ၿမိတ္တြင္ အြန္လိုင္းေပၚမွ ခ်စ္ႀကိဳက္ၿပီး သားမယားအျဖစ္ျပဳက်င့္ရန္ႀကံစည္သူအမ်ိဳးသားတစ္ဦး အေရးယူခံရ

(Zawgyi)⤵⤵⤵
ၿမိတ္ၿမိဳ႕ရွိ တည္းခိုခန္းတစ္ခုသို႔ခ်ိန္းဆိုၿပီး သားမယားအျဖစ္ျပဳက်င့္ရန္ႀကံစည္သူအမ်ိဳးသားတစ္ဦးအား ႏိုဝင္ဘာလ ၁၈ ရက္ေန႔က ဖမ္းဆီးအေရးယူလိုက္ေၾကာင္း သိရပါတယ္။

ဘုတ္ျပင္းၿမိဳ႕နယ္၊ ေ႐ႊဘုံသာရပ္ကြက္မွာေနထိုင္တဲ့ သန္႔ဇင္ေဌး (၃၁)ႏွစ္၊ ဆိုသူ ၿမိတ္ၿမိဳ႕သို႔ေရာက္ရွိေနစဥ္ ၎ႏွင့္ အြန္လိုင္းေပၚမွ ရင္းႏွိီးကာခ်စ္ႀကိဳက္ခဲ့သည့္ ေညာင္ဘီးေက်း႐ြာအုပ္စု၊ အညႇင္းေက်း႐ြာမွ မ _ _ _ _ အား ဖုန္းျဖင့္ဆက္သြယ္ၿပီး ၎ဟာ ၿမိတ္သို႔ေရာက္ရွိေနေၾကာင္းေျပာရာ မ_ _ _ _ မွလည္း သူမလည္းကုန္ပစၥည္းဝယ္ယူရန္ ၿမိတ္သို႔ေရာက္ေနေၾကာင္း ျပန္လည္​ေျဖၾကားတာေၾကာင့္ သန္႔ဇင္ေဌးမွ ၿမိတ္အေဝးေျပးကားဝင္းသစ္အနီးရွိ "နန္းသဇင္"တည္းခိုခန္းတြင္ ေတြ႕ဆုံရန္ ေျပာၾကားခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး မ_ _ _ _မွ ျငင္းဆိုရာ သန္႔ဇင္ေဌးမွ မ_ _ _ _၏ဓါတ္ပုံနဲ႔တကြ ညစ္ညမ္းတဲ့စာေတြကို အြန္လိုင္းေပၚသို႔တင္မည္ဟု ၿခိမ္းေျခာက္ေျပာဆိုရာ မ_ _ _ _ က ဒီလိုမျပဳလုပ္ရန္ ေတာင္းဆိုခဲ့ေပမယ့္ သန္႔ဇင္ေဌးမွ လက္မခံပဲ တည္းခိုခန္းသို႔ လာေရာက္ရန္ ေျပာဆိုရာ မ_ _ _ _ က ၊ "နန္းသဇင္"တည္းခိုခန္းရဲ႕ အခန္း အမွတ္ ၂ သို႔ သြားေရာက္ခဲ့ေၾကာင္းသိရပါတယ္။

ထိုသို႔သြားေရာက္စဥ္ အသင့္ေစာင့္ဆိုင္းေနတဲ့ သန္႔ဇင္ေဌး မွ အခန္းအတြင္းသို႔ဆြဲသြင္းၿပီး မ_ _ _ _ အား ပြတ္သပ္ျခင္း ၊ အဝတ္အစားမ်ား ဆြဲခြၽတ္ၿပီး သားမယားအျဖစ္ျပဳက်င့္ရန္ ႀကံစည္ခဲ့ေၾကာင္း သိရပါတယ္။

သားမယားအျဖစ္ျပဳက်င့္ရန္ႀကံစည္သူ သန္႔ဇင္ေဌး (၃၁)ႏွစ္၊ အား ၿမိတ္ၿမိဳ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္းသိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္)
https://www.facebook.com/Myat-Htut-Myeik-222869948053294
-----------------
(Unicode)⤵⤵⤵
မြိတ်တွင် အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူအမျိုးသားတစ်ဦး အရေးယူခံရ

မြိတ်မြို့ရှိ တည်းခိုခန်းတစ်ခုသို့ချိန်းဆိုပြီး သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူအမျိုးသားတစ်ဦးအား နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ရွှေဘုံသာရပ်ကွက်မှာနေထိုင်တဲ့ သန့်ဇင်ဌေး (၃၁)နှစ်၊ ဆိုသူ မြိတ်မြို့သို့ရောက်ရှိနေစဉ် ၎င်းနှင့် အွန်လိုင်းပေါ်မှ ရင်းနှီးကာချစ်ကြိုက်ခဲ့သည့် ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာမှ မ _ _ _ _ အား ဖုန်းဖြင့်ဆက်သွယ်ပြီး ၎င်းဟာ မြိတ်သို့ရောက်ရှိနေကြောင်းပြောရာ မ_ _ _ _ မှလည်း သူမလည်းကုန်ပစ္စည်းဝယ်ယူရန် မြိတ်သို့ရောက်နေကြောင်း ပြန်လည်ဖြေကြားတာကြောင့် သန့်ဇင်ဌေးမှ မြိတ်အဝေးပြေးကားဝင်းသစ်အနီးရှိ "နန်းသဇင်"တည်းခိုခန်းတွင် တွေ့ဆုံရန် ပြောကြားခဲ့ကြောင်းသိရပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မ_ _ _ _မှ ငြင်းဆိုရာ သန့်ဇင်ဌေးမှ မ_ _ _ _၏ဓါတ်ပုံနဲ့တကွ ညစ်ညမ်းတဲ့စာတွေကို အွန်လိုင်းပေါ်သို့တင်မည်ဟု ခြိမ်းခြောက်ပြောဆိုရာ မ_ _ _ _ က ဒီလိုမပြုလုပ်ရန် တောင်းဆိုခဲ့ပေမယ့် သန့်ဇင်ဌေးမှ လက်မခံပဲ တည်းခိုခန်းသို့ လာရောက်ရန် ပြောဆိုရာ မ_ _ _ _ က ၊ "နန်းသဇင်"တည်းခိုခန်းရဲ့ အခန်း အမှတ် ၂ သို့ သွားရောက်ခဲ့ကြောင်းသိရပါတယ်။

ထိုသို့သွားရောက်စဉ် အသင့်စောင့်ဆိုင်းနေတဲ့ သန့်ဇင်ဌေး မှ အခန်းအတွင်းသို့ဆွဲသွင်းပြီး မ_ _ _ _ အား ပွတ်သပ်ခြင်း ၊ အဝတ်အစားများ ဆွဲချွတ်ပြီး သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရပါတယ်။

သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ သန့်ဇင်ဌေး (၃၁)နှစ်၊ အား မြိတ်မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294
ၿမိတ္တြင္ အြန္လိုင္းေပၚမွ ခ်စ္ႀကိဳက္ၿပီး သားမယားအျဖစ္ျပဳက်င့္ရန္ႀကံစည္သူအမ်ိဳးသားတစ္ဦး အေရးယူခံရ ၿမိတ္တြင္ အြန္လိုင္းေပၚမွ ခ်စ္ႀကိဳက္ၿပီး သားမယားအျဖစ္ျပဳက်င့္ရန္ႀကံစည္သူအမ်ိဳးသားတစ္ဦး အေရးယူခံရ Reviewed by THITHTOOLWIN on 16:10 Rating: 5
Powered by Blogger.