သမၼတ Trump ႐ုတ္တရက္ ေဆးစစ္ေဆးမႈ ခံယူ

အေမရိကန္သမၼတ Donald Trump. (ႏုိဝင္ဘာ ၁၂၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္သမၼတ Donald Trump က ၿပီးခဲ့တဲ့ စေနေန႔ ေန႔ခင္းပိုင္းမွာ စစ္တပ္ ေဆး႐ုံတခုကို မေမွ်ာ္လင့္ဘဲ သြားေရာက္ခဲ့ၿပီး သမၼတအိမ္ျဖဴေတာ္ကေတာ့ ပံုမွန္ ေဆးစစ္တာကို ႀကိဳတင္လုပ္တာပါလို႔ ေျပာဆိုထားပါတယ္။

အလုပ္မ်ားမယ့္ ၂၀၂၀ ျပည့္ႏွစ္အတြက္ ႀကိဳတင္ၿပီးေတာ့ ၀ါရွင္တန္ဒီစီမွာ ဒီသီတင္းပတ္ကုန္ အားရက္ကို အခြင့္အေရးယူၿပီး Walter Reed မွာ ႏွစ္စဥ္ ပံုမွန္ ေဆးစစ္တာကို စၿပီး လုပ္တာပါလို႔ အိမ္ျဖဴေတာ္ ျပန္ၾကားေရးတာ၀န္ခံ Stephanie Grisham က ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

သမၼတနဲ႔သက္ဆုိင္တဲ့ လံုၿခံဳေရးနဲ႔ အသြားအလာဆိုင္ရာ ကိစၥေတြကို ေျပာခြင့္မရွိေၾကာင္း၊ ဒါေပမယ့္ သမၼတရဲ႕ က်န္းမာေရး ေကာင္းမြန္ၿပီး ေဆး႐ုံကို သြားခဲ႔တာက သူ႔ရဲ႕ ႏွစ္စဥ္ က်န္းမာေရးစစ္ေဆးမႈ တစိတ္တပိုင္း ျဖစ္ပါတယ္လို႔ ဗီြအိုေအကို ေျပာခြင့္ရက သီးျခားေပးဖို႔တဲ့ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

ဒီစီအနီးက မယ္ရီလန္းျပည္နယ္ Bethesda က ေဆး႐ုံမွာ သမၼတက ၂ နာရီနဲ႔ ၁၅ မိနစ္ ၾကာျမင့္ခဲ့ပါတယ္။ လည္စည္း Necktie ခ်ည္မထားတဲ့ ရွပ္အက်ႌနဲ႔ သမၼတ ေဆး႐ုံထဲက ထြက္လာတာကို ဓာတ္ပံုဆရာတဦးက ေတြ႔ခဲ့ပါတယ္။

သမၼတ ေဆးစစ္တယ္လို႔သာ ေျပာၿပီး ဘာေတြစစ္ခဲ့လဲဆိုတဲ့ အေသးစိတ္ကိုေတာ့ အိမ္ျဖဴေတာ္ ေျပာခြင့္ရက မေျပာပါဘူး။ ဒါေပမယ့္လည္း စေနေန႔ည သန္းေခါင္ေက်ာ္ တနဂၤေႏြေန႔မနက္ အေစာပိုင္းမွာေတာ့ သမၼတက သူ႔ရဲ႕ ႏွစ္စဥ္ ေဆးစစ္မႈကို စလုပ္ခဲ့တာျဖစ္ၿပီး အားလံုးေကာင္းမြန္တဲ့အေၾကာင္း၊ ေနာက္ႏွစ္မွာ အျပည့္အစံု လုပ္မွာျဖစ္ေၾကာင္း တြစ္တာလူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

-----------------------------------

(Unicode)

သမ္မတ Trump ရုတ်တရက် ဆေးစစ်ဆေးမှု ခံယူ

အမေရိကန်သမ္မတ Donald Trump က ပြီးခဲ့တဲ့ စနေနေ့ နေ့ခင်းပိုင်းမှာ စစ်တပ် ဆေးရုံတခုကို မမျှော်လင့်ဘဲ သွားရောက်ခဲ့ပြီး သမ္မတအိမ်ဖြူတော်ကတော့ ပုံမှန် ဆေးစစ်တာကို ကြိုတင်လုပ်တာပါလို့ ပြောဆိုထားပါတယ်။

အလုပ်များမယ့် ၂၀၂၀ ပြည့်နှစ်အတွက် ကြိုတင်ပြီးတော့ ဝါရှင်တန်ဒီစီမှာ ဒီသီတင်းပတ်ကုန် အားရက်ကို အခွင့်အရေးယူပြီး Walter Reed မှာ နှစ်စဉ် ပုံမှန် ဆေးစစ်တာကို စပြီး လုပ်တာပါလို့ အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Stephanie Grisham က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

သမ္မတနဲ့သက်ဆိုင်တဲ့ လုံခြုံရေးနဲ့ အသွားအလာဆိုင်ရာ ကိစ္စတွေကို ပြောခွင့်မရှိကြောင်း၊ ဒါပေမယ့် သမ္မတရဲ့ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံကို သွားခဲ့တာက သူ့ရဲ့ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု တစိတ်တပိုင်း ဖြစ်ပါတယ်လို့ ဗွီအိုအေကို ပြောခွင့်ရက သီးခြားပေးဖို့တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဒီစီအနီးက မယ်ရီလန်းပြည်နယ် Bethesda က ဆေးရုံမှာ သမ္မတက ၂ နာရီနဲ့ ၁၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။ လည်စည်း Necktie ချည်မထားတဲ့ ရှပ်အင်္ကျီနဲ့ သမ္မတ ဆေးရုံထဲက ထွက်လာတာကို ဓာတ်ပုံဆရာတဦးက တွေ့ခဲ့ပါတယ်။

သမ္မတ ဆေးစစ်တယ်လို့သာ ပြောပြီး ဘာတွေစစ်ခဲ့လဲဆိုတဲ့ အသေးစိတ်ကိုတော့ အိမ်ဖြူတော် ပြောခွင့်ရက မပြောပါဘူး။ ဒါပေမယ့်လည်း စနေနေ့ည သန်းခေါင်ကျော် တနင်္ဂနွေနေ့မနက် အစောပိုင်းမှာတော့ သမ္မတက သူ့ရဲ့ နှစ်စဉ် ဆေးစစ်မှုကို စလုပ်ခဲ့တာဖြစ်ပြီး အားလုံးကောင်းမွန်တဲ့အကြောင်း၊ နောက်နှစ်မှာ အပြည့်အစုံ လုပ်မှာဖြစ်ကြောင်း တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

VOA Burmese
https://burmese.voanews.com
သမၼတ Trump ႐ုတ္တရက္ ေဆးစစ္ေဆးမႈ ခံယူ သမၼတ Trump ႐ုတ္တရက္ ေဆးစစ္ေဆးမႈ ခံယူ Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.