ေအာက္လႊတ္ေတာ္ေကာ္မီတီမွာ ထြက္ဆိုဖို႔ သမၼတ Trump စဥ္းစားမည္


(Zawgyi/Unicode)

အေမရိကန္ ေအာက္လႊတ္ေတာ္က သူ႔အေပၚ တရားစြဲဆိုႏုိင္ေရး စံုစမ္းမႈမွာ ထြက္ဆိုဖို႔ အတြက္ အေလးအနက္ စဥ္းစား သံုးသပ္မယ္လို႔ သမၼတ Donald Trump က တနလာၤေန႔မွာ ေျပာဆိုပါတယ္။ သမၼတ ရာထူးကို အလြဲသံုးစား လုပ္ခဲ႔တယ္ဆိုတဲ႔ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး ေအာက္လႊတ္ေတာ္က စံုစမ္းေနတာ ျဖစ္ပါတယ္။

သူ႔အေနနဲ႔ အမွားအယြင္း မရွိေၾကာင္း၊ တရားဥပေဒနဲ႔ မညီတဲ႔ ဒီစံုစမ္းမႈကို အသိအမွတ္မျပဳခ်င္သည့္ တိုင္ေအာင္ လႊတ္ေတာ္ရဲ႕ လုပ္ထံုးလုပ္နည္းနဲ႔ ညီညြတ္ေစေရး ၾကားနာမႈနဲ႔ ပတ္သက္ၿပီး အေလးအနက္ စဥ္းစားမယ္လုိ႔ သမၼတက တြစ္တာ လူမႈကြန္ရက္မွာ ေရးခဲ႔တာပါ။

ၿပီးခဲ႔တဲ႔ တနဂၤေႏြေန႔က Face the Nation သတင္းအစီအစဥ္နဲ႔ ေတြ႔ဆံုေမးျမန္းမႈမွာေတာ့ ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi က တကယ္လို႔ သမၼတ Trump ဘက္က အျပစ္မရွိပါဘူးဆိုတဲ႔ အခ်က္အလက္ေတြ ရွိရင္ သိရွိလိုပါတယ္လို႔ ေျပာဆိုခဲ႔တာပါ။

သမၼတ အေနနဲ႔ လႊတ္ေတာ္ ေကာ္မတီ ေရွ႕ေမွာက္လာၿပီး စကားေျပာဖို႔၊ သူေျပာလိုတဲ႔ အမွန္တရားေတြ အားလံုးကို ေျပာဖို႔ ဒါမွမဟုတ္လည္း စာနဲ႔ ေရးသား ေျပာဆိုႏုိင္တယ္လို႔လည္း ေအာက္လႊတ္ေတာ္ ဥကၠဌ Pelosi က ထပ္ေလာင္း ေျပာပါတယ္။

သမၼတ Trump အေနနဲ႔ လူကိုယ္တိုင္ ထြက္ဆို မလားဆိုတာကေတာ့ မေသခ်ာပါဘူး။ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ အဓိက ၿပိဳင္ဘက္ေတြထဲက တဦး ျဖစ္တဲ႔ ဒုတိယ သမၼတေဟာင္း Joe Biden ကို စံုစမ္းေရး ကူညီဖို႔ သမၼတ Trump က ေျပာဆိုခဲ႔တဲ႔ ၿပီးခဲ႔တဲ႔ ဇူလိုင္လ ၂၅ ရက္ေန႔က ယူကရိန္း သမၼတ Volodymyr Zelenskiy နဲ႔ ဖုန္းဆက္ စကားေျပာဆိုမႈဟာ ဆိုရင္ အမွားအယြင္း မရွိခဲ႔ဘူးလို႔လည္း သမၼတ Trump က ေျပာဆိုထားတာ ျဖစ္ပါတယ္။

......................

အောက်လွှတ်တော်ကော်မီတီမှာ ထွက်ဆိုဖို့ သမ္မတ Trump စဉ်းစားမည်

(Unicode)

အမေရိကန် အောက်လွှတ်တော်က သူ့အပေါ် တရားစွဲဆိုနိုင်ရေး စုံစမ်းမှုမှာ ထွက်ဆိုဖို့ အတွက် အလေးအနက် စဉ်းစား သုံးသပ်မယ်လို့ သမ္မတ Donald Trump က တနလာၤနေ့မှာ ပြောဆိုပါတယ်။ သမ္မတ ရာထူးကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အောက်လွှတ်တော်က စုံစမ်းနေတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အမှားအယွင်း မရှိကြောင်း၊ တရားဥပဒေနဲ့ မညီတဲ့ ဒီစုံစမ်းမှုကို အသိအမှတ်မပြုချင်သည့် တိုင်အောင် လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်စေရေး ကြားနာမှုနဲ့ ပတ်သက်ပြီး အလေးအနက် စဉ်းစားမယ်လို့ သမ္မတက တွစ်တာ လူမှုကွန်ရက်မှာ ရေးခဲ့တာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Face the Nation သတင်းအစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က တကယ်လို့ သမ္မတ Trump ဘက်က အပြစ်မရှိပါဘူးဆိုတဲ့ အချက်အလက်တွေ ရှိရင် သိရှိလိုပါတယ်လို့ ပြောဆိုခဲ့တာပါ။

သမ္မတ အနေနဲ့ လွှတ်တော် ကော်မတီ ရှေ့မှောက်လာပြီး စကားပြောဖို့၊ သူပြောလိုတဲ့ အမှန်တရားတွေ အားလုံးကို ပြောဖို့ ဒါမှမဟုတ်လည်း စာနဲ့ ရေးသား ပြောဆိုနိုင်တယ်လို့လည်း အောက်လွှတ်တော် ဥက္ကဌ Pelosi က ထပ်လောင်း ပြောပါတယ်။

သမ္မတ Trump အနေနဲ့ လူကိုယ်တိုင် ထွက်ဆို မလားဆိုတာကတော့ မသေချာပါဘူး။ လာမယ့် ၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အဓိက ပြိုင်ဘက်တွေထဲက တဦး ဖြစ်တဲ့ ဒုတိယ သမ္မတဟောင်း Joe Biden ကို စုံစမ်းရေး ကူညီဖို့ သမ္မတ Trump က ပြောဆိုခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က ယူကရိန်း သမ္မတ Volodymyr Zelenskiy နဲ့ ဖုန်းဆက် စကားပြောဆိုမှုဟာ ဆိုရင် အမှားအယွင်း မရှိခဲ့ဘူးလို့လည်း သမ္မတ Trump က ပြောဆိုထားတာ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
ေအာက္လႊတ္ေတာ္ေကာ္မီတီမွာ ထြက္ဆိုဖို႔ သမၼတ Trump စဥ္းစားမည္ ေအာက္လႊတ္ေတာ္ေကာ္မီတီမွာ ထြက္ဆိုဖို႔ သမၼတ Trump စဥ္းစားမည္ Reviewed by THITHTOOLWIN on 14:06 Rating: 5
Powered by Blogger.