အစိုးရနဲ႔RCSS ေတြ႕ဆုံပြဲမွာ မေက်လည္တာေတြ ေျဖရွင္းႏိုင္ခဲ့တယ္လို႔ ဆို

 ေတြ႕ဆုံပြဲမွာ မေက်လည္တာေတြ ေျဖရွင္းႏိုင္ခဲ့လို႔ ဆို
(Zawgyi)⤵⤵⤵
အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္က ကိုယ္စားလွယ္ေတြ၊ တပ္မေတာ္ဘက္က ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံၿပီးတဲ့ေနာက္ ႏွစ္ဘက္မေက်လည္တာေတြကို ေျဖရွင္းႏိုင္ခဲ့ၿပီး အစည္းအေဝးေအာင္ျမင္တယ္လို႔ RCSS အဖြဲ႕ ရဲ႕အႀကံေပး ဦးခြန္စိုင္းက ဘီဘီစီကို ေျပာပါတယ္။

ဒီအစည္းအေဝးကို ႏိုဝင္ဘာ ၁၉ ရက္ ဒီကေန႔မွာ ထိုင္းႏိုင္ငံ ခ်င္းမိုင္မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အစိုးရဘက္က ၿငိမ္းခ်မ္းေရးေကာ္မရွင္ဥကၠ႒ ေဒါက္တာတင္မ်ိဳးဝင္း၊ တပ္မေတာ္ဘက္က ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္နဲ႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမင္းေနာင္အပါအဝင္ ကိုယ္စားလွယ္ရွစ္ဦး ပါဝင္ပါတယ္။

ရွမ္းျပည္ျပန္လည္ထူေထာင္ ေရးေကာင္စီ RCSS/SSA ဘက္က ဗိုလ္ခ်ဳပ္ေဘာင္ေခး ဦးေဆာင္တဲ့ ကိုယ္စားလွယ္ ၄ ဦး ပါဝင္ပါတယ္။

အစည္းအေဝးက ေအာင္ျမင္ၿပီး ႏွစ္ဖက္မေက်လည္တာေတြကို ေျဖရွင္းႏိုင္ခဲ့တယ္လို႔ RCSS အဖြဲ႕ရဲ႕ အႀကံေပး ဦးခြန္စိုင္းက ေျပာပါတယ္။

ေတြ႕ဆုံပြဲမွာ အပစ္ရပ္စာခ်ဳပ္အေကာင္အထည္ေဖာ္ေရးဆိုင္ရာအစည္းအေဝး JICM ျပန္လည္က်င္းပေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေရွ႕ဆက္ႏိုင္ေရးတို႔ကို အဓိကထား ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

အစည္းအေဝးက ရလဒ္ေကာင္းမြန္တယ္လို႔ ေတြ႕ဆုံမႈမွာပါဝင္တဲ့ အစိုးရဘက္က ကိုယ္စားလွယ္ ဦးလွေမာင္ေ႐ႊက ဘီဘီစီကို ခုလို ေျပာပါတယ္။

"RCSS ဘက္က တပ္မေတာ္နဲ႔ပတ္သက္လို႔ ေျပာဆိုမႈေတြကို ႏွစ္ဖက္ညႇိႏႈိင္းေဆြးေႏြးႏိုင္ခဲ့တယ္။ ျဖစ္ခဲ့တဲ့ဟာသည္ ဘယ္သူ႔ေၾကာင့္မွမဟုတ္ဘဲ အခ်ိန္မလုံေလာက္မႈလို႔ပဲ သေဘာတူပါတယ္။ RCSS ဥကၠ႒အေနနဲ႔လည္း ေဒါက္တာတင္မ်ိဳးဝင္းထံ လိပ္မူထားတဲ့ စာတစ္ေစာင္ကို RCSS ဘက္က အဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဘာင္ေခးကေနတစ္ဆင့္ေပးအပ္လာပါတယ္။ ဒီထဲမွာ အခ်က္ ၇ ခ်က္ပါတယ္။ ဒီထဲမွာ RCSS ဥကၠ႒အေနနဲ႔ အဓိကက JICM အစည္းအေဝးကို အျမန္ဆုံးေခၚယူႏိုင္ဖို႔နဲ႔ ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္ေရွ႕ဆက္သြားႏိုင္ဖို႔ ဆိုတဲ့ဆႏၵျပဳခ်က္ေတြ၊ ႏွစ္ဦးႏွစ္ဖက္ ယုံၾကည္မႈ တည္ေဆာက္ဖို႔ လုပ္ငန္းစဥ္ ေတြက အေပါင္းလကၡဏာေဆာင္တဲ့အခ်က္ေတြလို႔ ေျပာႏိုင္ပါတယ္" လို႔ ဦးလွေမာင္ေ႐ႊကေျပာပါတယ္။

တစ္ဆို႔ေနတဲ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ေရွ႕ဆက္ႏိုင္ဖို႔ ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းက ေနျပည္ေတာ္မွာ အစိုးရ၊ တပ္မေတာ္နဲ႔ အပစ္ရပ္လက္မွတ္ထိုး ဆယ္ဖြဲ႕ကိုယ္စားလွယ္ေတြ ေတြ႕ဆုံခဲ့ၿပီး ပဏာမ သေဘာတူညီခ်က္ ၉ ခ်က္ ရရွိခဲ့ပါတယ္။

ဒါေၾကာင့္ အပစ္ရပ္စာခ်ဳပ္ အေကာင္အထည္ေဖာ္မႈအစည္းအေဝး JICM ကို NCA ေလးႏွစ္ျပည့္ပြဲနဲ႔ အတူတူ က်င္းပဖို႔ စီစဥ္ထားခဲ့ပါတယ္။

ဒါေပမဲ့ NCA ေလးႏွစ္ျပည့္အခမ္းအနားကို လာေရာက္မယ့္ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ရဲ႕ခရီးစဥ္ကို တပ္မေတာ္ဘက္က လုံၿခဳံေရးစိတ္မခ်ရတဲ့အခ်က္နဲ႔ ခြင့္မျပဳခဲ့တာေၾကာင့္ ခရီးစဥ္ပ်က္ခဲ့ပါတယ္။
သူ႔ခရီးစဥ္ အဆင္ေျပေစဖို႔ ၫႊန္ၾကားခဲ့တဲ့ သမၼတရဲ႕ၫႊန္ၾကားခ်က္ကို တပ္မေတာ္က မလိုက္နာခဲ့ဘူးလို႔ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ေျပာၾကား
အပစ္ရပ္ဆယ္ဖြဲ႕ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST မွာ ယာယီဥကၠ႒တာဝန္ယူထားတဲ့ ဗိုလ္ခ်ဳပ္ႀကီးယြက္စစ္ မပါဘဲ အစည္းအေဝးေတြ ျပန္စဖို႔ မျဖစ္ႏိုင္တာေၾကာင့္ တစ္ႏွစ္ေက်ာ္ၾကာ အလြတ္ သေဘာေတြ႕ဆုံညႇိႏႈိင္းလာရတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အစည္းအေဝးေတြ ျပန္စဖို႔ ေႏွာင့္ေႏွးသြားခဲ့ရပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ကေတာ့ သူ႔ခရီးစဥ္ အဆင္ေျပေစဖို႔ ၫႊန္ၾကားခဲ့တဲ့ သမၼတရဲ႕ၫႊန္ၾကားခ်က္ကို တပ္မေတာ္က မလိုက္နာခဲ့ဘူးလို႔ ေျပာၾကားခဲ့ၿပီး တပ္မေတာ္ဘက္ကေတာ့ သမၼတရဲ႕ အေၾကာင္းၾကားစာကို အခ်ိန္နီးမွ ရခဲ့တယ္လို႔ ေျပာၾကားထားပါတယ္။

ဒါေၾကာင့္ ဒီလို နားလည္မႈလြဲမွားတာ ထပ္မျဖစ္ေအာင္ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္က RCSS နဲ႔ ေတြ႕ဆုံညႇိႏႈိင္းဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။

ဒီအစည္းအေဝးက အဆင္ေျပတယ္လို႔ ႏွစ္ဖက္လုံးက ေျပာလာၿပီး ေတြ႕ဆုံမႈမွာလည္း တပ္မေတာ္ဘက္က အဆင့္ျမင့္ကိုယ္စားလွယ္ ႏွစ္ဦးပါဝင္တာေၾကာင့္ တစ္ဆို႔ေနတဲ့ တရားဝင္ၿငိမ္းခ်မ္းေရး အစည္းအေဝးေတြ ျပန္စႏိုင္ဖို႔ နီးစပ္လာၿပီလို႔ ယူဆမႈေတြရွိလာေနပါတယ္။

အစိုးရ၊ တပ္မေတာ္နဲ႔ အပစ္ရပ္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္ အဆင့္ တက္ေရာက္တဲ့ အပစ္ရပ္ စာခ်ဳပ္အေကာင္အထည္ေဖာ္ေရးအစည္းအေဝးကို အခုႏိုဝင္ဘာလထဲ က်င္းပဖို႔ ေဒၚေအာင္ ဆန္းစုၾကည္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခ်ိန္ မွာ တိုက္တြန္းထားပါတယ္။

 အစိုးရ ကိုယ္စားလွယ္အဖြဲ႕ဟာ ႏိုဝင္ဘာ ၂၁ မွာ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU နဲ႔ ေတြ႕ဖို႔ရွိ
၂၁ ရာစုပင္လုံအစည္းအေဝးကို အန္အယ္လ္ဒီအစိုးရလက္ထက္မွာ သုံးႀကိမ္ က်င္းပထားၿပီး ေလးႀကိမ္ေျမာက္ကို လာမယ့္ ၂၀၂၀ ေဖေဖာ္ဝါရီမွာ က်င္းပဖို႔ အစိုးရဘက္က လိုလားေနပါတယ္။

ဒါေၾကာင့္အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္အေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အစည္းအေဝးေတြျပန္စႏိုင္ဖို႔ အဓိကက်တဲ့အင္အားစုေတြကို လိုက္လံညႇိႏႈိင္းေန တာလည္း ျဖစ္ပါတယ္။

ခ်င္းမိုင္ကိုေရာက္ေနတဲ့အစိုးရ ကိုယ္စားလွယ္အဖြဲ႕ဟာ မနက္ျဖန္ ႏိုဝင္ဘာ ၂၀ မွာ အပစ္ရပ္ဆယ္ဖြဲ႕နဲ႔ ေတြ႕မွာျဖစ္ၿပီး ႏိုဝင္ဘာ ၂၁ မွာေတာ့ ကရင္အမ်ိဳး သားအစည္းအ႐ုံး KNU နဲ႔ ေတြ႕ဆုံဖို႔စီစဥ္ထားပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
အစိုးရနဲ့RCSS တွေ့ဆုံပွဲမှာ မကျေလည်တာတွေ ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆို

ဓာတ်ပုံ မူပိုင် Tai Freedom
Image caption တွေ့ဆုံပွဲမှာ မကျေလည်တာတွေ ဖြေရှင်းနိုင်ခဲ့လို့ ဆို

အစိုးရငြိမ်းချမ်းရေးကော်မရှင်က ကိုယ်စားလှယ်တွေ၊ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် နှစ်ဘက်မကျေလည်တာတွေကို ဖြေရှင်းနိုင်ခဲ့ပြီး အစည်းအဝေးအောင်မြင်တယ်လို့ RCSS အဖွဲ့ ရဲ့အကြံပေး ဦးခွန်စိုင်းက ဘီဘီစီကို ပြောပါတယ်။

ဒီအစည်းအဝေးကို နိုဝင်ဘာ ၁၉ ရက် ဒီကနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်အပါအဝင် ကိုယ်စားလှယ်ရှစ်ဦး ပါဝင်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/SSA ဘက်က ဗိုလ်ချုပ်ဘောင်ခေး ဦးဆောင်တဲ့ ကိုယ်စားလှယ် ၄ ဦး ပါဝင်ပါတယ်။

အစည်းအဝေးက အောင်မြင်ပြီး နှစ်ဖက်မကျေလည်တာတွေကို ဖြေရှင်းနိုင်ခဲ့တယ်လို့ RCSS အဖွဲ့ရဲ့ အကြံပေး ဦးခွန်စိုင်းက ပြောပါတယ်။

တွေ့ဆုံပွဲမှာ အပစ်ရပ်စာချုပ်အကောင်အထည်ဖော်ရေးဆိုင်ရာအစည်းအဝေး JICM ပြန်လည်ကျင်းပရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးက ရလဒ်ကောင်းမွန်တယ်လို့ တွေ့ဆုံမှုမှာပါဝင်တဲ့ အစိုးရဘက်က ကိုယ်စားလှယ် ဦးလှမောင်ရွှေက ဘီဘီစီကို ခုလို ပြောပါတယ်။

"RCSS ဘက်က တပ်မတော်နဲ့ပတ်သက်လို့ ပြောဆိုမှုတွေကို နှစ်ဖက်ညှိနှိုင်းဆွေးနွေးနိုင်ခဲ့တယ်။ ဖြစ်ခဲ့တဲ့ဟာသည် ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ အချိန်မလုံလောက်မှုလို့ပဲ သဘောတူပါတယ်။ RCSS ဥက္ကဋ္ဌအနေနဲ့လည်း ဒေါက်တာတင်မျိုးဝင်းထံ လိပ်မူထားတဲ့ စာတစ်စောင်ကို RCSS ဘက်က အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးကနေတစ်ဆင့်ပေးအပ်လာပါတယ်။ ဒီထဲမှာ အချက် ၇ ချက်ပါတယ်။ ဒီထဲမှာ RCSS ဥက္ကဋ္ဌအနေနဲ့ အဓိကက JICM အစည်းအဝေးကို အမြန်ဆုံးခေါ်ယူနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ရှေ့ဆက်သွားနိုင်ဖို့ ဆိုတဲ့ဆန္ဒပြုချက်တွေ၊ နှစ်ဦးနှစ်ဖက် ယုံကြည်မှု တည်ဆောက်ဖို့ လုပ်ငန်းစဉ် တွေက အပေါင်းလက္ခဏာဆောင်တဲ့အချက်တွေလို့ ပြောနိုင်ပါတယ်" လို့ ဦးလှမောင်ရွှေကပြောပါတယ်။

တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက နေပြည်တော်မှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ်ထိုး ဆယ်ဖွဲ့ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့ပြီး ပဏာမ သဘောတူညီချက် ၉ ချက် ရရှိခဲ့ပါတယ်။

ဒါကြောင့် အပစ်ရပ်စာချုပ် အကောင်အထည်ဖော်မှုအစည်းအဝေး JICM ကို NCA လေးနှစ်ပြည့်ပွဲနဲ့ အတူတူ ကျင်းပဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒါပေမဲ့ NCA လေးနှစ်ပြည့်အခမ်းအနားကို လာရောက်မယ့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ခရီးစဉ်ကို တပ်မတော်ဘက်က လုံခြုံရေးစိတ်မချရတဲ့အချက်နဲ့ ခွင့်မပြုခဲ့တာကြောင့် ခရီးစဉ်ပျက်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AMM
Image caption သူ့ခရီးစဉ် အဆင်ပြေစေဖို့ ညွှန်ကြားခဲ့တဲ့ သမ္မတရဲ့ညွှန်ကြားချက်ကို တပ်မတော်က မလိုက်နာခဲ့ဘူးလို့ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောကြား

အပစ်ရပ်ဆယ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှာ ယာယီဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးယွက်စစ် မပါဘဲ အစည်းအဝေးတွေ ပြန်စဖို့ မဖြစ်နိုင်တာကြောင့် တစ်နှစ်ကျော်ကြာ အလွတ် သဘောတွေ့ဆုံညှိနှိုင်းလာရတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစည်းအဝေးတွေ ပြန်စဖို့ နှောင့်နှေးသွားခဲ့ရပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ သူ့ခရီးစဉ် အဆင်ပြေစေဖို့ ညွှန်ကြားခဲ့တဲ့ သမ္မတရဲ့ညွှန်ကြားချက်ကို တပ်မတော်က မလိုက်နာခဲ့ဘူးလို့ ပြောကြားခဲ့ပြီး တပ်မတော်ဘက်ကတော့ သမ္မတရဲ့ အကြောင်းကြားစာကို အချိန်နီးမှ ရခဲ့တယ်လို့ ပြောကြားထားပါတယ်။

ဒါကြောင့် ဒီလို နားလည်မှုလွဲမှားတာ ထပ်မဖြစ်အောင် အစိုးရငြိမ်းချမ်းရေးကော်မရှင်က RCSS နဲ့ တွေ့ဆုံညှိနှိုင်းဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးက အဆင်ပြေတယ်လို့ နှစ်ဖက်လုံးက ပြောလာပြီး တွေ့ဆုံမှုမှာလည်း တပ်မတော်ဘက်က အဆင့်မြင့်ကိုယ်စားလှယ် နှစ်ဦးပါဝင်တာကြောင့် တစ်ဆို့နေတဲ့ တရားဝင်ငြိမ်းချမ်းရေး အစည်းအဝေးတွေ ပြန်စနိုင်ဖို့ နီးစပ်လာပြီလို့ ယူဆမှုတွေရှိလာနေပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင် အဆင့် တက်ရောက်တဲ့ အပစ်ရပ် စာချုပ်အကောင်အထည်ဖော်ရေးအစည်းအဝေးကို အခုနိုဝင်ဘာလထဲ ကျင်းပဖို့ ဒေါ်အောင် ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန် မှာ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ မူပိုင် Myanmar State Counsellor office
Image caption အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ ၂၁ မှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တွေ့ဖို့ရှိ

၂၁ ရာစုပင်လုံအစည်းအဝေးကို အန်အယ်လ်ဒီအစိုးရလက်ထက်မှာ သုံးကြိမ် ကျင်းပထားပြီး လေးကြိမ်မြောက်ကို လာမယ့် ၂၀၂၀ ဖေဖော်ဝါရီမှာ ကျင်းပဖို့ အစိုးရဘက်က လိုလားနေပါတယ်။

ဒါကြောင့်အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အစည်းအဝေးတွေပြန်စနိုင်ဖို့ အဓိကကျတဲ့အင်အားစုတွေကို လိုက်လံညှိနှိုင်းနေ တာလည်း ဖြစ်ပါတယ်။

ချင်းမိုင်ကိုရောက်နေတဲ့အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် နိုဝင်ဘာ ၂၀ မှာ အပစ်ရပ်ဆယ်ဖွဲ့နဲ့ တွေ့မှာဖြစ်ပြီး နိုဝင်ဘာ ၂၁ မှာတော့ ကရင်အမျိုး သားအစည်းအရုံး KNU နဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။

BBC Burmese
https://www.bbc.com
အစိုးရနဲ႔RCSS ေတြ႕ဆုံပြဲမွာ မေက်လည္တာေတြ ေျဖရွင္းႏိုင္ခဲ့တယ္လို႔ ဆို အစိုးရနဲ႔RCSS ေတြ႕ဆုံပြဲမွာ မေက်လည္တာေတြ ေျဖရွင္းႏိုင္ခဲ့တယ္လို႔ ဆို Reviewed by THITHTOOLWIN on 02:52 Rating: 5
Powered by Blogger.