Western Union ေငြလႊဲကုမၸဏီကို ျမဝတီဘဏ္နဲ႔ လက္မတြဲဖို႔ ရိုဟင္ဂ်ာအဖြဲ႔ေတြေတာင္းဆို

တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္က ျမဝတီဘဏ္ခြဲ။
Photo: MOI Web Portal Myanmar
Zawgyi
ကမာၻတဝွမ္း ေငြလႊဲလုပ္ငန္းလုပ္ေနတဲ့ Western Union ကုမၸဏီက ျမန္မာ့တပ္မေတာ္ရဲ့ ျမဝတီ ဘဏ္နဲ႔ ဆက္စပ္ေငြလႊဲေနတာကို ရပ္ဖို႔ အေမရိကန္နဲ႔ ၿဗိတိန္အေျခစိုက္ ရိုဟင္ဂ်ာအဖြဲ႔ေတြက မေန႔ကရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ၿပီး တုိက္တြန္းေတာင္းဆိုလိုက္ပါတယ္။

ၿဗိတိန္အေျခစိုက္ ျမန္မာရိုဟင္ဂ်ာအဖြဲ႔ BROUK ၊ Burma Campaign UK နဲ႔ အေမရိကန္အေျခစိုက္ ရိုဟင္ဂ်ာအေရးအျပည္ျပည္ဆိုင္ရာလႈပ္ရွားမႈအဖြဲ႔ International Campaign for the Rohingya ဆိုတဲ့ အဖြဲ႔သံုးဖြဲ႔က ေအာက္တိုဘာလ ၃၁ ရက္ေန႔မွာေတာင္းဆိုလိုက္တာပါ။

Western Union ဟာ ျမန္မာ့တပ္မေတာ္ပိုင္ ျပည္ေထာင္စုစီးပြားေရးဦးပိုင္လီမိတက္ လက္ေအာက္ခံ ျမဝတီဘဏ္နဲ႔ စီးပြားေရးအက်ိဳးတူေဆာင္ရြက္ေနတဲ့အတြက္ ျမဝတီဘဏ္ကေနတဆင့္ စစ္တပ္ကို အက်ိဳးျဖစ္ေစတယ္လို႔ သူတို႔အဖြဲ႔ကေထာက္ျပပါတယ္။

ရုိဟင္ဂ်ာေတြအေရးမွာ လူမ်ိဳးတုန္းသုတ္သင္မႈက်ဴးလြန္ထားတယ္လို႔ ကုလသမဂၢလူ႔အခြင့္အေရး ေကာင္စီရဲ့ လြတ္လပ္တဲ့ စံုစမ္းေရးေကာ္မရွင္ UNFFM က ေထာက္ျပထားတဲ့ ျမန္မာ့တပ္မေတာ္နဲ႔ Western Union က စီးပြားေရးအက်ိဳးတူလုပ္တယ္ဆိုတာ ကုမၸဏီအတြက္ ဂုဏ္သိကၡာထိခိုက္ေစ တယ္လို႔ ၿဗိတိန္အေျခစိုက္ ျမန္မာရိုဟင္ဂ်ာအဖြဲ႔ BROUK ရဲ့ ဥကၠ႒ ကိုထြန္းခင္ကေျပာပါတယ္။

ရိုဟင္ဂ်ာအေရး လႈပ္ရွားတဲ့အဖြဲ႔ေတြရဲ့ ေျပာဆိုခ်က္ေတြနဲ႔ပတ္သက္လို႔ Western Union ရဲ့ အမႈေဆာင္အဖြဲ႔ကို RFA ကတယ္လီဖုန္းနဲ႔ေရာ၊ အီးေမးလ္နဲ႔ပါဆက္သြယ္ခဲ့ေပမယ့္ အေၾကာင္းမျပန္ ပါဘူး။ Western Union ရဲ့ အမႈေဆာင္အရာရွိခ်ဳပ္ Hikmet Ersek က ဒုကၡသည္ေတြရဲ့အခြင့္အေရးအတြက္ ထုတ္ေဖာ္ေျပာဆိုခဲ့လို႔ အမ်ားရဲ့ခ်ီးက်ဴးတာခံထားရပါတယ္။

ဒါေပမယ့္ ရုိဟင္ဂ်ာ ၇ သိန္းေက်ာ္ ထြက္ေျပးေအာင္လုပ္ထားတဲ့ ျမန္မာ့တပ္မေတာ္နဲ႔ စီးပြားေရးအက်ိဳးတူ လုပ္ကိုင္ေနတာေတြ႔ရတယ္လို႔ အေမရိကန္အေျခစိုက္ ရိုဟင္ဂ်ာအေရး အျပည္ျပည္ဆိုင္ရာလႈပ္ရွားမႈအဖြဲ႔ရဲ့ ဦးေဆာင္ညႊန္ၾကားေရးမွဴး Simon Billenness ကေျပာပါတယ္။

Western Union အေနနဲ႔ ျမန္မာနိုင္ငံမွာ စစ္တပ္နဲ႔မပတ္သက္တဲ့ တျခားကုမၸဏီေတြနဲ႔ လက္တြဲ လုပ္ကိုင္စရာနည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ ရက္စက္တဲ့ျမန္မာစစ္တပ္ရဲ့အိတ္ထဲ ကိုေတာ့ ေငြဝင္ေအာင္မလုပ္သင့္ပါဘူးလို႔ Burma Campaign UK အဖြဲ႔ညႊန္ၾကားေရးမွဴး Mark Farmaner ကေျပာပါတယ္။

Western Union ဟာ ကမာၻတလႊား ေငြလႊဲလုပ္ငန္းလုပ္တဲ့ ကုမၸဏီႀကီးျဖစ္ၿပီး၊ ျမန္မာနိုင္ငံမွာလဲ ဘဏ္အေတာ္မ်ားမ်ားနဲ႔ ခ်ိတ္ဆက္ထားတဲ့အတြက္ နုိင္ငံတကာေရာက္ေနတဲ့ ျမန္မာနိုင္ငံသားေတြက သူတို႔ရဲ့မိသားစုေတြ၊ မိတ္ေဆြ၊ သူငယ္ခ်င္းေတြဆီကို အဲဒီကုမၸဏီကေန ေငြလႊဲေလ့ရွိသလို၊ ျမန္မာျပည္က လက္ခံမယ့္သူေတြက နီးစပ္ရာဘဏ္ေတြမွာ သြားထုတ္ယူနိုင္ပါတယ္။

RFA Burmese
https://www.rfa.org
---------------
Unicode
Western Union ငွေလွှဲကုမ္ပဏီကို မြဝတီဘဏ်နဲ့ လက်မတွဲဖို့ ရိုဟင်ဂျာအဖွဲ့တွေတောင်းဆို

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မြဝတီဘဏ်ခွဲ။
Photo: MOI Web Portal Myanmar

ကမ္ဘာတဝှမ်း ငွေလွှဲလုပ်ငန်းလုပ်နေတဲ့ Western Union ကုမ္ပဏီက မြန်မာ့တပ်မတော်ရဲ့ မြဝတီ ဘဏ်နဲ့ ဆက်စပ်ငွေလွှဲနေတာကို ရပ်ဖို့ အမေရိကန်နဲ့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တွေက မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ၊ Burma Campaign UK နဲ့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေးအပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ International Campaign for the Rohingya ဆိုတဲ့ အဖွဲ့သုံးဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့မှာတောင်းဆိုလိုက်တာပါ။

Western Union ဟာ မြန်မာ့တပ်မတော်ပိုင် ပြည်ထောင်စုစီးပွားရေးဦးပိုင်လီမိတက် လက်အောက်ခံ မြဝတီဘဏ်နဲ့ စီးပွားရေးအကျိုးတူဆောင်ရွက်နေတဲ့အတွက် မြဝတီဘဏ်ကနေတဆင့် စစ်တပ်ကို အကျိုးဖြစ်စေတယ်လို့ သူတို့အဖွဲ့ကထောက်ပြပါတယ်။

ရိုဟင်ဂျာတွေအရေးမှာ လူမျိုးတုန်းသုတ်သင်မှုကျူးလွန်ထားတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် UNFFM က ထောက်ပြထားတဲ့ မြန်မာ့တပ်မတော်နဲ့ Western Union က စီးပွားရေးအကျိုးတူလုပ်တယ်ဆိုတာ ကုမ္ပဏီအတွက် ဂုဏ်သိက္ခာထိခိုက်စေ တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ရဲ့ ဥက္ကဋ္ဌ ကိုထွန်းခင်ကပြောပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့အဖွဲ့တွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ Western Union ရဲ့ အမှုဆောင်အဖွဲ့ကို RFA ကတယ်လီဖုန်းနဲ့ရော၊ အီးမေးလ်နဲ့ပါဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန် ပါဘူး။ Western Union ရဲ့ အမှုဆောင်အရာရှိချုပ် Hikmet Ersek က ဒုက္ခသည်တွေရဲ့အခွင့်အရေးအတွက် ထုတ်ဖော်ပြောဆိုခဲ့လို့ အများရဲ့ချီးကျူးတာခံထားရပါတယ်။

ဒါပေမယ့် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးအောင်လုပ်ထားတဲ့ မြန်မာ့တပ်မတော်နဲ့ စီးပွားရေးအကျိုးတူ လုပ်ကိုင်နေတာတွေ့ရတယ်လို့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေး အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Simon Billenness ကပြောပါတယ်။

Western Union အနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့မပတ်သက်တဲ့ တခြားကုမ္ပဏီတွေနဲ့ လက်တွဲ လုပ်ကိုင်စရာနည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ရက်စက်တဲ့မြန်မာစစ်တပ်ရဲ့အိတ်ထဲ ကိုတော့ ငွေဝင်အောင်မလုပ်သင့်ပါဘူးလို့ Burma Campaign UK အဖွဲ့ညွှန်ကြားရေးမှူး Mark Farmaner ကပြောပါတယ်။

Western Union ဟာ ကမ္ဘာတလွှား ငွေလွှဲလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပြီး၊ မြန်မာနိုင်ငံမှာလဲ ဘဏ်အတော်များများနဲ့ ချိတ်ဆက်ထားတဲ့အတွက် နိုင်ငံတကာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့ရဲ့မိသားစုတွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေဆီကို အဲဒီကုမ္ပဏီကနေ ငွေလွှဲလေ့ရှိသလို၊ မြန်မာပြည်က လက်ခံမယ့်သူတွေက နီးစပ်ရာဘဏ်တွေမှာ သွားထုတ်ယူနိုင်ပါတယ်။

RFA Burmese
https://www.rfa.org
Western Union ေငြလႊဲကုမၸဏီကို ျမဝတီဘဏ္နဲ႔ လက္မတြဲဖို႔ ရိုဟင္ဂ်ာအဖြဲ႔ေတြေတာင္းဆို Western Union ေငြလႊဲကုမၸဏီကို ျမဝတီဘဏ္နဲ႔ လက္မတြဲဖို႔ ရိုဟင္ဂ်ာအဖြဲ႔ေတြေတာင္းဆို Reviewed by THITHTOOLWIN on 08:18 Rating: 5
Powered by Blogger.