ျပည္ပအၾကမ္းဖက္ေတြနဲ႔ ဆက္ႏြယ္မႈ ၂၀၀၀ ေက်ာ္ FBI စစ္ေဆးေန


(Zawgyi/Unicode)

ႏိုင္ငံျခားအၾကမ္းဖက္အဖဲြ႔အစည္းေတြလို႔ အေမရိကန္အစိုးရ သတ္မွတ္ထားတဲ့ အဖြဲ႔အစည္းေပါင္း ၂၀၀၀ ေက်ာ္နဲ႔ ဆက္ႏြယ္ေနတဲ့ အမႈေတြကို စံုစမ္းစစ္ေဆးေနတယ္လို႔ FBI ဗဟိုအစိုးရ ေထာက္လွမ္းေရးဗ်ဴရိုက ေျပာပါတယ္။ ဒါဟာ အယ္လ္ကိုင္းဒါးနဲ႔ Hezbollah တို႔လို အၾကမ္းဖက္အဖြဲ႔ေတြရဲ့ ၿခိမ္းေျခာက္မႈေတြ ရွိေနဆဲပဲ ဆိုတာ ျပေနပါတယ္။

အယ္လ္ကိုင္းဒါးလို ဂ်ီဟတ္ေတြ အမ်ားစုပါတဲ့ ႏိုင္ငံျခားအၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ အေမရိကန္ႏုိင္ငံျခားေရးဌာနရဲ့ သတ္မွတ္ထားတဲ့ စာရင္းထဲက အဖြဲ႔ေပါင္း ၆၈ ဖြဲ႔ကို အခုအခ်ိန္မွာ စံုစမ္းေနတာျဖစ္ပါတယ္။ ဒီလို အမည္စာရင္းသြင္း သတ္မွတ္လိုက္တာေၾကာင့္ ဒီအဖြဲ႔ေတြနဲ႔ သူတုိ႔အဖြဲ႔ဝင္ေတြရဲ့ ပိုင္ဆိုင္မႈေတြကို အေမရိကန္က ထိန္းခ်ဳပ္ထား ႏုိင္သလို သူတို႔ရဲ့ လႈပ္ရွားမႈေတြ ကိုလည္း စံုစမ္း စစ္ေဆးႏုိင္ခြင့္ ရသြားတာ ျဖစ္ပါတယ္။

ႏုိင္ငံျခားအၾကမ္းဖက္အဖြဲ႔ေတြနဲ႔ သူတို႔အဖြဲ႔သားေတြ အေပၚ FBI က အသစ္ျပန္ၿပီး အာရံုစိုက္လာတာဟာ အယ္ကိုင္းဒါးေတြ ခုႏွစ္ပိုင္းေတြ အတြင္း သိပ္မတိုက္ခိုက္ပဲ ၿငိမ္ေနတာေၾကာင့္လည္း ပါတယ္လို႔ George Washington တကၠသိုလ္က အစြန္းေရာက္ အၾကမ္းဖက္ဝါဒေရးရာ ဆိုင္ရာအစီအစဥ္က လက္ေထာက္ညႊန္ၾကားေရးမႈး Seamus Hughes ကေျပာပါတယ္။

လြန္ခဲ့တဲ့ႏွစ္ေတြ အတြင္း အိုင္အက္စ္ စစ္ေသြးၾကြေတြကိုပဲ အဓိက အာရံုစိုက္ေနခ်ိန္မွာ အယ္လ္ကိုင္းဒါးေတြက သူတုိ႔ကြန္ယက္ကို ျပန္တည္ေဆာက္ဖို႔ အခ်ိန္ရသြားတယ္ လို႔လည္း ေျပာပါတယ္။ ဒါ့အျပင္ သူတို႔နဲ႔ ပတ္သက္တဲ့ ကိစၥေတြကလည္း အခုထိ ရွိေနဆဲ ျဖစ္တဲ့အတြက္ ဒါေတြကို ဆန္းစစ္မွာ ျဖစ္သလို ဒါဟာ အိုင္အက္စ္ စစ္ေသြးၾကြ အဖြဲ႔ တခုထဲ မဟုတ္ပဲ အယ္လ္ကိုင္းဒါးေတြေရာ သူနဲ႔ ဆက္ႏြယ္ေနတဲ့ Hezbollah လို အဖြဲ႔ေတြလည္း ပါဝင္တယ္လို႔ေျပာပါတယ္။

FBI က စံုစမ္း စစ္ေဆးေနတဲ့ အၾကမ္းဖက္မႈဆိုင္ရာ အမႈေပါင္း ၅၀၀၀ ေလာက္ ရွိတဲ့ထဲက လကၤ်ာစြန္း အၾကမ္းဖက္မႈလို ျပည္တြင္း အၾကမ္းဖက္မႈဆိုင္ရာက ၈၅၀ ေလာက္ရွိေနေၾကာင္းနဲ႔ က်န္အမႈေတြကေတာ့ ႏိုင္ငံတကာအၾကမ္းဖက္ဝါဒစြဲဆိုင္ရာ နဲ႔ ဆက္ႏြယ္ေနတယ္လို႔ FBI တာဝန္ခံ တရာရွိက VOA ကို ေျပာပါတယ္။

..................

ပြည်ပအကြမ်းဖက်တွေနဲ့ ဆက်နွယ်မှု ၂၀၀၀ ကျော် FBI စစ်ဆေးနေ

(Unicode)

နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတွေလို့ အမေရိကန်အစိုးရ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းပေါင်း ၂၀၀၀ ကျော်နဲ့ ဆက်နွယ်နေတဲ့ အမှုတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ FBI ဗဟိုအစိုးရ ထောက်လှမ်းရေးဗျူရိုက ပြောပါတယ်။ ဒါဟာ အယ်လ်ကိုင်းဒါးနဲ့ Hezbollah တို့လို အကြမ်းဖက်အဖွဲ့တွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲ ဆိုတာ ပြနေပါတယ်။

အယ်လ်ကိုင်းဒါးလို ဂျီဟတ်တွေ အများစုပါတဲ့ နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ သတ်မှတ်ထားတဲ့ စာရင်းထဲက အဖွဲ့ပေါင်း ၆၈ ဖွဲ့ကို အခုအချိန်မှာ စုံစမ်းနေတာဖြစ်ပါတယ်။ ဒီလို အမည်စာရင်းသွင်း သတ်မှတ်လိုက်တာကြောင့် ဒီအဖွဲ့တွေနဲ့ သူတို့အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်က ထိန်းချုပ်ထား နိုင်သလို သူတို့ရဲ့ လှုပ်ရှားမှုတွေ ကိုလည်း စုံစမ်း စစ်ဆေးနိုင်ခွင့် ရသွားတာ ဖြစ်ပါတယ်။

နိုင်ငံခြားအကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့အဖွဲ့သားတွေ အပေါ် FBI က အသစ်ပြန်ပြီး အာရုံစိုက်လာတာဟာ အယ်ကိုင်းဒါးတွေ ခုနှစ်ပိုင်းတွေ အတွင်း သိပ်မတိုက်ခိုက်ပဲ ငြိမ်နေတာကြောင့်လည်း ပါတယ်လို့ George Washington တက္ကသိုလ်က အစွန်းရောက် အကြမ်းဖက်ဝါဒရေးရာ ဆိုင်ရာအစီအစဉ်က လက်ထောက်ညွှန်ကြားရေးမှုး Seamus Hughes ကပြောပါတယ်။

လွန်ခဲ့တဲ့နှစ်တွေ အတွင်း အိုင်အက်စ် စစ်သွေးကြွတွေကိုပဲ အဓိက အာရုံစိုက်နေချိန်မှာ အယ်လ်ကိုင်းဒါးတွေက သူတို့ကွန်ယက်ကို ပြန်တည်ဆောက်ဖို့ အချိန်ရသွားတယ် လို့လည်း ပြောပါတယ်။ ဒါ့အပြင် သူတို့နဲ့ ပတ်သက်တဲ့ ကိစ္စတွေကလည်း အခုထိ ရှိနေဆဲ ဖြစ်တဲ့အတွက် ဒါတွေကို ဆန်းစစ်မှာ ဖြစ်သလို ဒါဟာ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ တခုထဲ မဟုတ်ပဲ အယ်လ်ကိုင်းဒါးတွေရော သူနဲ့ ဆက်နွယ်နေတဲ့ Hezbollah လို အဖွဲ့တွေလည်း ပါဝင်တယ်လို့ပြောပါတယ်။

FBI က စုံစမ်း စစ်ဆေးနေတဲ့ အကြမ်းဖက်မှုဆိုင်ရာ အမှုပေါင်း ၅၀၀၀ လောက် ရှိတဲ့ထဲက လင်္ကျာစွန်း အကြမ်းဖက်မှုလို ပြည်တွင်း အကြမ်းဖက်မှုဆိုင်ရာက ၈၅၀ လောက်ရှိနေကြောင်းနဲ့ ကျန်အမှုတွေကတော့ နိုင်ငံတကာအကြမ်းဖက်ဝါဒစွဲဆိုင်ရာ နဲ့ ဆက်နွယ်နေတယ်လို့ FBI တာဝန်ခံ တရာရှိက VOA ကို ပြောပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျပည္ပအၾကမ္းဖက္ေတြနဲ႔ ဆက္ႏြယ္မႈ ၂၀၀၀ ေက်ာ္ FBI စစ္ေဆးေန ျပည္ပအၾကမ္းဖက္ေတြနဲ႔ ဆက္ႏြယ္မႈ ၂၀၀၀ ေက်ာ္ FBI စစ္ေဆးေန Reviewed by THITHTOOLWIN on 07:45 Rating: 5
Powered by Blogger.