခုဆို တိုင်းရင်းသားလူမျိုးတွေက တော်တော်များများ နည်းပေါင်းစုံနဲ့ ဆယ်စုနှစ်မကဘူး ကြာခဲ့ပြီ ဖိနှိပ်ညှဉ်းဆဲခံရတယ်။ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ၊ လူသားတွေရဲ့ လွတ်လပ်ခွင့်တွေ၊ လူ့ဂုဏ်သိက္ခာတွေ ဆုံးရှုံးနေရတယ်။ အဲဒီအတွက်ကြောင့် ကျမတို့က ဒီအရာတွေကို တရားမျှတပြီးတော့ ညီညီမျှမျှ ပြန်ဖြစ်စေချင်တယ်။ အဲဒီအတွက် ကျမတို့က ဒီ ICJ ကို ထောက်ခံရခြင်းဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းမယ့် ကိစ္စအပေါ်မှာတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ တိုင်းရင်းသား လက်နက်ကိုင်တွေ အပါအဝင် သူမနဲ့အတူ ထောက်ခံသူတွေရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုရဖို့ လိုလားသူတွေရော အမြင်သဘောထား ရပ်တည်မှုတွေ မျိုးစုံရှိနေတဲ့အချိန် ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဖွဲ့ကို ဦးဆောင်သွားမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

 မဆုမြန္/ VOA Burmese
https://burmese.voanews.com
ICJ အမႈရင္ဆိုင္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ထြက္ခြာ ICJ အမႈရင္ဆိုင္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ထြက္ခြာ Reviewed by THITHTOOLWIN on 02:25 Rating: 5
Powered by Blogger.