PNO ဖိတ္ၾကားခ်က္ အရ ေဒၚေအာင္ဆန္းစုၾကည္ ေတာင္ႀကီး ေက်ာက္တလံုးဘုရားထီးတင္ပြဲတက္ေရာက္

(Zawgyi)⤵⤵⤵
“ အဓိက က က်မ ဘုရားထီးတင္တဲ့ ကိစၥနဲ႔ လာတာပါ” ဟု ယမန္ေန့က ျပဳလုပ္ေသာ ေတာင္ႀကီးၿမိဳ႕ လူထု ေတြ႔ဆံုပြဲ တြင္ႏုိင္ငံေတာ္ အတုိင္ပင္ခံ ေဒၚေအာင္ဆန္း စုၾကည္ က ေျပာၾကားခဲ့သည္။

ႏုိင္ငံေတာ္ အတုိင္ပင္ခံ ေဒၚေအာင္ဆန္း စုၾကည္ သည္ ပအုိဝ္း အမ်ိဳးသားအဖြဲ႔ခ်ဳပ္ ( PNO) ဖိတ္ၾကားခ်က္ အရ ယေန႔ နုိ၀င္ဘာလ ၂၀ ရက္ မနက္ ပိုင္း က ေတာင္ႀကီးၿမိဳ႕ ေက်ာက္တလံုးႀကီး ေက်းရြာ တြင္ ဘုရား ထီးေတာ္တင္ပြဲ ႏွင့္ သံဃာ ၅၂၈ ပါး ဆြမ္းေလာင္း ပြဲကို တက္ေရာက္ရန္ ေရာက္ရွိလာျခင္းသာျဖစ္ေၾကာင္းသိရသည္။

ယေန့ ေန႔လည္ပိုင္းတြင္လည္း PNO ဥကၠဌ ဦးေအာင္ခမ္းထီးႏွင့္ ေန႔လည္စာ အတူ စားသံုးရန္ ရွိသည္ ဟု သိရသည္။

ေက်ာက္တလုံးေက်းရြာ ဘုရားထီးတင္သြားရန္ အတြက္ ေနျပည္ေတာ္မွေရာက္ရွိလာေသာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္သည္ နိုဝင္ဘာ ၁၉ ရက္က ေတာင္ႀကီးၿမိဳ႕တြင္ ေခတၱရပ္နားကာ ၂ နာရီခန႔္အၾကာ လူထုႏွင့္ ေတြ႕ဆုံပြဲလုပ္ရျခင္းျဖစ္ေၾကာင္း ေျပာသည္။

ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ျပဳလုပ္ေသာ လူထု ေတြ႕ဆုံပြဲတြင္ လာေရာက္ေတြ႕ဆုံသည့္ ရပ္မိရပ္ဖ နည္းေၾကာင္း၊ ပြဲတက္ေရာက္မည့္သူကို သက္ဆိုင္ရာမွ ေရြးခ်ယ္ဖိတ္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က ယမန္ေန႔က ေထာက္ျပေျပာဆိုလိုက္သည္။

“ က်မ ေဒသခံေတြနဲ႔ ေတြ႔ခ်င္လို႔ လူထု ေတြ႔ဆံုပြဲလုပ္တာပါ။ ျပည္သူေတြကို ဘယ္လုိ ေရြးထားလဲ ေမးခ်င္တယ္” ဟုလည္း ေဒၚေအာင္ဆန္းစုၾကည္ က ေမးခြန္းထုတ္လုိက္သည္။

ထို ေတြ႔ဆံုပြဲတြင္ လူထုက မိမိေမးလုိသည့္ ေမးခြန္းကို ႀကိဳတင္ ေပးထားရၿပီး၊ ထုိအနက္မွ (တက္ေရာက္သူမ်ားအနက္မွ) လူ ၁၀ ဦးအတြက္သာ မဲႏိႈက္ကာ ရရွိလာသည့္ ေမးခြန္း ၂၀ ခုကုိသာ သွ်မ္းျပည္ ဌာနဆုိင္ရာ ဝန္ႀကီး အသီးသီးက ျပန္လည္ေျဖၾကားေပးခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ျပည္သူလူထုေတြ႔ဆံုပြဲတြင္ သိလုိသည့္ ေမးခြန္းမ်ား ေမးျမန္းရန္ အတြက္ ႀကိဳတင္ မဲ ၁၀ ခုတြင္ အမ်ားစုသည္ ေတာင္ႀကီးၿမိဳ႕ေရေျမာင္း ပိတ္ဆို႔ကာ ေရႀကီး ေရလွ်ံမႈျဖစ္ပြားျခင္း ကိစၥ၊ မီးရရွိေရးကိစၥတုိ့သာ ျဖစ္ေၾကာင္းေတြ႔ရသည္။

တက္ေရာက္လာသည့္ လူထု ၏ေမးခြန္းအမ်ားစုမွာ ေျမယာ ကိစၥႏွင့္ ဌာနဆုိင္ရာ ကိစၥမ်ား လည္းျဖစ္ေနေၾကာင္း ေတြ႔ရသည္။

လူထုေတြ႔ဆံုပြဲကို ေတာင္ႀကီးခ႐ုိင္ အတြင္းရွိ ၿမိဳ႕နယ္ ၅ ၿမိဳ႕နယ္ မွ ျပည္သူလူထု ၃၅၀ ဦး၊ တက္ေရာက္ခဲ့ၿပီး အရပ္ဖက္ လူမႈ အဖြဲ႔အစည္းမ်ား တက္ေရာက္ျခင္းမရွိခဲ့ေပ။

“ ဒါက သူတုိ႔လူေတြပဲ ေခၚတာ။လက္တုိ႔ေခၚတဲ့သေဘာပဲ။ ေမးတဲ့ ေမးခြန္းေတြလည္း သူတို႔ျပင္ထားတဲ့ ေမးခြန္းေတြပဲ” ဟု လူထုေတြ႔ဆံုပြဲ ကို တက္ေရာက္ နားေထာင္သည့္ အမ်ိဳးသမီး တဦးက ေျပာသည္။

ထူးျခားခ်က္မွာ ေညာင္ေရႊ ေဟာ္နန္းရရွိရန္ အတြက္ ႀကိဳးစားေနသည့္ ျမန္မာႏုိင္ငံေတာ္ သမၼတေဟာင္း ေညာင္ေရႊေစာ္ဘြားၾကီး စဝ္ေရႊသုိက္၏သမီး ျဖစ္သူ စဝ္ေဟမာန္သိုက္လည္း ေဒၚေအာင္ဆန္းစုၾကည္ကိုေတြ႔ဆံုရန္ အတြက္ လူထု ေတြ႔ဆံုပြဲသုိ့ တက္ေရာက္လာ ျခင္းျဖစ္သည္။

“ က်မကို ဖိတ္ၾကားတာေတာ့မရွိဘူး။ က်မ ဘာသာ က်မ တက္လာတာပါ” ဟု စဝ္ေဟမာန္သိုက္ ကေျပာသည္။

သုိ့ေသာ္ တက္ေရာက္ခြင့္သာရျပီး ေမးျမန္းခြင့္ေတာ့မရခဲ့ေပ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
----------------
(Unicode)⤵⤵⤵
PNO ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည် တောင်ကြီး ကျောက်တလုံးဘုရားထီးတင်ပွဲတက်ရောက်

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
နိုဝင်ဘာလ ၂၀ ရက် ၂၀၁၉

“ အဓိက က ကျမ ဘုရားထီးတင်တဲ့ ကိစ္စနဲ့ လာတာပါ” ဟု ယမန်နေ့က ပြုလုပ်သော တောင်ကြီးမြို့ လူထု တွေ့ဆုံပွဲ တွင်နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် က ပြောကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် သည် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် ( PNO) ဖိတ်ကြားချက် အရ ယနေ့ နိုဝင်ဘာလ ၂၀ ရက် မနက် ပိုင်း က တောင်ကြီးမြို့ ကျောက်တလုံးကြီး ကျေးရွာ တွင် ဘုရား ထီးတော်တင်ပွဲ နှင့် သံဃာ ၅၂၈ ပါး ဆွမ်းလောင်း ပွဲကို တက်ရောက်ရန် ရောက်ရှိလာခြင်းသာဖြစ်ကြောင်းသိရသည်။

ယနေ့ နေ့လည်ပိုင်းတွင်လည်း PNO ဥက္ကဌ ဦးအောင်ခမ်းထီးနှင့် နေ့လည်စာ အတူ စားသုံးရန် ရှိသည် ဟု သိရသည်။

ကျောက်တလုံးကျေးရွာ ဘုရားထီးတင်သွားရန် အတွက် နေပြည်တော်မှရောက်ရှိလာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာ ၁၉ ရက်က တောင်ကြီးမြို့တွင် ခေတ္တရပ်နားကာ ၂ နာရီခန့်အကြာ လူထုနှင့် တွေ့ဆုံပွဲလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။

တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ပြုလုပ်သော လူထု တွေ့ဆုံပွဲတွင် လာရောက်တွေ့ဆုံသည့် ရပ်မိရပ်ဖ နည်းကြောင်း၊ ပွဲတက်ရောက်မည့်သူကို သက်ဆိုင်ရာမှ ရွေးချယ်ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ယမန်နေ့က ထောက်ပြပြောဆိုလိုက်သည်။

“ ကျမ ဒေသခံတွေနဲ့ တွေ့ချင်လို့ လူထု တွေ့ဆုံပွဲလုပ်တာပါ။ ပြည်သူတွေကို ဘယ်လို ရွေးထားလဲ မေးချင်တယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က မေးခွန်းထုတ်လိုက်သည်။

ထို တွေ့ဆုံပွဲတွင် လူထုက မိမိမေးလိုသည့် မေးခွန်းကို ကြိုတင် ပေးထားရပြီး၊ ထိုအနက်မှ (တက်ရောက်သူများအနက်မှ) လူ ၁၀ ဦးအတွက်သာ မဲနှိုက်ကာ ရရှိလာသည့် မေးခွန်း ၂၀ ခုကိုသာ သျှမ်းပြည် ဌာနဆိုင်ရာ ဝန်ကြီး အသီးသီးက ပြန်လည်ဖြေကြားပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူလူထုတွေ့ဆုံပွဲတွင် သိလိုသည့် မေးခွန်းများ မေးမြန်းရန် အတွက် ကြိုတင် မဲ ၁၀ ခုတွင် အများစုသည် တောင်ကြီးမြို့ရေမြောင်း ပိတ်ဆို့ကာ ရေကြီး ရေလျှံမှုဖြစ်ပွားခြင်း ကိစ္စ၊ မီးရရှိရေးကိစ္စတို့သာ ဖြစ်ကြောင်းတွေ့ရသည်။

တက်ရောက်လာသည့် လူထု ၏မေးခွန်းအများစုမှာ မြေယာ ကိစ္စနှင့် ဌာနဆိုင်ရာ ကိစ္စများ လည်းဖြစ်နေကြောင်း တွေ့ရသည်။

လူထုတွေ့ဆုံပွဲကို တောင်ကြီးခရိုင် အတွင်းရှိ မြို့နယ် ၅ မြို့နယ် မှ ပြည်သူလူထု ၃၅၀ ဦး၊ တက်ရောက်ခဲ့ပြီး အရပ်ဖက် လူမှု အဖွဲ့အစည်းများ တက်ရောက်ခြင်းမရှိခဲ့ပေ။

“ ဒါက သူတို့လူတွေပဲ ခေါ်တာ။လက်တို့ခေါ်တဲ့သဘောပဲ။ မေးတဲ့ မေးခွန်းတွေလည်း သူတို့ပြင်ထားတဲ့ မေးခွန်းတွေပဲ” ဟု လူထုတွေ့ဆုံပွဲ ကို တက်ရောက် နားထောင်သည့် အမျိုးသမီး တဦးက ပြောသည်။

ထူးခြားချက်မှာ ညောင်ရွှေ ဟော်နန်းရရှိရန် အတွက် ကြိုးစားနေသည့် မြန်မာနိုင်ငံတော် သမ္မတဟောင်း ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၏သမီး ဖြစ်သူ စဝ်ဟေမာန်သိုက်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံရန် အတွက် လူထု တွေ့ဆုံပွဲသို့ တက်ရောက်လာ ခြင်းဖြစ်သည်။

“ ကျမကို ဖိတ်ကြားတာတော့မရှိဘူး။ ကျမ ဘာသာ ကျမ တက်လာတာပါ” ဟု စဝ်ဟေမာန်သိုက် ကပြောသည်။

သို့သော် တက်ရောက်ခွင့်သာရပြီး မေးမြန်းခွင့်တော့မရခဲ့ပေ။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
PNO ဖိတ္ၾကားခ်က္ အရ ေဒၚေအာင္ဆန္းစုၾကည္ ေတာင္ႀကီး ေက်ာက္တလံုးဘုရားထီးတင္ပြဲတက္ေရာက္ PNO ဖိတ္ၾကားခ်က္ အရ ေဒၚေအာင္ဆန္းစုၾကည္ ေတာင္ႀကီး ေက်ာက္တလံုးဘုရားထီးတင္ပြဲတက္ေရာက္ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.