တ႐ုတ္မွာ လူကုန္ကူးခံရတဲ့အမ်ိဳးသမီး လက္ဆင့္ကမ္းေရာင္းစားခံရမွာစိုးရိမ္

တ႐ုတ္- ျမန္မာ နယ္စပ္ဂိတ္ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
မသူဇာေအးကို ၂၀၁၈ ခုႏွစ္ ဧၿပီလမွာ အိမ္နီးခ်င္း ပြဲစားလင္မယားႏွစ္ေယာက္က တ႐ုတ္ျပည္နယ္စပ္ ေ႐ႊလီမွာ အလုပ္ရမယ္ဆိုၿပီး ေခၚေဆာင္သြားရာကေန တ႐ုတ္ႏိုင္ငံမွာ ေရာင္းစားလိုက္တာပါ။

"သမီးေလးကလည္း လူလားေျမာက္ၿပီဆိုေတာ့ မိဘမွာဒုကၡေရာက္တယ္ဆိုေတာ့ သူကလုပ္ခ်င္တဲ့အပိုင္းလည္း ပါမွာေပါ့၊ က်မတို႔ကလည္း သူ႔ကိုေျပာမယ္ဆိုလို႔ရွိရင္ ယုံလည္းယုံၾကည္ခဲ့တယ္ အားလည္း အားကိုးခဲ့တယ္ေပါ့ေနာ္၊ ယုံၾကည္အားကိုးခဲ့လို႔ က်မတို႔ထည့္ေပးလိုက္ခဲ့ပါတယ္၊ က်မသမီးေလးသတင္းကိုေပါ့ေနာ္ အမ်ိဳးမ်ိဳးေတြ စုံစမ္းခဲ့ ပါတယ္၊ သမီးေလးကို က်မသမီးေလးကို ေရာင္းစားခဲ့မယ္ဆိုတာလည္း က်မမသိပါဘူး က်မသမီးေလးကို ကူညီ လို႔ရရင္ အျမန္ဆုံးနဲ႔ ကူညီေပးပါလို႔ က်မ ေတာင္းခံပါတယ္၊ က်မသမီးေလးအေနနဲ႔လည္း တစ္ႏွစ္ေက်ာ္ပတ္လုံးမွာ က်မမွာခံစားခဲ့ရတာ က်မမွာအ႐ိုးနဲ႔ အရည္ပဲရွိပါေတာ့တယ္"

မသူဇာေအးဟာ ၿပီးခဲ့တဲ့ႏွစ္ ၁၀ လပိုင္းေလာက္က တ႐ုတ္အမ်ိဳးသားတေယာက္အတြက္ ကေလးတစ္ဦး ေမြးဖြားေပးလိုက္ရတယ္လို႔လည္း ေျပာပါတယ္။

မသူဇာေအးတို႔ မိသားစုဟာ ေတာင္ငူခ႐ိုင္ ထန္းတပင္ၿမိဳ႕နယ္အနီး႐ြာမွာ ေနထိုင္တာျဖစ္ၿပီး က်ပန္းအလုပ္လုပ္ ကိုင္ရင္း မိသားစုစားဝတ္ေနေရးကို ေျဖရွင္းေနၾကတာပါ။ အသက္ ၁၇ ႏွစ္ေက်ာ္သာရွိေသးတဲ့ မသူဇာေအးဟာ မိသားစုစားဝတ္ေနေရးအတြက္ တဖက္တလမ္းက ဝင္ေငြရေအာင္ဆိုၿပီး မိသားစုနဲ႔ေဝးရာ ေနရာမွာအလုပ္လုပ္ကိုင္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တာပါ။

သမီးျဖစ္သူ အလုပ္လုပ္ဖို႔ အိမ္ကေန ထြက္သြားရတဲ့အေၾကာင္းရင္းကို အေမျဖစ္သူ ေဒၚတူးမာ ေျပာျပတာက

"က်မသမီးေလးကို စိုးႏိုင္က သြားပို႔ခဲ့တဲ့အခ်ိန္မွာ က်မကိုျပန္လာၿပီးေတာ့ ပိုက္ဆံ ေလးသိန္းခြဲလာေပးတယ္၊ က်မ လက္မခံခဲ့ပါဘူး က်မလက္မခံတာ ဘာျဖစ္လို႔လဲဆိုေတာ့ က်မသမီးေလးနဲ႔ က်မစကားေျပာရရင္ က်မလက္ခံမယ္ ေျပာခဲ့တယ္၊ အႀကိမ္ႀကိမ္အခါခါေပါ့ လာေပးတာ နင့္သမီး ေ႐ႊလီထဲမွာေပါ့ အလုပ္အကိုင္ေကာင္းတယ္၊ က်မလည္း ဟုတ္ပါလိမ့္မယ္ဆိုၿပီး က်မလက္ခံခဲ့တယ္၊ ေလးသိန္းေတာ့ က်မကိုေပးတယ္၊ ငါးေသာင္းက သူပြဲစားခယူသြားတယ္"

လာေရာက္ေခၚေဆာင္သြားသူဟာ အိမ္းနီးနားခ်င္း ခင္မင္ရသူျဖစ္ၿပီး မူဆယ္ - ေ႐ႊလီဘက္က ထမင္းဆိုင္ေတြမွာ တစ္လ က်ပ္ သုံးသိန္းနဲ႔ အလုပ္အကိုင္ရမယ္ဆိုၿပီး ေခၚတဲ့အတြက္ လိုက္သြားတာ ျဖစ္ပါတယ္။

မသူဇာေအးနဲ႔အတူ မူဆယ္ - ေ႐ႊလီဘက္ကိုသြားခ်ိန္မွာ အမ်ိဳးသမီး ငါးဦးျဖစ္ၿပီး သုံးဦးကေတာ့ တ႐ုတ္လူမ်ိဳးေတြ မႀကိဳက္တဲ့ပုံစံျဖစ္ေနတဲ့အတြက္ ႐ြာကိုျပန္ေရာက္လာခဲ့တာလို႔ လူကုန္ကူးခံရတဲ့ အမ်ိဳးသမီးေတြအေရး ကူညီေဆာင္႐ြက္ေပးေနသူ မေမာ္လီဆန္း က ေျပာပါတယ္။

"ေပ်ာက္သြားတာမဟုတ္ဘူး ေခၚသြားတာေပါ့၊ ဦးစိုးႏိုင္က ေခၚသြားတာ၊ ဦးေပါက္စီ(ေခၚ) ဦးစိုးႏိုင္က ေခၚသြားတာ ကေလးက လွမ္းေျပတာက အဲေ႐ႊလီထဲမွာ သူ႔ကိုေရာင္းစားခဲ့တယ္ေပါ့၊ ၂၀၁၈ ေလးလပိုင္း ၂၅ ရက္ေန႔ ေခၚသြားတာ၊ ငါးဦး ကြၽဲလန္းကခ်ည္းပဲ၊ ဂ်မ္းဂ်မ္းနဲ႔ သူဇာေအးနဲ႔ပဲ က်န္ေနခဲ့တာ၊ က်န္တဲ့ သုံးေယာက္က ျပန္လာတယ္ ပုံေတြ မႀကိဳက္လို႔"

မသူဇာေအးနဲ႔ မိန္းခေလးေနာက္တစ္ဦးကေတာ့ တ႐ုတ္ႏိုင္ငံကို ေရာင္းစားခံလိုက္ရၿပီး မသူဇာေအးကေတာ့ လြတ္ေျမာက္ဖို႔ႀကိဳးစားရင္း ဒီႏွစ္အတြင္း မိသားစုနဲ႔ အဆက္အသြယ္ျပန္ရခဲ့တာပါ။

မသူဇာေအးတို႔ကို ေခၚေဆာင္ၿပီး မူဆယ္ - ေ႐ႊလီဘက္ ေခၚေဆာင္သြားတဲ့ ဦးစိုးႏိုင္တို႔လင္မယား ႏွစ္ေယာက္ကိုေတာ့ လက္ရွိအခ်ိန္မွာ ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ ဦးစိုးႏိုင္ဟာ ၿပီးခဲ့တဲ့ႏွစ္က မသူဇာေအးရဲ႕ မိဘေတြရဲ႕ တိုင္ၾကားခ်က္အရ ျပည္ပအလုပ္အကိုင္ရွာေဖြေရး ဥပေဒပုဒ္မ ၂၆ နဲ႔ တရားစြဲခံခဲ့ရေပမယ့္ ထန္းတပင္ၿမိဳ႕နယ္ တရား႐ုံးက ျပစ္မႈထင္ရွားမႈမရွိလို႔ဆိုၿပီး ေထာင္ခ်ဳပ္နဲ႔သာ လြတ္ေျမာက္သြားခဲ့ေၾကာင္း မေမာ္လီစန္းက ေျပာပါတယ္။

လူကုန္ကူးမႈ ကာကြယ္တားဆီးေရး ဥပေဒအရ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြကို လူကုန္ကူးေၾကာင္း ျပစ္မႈ ထင္ရွားမယ္ဆိုရင္ အနည္ဆုံးေထာင္ဒဏ္ ၁၀ ႏွစ္ကေန အမ်ားဆုံး ေထာင္ဒဏ္တစ္သက္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ကေလးတစ္ဦးေမြးၿပီးတဲ့ အမ်ိဳးသမီးေတြကို လက္ဆင့္ကမ္းေရာင္းခ်မႈေတြရွိတဲ့အေၾကာင္း  တ႐ုတ္ႏိုင္ငံကို လူကုန္ကူးခံရတဲ့ ျမန္မာႏိုင္ငံသားေတြကို ကူညီေဆာင္႐ြက္ေပးေနတဲ့ မူဆယ္ၿမိဳ႕ က႐ုဏာ လူမႈကူညီေရးအသင္းက ဦးေသာင္းထြန္း ေျပာျပပါတယ္။

"တ႐ုတ္ႏိုင္ငံရဲ႕ အေျခအေနကလည္း ဒီတစ္ေယာက္ေမြးၿပီးလို႔ရွိရင္ အဲကေလးကို သူကႏို႔ဘူးပဲတိုက္ၿပီးေတာ့ အဲကေလးမေလးကို အေတြ႕အႀကဳံအရဆို ျပန္လည္ေရာင္းစားတဲ့ အေျခအေနေတြက အၿမဲတမ္းျဖစ္ေနတာေလ၊ တစ္ေနရာၿပီး တစ္ေနရာ ေရာင္းစားတဲ့ အေျခအေနျဖစ္ေနတာျဖစ္ေနေတာ့ ေကာင္မေလးကလည္း အဲဒါကိုေၾကာက္ ၿပီးေတာ့ သူ႔မိသားစုေတြကလည္း အဲဒါကိုေၾကာက္ၿပီးေတာ့ ျပန္ေခၚေပးပါဆိုတာကို ဘာမွလႈပ္ရွားျခင္း မရွိဘူး ေပါ့ေနာ္"

မသူဇာေအး အပါအဝင္ ျမန္မာႏိုင္ငံသားေတြ လူကုန္ကူးခံရတာနဲ႔ ပတ္သက္လို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြ ဌာနဆိုင္ရာေတြအေနနဲ႔ ကူညီေဆာင္႐ြက္ေပးမႈ အားနည္းေၾကာင္း ဦးေသာင္းထြန္းက ေျပာပါတယ္။

မသူဇာေအး ကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က တာဝန္ရွိသူထံ RFA က ဆက္သြယ္ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္း မရွိပါဘူး။

တရားလိုျပဳလုပ္တိုင္ၾကားထားတဲ့ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးက ရဲတပ္ဖြဲ႕ဝင္ တစ္ဦးကေတာ့ မသူဇာေအး လြတ္ေျမာက္ေရးအတြက္ ကယ္ဆယ္ဖို႔ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ေျပာပါတယ္။

"မသူဇာေအးကိစၥက က်ေတာ္တို႔ အကုန္အမႈဖြင့္ထားၿပီး ကယ္ဖို႔ေတာ့ က်ေတာ္တို႔ ေဆာင္႐ြက္ထားၿပီးၿပီခင္ဗ် မဖြင့္ခင္တည္းကလည္း ကယ္ဖို႔လုပ္ထားတာပဲ၊ ဖြင့္ၿပီးေတာ့လည္း ကယ္ဖို႔လုပ္ထားတာ က်ေတာ္တို႔ကေတာ့ လုပ္ထုံးလုပ္နည္းနဲ႔ပဲ သြားရတာ ၂၄/၃၂ လူကုန္ကူးမႈ ပုဒ္မ ၂၄/၃၂ နဲ႔"

ကိုလင္းလင္း ဆိုသူကေတာ့ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္မွာ အလုပ္လုပ္ကိုင္ခဲ့တာ ၃ ႏွစ္ေလာက္ ရွိေနၿပီး တ႐ုတ္လူမႈကြန္ယက္ကတဆင့္ မသူဇာေအးနဲ႔ အဆက္အသြယ္ရၿပီး အကူအညီေတာင္းခံတဲ့အတြက္ ျမန္မာျပည္ ျပန္ေရာက္လာခ်ိန္ သူ႔မိဘေတြနဲ႔ အဆက္အသြယ္ရေအာင္ ကူညီေပးသူ တစ္ေယာက္ပါ။

"သူနဲ႔က်ေတာ္နဲ႔က စၿပီးေတာ့ ခင္တယ္၊ ခင္ၿပီးေတာ့ ညီမေလးကို ကူညီေပးပါေပါ့၊ အဲဒါနဲ႔က်ေတာ္လည္း က်ေတာ္ လည္း ႐ုတ္တရက္ကို သတင္းကြၽတ္ပြဲ ျပန္လာတာေပါ့၊ အခြင့္အေရးရတာနဲ႔ ျမန္မာျပည္လာတာနဲ႔ သူ႔အေဖအေမ လိပ္စာေတြဘာေတြ ေပးလိုက္ေတာ့ ေတာင္ငူၿမိဳ႕ေပါ့ေနာ္ ကြၽဲလန္း႐ြာေပါ့၊ အေဖအေမေတြနဲ႔ ဆက္သြယ္ခိုင္းေတာ့ ဆက္သြယ္ေပးလိုက္တာပါ၊ မသူဇာေအးလို အျဖစ္အပ်က္မ်ိဳးကေတာ့ တ႐ုတ္ျပည္မွာေတာ္ေတာ္မ်ားမ်ား ရွိပါတယ္။ က်ေတာ္လည္း တ႐ုတ္ျပည္မွာ အလုပ္တဖက္ နဲ႔ဆိုေတာ့ သူတို႔ကိုကူညီလို႔မရဘူးေလ၊ ျမန္မာျပည္ျပန္ေရာက္ေတာ့ သူဇာေအးရဲ႕ကံလည္း ေကာင္းသြားတာနဲ႔ ကူညီျဖစ္တာပါ"

သူ႔ရဲ႕ကူညီမႈေၾကာင့္ မိသားစုနဲ႔အဆက္အသြယ္ရခ်ိန္မွာ မသူဇာေအး လြတ္ေျမာက္ေရး လိုက္ပါကူညီေဆာင္႐ြက္ ေပးသူေတြနဲ႔ခ်ိတ္ဆက္မိတာပါ။

ကိုလင္းလင္းဟာ မသူဇာေအးနဲ႔ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္က ႐ြာတစ္႐ြာမွာ ခ်ိတ္ဆက္မိတာပါ။

ကိုလင္းလင္း ကို တ႐ုတ္ျပည္မွာ လူကုန္ကူးခံထားရလို႔္ အကူအညီေတာင္းခံသူ အမ်ိဳးသမီး ေျခာက္ဦးေလာက္ရွိေနၿပီး ရန္ကုန္၊ မႏၲေလး၊ ပုသိမ္နဲ႔ ျပည္ဘက္ေတြက ျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံက အမ်ိဳးသမီးငယ္ေတြအေနနဲ႔ တ႐ုတ္ႏိုင္ငံမွာ အလုပ္သြားမလုပ္ဖို႔ကိုလည္း သူကတိုက္တြန္းပါတယ္။ ေနျပည္ေတာ္ တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို ကူညီေဆာင္႐ြက္ေပးဖို႔ အကူအညီေတာင္းခဲ့ေပမယ့္ အခ်ိန္ၾကာေနၿပီျဖစ္လို႔ မိသားစုဝင္ေတြက စိုးရိမ္ေနၾကတာ ျဖစ္ပါတယ္။

ေနျပည္ေတာ္က တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို RFA က ဆက္သြယ္ေပမယ့္ ႐ုံးပိတ္ရက္ျဖစ္တာေၾကာင့္ ေျဖၾကားႏိုင္တဲ့သူ မရွိခဲ့ပါဘူး။

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူခ႐ိုင္ ထန္းတပင္ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ တစ္ဦးျဖစ္တဲ့ ဦးခင္ေမာင္ဝင္း ကေတာ့ မသူဇာေအးလြတ္ေျမာက္ဖို႔အတြက္ ဆက္လက္ ကူညီေဆာင္႐ြက္ေပးသြားမယ္လို႔ ေျပာပါတယ္။

"အေျခအေနကေတာ့ အခုအခ်ိန္ထိေတာ့ ဘာမွထူးျခားမႈေတာ့ မရွိေသးဘူး၊ က်ေတာ္တို႔ ေကာင္စစ္ဝန္႐ုံးကိုလည္း သြားၿပီးေတာ့ တင္ျပထားတာရွိတယ္၊ လူကုန္တားအဖြဲ႕ကိုလည္း တင္ထားတာရွိတယ္၊ သူတို႔လည္း ေဆာင္႐ြက္ေန တယ္လို႔ပဲ အေၾကာင္းျပန္ေသးတယ္၊ က်န္တဲ့အစိတ္အပိုင္းေတာ့ မသိရေသးဘူး၊ က်ေတာ္တို႔ေဒသခံလည္း ျဖစ္တဲ့အခါက်ေတာ့ အဆက္အသြယ္ရွိတယ္၊ ကေလးမေလးနဲ႔လည္း က်ေတာ္ကစကားေျပာရတဲ့အခါက်ေတာ့ စိတ္မေကာင္းျဖစ္မိတယ္၊ က်ေတာ္တို႔ အင္တိုက္အားတိုက္ ကူညီမွာပါ"

တ႐ုတ္ႏိုင္ငံမွာ ျမန္မာႏိုင္ငံသားေတြ အလုပ္သြားေရာက္လုပ္ကိုင္တာေတြ အေျမာက္အျမားရွိေနၿပီး စာရင္း တိတိက်က်ေတာ့ မရွိေသးပါဘူး။ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ရဲ႕ ႏိုဝင္ဘာလထုတ္ျပန္ခ်က္အရ လူကုန္ကူးမႈ ၁၈ မႈျဖစ္ပြားခဲ့ၿပီး အမ်ိဳးသမီး ၁၉ ဦး၊ ကေလးမိန္းခေလး ႏွစ္ဦး လူကုန္ကူးခံခဲ့ရၿပီး တရားခံ ၅၄ ဦးရွိခဲ့တယ္လို႔ သိရပါ တယ္။

ျပစ္မႈက်ဴးလြန္တဲ့အမ်ိဳးအစားက အဓမၼလက္ထပ္မႈမ်ားၿပီး လူကုန္ကူးခံရတဲ့ ႏိုင္ငံစာရင္းဟာလည္း တ႐ုတ္ႏိုင္ငံက အမ်ားဆုံးျဖစ္ေၾကာင္းေတြ႕ရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံျဖစ္သလို စီးပြားေရး၊ လူမႈေရး၊ ၿငိမ္းခ်မ္းေရး၊ ႏိုင္ငံေရးအရ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္မႈ အမ်ားဆုံးႏိုင္ငံျဖစ္ေပမယ့္ လူကုန္ကူးမႈ အမ်ားဆုံး ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေနတယ္ဆိုတာလည္း အထင္အရွားပါဘဲ။

မသူဇာေအး အျမန္ဆုံးအိမ္ျပန္ႏိုင္ဖို႔ မိသားစုက ေမွ်ာ္လင့္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
တရုတ်မှာ လူကုန်ကူးခံရတဲ့အမျိုးသမီး လက်ဆင့်ကမ်းရောင်းစားခံရမှာစိုးရိမ်

တရုတ်- မြန်မာ နယ်စပ်ဂိတ်ကို တွေ့ရစဉ်

မသူဇာအေးကို ၂၀၁၈ ခုနှစ် ဧပြီလမှာ အိမ်နီးချင်း ပွဲစားလင်မယားနှစ်ယောက်က တရုတ်ပြည်နယ်စပ် ရွှေလီမှာ အလုပ်ရမယ်ဆိုပြီး ခေါ်ဆောင်သွားရာကနေ တရုတ်နိုင်ငံမှာ ရောင်းစားလိုက်တာပါ။

"သမီးလေးကလည်း လူလားမြောက်ပြီဆိုတော့ မိဘမှာဒုက္ခရောက်တယ်ဆိုတော့ သူကလုပ်ချင်တဲ့အပိုင်းလည်း ပါမှာပေါ့၊ ကျမတို့ကလည်း သူ့ကိုပြောမယ်ဆိုလို့ရှိရင် ယုံလည်းယုံကြည်ခဲ့တယ် အားလည်း အားကိုးခဲ့တယ်ပေါ့နော်၊ ယုံကြည်အားကိုးခဲ့လို့ ကျမတို့ထည့်ပေးလိုက်ခဲ့ပါတယ်၊ ကျမသမီးလေးသတင်းကိုပေါ့နော် အမျိုးမျိုးတွေ စုံစမ်းခဲ့ ပါတယ်၊ သမီးလေးကို ကျမသမီးလေးကို ရောင်းစားခဲ့မယ်ဆိုတာလည်း ကျမမသိပါဘူး ကျမသမီးလေးကို ကူညီ လို့ရရင် အမြန်ဆုံးနဲ့ ကူညီပေးပါလို့ ကျမ တောင်းခံပါတယ်၊ ကျမသမီးလေးအနေနဲ့လည်း တစ်နှစ်ကျော်ပတ်လုံးမှာ ကျမမှာခံစားခဲ့ရတာ ကျမမှာအရိုးနဲ့ အရည်ပဲရှိပါတော့တယ်"

မသူဇာအေးဟာ ပြီးခဲ့တဲ့နှစ် ၁၀ လပိုင်းလောက်က တရုတ်အမျိုးသားတယောက်အတွက် ကလေးတစ်ဦး မွေးဖွားပေးလိုက်ရတယ်လို့လည်း ပြောပါတယ်။

မသူဇာအေးတို့ မိသားစုဟာ တောင်ငူခရိုင် ထန်းတပင်မြို့နယ်အနီးရွာမှာ နေထိုင်တာဖြစ်ပြီး ကျပန်းအလုပ်လုပ် ကိုင်ရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြတာပါ။ အသက် ၁၇ နှစ်ကျော်သာရှိသေးတဲ့ မသူဇာအေးဟာ မိသားစုစားဝတ်နေရေးအတွက် တဖက်တလမ်းက ဝင်ငွေရအောင်ဆိုပြီး မိသားစုနဲ့ဝေးရာ နေရာမှာအလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။

သမီးဖြစ်သူ အလုပ်လုပ်ဖို့ အိမ်ကနေ ထွက်သွားရတဲ့အကြောင်းရင်းကို အမေဖြစ်သူ ဒေါ်တူးမာ ပြောပြတာက

"ကျမသမီးလေးကို စိုးနိုင်က သွားပို့ခဲ့တဲ့အချိန်မှာ ကျမကိုပြန်လာပြီးတော့ ပိုက်ဆံ လေးသိန်းခွဲလာပေးတယ်၊ ကျမ လက်မခံခဲ့ပါဘူး ကျမလက်မခံတာ ဘာဖြစ်လို့လဲဆိုတော့ ကျမသမီးလေးနဲ့ ကျမစကားပြောရရင် ကျမလက်ခံမယ် ပြောခဲ့တယ်၊ အကြိမ်ကြိမ်အခါခါပေါ့ လာပေးတာ နင့်သမီး ရွှေလီထဲမှာပေါ့ အလုပ်အကိုင်ကောင်းတယ်၊ ကျမလည်း ဟုတ်ပါလိမ့်မယ်ဆိုပြီး ကျမလက်ခံခဲ့တယ်၊ လေးသိန်းတော့ ကျမကိုပေးတယ်၊ ငါးသောင်းက သူပွဲစားခယူသွားတယ်"

လာရောက်ခေါ်ဆောင်သွားသူဟာ အိမ်းနီးနားချင်း ခင်မင်ရသူဖြစ်ပြီး မူဆယ် - ရွှေလီဘက်က ထမင်းဆိုင်တွေမှာ တစ်လ ကျပ် သုံးသိန်းနဲ့ အလုပ်အကိုင်ရမယ်ဆိုပြီး ခေါ်တဲ့အတွက် လိုက်သွားတာ ဖြစ်ပါတယ်။

မသူဇာအေးနဲ့အတူ မူဆယ် - ရွှေလီဘက်ကိုသွားချိန်မှာ အမျိုးသမီး ငါးဦးဖြစ်ပြီး သုံးဦးကတော့ တရုတ်လူမျိုးတွေ မကြိုက်တဲ့ပုံစံဖြစ်နေတဲ့အတွက် ရွာကိုပြန်ရောက်လာခဲ့တာလို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအရေး ကူညီဆောင်ရွက်ပေးနေသူ မမော်လီဆန်း က ပြောပါတယ်။

"ပျောက်သွားတာမဟုတ်ဘူး ခေါ်သွားတာပေါ့၊ ဦးစိုးနိုင်က ခေါ်သွားတာ၊ ဦးပေါက်စီ(ခေါ်) ဦးစိုးနိုင်က ခေါ်သွားတာ ကလေးက လှမ်းပြေတာက အဲရွှေလီထဲမှာ သူ့ကိုရောင်းစားခဲ့တယ်ပေါ့၊ ၂၀၁၈ လေးလပိုင်း ၂၅ ရက်နေ့ ခေါ်သွားတာ၊ ငါးဦး ကျွဲလန်းကချည်းပဲ၊ ဂျမ်းဂျမ်းနဲ့ သူဇာအေးနဲ့ပဲ ကျန်နေခဲ့တာ၊ ကျန်တဲ့ သုံးယောက်က ပြန်လာတယ် ပုံတွေ မကြိုက်လို့"

မသူဇာအေးနဲ့ မိန်းခလေးနောက်တစ်ဦးကတော့ တရုတ်နိုင်ငံကို ရောင်းစားခံလိုက်ရပြီး မသူဇာအေးကတော့ လွတ်မြောက်ဖို့ကြိုးစားရင်း ဒီနှစ်အတွင်း မိသားစုနဲ့ အဆက်အသွယ်ပြန်ရခဲ့တာပါ။

မသူဇာအေးတို့ကို ခေါ်ဆောင်ပြီး မူဆယ် - ရွှေလီဘက် ခေါ်ဆောင်သွားတဲ့ ဦးစိုးနိုင်တို့လင်မယား နှစ်ယောက်ကိုတော့ လက်ရှိအချိန်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဦးစိုးနိုင်ဟာ ပြီးခဲ့တဲ့နှစ်က မသူဇာအေးရဲ့ မိဘတွေရဲ့ တိုင်ကြားချက်အရ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေပုဒ်မ ၂၆ နဲ့ တရားစွဲခံခဲ့ရပေမယ့် ထန်းတပင်မြို့နယ် တရားရုံးက ပြစ်မှုထင်ရှားမှုမရှိလို့ဆိုပြီး ထောင်ချုပ်နဲ့သာ လွတ်မြောက်သွားခဲ့ကြောင်း မမော်လီစန်းက ပြောပါတယ်။

လူကုန်ကူးမှု ကာကွယ်တားဆီးရေး ဥပဒေအရ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူကုန်ကူးကြောင်း ပြစ်မှု ထင်ရှားမယ်ဆိုရင် အနည်ဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ်တစ်သက်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

တရုတ်နိုင်ငံမှာ ကလေးတစ်ဦးမွေးပြီးတဲ့ အမျိုးသမီးတွေကို လက်ဆင့်ကမ်းရောင်းချမှုတွေရှိတဲ့အကြောင်း  တရုတ်နိုင်ငံကို လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောပြပါတယ်။

"တရုတ်နိုင်ငံရဲ့ အခြေအနေကလည်း ဒီတစ်ယောက်မွေးပြီးလို့ရှိရင် အဲကလေးကို သူကနို့ဘူးပဲတိုက်ပြီးတော့ အဲကလေးမလေးကို အတွေ့အကြုံအရဆို ပြန်လည်ရောင်းစားတဲ့ အခြေအနေတွေက အမြဲတမ်းဖြစ်နေတာလေ၊ တစ်နေရာပြီး တစ်နေရာ ရောင်းစားတဲ့ အခြေအနေဖြစ်နေတာဖြစ်နေတော့ ကောင်မလေးကလည်း အဲဒါကိုကြောက် ပြီးတော့ သူ့မိသားစုတွေကလည်း အဲဒါကိုကြောက်ပြီးတော့ ပြန်ခေါ်ပေးပါဆိုတာကို ဘာမှလှုပ်ရှားခြင်း မရှိဘူး ပေါ့နော်"

မသူဇာအေး အပါအဝင် မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရတာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဌာနဆိုင်ရာတွေအနေနဲ့ ကူညီဆောင်ရွက်ပေးမှု အားနည်းကြောင်း ဦးသောင်းထွန်းက ပြောပါတယ်။

မသူဇာအေး ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က တာဝန်ရှိသူထံ RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

တရားလိုပြုလုပ်တိုင်ကြားထားတဲ့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးက ရဲတပ်ဖွဲ့ဝင် တစ်ဦးကတော့ မသူဇာအေး လွတ်မြောက်ရေးအတွက် ကယ်ဆယ်ဖို့ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောပါတယ်။

"မသူဇာအေးကိစ္စက ကျတော်တို့ အကုန်အမှုဖွင့်ထားပြီး ကယ်ဖို့တော့ ကျတော်တို့ ဆောင်ရွက်ထားပြီးပြီခင်ဗျ မဖွင့်ခင်တည်းကလည်း ကယ်ဖို့လုပ်ထားတာပဲ၊ ဖွင့်ပြီးတော့လည်း ကယ်ဖို့လုပ်ထားတာ ကျတော်တို့ကတော့ လုပ်ထုံးလုပ်နည်းနဲ့ပဲ သွားရတာ ၂၄/၃၂ လူကုန်ကူးမှု ပုဒ်မ ၂၄/၃၂ နဲ့"

ကိုလင်းလင်း ဆိုသူကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အလုပ်လုပ်ကိုင်ခဲ့တာ ၃ နှစ်လောက် ရှိနေပြီး တရုတ်လူမှုကွန်ယက်ကတဆင့် မသူဇာအေးနဲ့ အဆက်အသွယ်ရပြီး အကူအညီတောင်းခံတဲ့အတွက် မြန်မာပြည် ပြန်ရောက်လာချိန် သူ့မိဘတွေနဲ့ အဆက်အသွယ်ရအောင် ကူညီပေးသူ တစ်ယောက်ပါ။

"သူနဲ့ကျတော်နဲ့က စပြီးတော့ ခင်တယ်၊ ခင်ပြီးတော့ ညီမလေးကို ကူညီပေးပါပေါ့၊ အဲဒါနဲ့ကျတော်လည်း ကျတော် လည်း ရုတ်တရက်ကို သတင်းကျွတ်ပွဲ ပြန်လာတာပေါ့၊ အခွင့်အရေးရတာနဲ့ မြန်မာပြည်လာတာနဲ့ သူ့အဖေအမေ လိပ်စာတွေဘာတွေ ပေးလိုက်တော့ တောင်ငူမြို့ပေါ့နော် ကျွဲလန်းရွာပေါ့၊ အဖေအမေတွေနဲ့ ဆက်သွယ်ခိုင်းတော့ ဆက်သွယ်ပေးလိုက်တာပါ၊ မသူဇာအေးလို အဖြစ်အပျက်မျိုးကတော့ တရုတ်ပြည်မှာတော်တော်များများ ရှိပါတယ်။ ကျတော်လည်း တရုတ်ပြည်မှာ အလုပ်တဖက် နဲ့ဆိုတော့ သူတို့ကိုကူညီလို့မရဘူးလေ၊ မြန်မာပြည်ပြန်ရောက်တော့ သူဇာအေးရဲ့ကံလည်း ကောင်းသွားတာနဲ့ ကူညီဖြစ်တာပါ"

သူ့ရဲ့ကူညီမှုကြောင့် မိသားစုနဲ့အဆက်အသွယ်ရချိန်မှာ မသူဇာအေး လွတ်မြောက်ရေး လိုက်ပါကူညီဆောင်ရွက် ပေးသူတွေနဲ့ချိတ်ဆက်မိတာပါ။

ကိုလင်းလင်းဟာ မသူဇာအေးနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ရွာတစ်ရွာမှာ ချိတ်ဆက်မိတာပါ။

ကိုလင်းလင်း ကို တရုတ်ပြည်မှာ လူကုန်ကူးခံထားရလို့် အကူအညီတောင်းခံသူ အမျိုးသမီး ခြောက်ဦးလောက်ရှိနေပြီး ရန်ကုန်၊ မန္တလေး၊ ပုသိမ်နဲ့ ပြည်ဘက်တွေက ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးငယ်တွေအနေနဲ့ တရုတ်နိုင်ငံမှာ အလုပ်သွားမလုပ်ဖို့ကိုလည်း သူကတိုက်တွန်းပါတယ်။ နေပြည်တော် တရုတ်ကောင်စစ်ဝန်ရုံးကို ကူညီဆောင်ရွက်ပေးဖို့ အကူအညီတောင်းခဲ့ပေမယ့် အချိန်ကြာနေပြီဖြစ်လို့ မိသားစုဝင်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

နေပြည်တော်က တရုတ်ကောင်စစ်ဝန်ရုံးကို RFA က ဆက်သွယ်ပေမယ့် ရုံးပိတ်ရက်ဖြစ်တာကြောင့် ဖြေကြားနိုင်တဲ့သူ မရှိခဲ့ပါဘူး။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ဝင်း ကတော့ မသူဇာအေးလွတ်မြောက်ဖို့အတွက် ဆက်လက် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

"အခြေအနေကတော့ အခုအချိန်ထိတော့ ဘာမှထူးခြားမှုတော့ မရှိသေးဘူး၊ ကျတော်တို့ ကောင်စစ်ဝန်ရုံးကိုလည်း သွားပြီးတော့ တင်ပြထားတာရှိတယ်၊ လူကုန်တားအဖွဲ့ကိုလည်း တင်ထားတာရှိတယ်၊ သူတို့လည်း ဆောင်ရွက်နေ တယ်လို့ပဲ အကြောင်းပြန်သေးတယ်၊ ကျန်တဲ့အစိတ်အပိုင်းတော့ မသိရသေးဘူး၊ ကျတော်တို့ဒေသခံလည်း ဖြစ်တဲ့အခါကျတော့ အဆက်အသွယ်ရှိတယ်၊ ကလေးမလေးနဲ့လည်း ကျတော်ကစကားပြောရတဲ့အခါကျတော့ စိတ်မကောင်းဖြစ်မိတယ်၊ ကျတော်တို့ အင်တိုက်အားတိုက် ကူညီမှာပါ"

တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အလုပ်သွားရောက်လုပ်ကိုင်တာတွေ အမြောက်အမြားရှိနေပြီး စာရင်း တိတိကျကျတော့ မရှိသေးပါဘူး။ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ နိုဝင်ဘာလထုတ်ပြန်ချက်အရ လူကုန်ကူးမှု ၁၈ မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁၉ ဦး၊ ကလေးမိန်းခလေး နှစ်ဦး လူကုန်ကူးခံခဲ့ရပြီး တရားခံ ၅၄ ဦးရှိခဲ့တယ်လို့ သိရပါ တယ်။

ပြစ်မှုကျူးလွန်တဲ့အမျိုးအစားက အဓမ္မလက်ထပ်မှုများပြီး လူကုန်ကူးခံရတဲ့ နိုင်ငံစာရင်းဟာလည်း တရုတ်နိုင်ငံက အများဆုံးဖြစ်ကြောင်းတွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးအရ မြန်မာနိုင်ငံနဲ့ ပတ်သက်မှု အများဆုံးနိုင်ငံဖြစ်ပေမယ့် လူကုန်ကူးမှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်ဆိုတာလည်း အထင်အရှားပါဘဲ။

မသူဇာအေး အမြန်ဆုံးအိမ်ပြန်နိုင်ဖို့ မိသားစုက မျှော်လင့်နေကြပါတယ်။

RFA Burmese
https://www.rfa.org
တ႐ုတ္မွာ လူကုန္ကူးခံရတဲ့အမ်ိဳးသမီး လက္ဆင့္ကမ္းေရာင္းစားခံရမွာစိုးရိမ္ တ႐ုတ္မွာ လူကုန္ကူးခံရတဲ့အမ်ိဳးသမီး လက္ဆင့္ကမ္းေရာင္းစားခံရမွာစိုးရိမ္ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.