ဂမ္ဘီယာက ျမန္မာကိုစြဲဆိုတဲ႔အမႈ ဒီဇင္ဘာ မွာ ICJ ၾကားနာမည္

အဖဲြ႔၀င္ (၁၅)ဦးပါတဲ့ ICJ တရားသူႀကီးမ်ား (Courtesy of the ICJ)

Zawgyi/Unicode

လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီးေရးနဲ႔ အျပစ္ေပးေရး စာခ်ဳပ္ကို ျမန္မာအစိုးရက ခ်ဳိးေဖာက္ေၾကာင္း စဲြခ်က္နဲ႔ ICJ ႏိုင္ငံတကာတရားရံုးမွာ ဂမ္ဘီယာႏိုင္ငံက အမႈဖြင့္ ေလ်ာက္ထားခ်က္ကို ဒီဇင္ဘာလ ၁၀ ရက္ ကေန ၁၂ ရက္ေန႔ထိ အမ်ားျပည္သူ ေရွ႕ၾကားနာစစ္ေဆးမွာ ျဖစ္ေၾကာင္း ICJ တရားရံုးက မေန႔ တနလၤာေန႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ဂမ္ဘီယာရဲ႕ စဲြခ်က္ကို ICJ မွာ ဥပေဒေၾကာင္းအရ ရင္ဆိုင္ေျဖရွင္းဖို႔ ျမန္မာအစိုးရက ျပင္ဆင္ေနေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ဗီြအိုေအကိုေျပာပါတယ္။ ျမန္မာနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာတရားေရးစီေရးပိုင္းမွာ ေရွ႕ဆက္ ေဆာင္ရြက္လာမယ့္ အေျခအေနေတြဘယ္လို ရွိမလဲ။

မအင္ၾကင္းႏိုင္က အေၾကာင္းစံုကုိ ဆက္ၿပီး တင္ျပမွာပါ။

ကုလသမဂၢ တရားရံုးျဖစ္တဲ့ နယ္သာလန္ႏိုင္ငံ the Hague အေျခစိုက္ ICJ ႏိုင္ငံတကာတရားရံုးက ႏို၀င္ဘာလ (၁၈)ရက္ေန႔ ရက္စဲြနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ- ဂမ္ဘီယာ က ျမန္မာအစိုးရကို စဲြထားတဲ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီးေရးနဲ႔ အျပစ္ေပးေရး သေဘာတူစာခ်ဳပ္ကို ခ်ဳိးေဖာက္မႈဆိုတဲ့ အမႈေလ်ာက္ထားခ်က္ကို ဒီဇင္ဘာလ (၁၀)ရက္ကေန (၁၂)ရက္ေန႔ထိ အမ်ားျပည္သူေရွ႕ေမွာက္ ၾကားနာစစ္ေဆးမွာ ျဖစ္ေၾကာင္း ေဖၚျပထားပါတယ္။

ဒီၾကားနားစစ္ေဆးမႈမွာ ICJ တရားရံုးကုိ ဂမ္ဘီယာက ေတာင္းဆိုထားတဲ့ ျမန္မာအစိုးရကို အေရးယူ တားျမစ္တဲ့ ယာယီအမိန္႔ ထုတ္ျပန္ေပးဖို႔ဆိုတဲ့အခ်က္ကို အဓိကထားမွာျဖစ္ေၾကာင္း ICJ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ ႏို၀င္ဘာလ (၁၁)ရက္ေန႔က ICJ တရားရံုးကို တင္သြင္းေလ်ာက္ထားတဲ့ ဂမ္ဘီယာရဲ႕ စဲြခ်က္အမႈမွာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အခ်က္အလက္ရွာေဖြေရးက ေတြ႕ရွိခဲ့တဲ့ အေထာက္အထားေတြအရ လူမ်ဳိးေရး ဒါမွမဟုတ္ ဘာသာေရးအရ ကဲြျပားေနတဲ့ အသိုင္းအ၀ိုင္း တခုလံုး ဒါမွမဟုတ္ အစိတ္အပိုင္းတခုလံုးကို ေသေၾကပ်က္စီးေအာင္ လုပ္ခဲ့တဲ့အတြက္ လူမ်ဳိးတုန္းသတ္ျဖတ္မႈ ဆိုတဲ့ ျပစ္မႈ ေျမာက္ေၾကာင္း အျပင္ ရိုဟင္ဂ်ာေတြအေပၚ ေနာက္ထပ္ ျပစ္မႈက်ဴးလြန္မႈေတြ မျဖစ္ေပၚေစေရး ရပ္တန္႔ေအာင္ ICJ တရားရံုးအေနနဲ႕ ယာယီ အမိန္႔ထုတ္ျပန္ၿပီး ျမန္မာအစိုးရကို တားျမစ္ဖို႔ ေတာင္းဆိုခ်က္ ပါ၀င္ေနတာပါ။ အခု အဲဒီေတာင္းဆိုခ်က္ကို ICJ တရားရံုးက အရင္ၾကားနာစစ္ေဆးမွာျဖစ္ပါတယ္။

အဖဲြ႔၀င္ (၁၅)ဦးပါတဲ့ ICJ တရားသူႀကီးေတြရဲ႕ ေရွ႕ေမွာက္မွာ ဒီဇင္ဘာလ (၁၀)ရက္ေန႔မွာ ဂမ္ဘီယာက အရင္ ေလွ်ာက္လွဲရမွာျဖစ္ၿပီး၊ (၁၁) ရက္ေန႔မွာ ျမန္မာက ေလွ်ာက္လွဲၿပီးေနာက္ (၁၂)ရက္ေန႔မွာ ႏွစ္ႏိုင္ငံလံုးက ဒုတိယပိုင္းအေနနဲ႔ ဆက္လက္ေလွ်ာက္လွဲရာမွာ ျဖစ္ပါတယ္။

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ICJ မွာ ဥပေဒေၾကာင္းအရ ရင္ဆိုင္ဖို႔ျပင္ဆင္ေနေၾကာင္း နယူးေရာက္ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ဥပေဒေၾကာင္းအရ UN အဖြဲ႔၀င္ႏိုင္ငံ တႏိုင္ငံအေနနဲ႔ OIC ရဲ႕ စြပ္စြဲတာကို က်ေနာ္တို႔က မဟုတ္မွန္ေၾကာင္း ဥပေဒေၾကာင္းအရ ျပန္လည္ၿပီးေတာ့ ေျဖၾကားဖို႔ရွိပါတယ္။ ထြက္ဆိုၿပီး ျပန္လည္ရွင္းလင္းဖို႔ ရွိမွာပါ။ ဒါကေတာ့ သတ္မွတ္ထားတဲ့ ရက္အတိုင္း လုပ္ရမွာေပါ့။ ဒါကေတာ့ ကိုယ့္ဘက္က ႏိုင္ငံေတာ္ဘက္က လုပ္စရာရွိတာ လုပ္ရမွာပါ။ အေသးစိတ္ေတာ့ က်ေနာ္မေျပာပါရေစနဲ႔။”

ႏိုင္ငံနယ္နိမိတ္ အျငင္းပြားမႈကိုပဲ စီရင္ကိုင္တြယ္ေလ့ရွိတဲ့ ကမၻာအျမင့္ဆံုးတရားရံုးျဖစ္တဲ့ ICJ ကေန အခုလိုမ်ဳိး လူမ်ဳိးတုန္းသတ္ျဖတ္မႈဆိုတဲ့ စဲြခ်က္ကို ၾကားနာဖို႔ ေဆာင္ရြက္လာတာကို ၾကည့္ရင္ တဖက္က စြပ္စဲြထားတဲ့ အခ်က္အလက္ေတြ ခိုင္မာမႈ ဘယ္ေလာက္ရွိေနသလဲဆိုတာ ျပသေနတာျဖစ္ေၾကာင္းနဲ႔ ျမန္မာအစိုးရဘက္က အေသအခ်ာျပင္ဆင္သင့္တယ္လို႔ ျမင္ေၾကာင္း ဘယ္လ္ဂ်ီယံ အေျခစိုက္ Euro-Burma ရံုးရဲ႕ အမႈေဆာင္ညြန္ၾကားေရးမွဴး ဦးဟန္ေညာင္ေ၀ ကဗီြအိုေအကို ေျပာပါတယ္။

“က်ေနာ္ျမင္တာကေတာ့ အရင္ကလိုပဲ ျငင္းပယ္မယ္ဆိုရင္ ရႈံးမယ္။ ဘာေၾကာင့္လဲဆုိေတာ့ အခ်က္အလက္ေတြက ေတာ္ေတာ္မ်ားပါတယ္။ သူတို႔ ဒီကိစၥကို မရံႈးခ်င္ရင္ေတာ့ တကယ္ပဲ သူတို႔ကိုယ္တိုင္ ျမန္မာႏိုင္ငံထဲမွာ ဘယ္လိုအခ်က္အလက္ေတြ ေတြ႔ခဲ့တယ္ ၊ ဘယ္လိုစံုစမ္းခဲ့တယ္ ၊ ဘယ္လို အေရးယူခဲ့တယ္ ၿပီးေတာ့မွ အေရွ႕ပိုင္းမွာ ဘယ္လိုလုပ္မယ္ဆိုတာ သူတို႔ေျပာႏိုင္မွ အက်ိဳးရွိမယ္။”

ဒီအေတာအတြင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဌာနက အငယ္တန္း၀န္ႀကီး Md Shahriar Alam ကလည္း ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈဆိုတဲ့ စဲြခ်က္ကို ICJ နဲ႔ ICC ႏိုင္ငံတကာ ရာဇ၀တ္ခံုရံုးတို႔ကေန ေရွ႕ဆက္ကိုင္တြယ္လာမႈဟာ ျမန္မာအေပၚ ဖိအားေတြ ပိုၿပီးတိုးလာတယ္လို႔ ျမင္ေၾကာင္း တနလၤာေန႔က ၿမိဳ႕ေတာ္ ဒါကာက ႏိုင္ငံျခား သတင္းေထာက္မ်ားအသင္းမွာ က်င္းပတဲ့ ေဆြးေႏြးပဲြမွာ ေျပာသြားပါတယ္။

“ျမန္မာအေပၚ ႏိုင္ငံတကာအသိုင္းအ၀ိုင္းက ဖိအားေပးမႈေတြ မ်ားလာခ်ိန္မွာပဲ ICC နဲ႔ ICJ တရားစီရင္ပိုင္နက္အတြင္းမွာ ျမန္မာရွိေနပါတယ္။”

ဒါနဲ႔ ပတ္သက္လို႔ သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းရဲ႕ တုန္႔ျပန္ခ်က္ကေတာ့-

“ ICC ကေတာ့ ရွင္းပါတယ္ ၊ အစိုးရ မီဒီယာကလည္း ေျပာတယ္။ က်ေနာ္တို႔လည္း အျမဲတမ္း ေျပာေနတာပဲ။ က်ေနာ္တို႔ အဖြဲ႔၀င္မဟုတ္တဲ့အတြက္ အတင္း သူတို႔ကေနၿပီးေတာ့ ဆြဲထည့္ေနတဲ့ သေဘာေပါ့ေနာ္။ ဒါကေတာ့ က်ေနာ္တို႔နဲ႔ မသက္ဆိုင္ဘူး။ သူတို႔ဆံုးျဖတ္လည္း သူတို႔ဟာသူတို႔ ဆံုးျဖတ္တဲ့ အပိုင္းပဲ ရွိမယ္။ က်ေနာ္တို႔ ရပ္တည္ခ်က္ကေတာ့ မေျပာင္းလဲဘူး။ ICC သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတာ မဟုတ္တဲ့အတြက္ က်ေနာ္တို႔နဲ႔ မသက္ဆိုင္ဘူး။ ဒါနဲ႔ပဲ က်ေနာ္တို႔က ဆက္ၿပီး ရပ္တည္မွာပဲ။”

ျမန္မာႏိုင္ငံက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ အခုလို ICC နဲ႔ ICJ စတဲ့ ႏိုင္ငံတကာ တရားစီရင္ေရးအပိုင္းက ေရွ႕တိုး ေဆာင္ရြက္လာေနတဲ့အေျခအေနကိုေတာ့ ဦးဟန္ေညာင္ေ၀ က အခုလို သံုးသပ္ပါတယ္။

“ ဒီအမႈေတြက ICC ေရာ ICJ မွာေရာ ၾကာမယ္။ ဘာေၾကာင့္လဲဆိုေတာ့ တရားဥပေဒ ကိစၥေတြက တႏိုင္ငံနဲ႔ တႏိုင္ငံ ၾကားမွာ လုပ္ေနရတဲ့ ကိစၥဆိုေတာ့ မခိုင္မာရင္ ေရွ႕တိုးလို႔မရဘူး ၊ ခိုင္မာတယ္လို႔ သူတို႔ ျမင္လို႔ ေရွ႕တိုးေနတာျဖစ္ပါတယ္။ ဒါေပမယ့္ အခ်ိန္ေတာ့ ၾကာပါမယ္။ ခ်က္ခ်င္း မနက္ျဖန္ ဒဏ္ခ်မယ္ဆိုတာေတာ့ မဟုတ္ပါဘူး။ အခ်ိန္ယူရမယ္။ ျပည့္ျပည့္စံုစံု သူတို႔ စံုစမ္းရမယ့္ ကိစၥျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္တို႔ ေျပာခ်င္တာက ဒီအခ်က္အလက္ေတြက လံုး၀ အခိုင္အမာမရွိဘူးဆိုရင္ ဒီႏိုင္ငံေတြ ေရွ႕တိုးမွာမဟုတ္ဘူး၊ ICC ဆိုရင္ အေရးယူတဲ့ ကိစၥမွာ လံုၿခံဳေရးေကာင္စီမပါပဲနဲ႔ ေရွ႕တိုးဖို႔က ေတာ္ေတာ္ခက္တဲ့ ကိစၥျဖစ္တယ္။ ဒါေပမယ့္ အခု တရားစြဲဖို႔ ေရွ႕တိုးႏိုင္တာ ဘာလဲဆိုေတာ့ ခိုင္မာတဲ့ အခ်က္အလက္ေတြေပၚေနလို႔ သူတို႔က လံုၿခံဳေရးေကာင္စီကို မေစာင့္ပဲနဲ႔ ဒါက အေၾကာင္းအရာရွိတယ္။ အေရးမယူလို႔ မရဘူးဆိုတဲ့ ကိစၥနဲ႔ သြားေနတာ ျဖစ္တယ္။”

ICC ႏိုင္ငံတကာ ရာဇဝတ္ခံုးရံုးရဲ႕ ၾကာသာပေတးေန႔ကထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ ျမန္မာကေန ႐ိုဟင္ဂ်ာေတြကို ဘဂၤလားေဒ့ရွ္ဘက္ အတင္းအၾကပ္ ေမာင္းထုတ္ခဲ့မႈကို ICC ဥပေဒခ်ဳပ္႐ုံး အေနနဲ႔ စံုစမ္းစစ္ေဆးဖို႔ ICC တရားသူႀကီးေတြက ခြင့္ျပဳလိုက္ေၾကာင္း ေဖၚျပထားပါတယ္။ ဒါေၾကာင့္ ျမန္မာနယ္စပ္ ကေနဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ စနစ္တက်ေမာင္းထုတ္ခံရတဲ့ ႐ိုဟင္ဂ်ာအသိုင္းအဝိုင္း အေပၚ ျပစ္မႈက်ဴးလြန္မႈဟာ လူသားထုအေပၚ ရာဇဝတ္က်ဴးလြန္မႈ ေျမာက္မေျမာက္ ICC ေရွ႕ေနေတြကိုယ္တိုင္ စံုစမ္းစစ္ေဆးေတာ့မွာ ျဖစ္ပါတယ္။

--------------

ဂမ်ဘီယာက မြန်မာကိုစွဲဆိုတဲ့အမှု ဒီဇင်ဘာ မှာ ICJ ကြားနာမည်

လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး စာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်ကြောင်း စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့် လျောက်ထားချက်ကို ဒီဇင်ဘာလ ၁၀ ရက် ကနေ ၁၂ ရက်နေ့ထိ အများပြည်သူ ရှေ့ကြားနာစစ်ဆေးမှာ ဖြစ်ကြောင်း ICJ တရားရုံးက မနေ့ တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဂမ်ဘီယာရဲ့ စွဲချက်ကို ICJ မှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ မြန်မာအစိုးရက ပြင်ဆင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။ မြန်မာနဲ့ ပတ်သက်လို့ နိုင်ငံတကာတရားရေးစီရေးပိုင်းမှာ ရှေ့ဆက် ဆောင်ရွက်လာမယ့် အခြေအနေတွေဘယ်လို ရှိမလဲ။

မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်ပြီး တင်ပြမှာပါ။

ကုလသမဂ္ဂ တရားရုံးဖြစ်တဲ့ နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ICJ နိုင်ငံတကာတရားရုံးက နိုဝင်ဘာလ (၁၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ- ဂမ်ဘီယာ က မြန်မာအစိုးရကို စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး သဘောတူစာချုပ်ကို ချိုးဖောက်မှုဆိုတဲ့ အမှုလျောက်ထားချက်ကို ဒီဇင်ဘာလ (၁၀)ရက်ကနေ (၁၂)ရက်နေ့ထိ အများပြည်သူရှေ့မှောက် ကြားနာစစ်ဆေးမှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒီကြားနားစစ်ဆေးမှုမှာ ICJ တရားရုံးကို ဂမ်ဘီယာက တောင်းဆိုထားတဲ့ မြန်မာအစိုးရကို အရေးယူ တားမြစ်တဲ့ ယာယီအမိန့် ထုတ်ပြန်ပေးဖို့ဆိုတဲ့အချက်ကို အဓိကထားမှာဖြစ်ကြောင်း ICJ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ICJ တရားရုံးကို တင်သွင်းလျောက်ထားတဲ့ ဂမ်ဘီယာရဲ့ စွဲချက်အမှုမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးက တွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေးအရ ကွဲပြားနေတဲ့ အသိုင်းအဝိုင်း တခုလုံး ဒါမှမဟုတ် အစိတ်အပိုင်းတခုလုံးကို သေကြေပျက်စီးအောင် လုပ်ခဲ့တဲ့အတွက် လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့ ပြစ်မှု မြောက်ကြောင်း အပြင် ရိုဟင်ဂျာတွေအပေါ် နောက်ထပ် ပြစ်မှုကျူးလွန်မှုတွေ မဖြစ်ပေါ်စေရေး ရပ်တန့်အောင် ICJ တရားရုံးအနေနဲ့ ယာယီ အမိန့်ထုတ်ပြန်ပြီး မြန်မာအစိုးရကို တားမြစ်ဖို့ တောင်းဆိုချက် ပါဝင်နေတာပါ။ အခု အဲဒီတောင်းဆိုချက်ကို ICJ တရားရုံးက အရင်ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။

အဖွဲ့ဝင် (၁၅)ဦးပါတဲ့ ICJ တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ ဂမ်ဘီယာက အရင် လျှောက်လှဲရမှာဖြစ်ပြီး၊ (၁၁) ရက်နေ့မှာ မြန်မာက လျှောက်လှဲပြီးနောက် (၁၂)ရက်နေ့မှာ နှစ်နိုင်ငံလုံးက ဒုတိယပိုင်းအနေနဲ့ ဆက်လက်လျှောက်လှဲရာမှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ICJ မှာ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ပြင်ဆင်နေကြောင်း နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဥပဒေကြောင်းအရ UN အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအနေနဲ့ OIC ရဲ့ စွပ်စွဲတာကို ကျနော်တို့က မဟုတ်မှန်ကြောင်း ဥပဒေကြောင်းအရ ပြန်လည်ပြီးတော့ ဖြေကြားဖို့ရှိပါတယ်။ ထွက်ဆိုပြီး ပြန်လည်ရှင်းလင်းဖို့ ရှိမှာပါ။ ဒါကတော့ သတ်မှတ်ထားတဲ့ ရက်အတိုင်း လုပ်ရမှာပေါ့။ ဒါကတော့ ကိုယ့်ဘက်က နိုင်ငံတော်ဘက်က လုပ်စရာရှိတာ လုပ်ရမှာပါ။ အသေးစိတ်တော့ ကျနော်မပြောပါရစေနဲ့။”

နိုင်ငံနယ်နိမိတ် အငြင်းပွားမှုကိုပဲ စီရင်ကိုင်တွယ်လေ့ရှိတဲ့ ကမ္ဘာအမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ ကနေ အခုလိုမျိုး လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲချက်ကို ကြားနာဖို့ ဆောင်ရွက်လာတာကို ကြည့်ရင် တဖက်က စွပ်စွဲထားတဲ့ အချက်အလက်တွေ ခိုင်မာမှု ဘယ်လောက်ရှိနေသလဲဆိုတာ ပြသနေတာဖြစ်ကြောင်းနဲ့ မြန်မာအစိုးရဘက်က အသေအချာပြင်ဆင်သင့်တယ်လို့ မြင်ကြောင်း ဘယ်လ်ဂျီယံ အခြေစိုက် Euro-Burma ရုံးရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးဟန်ညောင်ဝေ ကဗွီအိုအေကို ပြောပါတယ်။

“ကျနော်မြင်တာကတော့ အရင်ကလိုပဲ ငြင်းပယ်မယ်ဆိုရင် ရှုံးမယ်။ ဘာကြောင့်လဲဆိုတော့ အချက်အလက်တွေက တော်တော်များပါတယ်။ သူတို့ ဒီကိစ္စကို မရှုံးချင်ရင်တော့ တကယ်ပဲ သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲမှာ ဘယ်လိုအချက်အလက်တွေ တွေ့ခဲ့တယ် ၊ ဘယ်လိုစုံစမ်းခဲ့တယ် ၊ ဘယ်လို အရေးယူခဲ့တယ် ပြီးတော့မှ အရှေ့ပိုင်းမှာ ဘယ်လိုလုပ်မယ်ဆိုတာ သူတို့ပြောနိုင်မှ အကျိုးရှိမယ်။”

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက အငယ်တန်းဝန်ကြီး Md Shahriar Alam ကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွဲချက်ကို ICJ နဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးတို့ကနေ ရှေ့ဆက်ကိုင်တွယ်လာမှုဟာ မြန်မာအပေါ် ဖိအားတွေ ပိုပြီးတိုးလာတယ်လို့ မြင်ကြောင်း တနင်္လာနေ့က မြို့တော် ဒါကာက နိုင်ငံခြား သတင်းထောက်များအသင်းမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

“မြန်မာအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးမှုတွေ များလာချိန်မှာပဲ ICC နဲ့ ICJ တရားစီရင်ပိုင်နက်အတွင်းမှာ မြန်မာရှိနေပါတယ်။”

ဒါနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းရဲ့ တုန့်ပြန်ချက်ကတော့-

“ ICC ကတော့ ရှင်းပါတယ် ၊ အစိုးရ မီဒီယာကလည်း ပြောတယ်။ ကျနော်တို့လည်း အမြဲတမ်း ပြောနေတာပဲ။ ကျနော်တို့ အဖွဲ့ဝင်မဟုတ်တဲ့အတွက် အတင်း သူတို့ကနေပြီးတော့ ဆွဲထည့်နေတဲ့ သဘောပေါ့နော်။ ဒါကတော့ ကျနော်တို့နဲ့ မသက်ဆိုင်ဘူး။ သူတို့ဆုံးဖြတ်လည်း သူတို့ဟာသူတို့ ဆုံးဖြတ်တဲ့ အပိုင်းပဲ ရှိမယ်။ ကျနော်တို့ ရပ်တည်ချက်ကတော့ မပြောင်းလဲဘူး။ ICC သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတာ မဟုတ်တဲ့အတွက် ကျနော်တို့နဲ့ မသက်ဆိုင်ဘူး။ ဒါနဲ့ပဲ ကျနော်တို့က ဆက်ပြီး ရပ်တည်မှာပဲ။”

မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အခုလို ICC နဲ့ ICJ စတဲ့ နိုင်ငံတကာ တရားစီရင်ရေးအပိုင်းက ရှေ့တိုး ဆောင်ရွက်လာနေတဲ့အခြေအနေကိုတော့ ဦးဟန်ညောင်ဝေ က အခုလို သုံးသပ်ပါတယ်။

“ ဒီအမှုတွေက ICC ရော ICJ မှာရော ကြာမယ်။ ဘာကြောင့်လဲဆိုတော့ တရားဥပဒေ ကိစ္စတွေက တနိုင်ငံနဲ့ တနိုင်ငံ ကြားမှာ လုပ်နေရတဲ့ ကိစ္စဆိုတော့ မခိုင်မာရင် ရှေ့တိုးလို့မရဘူး ၊ ခိုင်မာတယ်လို့ သူတို့ မြင်လို့ ရှေ့တိုးနေတာဖြစ်ပါတယ်။ ဒါပေမယ့် အချိန်တော့ ကြာပါမယ်။ ချက်ချင်း မနက်ဖြန် ဒဏ်ချမယ်ဆိုတာတော့ မဟုတ်ပါဘူး။ အချိန်ယူရမယ်။ ပြည့်ပြည့်စုံစုံ သူတို့ စုံစမ်းရမယ့် ကိစ္စဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ ပြောချင်တာက ဒီအချက်အလက်တွေက လုံး၀ အခိုင်အမာမရှိဘူးဆိုရင် ဒီနိုင်ငံတွေ ရှေ့တိုးမှာမဟုတ်ဘူး၊ ICC ဆိုရင် အရေးယူတဲ့ ကိစ္စမှာ လုံခြုံရေးကောင်စီမပါပဲနဲ့ ရှေ့တိုးဖို့က တော်တော်ခက်တဲ့ ကိစ္စဖြစ်တယ်။ ဒါပေမယ့် အခု တရားစွဲဖို့ ရှေ့တိုးနိုင်တာ ဘာလဲဆိုတော့ ခိုင်မာတဲ့ အချက်အလက်တွေပေါ်နေလို့ သူတို့က လုံခြုံရေးကောင်စီကို မစောင့်ပဲနဲ့ ဒါက အကြောင်းအရာရှိတယ်။ အရေးမယူလို့ မရဘူးဆိုတဲ့ ကိစ္စနဲ့ သွားနေတာ ဖြစ်တယ်။”

ICC နိုင်ငံတကာ ရာဇဝတ်ခုံးရုံးရဲ့ ကြာသာပတေးနေ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာကနေ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက် အတင်းအကြပ် မောင်းထုတ်ခဲ့မှုကို ICC ဥပဒေချုပ်ရုံး အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ICC တရားသူကြီးတွေက ခွင့်ပြုလိုက်ကြောင်း ဖေါ်ပြထားပါတယ်။ ဒါကြောင့် မြန်မာနယ်စပ် ကနေဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် စနစ်တကျမောင်းထုတ်ခံရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်း အပေါ် ပြစ်မှုကျူးလွန်မှုဟာ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု မြောက်မမြောက် ICC ရှေ့နေတွေကိုယ်တိုင် စုံစမ်းစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

အင္ၾကင္းႏိုင္/ VOA Burmese
https://burmese.voanews.com
ဂမ္ဘီယာက ျမန္မာကိုစြဲဆိုတဲ႔အမႈ ဒီဇင္ဘာ မွာ ICJ ၾကားနာမည္ ဂမ္ဘီယာက ျမန္မာကိုစြဲဆိုတဲ႔အမႈ ဒီဇင္ဘာ မွာ ICJ ၾကားနာမည္ Reviewed by THITHTOOLWIN on 14:08 Rating: 5
Powered by Blogger.