Ads Blocker ပါေသာ ဘေရာက္ဇာမ်ား အသုံးျပဳပါက Youtube အသုံးျပဳခြင့္ ပိတ္ပင္ခံရႏိုင္ေၾကာင္း ထုတ္ျပန္

(Zawgyi)⤵⤵⤵
ရန္ကုန္ ႏိုဝင္ဘာ ၁၇

ျပည္တြင္းမွ အင္တာနက္အသုံးျပဳသူ အမ်ား ဆုံး ၾကည့္ရႈေနၾကသည့္ အြန္လိုင္း ဗြီဒီယို ဝက္ဘ္ဆိုက္ျဖစ္ေသာ Youtube ကို Google Account ျဖင့္ Log in ဝင္ထားၿပီး ကြန္ပ်ဴတာမွ ျဖစ္ေစ၊ ဖုန္းမ်ားမွ Browser တစ္ခုခုႏွင့္ ျဖစ္ေစ ၾကည့္ရႈသူမ်ားအေနျဖင့္ Ads Blocker ပါဝင္ေသာ Browser မ်ား သို႔မဟုတ္ အျခား Ads Blocker Extensions တစ္ခုခုကို အသုံး ျပဳထားပါက ဒီဇင္ဘာ ၁၀ ရက္မွစ၍ You-tube ကို အသုံးျပဳခြင့္ ပိတ္ပင္ခံရႏိုင္ေၾကာင္း အသုံးျပဳသူမ်ားထံသို႔ Youtube မွ အသိေပး ခ်က္အရ သိရသည္။

Ads ဆိုသည္မွာ ဗြီဒီယိုမ်ားကို ၾကည့္ရႈ ရာတြင္ျဖစ္ေစ၊ ဝက္ဘ္စာမ်က္ႏွာမ်ားကို ၾကည့္ရႈသည့္အခါျဖစ္ေစ၊ ေဒါင္းလုပ္ဆြဲရန္ Link ႏွင့္ ကုဒ္မ်ား ေတာင္းယူသည့္အခါတြင္ ျဖစ္ေစ ထည့္သြင္းေဖာ္ျပေလ့ရွိေသာ ေၾကာ္ ျငာမ်ား ျဖစ္သည္။ Ads Blocker လုပ္ေဆာင္ ခ်က္ ဆိုသည္မွာ အသုံးျပဳသူမ်ားအေနျဖင့္ အဆိုပါ ေၾကာ္ျငာမ်ားကို ျမင္ရန္မလိုေတာ့ဘဲ မိမိတို႔ သြားေရာက္ၾကည့္ရႈလိုသည့္ ဝက္ဘ္ စာမ်က္ႏွာ၊ ၾကည့္ရႈလိုသည့္ ဗြီဒီယိုမ်ားကို တိုက္႐ိုက္ၾကည့္ႏိုင္ေအာင္ Browser ေဆာ့ဖ္ဝဲ မ်ားက တားဆီးေပးသည့္ လုပ္ေဆာင္ခ်က္ ျဖစ္သည္။ အခ်ိဳ႕ Browser ေဆာ့ဖ္ဝဲမ်ားသည္ အသုံးျပဳသူမ်ား အဆင္ေျပေစရန္ အဆိုပါ Ads Blocker လုပ္ေဆာင္ခ်က္ကို အဓိက ထည့္သြင္းေပးထားသလို အခ်ိဳ႕ ေဆာ့ဖ္ဝဲ မ်ားမွာ Extension မ်ားျဖင့္ Ads Blocker လုပ္ေဆာင္ခ်က္မ်ားကို ထပ္ထည့္ေပးေလ့ရွိ သည္။

Youtube သည္လည္း ဗြီဒီယို ၾကည့္ရႈသူ မ်ားထံသို႔ ဗြီဒီယိုႏွင့္အတူ ေၾကာ္ျငာမ်ားပါ ထည့္ျပၿပီး ထိုေၾကာ္ျငာခဝင္ေငြျဖင့္ ရပ္တည္ ေနျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ယခု ေျပာင္းလဲ လိုက္သည့္ Youtube ၏ မူဝါဒအရ Youtube မွ ဗြီဒီယိုမ်ားကို Ads Blocker လုပ္ေဆာင္ ခ်က္ပါေသာ Browser မ်ားသုံး၍ ဝင္ၾကည့္ ေနသည့္ Account မ်ားကို ယာယီ တားျမစ္ သည္မွစတင္ကာ ထို account ကို youtube အသုံးျပဳခြင့္ ပိတ္လိုက္သည္အထိ လုပ္ေဆာင္ မည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

Youtube ကို ျပည္တြင္းမွ သုံးစြဲေနသူ မ်ားအနက္ Google Account ျဖင့္ ခ်ိတ္ဆက္ အသုံးျပဳျခင္း မရွိဘဲ တိုက္႐ိုက္အသုံးျပဳသူမ်ားအေနျဖင့္ အဆိုပါ မူဝါဒေျပာင္းလဲမႈႏွင့္ မသက္ဆိုင္ေၾကာင္း သိရသည္။ Youtube ေပၚမွ ဗြီဒီယိုမ်ားကို ၾကည့္ရႈရာတြင္ Google Account ႏွင့္ ခ်ိတ္ဆက္ကာ Account ဖြင့္၍ ျဖစ္ေစ၊ မည္သည့္ Account မွ မဖြင့္ဘဲျဖစ္ေစ ၾကည့္ရႈႏိုင္ေသာ္လည္း Account မဖြင့္ထား ပါက အသက္အ႐ြယ္ ကန႔္သတ္ထားသည့္ ဗြီဒီယိုမ်ားကို ၾကည့္ရႈခြင့္ မရွိသလို ႀကိဳက္ႏွစ္ သက္ေသာ ဗြီဒီယိုမ်ား၊ ခ်န္နယ္မ်ားကိုလည္း သိမ္းဆည္းထား၍ မရေသာေၾကာင့္ အသုံး ျပဳသူ အမ်ားစုအေနျဖင့္ Google Account ႏွင့္ ခ်ိတ္ဆက္၍ အသုံးျပဳၾကသည္။
ထို႔ေၾကာင့္ ယခု ေျပာင္းလဲလိုက္သည့္ မူဝါဒအရ Youtube ကို Google Account ႏွင့္ခ်ိတ္ဆက္၍ အသုံးျပဳေနသူမ်ားအေနျဖင့္ ကြန္ပ်ဴတာမွ အသုံးျပဳပါက မိမိတို႔အသုံးျပဳ ေနသည့္ Browser မ်ားတြင္ Ads Blocker လုပ္ေဆာင္ခ်က္ ပါ/မပါ ၾကည့္ရႈရန္ လိုအပ္ ၿပီး Ads Blocker လုပ္ေဆာင္ခ်က္ကို အသုံး ျပဳထားပါက Youtube ဝက္ဘ္ဆိုက္ကို ေၾကာ္ျငာမ်ား ျပခြင့္ျပဳရန္(Permission ေပး ရန္) လိုအပ္မည္ျဖစ္သည္။

Youtube ကို ဖုန္းမ်ားျဖင့္ အသုံးျပဳသူ မ်ားအေနျဖင့္မူ မိုဘိုင္းအက္ပလီေကးရွင္းျဖင့္ အသုံးျပဳေနပါက မည္သည့္ ေျပာင္းလဲမႈမွ ျပဳလုပ္ရန္ မလိုအပ္ေသာ္လည္း မိုဘိုင္းဖုန္း၏ Browser ေဆာ့ဖ္ဝဲတစ္ခုခုျဖင့္ အသုံးျပဳေန ပါက ကြန္ပ်ဴတာျဖင့္သုံးသည့္အတိုင္း မိမိ၏ Browser တြင္ Ads Blocker လုပ္ေဆာင္ခ်က္ ပါ/မပါ ၾကည့္ရႈရန္ႏွင့္ ပါေနခဲ့လွ်င္ Youtube မွ ေၾကာ္ျငာမ်ားကို Block မလုပ္ေအာင္ ခြင့္ျပဳခ်က္ေပးရန္ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။

သူရၿဖိဳး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
----------------
(Unicode)⤵⤵⤵
Ads Blocker ပါသော ဘရောက်ဇာများ အသုံးပြုပါက Youtube အသုံးပြုခွင့် ပိတ်ပင်ခံရနိုင်ကြောင်း ထုတ်ပြန်

ပြည်တွင်းမှ အင်တာနက်အသုံးပြုသူ အများ ဆုံး ကြည့်ရှုနေကြသည့် အွန်လိုင်း ဗွီဒီယို ဝက်ဘ်ဆိုက်ဖြစ်သော Youtube ကို Google Account ဖြင့် Log in ဝင်ထားပြီး ကွန်ပျူတာမှ ဖြစ်စေ၊ ဖုန်းများမှ Browser တစ်ခုခုနှင့် ဖြစ်စေ ကြည့်ရှုသူများအနေဖြင့် Ads Blocker ပါဝင်သော Browser များ သို့မဟုတ် အခြား Ads Blocker Extensions တစ်ခုခုကို အသုံး ပြုထားပါက ဒီဇင်ဘာ ၁၀ ရက်မှစ၍ You-tube ကို အသုံးပြုခွင့် ပိတ်ပင်ခံရနိုင်ကြောင်း အသုံးပြုသူများထံသို့ Youtube မှ အသိပေး ချက်အရ သိရသည်။

Ads ဆိုသည်မှာ ဗွီဒီယိုများကို ကြည့်ရှု ရာတွင်ဖြစ်စေ၊ ဝက်ဘ်စာမျက်နှာများကို ကြည့်ရှုသည့်အခါဖြစ်စေ၊ ဒေါင်းလုပ်ဆွဲရန် Link နှင့် ကုဒ်များ တောင်းယူသည့်အခါတွင် ဖြစ်စေ ထည့်သွင်းဖော်ပြလေ့ရှိသော ကြော် ငြာများ ဖြစ်သည်။ Ads Blocker လုပ်ဆောင် ချက် ဆိုသည်မှာ အသုံးပြုသူများအနေဖြင့် အဆိုပါ ကြော်ငြာများကို မြင်ရန်မလိုတော့ဘဲ မိမိတို့ သွားရောက်ကြည့်ရှုလိုသည့် ဝက်ဘ် စာမျက်နှာ၊ ကြည့်ရှုလိုသည့် ဗွီဒီယိုများကို တိုက်ရိုက်ကြည့်နိုင်အောင် Browser ဆော့ဖ်ဝဲ များက တားဆီးပေးသည့် လုပ်ဆောင်ချက် ဖြစ်သည်။ အချို့ Browser ဆော့ဖ်ဝဲများသည် အသုံးပြုသူများ အဆင်ပြေစေရန် အဆိုပါ Ads Blocker လုပ်ဆောင်ချက်ကို အဓိက ထည့်သွင်းပေးထားသလို အချို့ ဆော့ဖ်ဝဲ များမှာ Extension များဖြင့် Ads Blocker လုပ်ဆောင်ချက်များကို ထပ်ထည့်ပေးလေ့ရှိ သည်။
Youtube သည်လည်း ဗွီဒီယို ကြည့်ရှုသူ များထံသို့ ဗွီဒီယိုနှင့်အတူ ကြော်ငြာများပါ ထည့်ပြပြီး ထိုကြော်ငြာခဝင်ငွေဖြင့် ရပ်တည် နေခြင်းဖြစ်သည်။ ထို့ကြောင့် ယခု ပြောင်းလဲ လိုက်သည့် Youtube ၏ မူဝါဒအရ Youtube မှ ဗွီဒီယိုများကို Ads Blocker လုပ်ဆောင် ချက်ပါသော Browser များသုံး၍ ဝင်ကြည့် နေသည့် Account များကို ယာယီ တားမြစ် သည်မှစတင်ကာ ထို account ကို youtube အသုံးပြုခွင့် ပိတ်လိုက်သည်အထိ လုပ်ဆောင် မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Youtube ကို ပြည်တွင်းမှ သုံးစွဲနေသူ များအနက် Google Account ဖြင့် ချိတ်ဆက် အသုံးပြုခြင်း မရှိဘဲ တိုက်ရိုက်အသုံးပြုသူများအနေဖြင့် အဆိုပါ မူဝါဒပြောင်းလဲမှုနှင့် မသက်ဆိုင်ကြောင်း သိရသည်။ Youtube ပေါ်မှ ဗွီဒီယိုများကို ကြည့်ရှုရာတွင် Google Account နှင့် ချိတ်ဆက်ကာ Account ဖွင့်၍ ဖြစ်စေ၊ မည်သည့် Account မှ မဖွင့်ဘဲဖြစ်စေ ကြည့်ရှုနိုင်သော်လည်း Account မဖွင့်ထား ပါက အသက်အရွယ် ကန့်သတ်ထားသည့် ဗွီဒီယိုများကို ကြည့်ရှုခွင့် မရှိသလို ကြိုက်နှစ် သက်သော ဗွီဒီယိုများ၊ ချန်နယ်များကိုလည်း သိမ်းဆည်းထား၍ မရသောကြောင့် အသုံး ပြုသူ အများစုအနေဖြင့် Google Account နှင့် ချိတ်ဆက်၍ အသုံးပြုကြသည်။

ထို့ကြောင့် ယခု ပြောင်းလဲလိုက်သည့် မူဝါဒအရ Youtube ကို Google Account နှင့်ချိတ်ဆက်၍ အသုံးပြုနေသူများအနေဖြင့် ကွန်ပျူတာမှ အသုံးပြုပါက မိမိတို့အသုံးပြု နေသည့် Browser များတွင် Ads Blocker လုပ်ဆောင်ချက် ပါ/မပါ ကြည့်ရှုရန် လိုအပ် ပြီး Ads Blocker လုပ်ဆောင်ချက်ကို အသုံး ပြုထားပါက Youtube ဝက်ဘ်ဆိုက်ကို ကြော်ငြာများ ပြခွင့်ပြုရန်(Permission ပေး ရန်) လိုအပ်မည်ဖြစ်သည်။
Youtube ကို ဖုန်းများဖြင့် အသုံးပြုသူ များအနေဖြင့်မူ မိုဘိုင်းအက်ပလီကေးရှင်းဖြင့် အသုံးပြုနေပါက မည်သည့် ပြောင်းလဲမှုမှ ပြုလုပ်ရန် မလိုအပ်သော်လည်း မိုဘိုင်းဖုန်း၏ Browser ဆော့ဖ်ဝဲတစ်ခုခုဖြင့် အသုံးပြုနေ ပါက ကွန်ပျူတာဖြင့်သုံးသည့်အတိုင်း မိမိ၏ Browser တွင် Ads Blocker လုပ်ဆောင်ချက် ပါ/မပါ ကြည့်ရှုရန်နှင့် ပါနေခဲ့လျှင် Youtube မှ ကြော်ငြာများကို Block မလုပ်အောင် ခွင့်ပြုချက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

သူရဖြိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Ads Blocker ပါေသာ ဘေရာက္ဇာမ်ား အသုံးျပဳပါက Youtube အသုံးျပဳခြင့္ ပိတ္ပင္ခံရႏိုင္ေၾကာင္း ထုတ္ျပန္ Ads Blocker ပါေသာ ဘေရာက္ဇာမ်ား အသုံးျပဳပါက Youtube အသုံးျပဳခြင့္ ပိတ္ပင္ခံရႏိုင္ေၾကာင္း ထုတ္ျပန္ Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.