ဘဂၤလားေဒ့ရွ္မွာ ၾကက္သြန္နီ ျပႆနာတက္


(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ၾကက္သြန္နီေစ်းႏႈန္း စံခ်ိန္တင္ရေလာက္ေအာင္ ခုန္တက္သြားတဲ့အတြက္ ဘဂၤလားေဒ့ရွ္ အစိုးရက ၾကက္သြန္နီကို ေလေၾကာင္းလုိင္းကတဆင့္ အေရးေပၚ တင္သြင္းေနရတယ္လို႔ အစိုးရတာဝန္ရွိသူေတြက တနဂၤေႏြေန႔မွာ ေျပာဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္က သူစားမယ့္ ဟင္းလ်ာထဲမွာ ၾကက္သြန္နီ မသုံးေတာ့ဘူးလို႔ ဆုိပါတယ္။

ေတာင္အာရွမွာ ၾကက္သြန္နီေစ်းႏႈန္းဟာ အတိမ္းအေစာင္းမခံတဲ့ ျပႆနာျဖစ္ၿပီး မေက်နပ္မႈေတြကို ႏိုင္ငံေရးဂယက္အျဖစ္ မီးေမႊးေပးႏိုင္ေလာက္တဲ့ ကိစၥရပ္လည္း ျဖစ္ပါတယ္။

မုတ္သုံမိုးေၾကာင့္ သီးႏွံအထြက္နည္းခဲ့ရာက အိမ္နီးခ်င္း အိႏၵိယႏိုင္ငံထြက္ ၾကက္သြန္ေတြ ဘဂၤလားေဒ့ရွ္ထဲ တင္သြင္းမႈကို စက္တင္ဘာလကစလို႔ တားျမစ္ခဲ့တာပါ။

ပုံမွန္အားျဖင့္ ၾကက္သြန္နီ ၁ ကီလိုဂရမ္ကို ဘဂၤလားတာကာေငြ ၃၀ ေစ်း ရွိခဲ့ရာက အိႏိၵယက တားျမစ္ခဲ့ၿပီးေနာက္ပိုင္း တာကာ ၂၆၀ အထိ ေစ်းခုန္တက္သြားပါတယ္။

အခုလို လူသိရွင္ၾကား ျပႆနာတက္ခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံ အပါအဝင္ တူရကီ၊ တ႐ုတ္နဲ႔ အီဂ်စ္ႏိုင္ငံေတြက ၾကက္သြန္နီကုန္သည္ေတြ ဆိပ္ကမ္းၿမဳိ႕ျဖစ္တဲ့ စစ္တေကာင္းကို ေရာက္လာၾကတယ္လို႔ ေဒသခံသတင္းေတြမွာ ေဖာ္ျပပါတယ္။

အစိုးရပိုင္ ဘဂၤလားေဒ့ရွ္ ကုန္သြယ္ေရး ေကာ္ပုိေရးရွင္း TCB က ၾကက္သြန္နီ ၁ ကီလိုဂရမ္ကို ၄၅ တာကာနဲ႔ ဒါကာၿမဳိ႕ေတာ္မွာ ေစ်းခ်ေရာင္းေပးေနတယ္လို႔ ဆိုပါတယ္။

-----------------------------

(Unicode)

ဘင်္ဂလားဒေ့ရှ်မှာ ကြက်သွန်နီ ပြဿနာတက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြက်သွန်နီဈေးနှုန်း စံချိန်တင်ရလောက်အောင် ခုန်တက်သွားတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရက ကြက်သွန်နီကို လေကြောင်းလိုင်းကတဆင့် အရေးပေါ် တင်သွင်းနေရတယ်လို့ အစိုးရတာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်က သူစားမယ့် ဟင်းလျာထဲမှာ ကြက်သွန်နီ မသုံးတော့ဘူးလို့ ဆိုပါတယ်။

တောင်အာရှမှာ ကြက်သွန်နီဈေးနှုန်းဟာ အတိမ်းအစောင်းမခံတဲ့ ပြဿနာဖြစ်ပြီး မကျေနပ်မှုတွေကို နိုင်ငံရေးဂယက်အဖြစ် မီးမွှေးပေးနိုင်လောက်တဲ့ ကိစ္စရပ်လည်း ဖြစ်ပါတယ်။

မုတ်သုံမိုးကြောင့် သီးနှံအထွက်နည်းခဲ့ရာက အိမ်နီးချင်း အိန္ဒိယနိုင်ငံထွက် ကြက်သွန်တွေ ဘင်္ဂလားဒေ့ရှ်ထဲ တင်သွင်းမှုကို စက်တင်ဘာလကစလို့ တားမြစ်ခဲ့တာပါ။

ပုံမှန်အားဖြင့် ကြက်သွန်နီ ၁ ကီလိုဂရမ်ကို ဘင်္ဂလားတာကာငွေ ၃၀ ဈေး ရှိခဲ့ရာက အိန္ဒိယက တားမြစ်ခဲ့ပြီးနောက်ပိုင်း တာကာ ၂၆၀ အထိ ဈေးခုန်တက်သွားပါတယ်။

အခုလို လူသိရှင်ကြား ပြဿနာတက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ အပါအဝင် တူရကီ၊ တရုတ်နဲ့ အီဂျစ်နိုင်ငံတွေက ကြက်သွန်နီကုန်သည်တွေ ဆိပ်ကမ်းမြို့ဖြစ်တဲ့ စစ်တကောင်းကို ရောက်လာကြတယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။

အစိုးရပိုင် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ကော်ပိုရေးရှင်း TCB က ကြက်သွန်နီ ၁ ကီလိုဂရမ်ကို ၄၅ တာကာနဲ့ ဒါကာမြို့တော်မှာ ဈေးချရောင်းပေးနေတယ်လို့ ဆိုပါတယ်။

VOA Burmese
https://burmese.voanews.com
ဘဂၤလားေဒ့ရွ္မွာ ၾကက္သြန္နီ ျပႆနာတက္ ဘဂၤလားေဒ့ရွ္မွာ ၾကက္သြန္နီ ျပႆနာတက္ Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.