ဘဂၤလားေဒ့ရွ္ရဲ႕ ျပဳမူေဆာင္ရြက္ခ်က္ မရိုးသားဘူးလို႔ ျမန္မာတုံ႔ျပန္

၂ဝ၁၉ ခုႏွစ္ ေအာက္တိုဘာ ၃၁ ရက္ေန႔က ျမန္မာႏိုင္ငံဘက္ျပန္လာၾကေသာ ဘဂၤလားေဒ့ရွ္ေရာက္ ရိုဟင္ဂ်ာဒုကၡသည္မ်ား။
Photo: Myanmar Embassy Dhaka
Zawgyi
ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ ၄၆ ေယာက္ ျမန္မာနိုင္ငံဘက္ကို မေန႔က ၾကာသပေတးေန႔မွာ သူတို႔ သေဘာဆႏၵနဲ႔သူတို႔ ျပန္လာၾကတဲ့အတြက္ ျမန္မာဘက္က ႀကိဳဆိုလက္ခံၿပီး ေနရာခ်ေပးထားတယ္လို႔ ဘဂၤလားေဒ့ရွ္ဆိုင္ရာ ျမန္မာသံရံုးရဲ့ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ျပန္လာတဲ့ ဒုကၡသည္စုစုေပါင္း ၄ဝဝ နီးပါးရွိသြားၿပီလို႔ ဆိုပါတယ္။

အခုလို ျမန္မာဘက္က ေၾကညာတဲ့ ျပန္သြားတဲ့ဒုကၡသည္အေရအတြက္နဲ႔ ပတ္သက္လို႔ စိစစ္ၿပီးရင္ သတင္းထုတ္ျပန္မယ္လို႔ ဘဂၤလားေဒ့ရွ္နိုင္ငံျခားေရး ဝန္ႀကီး အက္ဗ္ဒူမိုမန္က ေျပာတဲ့အေၾကာင္း ဒါကာအေျခစိုက္ Independent Online သတင္းမွာ မေန႔ညက ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္ကို ျပန္သြားတဲ့ဒုကၡသည္ေတြရဲ့အေျခအေနျဖစ္ေပၚတိုးတက္မႈကို တခုမွ သက္ေသမျပ နိုင္ေသးဘူးလို႔ ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ ဘဂၤလားေဒ့ရွ္နိုင္ငံျခားေရးဌာနရဲ့ေၾကညာခ်က္မွာ ေထာက္ျပထားပါတယ္။

ဒါ့အျပင္ ရုိဟင္ဂ်ာေတြ ျပန္လည္ေပါင္းစည္းေရးနဲ႔ ဒုကၡသည္အားလံုး လံုျခံဳစိတ္ခ်စြာ ေနရပ္ျပန္နိုင္ေရးနဲ႔ ပတ္သက္လို႔ ေဆာင္ရြက္ရမယ့္ တာဝန္ဝတၱရားကိုေရွာင္လႊဲၿပီး နုိင္ငံတကာက ထင္ေယာင္ထင္မွား ျဖစ္ေအာင္ ျမန္မာက လုပ္ေနတယ္လို႔လည္း ဘဂၤလားေဒ့ရွ္ဘက္က စြပ္စြဲလိုက္ပါတယ္။

ဒီစြပ္စြဲခ်က္နဲ႔ ပတ္သက္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုစြမ္းက - ျပန္လာတဲ့ သူေတြကိုလက္ခံမယ္လို႔ ေျပာထားၿပီးသားျဖစ္တဲ့အတြက္ အခုလိုအျပစ္ေျပာေနတာ မေကာင္းဘူးလို႔ တံု႔ျပန္ပါတယ္။

“ သူတို႔သေဘာဆႏၵနဲ႔သူတို႔ ဒီဘက္ကလူေတြနဲ႔ ဆက္သြယ္ျပီးေတာ့မွ ျပန္လာၾကတာျဖစ္တယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔က ဒီလူေတြျပန္လာပါတယ္လို႔ ေျပာတဲ့ဟာကို အျပစ္တင္ၿပီးေျပာတဲ့ဟာကေတာ့ တရားမွ်တမႈလဲမရွိဘူး။ ျဖစ္လဲမျဖစ္သင့္ဘူးေပါ့ဗ်ာ”

ဒီအေတာအတြင္းမွာပဲ EU ဥေရာပသမဂၢက ျမန္မာနိုင္ငံကိုေပးထားတဲ့ လက္နက္ကလြဲလို႔ က်န္တဲ့ ကုန္ပစၥည္းအားလံုး အခြန္လြတ္ဆိုတဲ့ GSP အထူးကုန္သြယ္ခြင့္ကို ရိုဟင္ဂ်ာေတြအားလံုး ျပန္ေခၚၿပီးတဲ့အထိ ဆိုင္းငံ့ထားဖုိ႔ သူ႔ရဲ့ဥေရာပခရီးစဥ္မွာ တိုက္တြန္းခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္နိုင္ငံျခားေရးဝန္ႀကီး အက္ဗ္ဒူမိုမန္က သတင္းေထာက္ေတြကို မေန႔က ေျပာလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္က အခုလိုျပဳမူေနတာ အိမ္နီးခ်င္းႏိုင္ငံအေနနဲ႔ မလုပ္သင့္ဘူးလို႔ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုစြမ္းက ေျပာပါတယ္။

“ သူတို႔ နိုင္ငံျခားေရးဝန္ႀကီး မိုမန္က အီးယူနိုင္ငံေတြနဲ႔ သြားေတြတဲ့အခါ ဒီေလာက္ Genocude လုပ္ေနတဲ့ ျမန္မာႏိုင္ငံကို ခင္ဗ်ားတို႔ ဂ်ီအက္စ္ပီ အခြင့္အေရးေပးတဲ့ဟာကို ျဖတ္ေတာက္ပစ္ရမယ္ဆိုၿပီး ေျပာေနတယ္ဗ်ာ။အဲေတာ့ ဘယ္လိုလုပ္ က်ေနာ္တို႔အလုပ္လုပ္လို႔ အဆင္ေျပမလဲဗ်ာ။ အိမ္နီးခ်င္းႏွစ္ႏိုင္ငံ တေယာက္နဲ႔တေယာက္ ျပႆနာေျပလည္ေအာင္ ညိႇႏိႈင္းၿပီးလုပ္ရင္ေတာ့ အဆင္ေျပတာေပါ့။ အခုဟာက လိုက္ၿပီးေတာ့ သူတို႔က က်ေနာ္တို႔ကို ဒုကၡေရာက္ေအာင္လုပ္ေနတယ္ ဆိုတဲ့အခါက်ေတာ့ မရိုးသားမႈေတြကသိပ္မ်ားေနတယ္ က်ေနာ္တို႔အေပၚမွာ။ အဲလိုျဖစ္ေနတယ္ေပါ့”

ဘဂၤလားေဒ့ရွ္ေရာက္ဒုကၡသည္ေတြနဲ႔ ပတ္သက္လို႔ နုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ့သေဘာထားကေတာ့ ကိုယ့္ဘက္ကမွန္တာကို လုပ္မယ္၊ တေန႔က်ရင္ အမွန္တရားက အနိုင္ရလိမ့္မယ္လို႔ သေဘာထားၿပီး ႏွစ္နုိင္ငံၾကား လုပ္စရာရွိတာ လုပ္ကိုင္ေနတယ္လို႔ သံအမတ္ႀကီး ဦးေဟာက္ဒိုစြမ္းကေျပာပါတယ္။

RFA Burmese
https://www.rfa.org
-----------------
Unicode
ဘင်္ဂလားဒေ့ရှ်ရဲ့ ပြုမူဆောင်ရွက်ချက် မရိုးသားဘူးလို့ မြန်မာတုံ့ပြန်

၂ဝ၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က မြန်မာနိုင်ငံဘက်ပြန်လာကြသော ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ။
Photo: Myanmar Embassy Dhaka

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၄၆ ယောက် မြန်မာနိုင်ငံဘက်ကို မနေ့က ကြာသပတေးနေ့မှာ သူတို့ သဘောဆန္ဒနဲ့သူတို့ ပြန်လာကြတဲ့အတွက် မြန်မာဘက်က ကြိုဆိုလက်ခံပြီး နေရာချပေးထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ပြန်လာတဲ့ ဒုက္ခသည်စုစုပေါင်း ၄ဝဝ နီးပါးရှိသွားပြီလို့ ဆိုပါတယ်။

အခုလို မြန်မာဘက်က ကြေညာတဲ့ ပြန်သွားတဲ့ဒုက္ခသည်အရေအတွက်နဲ့ ပတ်သက်လို့ စိစစ်ပြီးရင် သတင်းထုတ်ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး အက်ဗ်ဒူမိုမန်က ပြောတဲ့အကြောင်း ဒါကာအခြေစိုက် Independent Online သတင်းမှာ မနေ့ညက ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ကို ပြန်သွားတဲ့ဒုက္ခသည်တွေရဲ့အခြေအနေဖြစ်ပေါ်တိုးတက်မှုကို တခုမှ သက်သေမပြ နိုင်သေးဘူးလို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနရဲ့ကြေညာချက်မှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေ ပြန်လည်ပေါင်းစည်းရေးနဲ့ ဒုက္ခသည်အားလုံး လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားကိုရှောင်လွှဲပြီး နိုင်ငံတကာက ထင်ယောင်ထင်မှား ဖြစ်အောင် မြန်မာက လုပ်နေတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က စွပ်စွဲလိုက်ပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက - ပြန်လာတဲ့ သူတွေကိုလက်ခံမယ်လို့ ပြောထားပြီးသားဖြစ်တဲ့အတွက် အခုလိုအပြစ်ပြောနေတာ မကောင်းဘူးလို့ တုံ့ပြန်ပါတယ်။

“ သူတို့သဘောဆန္ဒနဲ့သူတို့ ဒီဘက်ကလူတွေနဲ့ ဆက်သွယ်ပြီးတော့မှ ပြန်လာကြတာဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့က ဒီလူတွေပြန်လာပါတယ်လို့ ပြောတဲ့ဟာကို အပြစ်တင်ပြီးပြောတဲ့ဟာကတော့ တရားမျှတမှုလဲမရှိဘူး။ ဖြစ်လဲမဖြစ်သင့်ဘူးပေါ့ဗျာ”

ဒီအတောအတွင်းမှာပဲ EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုပေးထားတဲ့ လက်နက်ကလွဲလို့ ကျန်တဲ့ ကုန်ပစ္စည်းအားလုံး အခွန်လွတ်ဆိုတဲ့ GSP အထူးကုန်သွယ်ခွင့်ကို ရိုဟင်ဂျာတွေအားလုံး ပြန်ခေါ်ပြီးတဲ့အထိ ဆိုင်းငံ့ထားဖို့ သူ့ရဲ့ဥရောပခရီးစဉ်မှာ တိုက်တွန်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အက်ဗ်ဒူမိုမန်က သတင်းထောက်တွေကို မနေ့က ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်က အခုလိုပြုမူနေတာ အိမ်နီးချင်းနိုင်ငံအနေနဲ့ မလုပ်သင့်ဘူးလို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။

“ သူတို့ နိုင်ငံခြားရေးဝန်ကြီး မိုမန်က အီးယူနိုင်ငံတွေနဲ့ သွားတွေတဲ့အခါ ဒီလောက် Genocude လုပ်နေတဲ့ မြန်မာနိုင်ငံကို ခင်ဗျားတို့ ဂျီအက်စ်ပီ အခွင့်အရေးပေးတဲ့ဟာကို ဖြတ်တောက်ပစ်ရမယ်ဆိုပြီး ပြောနေတယ်ဗျာ။အဲတော့ ဘယ်လိုလုပ် ကျနော်တို့အလုပ်လုပ်လို့ အဆင်ပြေမလဲဗျာ။ အိမ်နီးချင်းနှစ်နိုင်ငံ တယောက်နဲ့တယောက် ပြဿနာပြေလည်အောင် ညှိနှိုင်းပြီးလုပ်ရင်တော့ အဆင်ပြေတာပေါ့။ အခုဟာက လိုက်ပြီးတော့ သူတို့က ကျနော်တို့ကို ဒုက္ခရောက်အောင်လုပ်နေတယ် ဆိုတဲ့အခါကျတော့ မရိုးသားမှုတွေကသိပ်များနေတယ် ကျနော်တို့အပေါ်မှာ။ အဲလိုဖြစ်နေတယ်ပေါ့”

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သဘောထားကတော့ ကိုယ့်ဘက်ကမှန်တာကို လုပ်မယ်၊ တနေ့ကျရင် အမှန်တရားက အနိုင်ရလိမ့်မယ်လို့ သဘောထားပြီး နှစ်နိုင်ငံကြား လုပ်စရာရှိတာ လုပ်ကိုင်နေတယ်လို့ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းကပြောပါတယ်။

RFA Burmese
https://www.rfa.org
ဘဂၤလားေဒ့ရွ္ရဲ႕ ျပဳမူေဆာင္ရြက္ခ်က္ မရိုးသားဘူးလို႔ ျမန္မာတုံ႔ျပန္ ဘဂၤလားေဒ့ရွ္ရဲ႕ ျပဳမူေဆာင္ရြက္ခ်က္ မရိုးသားဘူးလို႔ ျမန္မာတုံ႔ျပန္ Reviewed by THITHTOOLWIN on 08:21 Rating: 5
Powered by Blogger.