ဖမ္းခံရတဲ့ သမီးျဖစ္သူ AA ေခါင္းေဆာင္ဇနီးနဲ႔ ဖခင္အဆက္အသြယ္ မရ

AA စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္

(Zawgyi/Unicode)

ရခုိင္တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ AA ရဲ႕ စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ထြန္းျမတ္ႏုိင္ရဲ႕ ဇနီး မႏွင္းေဇာ္ျဖဴနဲ႔ သားသမီး ႏွစ္ဦးကုိ ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ လ၀ကရုံးမွာ ဖမ္းဆီးထားၿပီး ျမန္မာႏုိင္ငံကုိ ျပန္ပုိ႔မယ္ဆုိုတဲ့ သတင္းေတြထြက္ေနေပမယ့္ သမီးျဖစ္သူနဲ႔ အဆက္အသြယ္မရတာ ဆယ္စုႏွစ္နဲ႔ ခ်ီေနၿပီလုိ႔ မႏွင္းေဇာ္ျဖဴရဲ႕ ဖခင္ ရခုိင္ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစံေက်ာ္လွက ေျပာပါတယ္။

အခုလုိ မိသားစုေတြ တကြဲတျပားစီျဖစ္ၿပီး ဖမ္းဆီးခံရတာနဲ႔ ရခုိင္ျပည္နယ္အတြင္း စစ္ေရး တင္းမာမႈေတြ ျဖစ္ေပၚေနတာေတြဟာ တုိင္းျပည္မွာ ၿငိမ္းခ်မ္းေရးမရေသးတဲ့အတြက္ေၾကာင့္ ျဖစ္တယ္လုိ႔လည္း ဦးစံေက်ာ္လွက ေျပာပါတယ္။ ၀ုိင္းေတာ္သား ကုိေဇာ္၀င္းလႈိင္က ဆက္သြယ္ ေမးျမန္းတဲ့အခါ သမီးျဖစ္သူ ဖမ္းဆီးခံရတဲ့အေျခအေနနဲ႔ တုိင္းျပည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြအေၾကာင္း သူက အခုလုိ စေျပာပါတယ္။

ဦးစံေက်ာ္လွ။ ။ သိသြားတာကေတာ့ ေန႔လည္ဘက္က နိရဥၥရာသတင္းမွာတက္တယ္ သတင္းက။ အဲဒီသတင္းပါလာမွ ထုိင္းဘက္မွာ သမီးနဲ႔ ကေလးႏွစ္ေယာက္ အဖမ္းခံထားရတယ္ဆုိတာ သိရတယ္။ အဲဒါကလြဲလုိ႔ ဒီဘက္ကုိ ပုိ႔မယ္၊ မပုိ႔ဘူးဆုိတာကုိ တခုမွ မသိေသးဘူး။

ေမး။ ။ ဆရာနဲ႔ေနာက္ဆုံး ဘယ္အခ်ိန္က အဆက္အသြယ္ရလဲဆရာ၊ သမီးနဲ႔။

ဦးစံေက်ာ္လွ။ ။တခါမွမရေသးဘူး၊ အခုထိ။

ေမး။ ။သူတုိ႔သြားတာ ၾကာၿပီလားဆရာ၊ ဘယ္ေလာက္ေလာက္ ၾကာၿပီလဲ။

ဦးစံေက်ာ္လွ။ ။အနည္းဆုံးေတာ့ ႏွစ္ေပါင္း ၁၀ ေလာက္ ရွိမယ္ထင္တယ္၊ သမီးနဲ႔ မေျပာျဖစ္တာ၊ မေတြ႔တာ။ ေတြ႔ရင္ေတာင္မွ မွတ္မိမလားဆုိတာ မနည္းစဥ္းစားယူရဦးမယ္။

ေမး။ ။အခုလုိမ်ဳိး သတင္းေတြထြက္လာေတာ့ ဆရာ့အတြက္ေရာ ဘာမ်ား၊ ဆရာ့ကုိ ေမးတာျမန္းတာတုိ႔ ရွိလဲ။

ဦးစံေက်ာ္လွ။ ။အခုေတာ့ တခုမွမရွိပါဘူး။ စိတ္လည္းမပူပါဘူး၊ ဒါကေတာ့။ ကံၾကမၼာအတုိင္းဘဲေလ။ ျဖစ္လာၿပီဘဲ ျဖစ္ခ်င္တာျဖစ္။ ငါတုိ႔က ဗုဒၶဘာသာဆုိေတာ့ ကံၾကမၼာရဲ႕ အဆုံးအျဖတ္အတုိင္းဘဲေပါ့ကြာ။ ကုိယ္လုပ္လုိ႔ရတဲ့ကိစၥမွ မဟုတ္တာ။

ေမး။။သမီးအတြက္ ဆရာဘာမ်ားလုပ္ေပးႏုိင္တာရွိမလဲ။

ဦးစံေက်ာ္လွ။ ။ျမန္မာႏုိင္ငံရဲ႕အေနအထားမွာ ငါဘာမွ လုပ္လုိ႔မရဘူး။ လႊတ္ေတာ္ဥကၠဌဆုိတာလည္း ဘာမွမဟုတ္ဘူးကြာ။

ေမး။ ။ဆရာလည္း အခု (ရခုိင္ျပည္နယ္မွာ) ေတာက္ေလွ်ာက္ျဖစ္ေနတဲ့ကိစၥမွာ ဆရာလည္း ၾကားထဲကေနၿပီးေတာ့ ေနရထုိင္ရခက္မွာဘဲေနာ္။ အခုလုိမ်ဳိး ျဖစ္ေနၾကေတာ့။

ဦးစံေက်ာ္လွ။ ။ဒါေပါ့၊ ဒါေပါ့။ အဲဒီလုိေတာ့ ဟုိဘက္၊ ဒီဘက္ ေရွာင္ရတာေတာ့ ခက္တာေပါ့ကြာ။

ေမး။ ။ ျပည္ေထာင္စုအစုိးရနဲ႔ေရာ ဆရာ၊ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ အခုလတ္တေလာျဖစ္တာမွ မဟုတ္ဘဲနဲ႔ အရင္ကေရာ ေျပာရ၊ ဆုိရတာေတြ ရွိသလား ဆရာ။ သားမက္ကလည္း (AA ဥကၠဌ) ျဖစ္ေနတယ္။

ဦးစံေက်ာ္လွ။ ။ျပည္ေထာင္စုအစုိးရနဲ႔ငါနဲ႔ တခုမွ အဆက္အသြယ္မရွိဘူး။ ငါလည္းသူတုိ႔ကုိ မဆက္သြယ္ဘူး၊ သူတုိ႔ကလည္း ငါ့ကုိ မဆက္သြယ္ဘူး။

ေမး။ ။ ဒီကိစၥကုိ လုံး၀ ေျပာစရာမရွိခဲ့ဘူးေပါ့ေနာ္ ဆရာ၊ အခုျဖစ္ေနတဲ့ကိစၥေတြမွာ။

ဦးစံေက်ာ္လွ။ ။ ငါ ျပည္ေထာင္စုအစုိးရကုိ တခါမွ ငါ့ဘက္ကလည္း တခါမွ မေျပာခဲ့သလုိ၊ ျပည္ေထာင္စုအစုိးရဘက္ကလည္း ငါ့ဘက္ကုိ တခါမွ မေျပာခဲ့ဘူး။

ေမး။။ က်ေနာ္တုိ႔က သမားရုိးက် စဥ္းစားၾကည့္တာပါ။ ဆရာလည္းသိတဲ့အတုိင္း သားမက္ကလည္း AA အဖြဲ႔မွာ ဥကၠဌ ျဖစ္ေနတယ္။ လုပ္ငန္းအရ ေမးတာ၊ ျမန္းတာ၊ ဒါမွမဟုတ္လည္း သံသယရွိတာမ်ဳိး။ အဲဒီလုိမ်ဳိးမ်ား ရွိမလားလုိ႔ သာမန္လူတေယာက္အေနနဲ႔ စဥ္းစားၾကည့္တာပါ ဆရာ။

ဦးစံေက်ာ္လွ။ ။ အစုိးရဘက္ကလည္း အခုထိ အဲဒီလုိအရိပ္အေရာင္မ်ဳိး ငါ့ဆီကုိျပတာ တခုမွ မရွိဘူးကြ။ ဘာတခုမွ ျပတာလည္း မရွိဘူး။ ဒီဘက္မွာရွိတဲ့ ဒီအစုိးရအဖြဲ႔နဲ႔ ငါနဲ႔ဆုိလည္း ဘာဘဲေျပာေျပာ အဆင္ေျပတာဘဲ။

ေမး။ ။ လႊတ္ေတာ္ထဲမွာလည္း ပုံမွန္လုပ္ငန္းေတြ လုပ္ေနရတာဘဲ လႊတ္ေတာ္ဥကၠဌ တေယာက္ အေနနဲ႔ေနာ္။

ဦးစံေက်ာ္လွ။ ။ ငါတုိ႔ကေတာ့ လုပ္သင့္တာကုိ လုပ္တာေပါ့ကြာ၊ ကုိယ့္လူမ်ဳိးအတြက္။ ရခုိင္အမ်ဳိးသား အက်ဳိးစီးပြားအတြက္ ငါတုိ႔က လုပ္သင့္တာ၊ ေျပာသင့္တာ၊ ဆုိသင့္တာကုိ ဥပေဒေဘာင္ထဲကေန ငါတုိ႔က ေျပာေနတာ။

ေမး။ ။ ဆရာ ဘယ္ေလာက္အထိမ်ား ဘာေတြမ်ား လုပ္ေပးခဲ့ပါသလဲ အခု ဒီ ရခုိင္ပဋိပကၡနဲ႔ ပတ္သက္လုိ႔။ AA နဲ႔ဘဲ ျဖစ္ျဖစ္ေပါ့ေနာ္၊ ျပည္နယ္ထဲမွာ ကုိယ့္လူမ်ဳိးအတြက္။

ဦးစံေက်ာ္လွ။ ။ ရွိတယ္။ AA နဲ႔ပတ္သက္တဲ့ ပဋိပကၡေတြမွာ ငါတုိ႔ကေတာ့ ၿငိမ္းခ်မ္းေရးကုိ ေမွ်ာ္လင့္တာဘဲ။ ျဖစ္သမွ်အားလုံး အေၾကာင္းေတြဟာ ၿငိမ္းခ်မ္းေရးမရလုိ႔ ျဖစ္တာဘဲ။ ဒီေနရာမွာ ငါ့သမီး၊ သူ႔သမီး၊ ဘယ္သူ႔သမီး၊ ဘယ္သူ႔သား၊ ဒါနဲ႔မဆုိင္ဘူး။ ျဖစ္တဲ့အေၾကာင္းအရာဟာ ၿငိမ္းခ်မ္းေရးမရလုိ႔ ျဖစ္တဲ့ကိစၥေတြဘဲ။ ၿငိမ္းခ်မ္းေရးမရတဲ့အတြက္ ဒီကိစၥေတြမွာ ဘယ္သူ ပတ္သက္ၿပီးေတာ့ ပါ၀င္လာမလဲဆုိတာကိုေတာ့ ေျပာလုိ႔မရဘူး။ အခုဒီမွာ ေသၾကတယ္၊ ခုိက္ၾကတယ္၊ ေျပးၾကတယ္၊ လႊားၾကတယ္၊ ဒုကၡေတြျဖစ္ၾကတယ္ဆုိတာ ဒါဟာ ၿငိမ္းခ်မ္းေရးမရလုိ႔ ျဖစ္တာေပါ့။

ေမး။ ။ လူထုလဲ နစ္နာလွၿပီ၊ ေတာ္ေတာ္အထိနာလွၿပီ။

ဦးစံေက်ာ္လွ။ ။ ငါ့သမီးအဖမ္းခံရတယ္၊ ငါ့ေျမးေတြ အဖမ္းခံရတယ္။ ဒါဟာ ၿငိမ္းခ်မ္းေရးမရလုိ႔ ျဖစ္တာဘဲကြာ။ ၿငိမ္းခ်မ္းေရးရရင္ ဒါေတြဟာ တခုမွျဖစ္စရာအေၾကာင္းမရွိဘူး။ ေသခ်ာတာက မင္းတုိ႔၊ ငါတုိ႔ဟာ၊ မင္းတုိ႔၊ ငါတုိ႔ရဲ႕ႏုိင္ငံမွာ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကုိ သြားရမွာကလြဲလုိ႔ တခုမွ မရွိဘူး။ ၿငိမ္းခ်မ္းေရးမရဘူးဆုိရင္ ဘယ္သူအဖမ္းခံရမလဲဆုိတာ ဘယ္သူမွ ေျပာလုိ႔မရဘူး။ ဘယ္သူေသမွာဆုိတာကုိလည္း ဘယ္သူမွ ေျပာလုိ႔မရဘူး။

ေမး။ ။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကလည္း ရပ္လုိက္၊ ေနာက္ဆုတ္သြားလုိက္၊ ေရွ႕မတုိးလာလုိက္၊ ဒီအတုိင္းဘဲ ရပ္တန္႔ေနလုိက္ ျဖစ္ေနေတာ့ ဆရာအခုဒီ ေျမာက္ပုိင္း မဟာမိတ္ ၄ ဖြဲ႔ထဲမွာလည္း ေအေအက ပါေနေတာ့ အဲဒီေဆြးေႏြးပြဲကလည္း ေနာက္ဆုံး တစ္ခံေနတဲ့သေဘာ ျဖစ္တာေပါ့ေနာ္၊ NCA လမ္းေၾကာင္းမွာ၊ အစုိးရသြားေနတဲ့ လမ္းေၾကာင္းေပါ့။ အခု အဓိက ဒီ ေဆြးေႏြးပြဲမွာ ညွိႏႈိင္းလုိ႔မရဘူးျဖစ္ေနတာက လက္နက္ကုိင္အဖြဲ႔ ၄ ဖြဲ႔၊ ေအေအအပါအ၀င္ေပါ့၊ တပ္မေတာ္နဲ႔ ညွိႏုိင္းလုိ႔ မရဘူးျဖစ္ေနေတာ့ အဲဒီ ႏွစ္ဘက္ကုိ၊ ေအေအကုိေရာ၊ တပ္မေတာ္ကုိေရာ ဆရာဘာမ်ားေျပာခ်င္ပါသလဲ ဆရာ။ ၿငိမ္းခ်မ္းေရးရလာေအာင္။ ျမန္မာျပည္ထဲမွာ၊ ရခုိင္ျပည္နယ္မွာ။

ဦးစံေက်ာ္လွ။ ။ ဒီကိစၥက၊ ငါက AA ရယ္၊ တပ္မေတာ္ရယ္လုိ႔ မဟုတ္ဘူး။ ျမန္မာတႏုိင္ငံလုံးကုိေျပာခ်င္တဲ့ စကားတစ္ခြန္းရွိတယ္။ ၿငိမ္းခ်မ္းေရးမရတဲ့ ကာလေတြမွာ ဒီလုိအျဖစ္မ်ဳိးဟာ ေနာက္လည္း ျဖစ္ေနမွာဘဲ။ ၿငိမ္းခ်မ္းေရးရသြားၿပီဆုိရင္ ဒီလုိ အျဖစ္မ်ဳိးဟာ ငါတုိ႔က ျဖစ္ပါေစလုိ႔ ဆုေတာင္းလုိ႔ေတာင္မွ ျဖစ္လာႏုိင္စရာ အေၾကာင္းမရွိဘူး။ ဒါဟာ ငါ့သမီးအတြက္ တေယာက္ထဲ ေျပာတာမဟုတ္ဘူး။ ျမန္မာတႏုိင္ငံလုံးအတြက္ ေျပာတာ။ အေရးအႀကီးဆုံးက ၿငိမ္းခ်မ္းေရးမရခဲ့ဘူးဆုိရင္ ဒီလုိ အေၾကာင္းအရာေတြက ငါ့သမီး၊ သူ႔သမီး၊ ဟုိလူ႔သမီး၊ ဒီလူ႔သမီး၊ ဒီလုိ ျဖစ္ၾကရမွာဘဲ။ အဲဒီေတာ့ ငါက ဘယ္သူ႔ကုိမွ အျပစ္မတင္ဘူး။ ဒါဟာ ၿငိမ္းခ်မ္းေရးေၾကာင့္။ အဲဒါေၾကာင့္ ငါက ေျပာခ်င္တာ။ ငါတုိ႔က ၿငိမ္းခ်မ္းေရးကုိ သတၱိရွိိရွိနဲ႔ ေစာင့္ေရွာက္ဖုိ႔လုိတယ္။ ၿငိမ္းခ်မ္းေရးလုပ္ဖုိ႔အတြက္ မင္းတုိ႔၊ ငါတုိ႔ေတြ အာလုံး၊ သက္ဆုိင္တဲ့သူေတြအားလုံး သတၱိရွိဖုိ႔လုိတယ္။ အဲဒီလုိ သတၱိမရွိဘူးဆုိရင္ ဒီလုိအျဖစ္မ်ဳိးဟာ ဆက္ၿပီးေတာ့ ျဖစ္ေနမွာဘဲ။ ဟုိက ဒီလူကုိဖမ္းလုိက္၊ ဒီက ဟုိလူကုိဖမ္းလုိက္။ ဟုိလူက သံသယနဲ႔ ဒီလူကုိျဖစ္လုိက္။ ဒါဟာ အကုန္လုံးဟာ ၿငိမ္းခ်မ္းေရးအေပၚမွာ မူတည္တယ္။ မင္းတုိ႔၊ ငါတုိ႔အားလုံး၊ ပါ၀င္ပတ္သက္ေနသူ အားလုံးဟာ ျမန္မာႏုိင္ငံနဲ႔ပတ္သက္တဲ့ ၿငိမ္းခ်မ္းေရးကုိ သတၱိရွိရွိနဲ႔ ငါတုိ႔ ေဆာင္ရြက္ႏုိင္ဖုိ႔ လုိတယ္။ ၿငိမ္းခ်မ္းေရးရဖုိ႔အတြက္ ခက္တယ္ဆုိတာက ႏွစ္ဘက္ရဲ႕ ေတာင္းဆုိမႈေတြက အလွမ္းကြာေ၀းတယ္ကြ။ အဲဒါေၾကာင့္ ဒီဘက္မွာ အစုိးရက သူတုိ႔ျဖစ္ခ်င္တဲ့ဆႏၵ၊ ဟုိဘက္က အျခားတဘက္မွာ ဟုိလူေတြျဖစ္ခ်င္တဲ့၊ ဟုိဘက္မွာရွိတဲ့ လူေတြရဲ႕ဆႏၵ။ အဲဒါေတြကုိ သဟဇာတက်က် ေလ်ာ့ေပါ့ၿပီးေတာ့ ငါတုိ႔ႏုိင္ငံသူ၊ ႏုိင္ငံသားအားလုံး ေကာင္းစားဖုိ႔အတြက္ ငါတုိ႔ ဘယ္လုိတည္ေဆာက္မလဲ။ ဒီေနရာမွာ ကုိယ့္ပါတီ၊ ကုိယ့္အဖြဲ႔အစည္း၊ ကုိယ့္လူမ်ဳိးတခု ေကာင္းစားဖုိ႔အတြက္ အဲဒီလုိ ဆႏၵမဟုတ္ဘဲနဲ႔ ဒီ ငါတုိ႔ျပည္ေထာင္စုျမန္မႏုိင္ငံမွာရွိတဲ့ လူေတြအားလုံး ဘုံသေဘာတူညီခ်က္တခုနဲ႔ ေကာင္းစားဖုိ႔အတြက္ ငါတုိ႔ ဘယ္လုိလုပ္ေဆာင္ၾကမလဲဆုိတာ ေတာ္ေတာ္ အေရးႀကီးတယ္။ အဲဒါကုိ စဥ္းစား ေဆြးေႏြးဖုိ႔အတြက္ ဒီမွာပါတဲ့လူအားလုံးဟာ သေဘာထားႀကီးဖုိ႔လုိတယ္။ သတၱိရွိဖုိ႔လုိတယ္။ ဒါဟာ အမွန္တရားဆုိရင္ အမွန္တရားကုိ လုပ္ေဆာင္၀ံ့တဲ့သတၱိရွိဖုိ႔ လုိတယ္။

ေမး။ ။ တကယ္လုိ႔မ်ား ေျပာခြင့္ရမယ္ဆုိရင္ ဆရာ့သမီးကုိ ဘာမ်ား သတင္းစကား ပါးခ်င္ပါသလဲ။

ဦးစံေက်ာ္လွ။ ။ တခုမွ မေျပာဘူး။ သူလုပ္ရင္သူခံ။ အဲဒါဘဲ ဘ၀မွာ။ ဒါဟာ ကံကံ၏အက်ဳိးတရားဘဲ။ ငါ ဘာတခုမွလည္း မေျပာခ်င္ဘူး။ သူတုိ႔အလုပ္သူတုိ႔ ဆက္လုပ္၊ ငါ့အလုပ္ကုိ ငါဆက္လုပ္သြားမယ္၊ ဒါဘဲ။

ရခုိင္ျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစံေက်ာ္လွမွာ သားသမီး ၃ ဦးရွိတာမွာ အခု ထုိင္းႏုိင္ငံမွာ ထိန္းသိမ္းခံထားရတဲ့ ေအေအအဖြဲ႔အႀကီးအကဲရဲ႕ ဇနီးျဖစ္သူ မႏွင္းေဇာ္ျဖဴဟာ အႀကီးဆုံး သမီးျဖစ္ပါတယ္။

မႏွင္းေဇာ္ျဖဴနဲ႔ ကေလးႏွစ္ေယာက္ကုိ ထုိင္းအာဏာပုိင္ေတြက ျမန္မာႏုိင္ငံ၊ တာခ်ီလိတ္မွာရွိတဲ့ ျမန္မာအာဏာပုိင္ေတြထံ လြဲေျပာင္းေပးမယ္ဆုိတဲ့ သတင္းေတြ အေစာပုိင္းမွာ ထြက္ခဲ့ေပမယ့္ အခုခ်ိန္ထိ တကယ္ လြဲေပးလုိက္ၿပီဆုိတဲ့သတင္းကုိ အတည္ျပဳလုိ႔ မရေသးပါဘူး။

.....................

ဖမ်းခံရတဲ့ သမီးဖြစ်သူ AA ခေါင်းဆောင်ဇနီးနဲ့ ဖခင်အဆက်အသွယ် မရ

(Zawgyi/Unicode)

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီး မနှင်းဇော်ဖြူနဲ့ သားသမီး နှစ်ဦးကို ထိုင်းနိုင်ငံ၊ မယ်ဆိုင် လဝကရုံးမှာ ဖမ်းဆီးထားပြီး မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် သမီးဖြစ်သူနဲ့ အဆက်အသွယ်မရတာ ဆယ်စုနှစ်နဲ့ ချီနေပြီလို့ မနှင်းဇော်ဖြူရဲ့ ဖခင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောပါတယ်။ အခုလို မိသားစုတွေ တကွဲတပြားစီဖြစ်ပြီး ဖမ်းဆီးခံရတာနဲ့ ရခိုင်ပြည်နယ်အတွင်း စစ်ရေး တင်းမာမှုတွေ ဖြစ်ပေါ်နေတာတွေဟာ တိုင်းပြည်မှာ ငြိမ်းချမ်းရေးမရသေးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့လည်း ဦးစံကျော်လှက ပြောပါတယ်။ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ သမီးဖြစ်သူ ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ တိုင်းပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအကြောင်း သူက အခုလို စပြောပါတယ်။

ဦးစံကျော်လှ။ ။ သိသွားတာကတော့ နေ့လည်ဘက်က နိရဉ္စရာသတင်းမှာတက်တယ် သတင်းက။ အဲဒီသတင်းပါလာမှ ထိုင်းဘက်မှာ သမီးနဲ့ ကလေးနှစ်ယောက် အဖမ်းခံထားရတယ်ဆိုတာ သိရတယ်။ အဲဒါကလွဲလို့ ဒီဘက်ကို ပို့မယ်၊ မပို့ဘူးဆိုတာကို တခုမှ မသိသေးဘူး။

မေး။ ။ ဆရာနဲ့နောက်ဆုံး ဘယ်အချိန်က အဆက်အသွယ်ရလဲဆရာ၊ သမီးနဲ့။

ဦးစံကျော်လှ။ ။တခါမှမရသေးဘူး၊ အခုထိ။

မေး။ ။သူတို့သွားတာ ကြာပြီလားဆရာ၊ ဘယ်လောက်လောက် ကြာပြီလဲ။

ဦးစံကျော်လှ။ ။အနည်းဆုံးတော့ နှစ်ပေါင်း ၁၀ လောက် ရှိမယ်ထင်တယ်၊ သမီးနဲ့ မပြောဖြစ်တာ၊ မတွေ့တာ။ တွေ့ရင်တောင်မှ မှတ်မိမလားဆိုတာ မနည်းစဉ်းစားယူရဦးမယ်။

မေး။ ။အခုလိုမျိုး သတင်းတွေထွက်လာတော့ ဆရာ့အတွက်ရော ဘာများ၊ ဆရာ့ကို မေးတာမြန်းတာတို့ ရှိလဲ။

ဦးစံကျော်လှ။ ။အခုတော့ တခုမှမရှိပါဘူး။ စိတ်လည်းမပူပါဘူး၊ ဒါကတော့။ ကံကြမ္မာအတိုင်းဘဲလေ။ ဖြစ်လာပြီဘဲ ဖြစ်ချင်တာဖြစ်။ ငါတို့က ဗုဒ္ဓဘာသာဆိုတော့ ကံကြမ္မာရဲ့ အဆုံးအဖြတ်အတိုင်းဘဲပေါ့ကွာ။ ကိုယ်လုပ်လို့ရတဲ့ကိစ္စမှ မဟုတ်တာ။

မေး။။သမီးအတွက် ဆရာဘာများလုပ်ပေးနိုင်တာရှိမလဲ။

ဦးစံကျော်လှ။ ။မြန်မာနိုင်ငံရဲ့အနေအထားမှာ ငါဘာမှ လုပ်လို့မရဘူး။ လွှတ်တော်ဥက္ကဌဆိုတာလည်း ဘာမှမဟုတ်ဘူးကွာ။

မေး။ ။ဆရာလည်း အခု (ရခိုင်ပြည်နယ်မှာ) တောက်လျှောက်ဖြစ်နေတဲ့ကိစ္စမှာ ဆရာလည်း ကြားထဲကနေပြီးတော့ နေရထိုင်ရခက်မှာဘဲနော်။ အခုလိုမျိုး ဖြစ်နေကြတော့။

ဦးစံကျော်လှ။ ။ဒါပေါ့၊ ဒါပေါ့။ အဲဒီလိုတော့ ဟိုဘက်၊ ဒီဘက် ရှောင်ရတာတော့ ခက်တာပေါ့ကွာ။

မေး။ ။ ပြည်ထောင်စုအစိုးရနဲ့ရော ဆရာ၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အခုလတ်တလောဖြစ်တာမှ မဟုတ်ဘဲနဲ့ အရင်ကရော ပြောရ၊ ဆိုရတာတွေ ရှိသလား ဆရာ။ သားမက်ကလည်း (AA ဥက္ကဌ) ဖြစ်နေတယ်။

ဦးစံကျော်လှ။ ။ပြည်ထောင်စုအစိုးရနဲ့ငါနဲ့ တခုမှ အဆက်အသွယ်မရှိဘူး။ ငါလည်းသူတို့ကို မဆက်သွယ်ဘူး၊ သူတို့ကလည်း ငါ့ကို မဆက်သွယ်ဘူး။

မေး။ ။ ဒီကိစ္စကို လုံး၀ ပြောစရာမရှိခဲ့ဘူးပေါ့နော် ဆရာ၊ အခုဖြစ်နေတဲ့ကိစ္စတွေမှာ။

ဦးစံကျော်လှ။ ။ ငါ ပြည်ထောင်စုအစိုးရကို တခါမှ ငါ့ဘက်ကလည်း တခါမှ မပြောခဲ့သလို၊ ပြည်ထောင်စုအစိုးရဘက်ကလည်း ငါ့ဘက်ကို တခါမှ မပြောခဲ့ဘူး။

မေး။။ ကျနော်တို့က သမားရိုးကျ စဉ်းစားကြည့်တာပါ။ ဆရာလည်းသိတဲ့အတိုင်း သားမက်ကလည်း AA အဖွဲ့မှာ ဥက္ကဌ ဖြစ်နေတယ်။ လုပ်ငန်းအရ မေးတာ၊ မြန်းတာ၊ ဒါမှမဟုတ်လည်း သံသယရှိတာမျိုး။ အဲဒီလိုမျိုးများ ရှိမလားလို့ သာမန်လူတယောက်အနေနဲ့ စဉ်းစားကြည့်တာပါ ဆရာ။

ဦးစံကျော်လှ။ ။ အစိုးရဘက်ကလည်း အခုထိ အဲဒီလိုအရိပ်အရောင်မျိုး ငါ့ဆီကိုပြတာ တခုမှ မရှိဘူးကွ။ ဘာတခုမှ ပြတာလည်း မရှိဘူး။ ဒီဘက်မှာရှိတဲ့ ဒီအစိုးရအဖွဲ့နဲ့ ငါနဲ့ဆိုလည်း ဘာဘဲပြောပြော အဆင်ပြေတာဘဲ။

မေး။ ။ လွှတ်တော်ထဲမှာလည်း ပုံမှန်လုပ်ငန်းတွေ လုပ်နေရတာဘဲ လွှတ်တော်ဥက္ကဌ တယောက် အနေနဲ့နော်။

ဦးစံကျော်လှ။ ။ ငါတို့ကတော့ လုပ်သင့်တာကို လုပ်တာပေါ့ကွာ၊ ကိုယ့်လူမျိုးအတွက်။ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် ငါတို့က လုပ်သင့်တာ၊ ပြောသင့်တာ၊ ဆိုသင့်တာကို ဥပဒေဘောင်ထဲကနေ ငါတို့က ပြောနေတာ။

မေး။ ။ ဆရာ ဘယ်လောက်အထိများ ဘာတွေများ လုပ်ပေးခဲ့ပါသလဲ အခု ဒီ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့။ AA နဲ့ဘဲ ဖြစ်ဖြစ်ပေါ့နော်၊ ပြည်နယ်ထဲမှာ ကိုယ့်လူမျိုးအတွက်။

ဦးစံကျော်လှ။ ။ ရှိတယ်။ AA နဲ့ပတ်သက်တဲ့ ပဋိပက္ခတွေမှာ ငါတို့ကတော့ ငြိမ်းချမ်းရေးကို မျှော်လင့်တာဘဲ။ ဖြစ်သမျှအားလုံး အကြောင်းတွေဟာ ငြိမ်းချမ်းရေးမရလို့ ဖြစ်တာဘဲ။ ဒီနေရာမှာ ငါ့သမီး၊ သူ့သမီး၊ ဘယ်သူ့သမီး၊ ဘယ်သူ့သား၊ ဒါနဲ့မဆိုင်ဘူး။ ဖြစ်တဲ့အကြောင်းအရာဟာ ငြိမ်းချမ်းရေးမရလို့ ဖြစ်တဲ့ကိစ္စတွေဘဲ။ ငြိမ်းချမ်းရေးမရတဲ့အတွက် ဒီကိစ္စတွေမှာ ဘယ်သူ ပတ်သက်ပြီးတော့ ပါဝင်လာမလဲဆိုတာကိုတော့ ပြောလို့မရဘူး။ အခုဒီမှာ သေကြတယ်၊ ခိုက်ကြတယ်၊ ပြေးကြတယ်၊ လွှားကြတယ်၊ ဒုက္ခတွေဖြစ်ကြတယ်ဆိုတာ ဒါဟာ ငြိမ်းချမ်းရေးမရလို့ ဖြစ်တာပေါ့။

မေး။ ။ လူထုလဲ နစ်နာလှပြီ၊ တော်တော်အထိနာလှပြီ။

ဦးစံကျော်လှ။ ။ ငါ့သမီးအဖမ်းခံရတယ်၊ ငါ့မြေးတွေ အဖမ်းခံရတယ်။ ဒါဟာ ငြိမ်းချမ်းရေးမရလို့ ဖြစ်တာဘဲကွာ။ ငြိမ်းချမ်းရေးရရင် ဒါတွေဟာ တခုမှဖြစ်စရာအကြောင်းမရှိဘူး။ သေချာတာက မင်းတို့၊ ငါတို့ဟာ၊ မင်းတို့၊ ငါတို့ရဲ့နိုင်ငံမှာ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားရမှာကလွဲလို့ တခုမှ မရှိဘူး။ ငြိမ်းချမ်းရေးမရဘူးဆိုရင် ဘယ်သူအဖမ်းခံရမလဲဆိုတာ ဘယ်သူမှ ပြောလို့မရဘူး။ ဘယ်သူသေမှာဆိုတာကိုလည်း ဘယ်သူမှ ပြောလို့မရဘူး။

မေး။ ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း ရပ်လိုက်၊ နောက်ဆုတ်သွားလိုက်၊ ရှေ့မတိုးလာလိုက်၊ ဒီအတိုင်းဘဲ ရပ်တန့်နေလိုက် ဖြစ်နေတော့ ဆရာအခုဒီ မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ထဲမှာလည်း အေအေက ပါနေတော့ အဲဒီဆွေးနွေးပွဲကလည်း နောက်ဆုံး တစ်ခံနေတဲ့သဘော ဖြစ်တာပေါ့နော်၊ NCA လမ်းကြောင်းမှာ၊ အစိုးရသွားနေတဲ့ လမ်းကြောင်းပေါ့။ အခု အဓိက ဒီ ဆွေးနွေးပွဲမှာ ညှိနှိုင်းလို့မရဘူးဖြစ်နေတာက လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့၊ အေအေအပါအဝင်ပေါ့၊ တပ်မတော်နဲ့ ညှိနိုင်းလို့ မရဘူးဖြစ်နေတော့ အဲဒီ နှစ်ဘက်ကို၊ အေအေကိုရော၊ တပ်မတော်ကိုရော ဆရာဘာများပြောချင်ပါသလဲ ဆရာ။ ငြိမ်းချမ်းရေးရလာအောင်။ မြန်မာပြည်ထဲမှာ၊ ရခိုင်ပြည်နယ်မှာ။

ဦးစံကျော်လှ။ ။ ဒီကိစ္စက၊ ငါက AA ရယ်၊ တပ်မတော်ရယ်လို့ မဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးကိုပြောချင်တဲ့ စကားတစ်ခွန်းရှိတယ်။ ငြိမ်းချမ်းရေးမရတဲ့ ကာလတွေမှာ ဒီလိုအဖြစ်မျိုးဟာ နောက်လည်း ဖြစ်နေမှာဘဲ။ ငြိမ်းချမ်းရေးရသွားပြီဆိုရင် ဒီလို အဖြစ်မျိုးဟာ ငါတို့က ဖြစ်ပါစေလို့ ဆုတောင်းလို့တောင်မှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါဟာ ငါ့သမီးအတွက် တယောက်ထဲ ပြောတာမဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးအတွက် ပြောတာ။ အရေးအကြီးဆုံးက ငြိမ်းချမ်းရေးမရခဲ့ဘူးဆိုရင် ဒီလို အကြောင်းအရာတွေက ငါ့သမီး၊ သူ့သမီး၊ ဟိုလူ့သမီး၊ ဒီလူ့သမီး၊ ဒီလို ဖြစ်ကြရမှာဘဲ။ အဲဒီတော့ ငါက ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။ ဒါဟာ ငြိမ်းချမ်းရေးကြောင့်။ အဲဒါကြောင့် ငါက ပြောချင်တာ။ ငါတို့က ငြိမ်းချမ်းရေးကို သတ္တိရှိရှိနဲ့ စောင့်ရှောက်ဖို့လိုတယ်။ ငြိမ်းချမ်းရေးလုပ်ဖို့အတွက် မင်းတို့၊ ငါတို့တွေ အာလုံး၊ သက်ဆိုင်တဲ့သူတွေအားလုံး သတ္တိရှိဖို့လိုတယ်။ အဲဒီလို သတ္တိမရှိဘူးဆိုရင် ဒီလိုအဖြစ်မျိုးဟာ ဆက်ပြီးတော့ ဖြစ်နေမှာဘဲ။ ဟိုက ဒီလူကိုဖမ်းလိုက်၊ ဒီက ဟိုလူကိုဖမ်းလိုက်။ ဟိုလူက သံသယနဲ့ ဒီလူကိုဖြစ်လိုက်။ ဒါဟာ အကုန်လုံးဟာ ငြိမ်းချမ်းရေးအပေါ်မှာ မူတည်တယ်။ မင်းတို့၊ ငါတို့အားလုံး၊ ပါဝင်ပတ်သက်နေသူ အားလုံးဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးကို သတ္တိရှိရှိနဲ့ ငါတို့ ဆောင်ရွက်နိုင်ဖို့ လိုတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် ခက်တယ်ဆိုတာက နှစ်ဘက်ရဲ့ တောင်းဆိုမှုတွေက အလှမ်းကွာဝေးတယ်ကွ။ အဲဒါကြောင့် ဒီဘက်မှာ အစိုးရက သူတို့ဖြစ်ချင်တဲ့ဆန္ဒ၊ ဟိုဘက်က အခြားတဘက်မှာ ဟိုလူတွေဖြစ်ချင်တဲ့၊ ဟိုဘက်မှာရှိတဲ့ လူတွေရဲ့ဆန္ဒ။ အဲဒါတွေကို သဟဇာတကျကျ လျော့ပေါ့ပြီးတော့ ငါတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံး ကောင်းစားဖို့အတွက် ငါတို့ ဘယ်လိုတည်ဆောက်မလဲ။ ဒီနေရာမှာ ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လူမျိုးတခု ကောင်းစားဖို့အတွက် အဲဒီလို ဆန္ဒမဟုတ်ဘဲနဲ့ ဒီ ငါတို့ပြည်ထောင်စုမြန်မနိုင်ငံမှာရှိတဲ့ လူတွေအားလုံး ဘုံသဘောတူညီချက်တခုနဲ့ ကောင်းစားဖို့အတွက် ငါတို့ ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာ တော်တော် အရေးကြီးတယ်။ အဲဒါကို စဉ်းစား ဆွေးနွေးဖို့အတွက် ဒီမှာပါတဲ့လူအားလုံးဟာ သဘောထားကြီးဖို့လိုတယ်။ သတ္တိရှိဖို့လိုတယ်။ ဒါဟာ အမှန်တရားဆိုရင် အမှန်တရားကို လုပ်ဆောင်ဝံ့တဲ့သတ္တိရှိဖို့ လိုတယ်။

မေး။ ။ တကယ်လို့များ ပြောခွင့်ရမယ်ဆိုရင် ဆရာ့သမီးကို ဘာများ သတင်းစကား ပါးချင်ပါသလဲ။

ဦးစံကျော်လှ။ ။ တခုမှ မပြောဘူး။ သူလုပ်ရင်သူခံ။ အဲဒါဘဲ ဘဝမှာ။ ဒါဟာ ကံကံ၏အကျိုးတရားဘဲ။ ငါ ဘာတခုမှလည်း မပြောချင်ဘူး။ သူတို့အလုပ်သူတို့ ဆက်လုပ်၊ ငါ့အလုပ်ကို ငါဆက်လုပ်သွားမယ်၊ ဒါဘဲ။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှမှာ သားသမီး ၃ ဦးရှိတာမှာ အခု ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ အေအေအဖွဲ့အကြီးအကဲရဲ့ ဇနီးဖြစ်သူ မနှင်းဇော်ဖြူဟာ အကြီးဆုံး သမီးဖြစ်ပါတယ်။

မနှင်းဇော်ဖြူနဲ့ ကလေးနှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံ၊ တာချီလိတ်မှာရှိတဲ့ မြန်မာအာဏာပိုင်တွေထံ လွဲပြောင်းပေးမယ်ဆိုတဲ့ သတင်းတွေ အစောပိုင်းမှာ ထွက်ခဲ့ပေမယ့် အခုချိန်ထိ တကယ် လွဲပေးလိုက်ပြီဆိုတဲ့သတင်းကို အတည်ပြုလို့ မရသေးပါဘူး။

ကိုုေဇာ္၀င္းလႈိင္/ VOA Burmese
https://burmese.voanews.com
ဖမ္းခံရတဲ့ သမီးျဖစ္သူ AA ေခါင္းေဆာင္ဇနီးနဲ႔ ဖခင္အဆက္အသြယ္ မရ ဖမ္းခံရတဲ့ သမီးျဖစ္သူ AA ေခါင္းေဆာင္ဇနီးနဲ႔ ဖခင္အဆက္အသြယ္ မရ Reviewed by THITHTOOLWIN on 02:51 Rating: 5
Powered by Blogger.