ရကၡိတ ျပကၡဒိန္ နယ္လွည့္ေရာင္းသူ ေလးဦးကို ေထာင္ ၂ ႏွစ္စီ ခ်

ဓာတ္ပုံ မူပိုင္ narinjara
(Zawgyi)⤵⤵⤵
ရကၡိတ ျပကၡဒိန္နဲ႔ ရခိုင္လူမ်ိဳးေတြရဲ႕ ေရွးဘုရင္ေတြ ေခတ္က အဝတ္အစားေတြ ဝတ္ၿပီး ႐ိုက္ထားတဲ့ ဓာတ္ပုံေတြကို နယ္လွည့္ လိုက္လံ ေရာင္းသူ ေလးဦးကို ေထာင္ ၂ စီ ခ်မွတ္လိုက္ပါတယ္။

သူတို႔ကို မတရားအသင္း ဆက္သြယ္မႈ နဲ႔ ငပုေတာ ၿမိဳ႕နယ္ တရား႐ုံးက ႏိုဝင္ဘာလ ၁၈ ရက္မွာ ေထာင္ဒဏ္ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

သူတို႔ေရာင္းခ်တဲ့ ျပကၡဒိန္မွာ ရကၡိဳင့္တပ္ေတာ္ ေအေအ တည္ေထာင္တဲ့ေန႔ ပါဝင္ခဲ့လို႔ အဲဒါကို အေျခခံၿပီး တရားစြဲတယ္လို႔ သူတို႔မိသားစုေတြဆီက သိရပါတယ္။

သူတို႔ထုတ္ေဝတဲ့ ျပကၡဒိန္မွာ လြတ္လပ္ေရးေန႔၊ ျပည္ေထာင္စုေန႔ စတဲ့ ေန႔ေတြနဲ႔အတူ ရကၡိဳင့္တပ္ေတာ္ ေအေအေန႔ဆိုၿပီး ပါခဲ့တာလို႔ သိရပါတယ္။

အခု ေထာင္ခ် ခံရသူေတြဟာ ျပကၡဒိန္ေရာင္းခ်သူ ကိုသိန္းေအာင္ျမတ္ အပါအဝင္ ရန္ကုန္ၿမိဳ႕က ကားအငွား လိုက္လာတဲ့ တကၠစီကားေမာင္းသူ ကိုဗိုလ္ဆန္း၊ သူတို႔နဲ႔အတူ လိုက္ပါခဲ့တဲ့ ကိုေကာင္းျမတ္သူ ႏွင့္ ဟိုင္းႀကီးကြၽန္း ႐ြာသစ္႐ြာက ကိုဝင္းဗိုလ္တို႔ ျဖစ္ပါတယ္။

ဧရာဝတီတိုင္း ဟိုင္းႀကီးကြၽန္းမွာ သူတို႔ ျပကၡဒိန္ နယ္လွည့္ေရာင္းေနစဥ္ ဧၿပီလ ၆ ရက္မွာ ရဲက ဖမ္းၿပီး အမႈစြဲတင္ခဲ့ၿပီးေနာက္ အခု ျပစ္ဒဏ္ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

အခုလို ေထာင္ဒဏ္ခ်မွတ္ခဲ့တာနဲ႔ ပတ္သက္လို႔ ျပကၡဒိန္ေရာင္းခ်သူ ကိုသိန္းေအာင္ျမတ္ရဲ႕ ဇနီးက "ဒီလို ေထာင္ခ်တာနဲ႔ ပတ္သက္ၿပီး သူတို႔က သက္ေသခိုင္လုံတယ္လို႔ ေျပာတယ္"၊

"သူတို႔ ျပတဲ့ သက္ေသက သိန္းေအာင္ျမတ္ အေကာင့္မွာ ရခိုင္သတင္းနဲ႔ ပတ္သက္ၿပီးေတာ့ ရခိုင္ဓာတ္ပုံေတြ၊ သတင္းဓာတ္ပုံေတြ သူမ်ားဆီကေန ရွဲၿပီးေတာ့ တင္ထားတာ။ ရွဲၿပီးေတာ့ တင္ထားတဲ့ ပုံေတြကို သူတို႔ ဓာတ္ပုံကူးတယ္။ ဗီဒီယို ဖိုင္ကိုက်ေတာ့ ဗီဒီယိုကူးၿပီး သက္ေသ အျဖစ္တင္တယ္"၊

"ၿပီးေတာ့ မိသားစု စီးပြားေရးအတြက္ ထုတ္တဲ့ ရကၡိတ ျပကၡဒိန္မွာ ရခိုင္သမိုင္းေၾကာင္းနဲ႔ ဆိုင္တဲ့ေန႔ တစ္ေန႔ပါတယ္။ အဲဒီေန႔ကို သူတို႔ကေနၿပီးေတာ့ ေအေအေန႔ဆိုၿပီးေတာ့ သတ္မွတ္တယ္။အဲေတာ့ အခ်က္သုံးခ်က္နဲ႔ ပုဒ္မ ၁၇ (၁) ဆိုၿပီးတာ့ စြဲလိုက္တယ္ေပါ့။ ခိုင္လုံတဲ့ သက္ေသဆိုၿပီးေတာ့ စြဲလိုက္တယ္"၊

"စြဲလိုက္ၿပီးေတာ့ ကြၽန္မတို႔ ေခၚသြားတဲ့ ကားသမားေကာင္ေလး ဗမာလူမ်ိဳး သူက၊ ေရနံေခ်ာင္းက၊ အဲဒီေကာင္ေလးကိုလည္း ပုဒ္မ ၁၇ (၁) နဲ႔ပဲ ၂ ႏွစ္ခ်လိုက္တယ္" လို႔ ေျပာပါတယ္။

သူတို႔နဲ႔အတူ လိုက္ပါလာတဲ့ ကိုေကာင္းျမတ္သူဟာ ဟိုင္းႀကီးကြၽန္းကို မေရာက္ဖူးတဲ့ အတြက္ လိုက္ပါသြားသူ လို႔ သိရၿပီး သူ႔ရဲ႕ဖခင္က ကိုေကာင္းျမတ္သူ ေထာင္ဒဏ္ခ်မွတ္ခံရတာနဲ႔ ပတ္သက္ၿပီး

"ဒီအမႈက ဒီေလာက္ထိ ခ်စရာ ကိစၥလည္း မျမင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔အမႈထဲမွာလည္း ေပၚေပါက္ဖို႔ ကိစၥလည္း မဟုတ္ဘူး ဒါက။ သက္ေသလည္း ထူႏိုင္စရာ အေၾကာင္းလည္း မရွိဘူး" လို႔ ေျပာပါတယ္။

အခုလို ေထာင္ဒဏ္ေတြ ခ်မွတ္ခံရတာနဲ႔ ပတ္သက္ၿပီး အယူခံ ဝင္မယ္ မဝင္ဘူးဆိုတာကေတာ့ ေရွ႕ေနနဲ႔ တိုင္ပင္ေနတယ္လို႔ သူတို႔ မိသားစုေတြက ေျပာပါတယ္။

အခုလို ျပကၡဒိန္ ထုတ္ေဝေရာင္းခ်သူ ကိုသိန္းေအာင္ျမတ္ အဖမ္းခံရတဲ့အတြက္ သူ႔ဇနီးဟာ ကေလးႏွစ္ဦးနဲ႔ အတူ ေနထိုင္ဖို႔ အခက္ခဲျဖစ္ၿပီး ေက်ာက္ေျမာင္းကတိုက္ခန္းကေန ရန္ကုန္ၿမိဳ႕က ဘုန္းေတာ္ႀကီးေက်ာင္း တစ္ေက်ာင္းမွာ ေနထိုင္ေနရတယ္လို႔လည္း သူ႔ဇနီးက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ရက္ခိတ ပြက္ခဒိန် နယ်လှည့်ရောင်းသူ လေးဦးကို ထောင် ၂ နှစ်စီ ချ

ဓာတ်ပုံ မူပိုင် narinjara

ရက္ခိတ ပြက္ခဒိန်နဲ့ ရခိုင်လူမျိုးတွေရဲ့ ရှေးဘုရင်တွေ ခေတ်က အဝတ်အစားတွေ ဝတ်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို နယ်လှည့် လိုက်လံ ရောင်းသူ လေးဦးကို ထောင် ၂ စီ ချမှတ်လိုက်ပါတယ်။

သူတို့ကို မတရားအသင်း ဆက်သွယ်မှု နဲ့ ငပုတော မြို့နယ် တရားရုံးက နိုဝင်ဘာလ ၁၈ ရက်မှာ ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သူတို့ရောင်းချတဲ့ ပြက္ခဒိန်မှာ ရက္ခိုင့်တပ်တော် အေအေ တည်ထောင်တဲ့နေ့ ပါဝင်ခဲ့လို့ အဲဒါကို အခြေခံပြီး တရားစွဲတယ်လို့ သူတို့မိသားစုတွေဆီက သိရပါတယ်။

သူတို့ထုတ်ဝေတဲ့ ပြက္ခဒိန်မှာ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ စတဲ့ နေ့တွေနဲ့အတူ ရက္ခိုင့်တပ်တော် အေအေနေ့ဆိုပြီး ပါခဲ့တာလို့ သိရပါတယ်။

အခု ထောင်ချ ခံရသူတွေဟာ ပြက္ခဒိန်ရောင်းချသူ ကိုသိန်းအောင်မြတ် အပါအဝင် ရန်ကုန်မြို့က ကားအငှား လိုက်လာတဲ့ တက္ကစီကားမောင်းသူ ကိုဗိုလ်ဆန်း၊ သူတို့နဲ့အတူ လိုက်ပါခဲ့တဲ့ ကိုကောင်းမြတ်သူ နှင့် ဟိုင်းကြီးကျွန်း ရွာသစ်ရွာက ကိုဝင်းဗိုလ်တို့ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမှာ သူတို့ ပြက္ခဒိန် နယ်လှည့်ရောင်းနေစဉ် ဧပြီလ ၆ ရက်မှာ ရဲက ဖမ်းပြီး အမှုစွဲတင်ခဲ့ပြီးနောက် အခု ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ထောင်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ ပြက္ခဒိန်ရောင်းချသူ ကိုသိန်းအောင်မြတ်ရဲ့ ဇနီးက "ဒီလို ထောင်ချတာနဲ့ ပတ်သက်ပြီး သူတို့က သက်သေခိုင်လုံတယ်လို့ ပြောတယ်"၊

"သူတို့ ပြတဲ့ သက်သေက သိန်းအောင်မြတ် အကောင့်မှာ ရခိုင်သတင်းနဲ့ ပတ်သက်ပြီးတော့ ရခိုင်ဓာတ်ပုံတွေ၊ သတင်းဓာတ်ပုံတွေ သူများဆီကနေ ရှဲပြီးတော့ တင်ထားတာ။ ရှဲပြီးတော့ တင်ထားတဲ့ ပုံတွေကို သူတို့ ဓာတ်ပုံကူးတယ်။ ဗီဒီယို ဖိုင်ကိုကျတော့ ဗီဒီယိုကူးပြီး သက်သေ အဖြစ်တင်တယ်"၊

"ပြီးတော့ မိသားစု စီးပွားရေးအတွက် ထုတ်တဲ့ ရက္ခိတ ပြက္ခဒိန်မှာ ရခိုင်သမိုင်းကြောင်းနဲ့ ဆိုင်တဲ့နေ့ တစ်နေ့ပါတယ်။ အဲဒီနေ့ကို သူတို့ကနေပြီးတော့ အေအေနေ့ဆိုပြီးတော့ သတ်မှတ်တယ်။အဲတော့ အချက်သုံးချက်နဲ့ ပုဒ်မ ၁၇ (၁) ဆိုပြီးတာ့ စွဲလိုက်တယ်ပေါ့။ ခိုင်လုံတဲ့ သက်သေဆိုပြီးတော့ စွဲလိုက်တယ်"၊

"စွဲလိုက်ပြီးတော့ ကျွန်မတို့ ခေါ်သွားတဲ့ ကားသမားကောင်လေး ဗမာလူမျိုး သူက၊ ရေနံချောင်းက၊ အဲဒီကောင်လေးကိုလည်း ပုဒ်မ ၁၇ (၁) နဲ့ပဲ ၂ နှစ်ချလိုက်တယ်" လို့ ပြောပါတယ်။

သူတို့နဲ့အတူ လိုက်ပါလာတဲ့ ကိုကောင်းမြတ်သူဟာ ဟိုင်းကြီးကျွန်းကို မရောက်ဖူးတဲ့ အတွက် လိုက်ပါသွားသူ လို့ သိရပြီး သူ့ရဲ့ဖခင်က ကိုကောင်းမြတ်သူ ထောင်ဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး

"ဒီအမှုက ဒီလောက်ထိ ချစရာ ကိစ္စလည်း မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အမှုထဲမှာလည်း ပေါ်ပေါက်ဖို့ ကိစ္စလည်း မဟုတ်ဘူး ဒါက။ သက်သေလည်း ထူနိုင်စရာ အကြောင်းလည်း မရှိဘူး" လို့ ပြောပါတယ်။

အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး အယူခံ ဝင်မယ် မဝင်ဘူးဆိုတာကတော့ ရှေ့နေနဲ့ တိုင်ပင်နေတယ်လို့ သူတို့ မိသားစုတွေက ပြောပါတယ်။

အခုလို ပြက္ခဒိန် ထုတ်ဝေရောင်းချသူ ကိုသိန်းအောင်မြတ် အဖမ်းခံရတဲ့အတွက် သူ့ဇနီးဟာ ကလေးနှစ်ဦးနဲ့ အတူ နေထိုင်ဖို့ အခက်ခဲဖြစ်ပြီး ကျောက်မြောင်းကတိုက်ခန်းကနေ ရန်ကုန်မြို့က ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ နေထိုင်နေရတယ်လို့လည်း သူ့ဇနီးက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ရကၡိတ ျပကၡဒိန္ နယ္လွည့္ေရာင္းသူ ေလးဦးကို ေထာင္ ၂ ႏွစ္စီ ခ် ရကၡိတ ျပကၡဒိန္ နယ္လွည့္ေရာင္းသူ ေလးဦးကို ေထာင္ ၂ ႏွစ္စီ ခ် Reviewed by THITHTOOLWIN on 02:56 Rating: 5
Powered by Blogger.