သင့္မွာ ဒီက်န္းမာေရးျပႆနာေတြရွိေနရင္ ခ်င္း (ဂ်င္း)ကို မစားသုံးသင့္ပါဘူး

(Zawgyi)⤵⤵⤵
သဘာဝတရားႀကီးက လူသားေတြအတြက္ က်န္းမာေရးဆိုင္ရာ အံ့မခန္းဖြယ္အက်ိဳးေက်းဇူး ေတြေပးထားပါတယ္။ ခ်င္း (ဂ်င္း)ကလည္း သဘာဝကေပးတဲ့ အေကာင္းဆုံးေသာ ေဆးစြမ္းတစ္လက္ပါ။ အရာရာတိုင္းက တန္ေဆးလြန္ေဘးဆို သလိုပဲ ေဆးဖက္ဝင္တယ္ ဆိုတိုင္းလည္း အတိုင္းအဆမရွိ စားသုံးတာမ်ိဳး မျဖစ္သင့္ပါဘူး။ မိမိရဲ႕ က်န္းမာေရး အေျခအေနေတြအေပၚမွာမူတည္ၿပီး အတိုင္းအခ်င့္နဲ႔ စားသုံးသင့္ပါတယ္။ ေအာက္ေဖာ္ျပပါ ေရာဂါရွိသူေတြအတြက္ ခ်င္းက ေတာ္ေတာ္ေလးကို အႏၲရာယ္ႀကီးလွပါတယ္။

ဂ်င္း (ခ်င္း) ကေပးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူး

ဂ်င္းက ခႏၶာကိုယ္တစ္ခုလုံးအတြက္ အက်ိဳးျပဳပါတယ္။ အစာအိမ္အနာေတြကို က်က္ေစႏိုင္သလို ကင္ဆာဆဲလ္​ေတြကိုလည္း ေသေစႏိုင္ပါတယ္။ အမိုးသားေတြအတြက္လည္း က်န္းမာေရးကို ေကာင္းေစႏိုင္ပါတယ္။ ခ်င္းက ေဆးဖက္ဝင္တယ္ဆိုတာကို လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္မ်ားစြာ ကတည္းက သိရွိခဲ့တာျဖစ္ပါတယ္။

ဘယ္သူေတြ ခ်င္း (ဂ်င္း) မစားသင့္ဘူးလဲ…..

ခ်င္းကက်န္းမာေရးအတြက္ အက်ိဳးေက်းဇူးမ်ားတယ္ဆိုေပမယ့္ လူတိုင္းအတြက္ ေကာင္းလွတယ္ေတာ့ မဟုတ္ပါဘူး။ ေအာက္ေဖာ္ျပပါ ေဝဒနာရွင္ေတြအေနနဲ႔ ခ်င္းစားသုံးမႈကို လုံးဝေရွာင္ၾကဥ္တာမ်ိဳးျဖစ္ျဖစ္ ဒါမွမဟုတ္ အတိုင္အခ်င့္နဲ႔စားသုံးတာမ်ိဳးျဖစ္ျဖစ္ လုပ္ေဆာင္သင့္ပါတယ္။

ေသြးခဲေဆးေသာက္သုံးေနရသူေတြ

ခ်င္းက ေသြးကိုက်ဲေစႏိုင္စြမ္းရွိတာေၾကာင့္ ေသြးမတိတ္တဲ့ ေဝဒနာရွိတာေၾကာင့္ ေသြးခဲေဆးေသာက္သုံးမွီဝဲ ေနရသူေတြအေနနဲ႔ ခ်င္းစားသုံးမယ္ဆိုရင္ ဆရာဝန္နဲ႔တိုင္ပင္ ေဆြးေႏြးသင့္ပါတယ္။ အခ်ိဳ႕ေသာျဖစ္ရပ္ေတြမွာ ခ်င္းကေဆးအာနိသင္ကို ေလ်ာ့ပါးေစႏိုင္တာေၾကာင့္ ခ်င္းစားသုံးတဲ့အခါ ဆရာဝန္နဲ႔တိုင္ပင္ၿပီးမွသာ စားသုံးသင့္ပါတယ္။

ဆီးခ်ိဳေဆးမွီဝဲေနရသူေတြ

ခ်င္းက ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့က်ေစႏိုင္စြမ္းရွိေပမယ့္ မက္ေဖာ္မင္နဲ႔ အင္ဆူလင္လိုမ်ိဳး ဆီးခ်ိဳေဆး ေသာက္သုံးေနရသူေတြအေနနဲ႔ ေဆးအာနိသင္ကို ေလ်ာ့ပါးေစႏိုင္တာေၾကာင့္ ခ်င္းမစားသုံးသင့္ပါဘူး။

ဆရာဝန္နဲ႔ တိုင္ပင္ၿပီး သင့္ေတာ္တဲ့ အတိုင္းအတာေလာက္ပဲ စားသုံးသင့္ပါတယ္။ ေသြးခ်ိဳတအား က်ဆင္းသြားႏိုင္တာေၾကာင့္လည္း ခ်င္းစားသုံးမႈကို ေရွာင္ၾကဥ္သင့္တာျဖစ္ပါတယ္။

ေသြးက်ေဆးေသာက္ေနရသူေတြ

ေသြးတိုးက်ေစဖို႔အတြက္ ေသာက္သုံးရတဲ့ ေဆးေတြကိုမွီဝဲေနရသူေတြ အေနနဲ႔လည္း ခ်င္းကို မစားသုံးသင့္ပါဘူး။ ခ်င္းက ေသြးတိုးက်ေဆးအခ်ိဳ႕နဲ႔ ဓာတ္ျပဳႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။ ခ်င္းနဲ႔ ေသြးတိုးက်ေဆးတို႔ ဓာတ္ျပဳတဲ့အခါ ႏွလုံးခုန္ႏႈန္းနဲ႔ ေသြးဖိအားကို အႏၲရာယ္ရွိတဲ့ အေျခအေနေလာက္အထိ က်ဆင္းေစတာမ်ိဳး ျဖစ္ေပၚေစပါတယ္။ ေနာက္ဆက္တြဲ ေဝဒနာေတြကိုေတာင္ ျဖစ္ေပၚေစႏိုင္ပါတယ္။ ႏွလုံးခုန္မမွန္တာမ်ိဳးလည္း ျဖစ္ေပၚခံစား ရႏိုင္ပါတယ္။

ေသြးက်ေဆးေသာက္ေနရသူေတြအေနနဲ႔ ခ်င္းမစားခင္ ဆရာဝန္နဲ႔အရင္တိုင္ပင္ပါ။ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း စားသုံးေပးပါ။

သည္းေျခေက်ာက္တည္ေနသူေတြ

သည္းေျခေက်ာက္တည္မႈကို ခံစားရႏိုင္ေျခရွိသူေတြအေနနဲ႔ ခ်င္းစားသုံးမယ္ဆိုပါက ေရာဂါအေျခအေနက ပိုမိုဆိုး႐ြားသြားႏိုင္ပါတယ္။ သည္းေျခအိတ္မွာ သည္းေျခေက်ာက္တည္ တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ သည္းေျခေက်ာက္ေတြက သည္းေျခႁပြန္တေလွ်ာက္စီးပါသြားရင္း သည္းေျခရည္ေတြကိုအသည္းဆီကို ေရာက္ရွိသြားေစႏိုင္ပါတယ္။ ခ်င္းက သည္းေျခရည္ ထုတ္လႊတ္မႈကို တိုးေစႏိုင္ပါတယ္။

ဒီအေျခအေနက သည္းေျခေက်ာက္ပိတ္ဆို႔မႈကို ျဖစ္ေပၚေစၿပီးဆိုး႐ြားလွတဲ့ နာမက်န္းျဖစ္မႈကို ျဖစ္ေပၚေစ ႏိုင္ပါတယ္။ သည္းေျခရည္မ်ားလြန္းတာက သည္းေျခေက်ာက္ျဖစ္ႏိုင္ေျခကို တိုးေစႏိုင္တာေၾကာင့္ သည္းေျခေက်ာက္တည္ႏိုင္ေျခရွိသူေတြအေနနဲ႔ ခ်င္းမစားသုံးသင့္ပါဘူး။ စားမယ္ဆိုပါက ဆရာဝန္နဲ႔အရင္တိုင္ပင္သင့္ပါတယ္။

ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ခ်င္းမစားသုံးသင့္ပါဘူး။

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ခ်င္းစားသုံးသင့္သလားဆိုတာကို ေသေသခ်ာခ်ာ သိရတာမ်ိဳးမရွိေပမယ့္ ဆိုးက်ိဳးျဖစ္ႏိုင္သလားဆိုတာကိုလည္း ေရေရရာရာ မသိရေသးပါဘူး။ ေလ့လာမႈေတာ္ေတာ္မ်ားမ်ားမွာေတာ့ ခ်င္းစားသုံးတာက သေႏၶသားရဲ႕ လိင္ပိုင္းဆိုင္ရာ ေဟာ္မုန္းကို ထိခိုက္ေစႏိုင္တယ္ ဆိုပါတယ္။

ခ်င္းက ေသြးထြက္မႈကို မ်ားေစႏိုင္တာေၾကာင့္ မီးဖြားမယ့္ရက္နီးတဲ့အခါ မစားသုံးသင့္ပါဘူး။ ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ ခ်င္းစားသုံးမယ္ဆိုပါက ဆရာဝန္ေတြနဲ႔အရင္တိုင္ပင္သင့္ပါတယ္။

စားသုံးသင့္တဲ့ပမာဏ

အထက္ပါေရာဂါေဝဒနာေတြမရွိတဲ့ သာမန္သူေတြအေနနဲ႔ ခ်င္းကို တစ္ေန႔ ၄ ဂရမ္သာစားသုံး ေပးသင့္ပါတယ္။

ကိုယ္ဝန္ေဆာင္ေတြအေနနဲ႔ တစ္ေန႔ကို ၁ ဂရမ္ထက္ပိုမစားသင့္ပါဘူး။

ေရးသားသူ -Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
-------------
(Unicode)⤵⤵⤵

သင့်မှာ ဒီကျန်းမာရေးပြဿနာတွေရှိနေရင် ချင်း (ဂျင်း)ကို မစားသုံးသင့်ပါဘူး

သဘာဝတရားကြီးက လူသားတွေအတွက် ကျန်းမာရေးဆိုင်ရာ အံ့မခန်းဖွယ်အကျိုးကျေးဇူး တွေပေးထားပါတယ်။ ချင်း (ဂျင်း)ကလည်း သဘာဝကပေးတဲ့ အကောင်းဆုံးသော ဆေးစွမ်းတစ်လက်ပါ။ အရာရာတိုင်းက တန်ဆေးလွန်ဘေးဆို သလိုပဲ ဆေးဖက်ဝင်တယ် ဆိုတိုင်းလည်း အတိုင်းအဆမရှိ စားသုံးတာမျိုး မဖြစ်သင့်ပါဘူး။ မိမိရဲ့ ကျန်းမာရေး အခြေအနေတွေအပေါ်မှာမူတည်ပြီး အတိုင်းအချင့်နဲ့ စားသုံးသင့်ပါတယ်။ အောက်ဖော်ပြပါ ရောဂါရှိသူတွေအတွက် ချင်းက တော်တော်လေးကို အန္တရာယ်ကြီးလှပါတယ်။

ဂျင်း (ချင်း) ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဂျင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးပြုပါတယ်။ အစာအိမ်အနာတွေကို ကျက်စေနိုင်သလို ကင်ဆာဆဲလ်တွေကိုလည်း သေစေနိုင်ပါတယ်။ အမိုးသားတွေအတွက်လည်း ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ချင်းက ဆေးဖက်ဝင်တယ်ဆိုတာကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်များစွာ ကတည်းက သိရှိခဲ့တာဖြစ်ပါတယ်။

ဘယ်သူတွေ ချင်း (ဂျင်း) မစားသင့်ဘူးလဲ…..

ချင်းကကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမယ့် လူတိုင်းအတွက် ကောင်းလှတယ်တော့ မဟုတ်ပါဘူး။ အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ချင်းစားသုံးမှုကို လုံးဝရှောင်ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်အချင့်နဲ့စားသုံးတာမျိုးဖြစ်ဖြစ် လုပ်ဆောင်သင့်ပါတယ်။

သွေးခဲဆေးသောက်သုံးနေရသူတွေ

ချင်းက သွေးကိုကျဲစေနိုင်စွမ်းရှိတာကြောင့် သွေးမတိတ်တဲ့ ဝေဒနာရှိတာကြောင့် သွေးခဲဆေးသောက်သုံးမှီဝဲ နေရသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ အချို့သောဖြစ်ရပ်တွေမှာ ချင်းကဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။

ဆီးချိုဆေးမှီဝဲနေရသူတွေ

ချင်းက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိပေမယ့် မက်ဖော်မင်နဲ့ အင်ဆူလင်လိုမျိုး ဆီးချိုဆေး သောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ချင်းမစားသုံးသင့်ပါဘူး။

ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ အတိုင်းအတာလောက်ပဲ စားသုံးသင့်ပါတယ်။ သွေးချိုတအား ကျဆင်းသွားနိုင်တာကြောင့်လည်း ချင်းစားသုံးမှုကို ရှောင်ကြဉ်သင့်တာဖြစ်ပါတယ်။

သွေးကျဆေးသောက်နေရသူတွေ

သွေးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ ဆေးတွေကိုမှီဝဲနေရသူတွေ အနေနဲ့လည်း ချင်းကို မစားသုံးသင့်ပါဘူး။ ချင်းက သွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့် ဖြစ်ပါတယ်။ ချင်းနဲ့ သွေးတိုးကျဆေးတို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက်အထိ ကျဆင်းစေတာမျိုး ဖြစ်ပေါ်စေပါတယ်။ နောက်ဆက်တွဲ ဝေဒနာတွေကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။

သွေးကျဆေးသောက်နေရသူတွေအနေနဲ့ ချင်းမစားခင် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စားသုံးပေးပါ။

သည်းခြေကျောက်တည်နေသူတွေ

သည်းခြေကျောက်တည်မှုကို ခံစားရနိုင်ခြေရှိသူတွေအနေနဲ့ ချင်းစားသုံးမယ်ဆိုပါက ရောဂါအခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်တည် တာမျိုး ဖြစ်လာနိုင်ပါတယ်။ သည်းခြေကျောက်တွေက သည်းခြေပြွန်တလျှောက်စီးပါသွားရင်း သည်းခြေရည်တွေကိုအသည်းဆီကို ရောက်ရှိသွားစေနိုင်ပါတယ်။ ချင်းက သည်းခြေရည် ထုတ်လွှတ်မှုကို တိုးစေနိုင်ပါတယ်။

ဒီအခြေအနေက သည်းခြေကျောက်ပိတ်ဆို့မှုကို ဖြစ်ပေါ်စေပြီးဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကို ဖြစ်ပေါ်စေ နိုင်ပါတယ်။ သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ခြေရှိသူတွေအနေနဲ့ ချင်းမစားသုံးသင့်ပါဘူး။ စားမယ်ဆိုပါက ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့်ပါဘူး။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ချင်းစားသုံးသင့်သလားဆိုတာကို သေသေချာချာ သိရတာမျိုးမရှိပေမယ့် ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေရာရာ မသိရသေးပါဘူး။ လေ့လာမှုတော်တော်များများမှာတော့ ချင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းကို ထိခိုက်စေနိုင်တယ် ဆိုပါတယ်။

ချင်းက သွေးထွက်မှုကို များစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါ မစားသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ချင်းစားသုံးမယ်ဆိုပါက ဆရာဝန်တွေနဲ့အရင်တိုင်ပင်သင့်ပါတယ်။

စားသုံးသင့်တဲ့ပမာဏ

အထက်ပါရောဂါဝေဒနာတွေမရှိတဲ့ သာမန်သူတွေအနေနဲ့ ချင်းကို တစ်နေ့ ၄ ဂရမ်သာစားသုံး ပေးသင့်ပါတယ်။

ကိုယ်ဝန်ဆောင်တွေအနေနဲ့ တစ်နေ့ကို ၁ ဂရမ်ထက်ပိုမစားသင့်ပါဘူး။

ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
သင့္မွာ ဒီက်န္းမာေရးျပႆနာေတြရွိေနရင္ ခ်င္း (ဂ်င္း)ကို မစားသုံးသင့္ပါဘူး သင့္မွာ ဒီက်န္းမာေရးျပႆနာေတြရွိေနရင္ ခ်င္း (ဂ်င္း)ကို မစားသုံးသင့္ပါဘူး Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.