ရခိုင္ေျမာက္ပိုင္းမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မယ္လို႔ UEC ယူဆ

ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္ကို ၂၀၁၉၊ ႏိုဝင္ဘာ ၁၃ ရက္ေန႔က ေတြ႕ရစဥ္ ။ ဓါတ္ပုံ - သီဟထြန္း/ RFA
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ AA အဖြဲ႕တို႔  ေန႔စဥ္တိုက္ခိုက္ေနတဲ့အတြက္ လာမယ့္ႏွစ္ တိုက္ပြဲျဖစ္ေနတဲ့ ၿမိဳ႕ေတြမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ပါေတာ့မလားလို႔ ရခိုင္ႏိုင္ငံေရး ပါတီေတြက စိုးရိမ္မႈရွိပါတယ္။

ေ႐ြးေကာက္ပြဲေတြ ေခ်ာေခ်ာေမြ႕ေမြ႕ က်င္းပႏိုင္ေရးနဲ႔ မဲဆႏၵရွင္ ျပည္သူေတြအတြက္ လုံၿခဳံၿပီး ဖိအားမရွိတဲ့ အေျခအေနျဖစ္ေရးအတြက္ တိုက္ပြဲေတြ ရပ္တန႔္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ႏိုင္ငံေရးပါတီေတြ ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ယူဆၾကပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ အားလုံးမွာ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ လက္ရွိ အခ်ိန္အထိ ဆုံးျဖတ္ခ်က္ခ်ထားတယ္လို႔  ေျပာပါတယ္။

၂၀၁၀ နဲ႔ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲေတြမွာ မဲ႐ုံမရွိခဲ့တဲ့ "ဝ" နဲ႔ မိုင္းလားတို႔လို ေဒသေတြမွာပါ ၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔လည္း ေျပာပါတယ္။

၂၀၁၅ ခုႏွစ္တုန္းက ရွမ္းျပည္နယ္မွာ နယ္ေျမမၿငိမ္သက္လို႔  မဲဆႏၵနယ္ တစ္ရာေက်ာ္ရွိတဲ့အနက္ မဲဆႏၵနယ္ ၃၀  ဝန္းက်င္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ျခင္း မရွိခဲ့ပါ။

ေ႐ြးေကာက္ပြဲေကာ္မရွင္က အေျခခံ မဲစာရင္းေကာက္ယူခဲ့ၿပီး  ရခိုင္ ျပည္နယ္ေျမာက္ပိုင္း၊ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္က ေက်း႐ြာတခ်ိဳ႕မွာေတာ့ ေကာက္ယူဖို႔ က်န္ေနေသးတယ္လို႔ ဦးျမင့္ႏိုင္က ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ၿမိဳ႕နယ္ ၁၇ ၿမိဳ႕နယ္ရွိၿပီး ေျမာက္ပိုင္း ၿမိဳ႕နယ္ ကိုးခုမွာ တိုက္ပြဲ ျဖစ္ပြားေနတာပါ။

ေ႐ြးေကာက္ပြဲေတြ က်င္းပႏိုင္မွသာ ျပည္သူကို ကိုယ္စားျပဳတဲ့ လႊတ္ေတာ္ အမတ္ေတြ ေပၚေပါက္လာႏိုင္ၿပီး ျပည္သူေတြရဲ႕ အခက္အခဲ အၾကပ္အတည္းေတြကို ျပည္တြင္းသာမက ႏိုင္ငံတကာကိုပါ တရားဝင္တင္ျပ ေဖာ္ထုတ္ႏိုင္မယ္လို႔ ရခိုင္ျပည္နယ္ မဲဆႏၵနယ္ေျမ အမ်ားဆုံးမွာ အႏိုင္ရထားတဲ့ ရခိုင္အမ်ိဳးသားပါတီ ANP က ယုံၾကည္ပါတယ္။

ရခိုင္ေဒသ မဲဆႏၵရွင္ ျပည္သူ အမ်ားစုက ႏိုင္ငံေရးအရ ေပၚေပါ က္လာတဲ့ ေ႐ြးေကာက္ပြဲကို ယုံၾကည္ကိုးစားမႈ အားနည္းလာၿပီး လက္နက္ကိုင္ေတာ္လွန္ေရးအေပၚ ပိုမိုအားထားလာတာကို စိုးရိမ္မိတယ္လို႔  ANP ေခါင္းေဆာင္ပိုင္းက ေျပာပါတယ္။

ANP ရဲ႕ မူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းေအာင္ေက်ာ္က တပ္မေတာ္နဲ႔ AA တို႔ ႏွစ္ဘက္လုံးအေနနဲ႔ ျပည္သူလူထုကို တကယ္သံေယာဇဥ္ရွိၿပီး ခ်စ္ခင္ၾကင္နာတယ္ဆိုရင္ ၿငိမ္းခ်မ္းေရး စားပြဲဝိုင္းမွာ အျမန္ဆုံး ေတြ႕ဆုံညႇိႏႈိင္းဖို႔ တိုက္တြန္းပါတယ္။

ေ႐ြးေကာက္ပြဲ က်င္းပဖို႔က ပုံမွန္အားျဖင့္ တစ္ႏွစ္ ဝန္းက်င္ခန႔္ လိုေနေသးတာေၾကာင့္ ေတြ႕ဆုံ  ေဆြးေႏြးပြဲေတြကေန ေကာင္းမြန္တဲ့ ရလဒ္ေတြ ထြက္ေပၚလာမယ့္လို႔ သူက ေမွ်ာ္လင့္ထားပါတယ္။

ဒါေပမဲ့ AA နဲ႔ KIA တို႔ ပါဝင္တဲ့ ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕  ေလးဖြဲ႕နဲ႔ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္တို႔  ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးေရး ေတြ႕ဆုံမယ့္ေနရာ မသတ္မွတ္ႏိုင္ေသးဘဲ ညႇိႏႈိင္းေနရဆဲပါ။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဟန္ျပ မဟုတ္ဘဲ စံျပျဖစ္ေအာင္လုပ္မယ္လို႔ ဒီေန႔ အခမ္းအနား မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားပါတယ္။

ေ႐ြးေကာက္ပြဲက လြတ္လပ္ၿပီး တရားမွ်တမႈ ရွိေစဖို႔အျပင္ ျပည္သူ႔ဆႏၵနဲ႔ ေ႐ြးေကာက္ပြဲရလဒ္ တစ္ထပ္တည္း က်ေစရမယ္လို႔ စံႏႈန္း သတ္မွတ္ထားေၾကာင္း သူက ေျပာပါတယ္။

ဒါ့အျပင္ လူထုၾကား နာမည္ပ်က္နဲ႔ ေက်ာ္ၾကားေနတဲ့ ႀကိဳတင္မဲကိစၥနဲ႔ ပတ္သက္လို႔ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပႆနာ တစ္စုံတရာ မရွိေအာင္ ဂ႐ုစိုက္ရမယ္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက ေျပာပါတယ္။

"ဝ"နဲ႔ မိုင္းလားတို႔လို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေနတဲ့ ေဒသေတြမွာ ေ႐ြးေကာက္ပြဲ က်င္းပဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာတဲ့အေပၚ  ဘယ္လိုေဆာင္႐ြက္ေနသလဲ ဆိုတာကိုေတာ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ တာဝန္ရွိသူေတြကို ေမးျမန္းခြင့္ မရခဲ့ပါဘူး။

ႏိုင္ငံအႏွံ႔အျပား အျငင္းပြားဖြယ္ျဖစ္လာႏိုင္တယ္လို႔ ခန႔္မွန္းေနၾကတဲ့ တပ္မေတာ္သားေတြနဲ႔ မိသားစုဝင္ေတြ မဲေပးရမယ့္ တပ္တြင္းမဲ႐ုံေတြ ျပင္ပကို ေျပာင္းေ႐ႊ႕မယ့္ကိစၥနဲ႔ ပတ္သက္ၿပီး ဘယ္လိုျဖစ္လာႏိုင္မလဲ ဆိုတာကိုေတာ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က တိတိက်က် ေျပာမသြားပါဘူး။

၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပမယ့္အခ်ိန္ အတိအက်ကို ေကာ္မရွင္က တရားဝင္ မေၾကညာေသးေပမယ့္ ႏွစ္ကုန္ပိုင္းမွာ က်င္းပဖြယ္ရွိတယ္လို႔ အကဲခတ္တခ်ိဳ႕က ယူဆေနပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ UEC ယူဆ

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကို ၂၀၁၉၊ နိုဝင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - သီဟထွန်း/ RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့  နေ့စဉ်တိုက်ခိုက်နေတဲ့အတွက် လာမယ့်နှစ် တိုက်ပွဲဖြစ်နေတဲ့ မြို့တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ပါတော့မလားလို့ ရခိုင်နိုင်ငံရေး ပါတီတွေက စိုးရိမ်မှုရှိပါတယ်။

ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ ကျင်းပနိုင်ရေးနဲ့ မဲဆန္ဒရှင် ပြည်သူတွေအတွက် လုံခြုံပြီး ဖိအားမရှိတဲ့ အခြေအနေဖြစ်ရေးအတွက် တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့ အရေးကြီးတယ်လို့ နိုင်ငံရေးပါတီတွေ ၊ လွှတ်တော် ကိုယ်စားလှယ်တွေက ယူဆကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ရခိုင်ပြည်နယ်က မြို့နယ် အားလုံးမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖို့ လက်ရှိ အချိန်အထိ ဆုံးဖြတ်ချက်ချထားတယ်လို့  ပြောပါတယ်။

၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွေမှာ မဲရုံမရှိခဲ့တဲ့ "ဝ" နဲ့ မိုင်းလားတို့လို ဒေသတွေမှာပါ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ရှမ်းပြည်နယ်မှာ နယ်မြေမငြိမ်သက်လို့  မဲဆန္ဒနယ် တစ်ရာကျော်ရှိတဲ့အနက် မဲဆန္ဒနယ် ၃၀  ဝန်းကျင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိခဲ့ပါ။

ရွေးကောက်ပွဲကော်မရှင်က အခြေခံ မဲစာရင်းကောက်ယူခဲ့ပြီး  ရခိုင် ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ကျေးရွာတချို့မှာတော့ ကောက်ယူဖို့ ကျန်နေသေးတယ်လို့ ဦးမြင့်နိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိပြီး မြောက်ပိုင်း မြို့နယ် ကိုးခုမှာ တိုက်ပွဲ ဖြစ်ပွားနေတာပါ။

ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှသာ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော် အမတ်တွေ ပေါ်ပေါက်လာနိုင်ပြီး ပြည်သူတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ပြည်တွင်းသာမက နိုင်ငံတကာကိုပါ တရားဝင်တင်ပြ ဖော်ထုတ်နိုင်မယ်လို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်မြေ အများဆုံးမှာ အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP က ယုံကြည်ပါတယ်။

ရခိုင်ဒေသ မဲဆန္ဒရှင် ပြည်သူ အများစုက နိုင်ငံရေးအရ ပေါ်ပေါ က်လာတဲ့ ရွေးကောက်ပွဲကို ယုံကြည်ကိုးစားမှု အားနည်းလာပြီး လက်နက်ကိုင်တော်လှန်ရေးအပေါ် ပိုမိုအားထားလာတာကို စိုးရိမ်မိတယ်လို့  ANP ခေါင်းဆောင်ပိုင်းက ပြောပါတယ်။

ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က တပ်မတော်နဲ့ AA တို့ နှစ်ဘက်လုံးအနေနဲ့ ပြည်သူလူထုကို တကယ်သံယောဇဉ်ရှိပြီး ချစ်ခင်ကြင်နာတယ်ဆိုရင် ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဖို့ တိုက်တွန်းပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့က ပုံမှန်အားဖြင့် တစ်နှစ် ဝန်းကျင်ခန့် လိုနေသေးတာကြောင့် တွေ့ဆုံ  ဆွေးနွေးပွဲတွေကနေ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ့်လို့ သူက မျှော်လင့်ထားပါတယ်။

ဒါပေမဲ့ AA နဲ့ KIA တို့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  လေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့  နှစ်ဘက်အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေး တွေ့ဆုံမယ့်နေရာ မသတ်မှတ်နိုင်သေးဘဲ ညှိနှိုင်းနေရဆဲပါ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ရွေးကောက်ပွဲကို ဟန်ပြ မဟုတ်ဘဲ စံပြဖြစ်အောင်လုပ်မယ်လို့ ဒီနေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။

ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့အပြင် ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ကျစေရမယ်လို့ စံနှုန်း သတ်မှတ်ထားကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် လူထုကြား နာမည်ပျက်နဲ့ ကျော်ကြားနေတဲ့ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြဿနာ တစ်စုံတရာ မရှိအောင် ဂရုစိုက်ရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

"ဝ"နဲ့ မိုင်းလားတို့လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ်ရှိတယ်လို့ ပြောတဲ့အပေါ်  ဘယ်လိုဆောင်ရွက်နေသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကို မေးမြန်းခွင့် မရခဲ့ပါဘူး။

နိုင်ငံအနှံ့အပြား အငြင်းပွားဖွယ်ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ မဲပေးရမယ့် တပ်တွင်းမဲရုံတွေ ပြင်ပကို ပြောင်းရွှေ့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က တိတိကျကျ ပြောမသွားပါဘူး။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပမယ့်အချိန် အတိအကျကို ကော်မရှင်က တရားဝင် မကြေညာသေးပေမယ့် နှစ်ကုန်ပိုင်းမှာ ကျင်းပဖွယ်ရှိတယ်လို့ အကဲခတ်တချို့က ယူဆနေပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္ေျမာက္ပိုင္းမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မယ္လို႔ UEC ယူဆ ရခိုင္ေျမာက္ပိုင္းမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မယ္လို႔ UEC ယူဆ Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.