မုိင္းကုိင္တြင္ ကုမၸဏီသစ္ ေက်ာက္မီးေသြး တူးေဖာ္ရန္ ႀကိဳးစားေန

(Zawgyi)⤵⤵⤵
ႏုိဝင္ဘာ ၂၀၊၂၀၁၉
သွ်မ္းျပည္ ေတာင္ပိုင္း မုိင္းကုိင္ၿမိဳ႕နယ္ အတြင္း ကုမၸဏီ အသစ္ ေက်ာက္မီးေသြးတူးေဖာ္ရန္ ႀကိဳးစားေနသည့္ အေပၚ ေဒသခံျပည္သူမ်ား ကန္႔ကြက္လုိက္သည္။

မိုင္းကိုင္ၿမိဳ႕နယ္ အတြင္း ယခင္တြင္လည္း ေက်ာက္မီးေသြး တူးေဖာ္ျပဳလုပ္ခဲ့သည့္ ကုမၸဏီမ်ားကို ေဒသခံမ်ားက ဆႏၵျပၿပီး ရပ္ဆုိင္းခဲ့သည္။

သုိ႔ေသာ္လည္း လက္ရွိမွာ “ ေရႊေျမေတာင္ႀကီး” ဆုိသည့္ ကုမၸဏီ အသစ္က ေက်ာက္မီးေသြး စမ္းသပ္တူးေဖာ္ရန္ ယခင္ ဝမ့္ယတ္အုပ္စု ခမ္းနားေက်းရြာ ဘက္တြင္ ႀကိဳးစားေနေၾကာင္း သိရသည္။

“ ေရႊေျမေတာင္ႀကီး” ကုမၸဏီ သည္ အစမ္းသပ္ တူးေဖာ္ရန္ ကန္႔ကြက္လိုပါက ဒီဇင္ဘာ ၉ ရက္ထိသာ လက္ခံေၾကာင္းလည္း ေၾကညာခ်က္ ထုတ္ထားသည္။

ထို႔ေၾကာင့္ ယမန္ေန႔ (ႏုိဝင္ဘာ ၁၉ ) ရက္တြင္ လြိဳင္လုင္ေက်ာင္း ပရိယတၱိ စာသင္တုိက္ တြင္ သံဃာေတာ္မ်ား၊ဌာနဆိုင္ရာ အဖြဲ႔အစည္းမ်ားႏွင့္ ေဒသခံ ျပည္သူမ်ားေတြ႔ဆံုမႈ ျပဳလုပ္ခဲ့ေၾကာင္း မုိင္းကိုင္ ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္(၂) ဦးစိုင္းလံု က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ မေန႔က သံဃာေတာ္နဲ႔ ျပည္သူေတြ အသံ နားေထာင္ ရေအာင္ ဆုိၿပီး မိုင္းကိုင္ ေျမစာရင္း႐ံုးကလူေတြေခၚသြားတယ္။ ေဒသခံေတြ ကန္႔ကြက္တာ သိသြားေအာင္ပါ။ ကုမၸဏီသစ္ကို ကန္႔ကြက္ဖုိ႔ စာသီးသန္႔ တင္ရမလားလုိ႔ ေမးေတာ့ သူတို႔က မတင္လည္း ရတယ္လို႔ ေျပာပါတယ္” ဟု ဦးစိုင္းလံု က ေျပာျပသည္။

လက္ရွိ လာေရာက္တူးေဖာ္မည့္ ကုမၸဏီသစ္သည္ မည္သူပိုင္ဆုိင္သည့္ ကုမၸဏီ မသိရွိေသးေၾကာင္း၊ တူးေဖာ္မည့္ေနရာ အတိအက်လည္း မသိရွိရေသးေၾကာင္း ဦးစိုင္းလံု က ေျပာသည္။

“ က်ေနာ္တို႔ က ရွင္းရွင္းလင္းလင္း သိခ်င္တယ္။ ျပည္သူေတြနဲ႔ မေတြ႔ဘဲ အေပၚကေန လုပ္ခ်င္တာလုပ္ေနတဲ့သေဘာပဲ။ ပိုင္ရွင္နာမည္လည္း မသိရေသးဘူး။ ေထြအုပ္ကို ေမးလည္း မသိ။ ေျမစာရင္းလည္း ဒါကို မသိဘူးျဖစ္ေနတယ္” ဟု ဦးစိုင္းလံု က ထပ္ေလာင္းျဖည့္စြတ္ေျပာသည္။

ယမန္ေန႔တြင္ ေက်ာက္မီးေသြး စမ္းသပ္မႈ ျပဳလုပ္ရန္ ႀကိဳးစားေနသည့္ “ ေရႊေျမ ေတာင္ႀကီး ” ကုမၸဏီ ကိစၥ ့အစည္းအေဝး ပြဲတြင္ ျပည္သူ ၁၂၀ ေက်ာ္ တက္ေရာက္ၿပီး ကန္႔ကြက္ေၾကာင္း သေဘာထားထုတ္ျပန္ခဲ့သည္ ဟု မုိင္းကိုင္ လြိဳင္လုင္ေက်ာင္း ပရိယတၱိ စာသင္တုိက္ ဆရာေတာ္ ဦးေဆာေတယ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ က်ေနာ္တုိ႔ အသစ္လာတူးတဲ့ ကုမၸဏီ ေတာ့သိတယ္။ ဘယ္သူဘယ္ဝါ ဆိုတာေတာ့မသိဘူး။ လုပ္ကြက္ေတာ့မ်ားတယ္။အရင္ ေက်ာက္မီးေသြး တူးေဖာ္တဲ့ေနရာနားမွာပါပဲ” ဟု ဦးေဆာေတယ က ဆုိသည္။

ေက်ာက္မီးေသြး တူးေဖာ္မည့္ ကုမၸဏီ ကို ကန္႔ကြက္သည့္ စာကို သက္ဆုိင္ရာသို႔ ပို႔သြားမည္ ဟုလည္း ဦးေဆာေတယ က ထပ္ေလာင္းေျပာသည္။

ေက်ာက္မီးေသြး စမ္းသပ္ တူးေဖာ္မည့္ “ ေရႊေျမ ေတာင္ႀကီး” ကုမၸဏီသည္ ယခင္ကုမၸဏီ ႏွင့္ ပတ္သက္မႈမရွိေၾကာင္း သိရသည္။

ယခင္ႏွစ္ တြင္ မုိင္းကိုင္ၿမိဳ႕နယ္ အတြင္းရွိ ထင္း႐ွဴးေတာ ဧက ၁၀၀၀ ခန္႔ အက်ယ္ တြင္ ျပည့္ေအာင္ဟိန္း ႏွင့္ ဟိန္းေမတၱာကုမၸဏီက ေက်ာက္မီးေသြးတူးေဖာ္မႈ ျပဳလုပ္ကာ ေဒသခံမ်ား ကန္႔ကြက္ဆႏၵျပခဲ့သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------
(Unicode)⤵⤵⤵
မိုင်းကိုင်တွင် ကုမ္ပဏီသစ် ကျောက်မီးသွေး တူးဖော်ရန် ကြိုးစားနေ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

နိုဝင်ဘာ ၂၀၊၂၀၁၉
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း ကုမ္ပဏီ အသစ် ကျောက်မီးသွေးတူးဖော်ရန် ကြိုးစားနေသည့် အပေါ် ဒေသခံပြည်သူများ ကန့်ကွက်လိုက်သည်။

မိုင်းကိုင်မြို့နယ် အတွင်း ယခင်တွင်လည်း ကျောက်မီးသွေး တူးဖော်ပြုလုပ်ခဲ့သည့် ကုမ္ပဏီများကို ဒေသခံများက ဆန္ဒပြပြီး ရပ်ဆိုင်းခဲ့သည်။

သို့သော်လည်း လက်ရှိမှာ “ ရွှေမြေတောင်ကြီး” ဆိုသည့် ကုမ္ပဏီ အသစ်က ကျောက်မီးသွေး စမ်းသပ်တူးဖော်ရန် ယခင် ဝမ့်ယတ်အုပ်စု ခမ်းနားကျေးရွာ ဘက်တွင် ကြိုးစားနေကြောင်း သိရသည်။

“ ရွှေမြေတောင်ကြီး” ကုမ္ပဏီ သည် အစမ်းသပ် တူးဖော်ရန် ကန့်ကွက်လိုပါက ဒီဇင်ဘာ ၉ ရက်ထိသာ လက်ခံကြောင်းလည်း ကြေညာချက် ထုတ်ထားသည်။

ထို့ကြောင့် ယမန်နေ့ (နိုဝင်ဘာ ၁၉ ) ရက်တွင် လွိုင်လုင်ကျောင်း ပရိယတ္တိ စာသင်တိုက် တွင် သံဃာတော်များ၊ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ဒေသခံ ပြည်သူများတွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း မိုင်းကိုင် မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးစိုင်းလုံ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မနေ့က သံဃာတော်နဲ့ ပြည်သူတွေ အသံ နားထောင် ရအောင် ဆိုပြီး မိုင်းကိုင် မြေစာရင်းရုံးကလူတွေခေါ်သွားတယ်။ ဒေသခံတွေ ကန့်ကွက်တာ သိသွားအောင်ပါ။ ကုမ္ပဏီသစ်ကို ကန့်ကွက်ဖို့ စာသီးသန့် တင်ရမလားလို့ မေးတော့ သူတို့က မတင်လည်း ရတယ်လို့ ပြောပါတယ်” ဟု ဦးစိုင်းလုံ က ပြောပြသည်။

လက်ရှိ လာရောက်တူးဖော်မည့် ကုမ္ပဏီသစ်သည် မည်သူပိုင်ဆိုင်သည့် ကုမ္ပဏီ မသိရှိသေးကြောင်း၊ တူးဖော်မည့်နေရာ အတိအကျလည်း မသိရှိရသေးကြောင်း ဦးစိုင်းလုံ က ပြောသည်။

“ ကျနော်တို့ က ရှင်းရှင်းလင်းလင်း သိချင်တယ်။ ပြည်သူတွေနဲ့ မတွေ့ဘဲ အပေါ်ကနေ လုပ်ချင်တာလုပ်နေတဲ့သဘောပဲ။ ပိုင်ရှင်နာမည်လည်း မသိရသေးဘူး။ ထွေအုပ်ကို မေးလည်း မသိ။ မြေစာရင်းလည်း ဒါကို မသိဘူးဖြစ်နေတယ်” ဟု ဦးစိုင်းလုံ က ထပ်လောင်းဖြည့်စွတ်ပြောသည်။

ယမန်နေ့တွင် ကျောက်မီးသွေး စမ်းသပ်မှု ပြုလုပ်ရန် ကြိုးစားနေသည့် “ ရွှေမြေ တောင်ကြီး ” ကုမ္ပဏီ ကိစ္စ့အစည်းအဝေး ပွဲတွင် ပြည်သူ ၁၂၀ ကျော် တက်ရောက်ပြီး ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည် ဟု မိုင်းကိုင် လွိုင်လုင်ကျောင်း ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးဆောတေယ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျနော်တို့ အသစ်လာတူးတဲ့ ကုမ္ပဏီ တော့သိတယ်။ ဘယ်သူဘယ်ဝါ ဆိုတာတော့မသိဘူး။ လုပ်ကွက်တော့များတယ်။အရင် ကျောက်မီးသွေး တူးဖော်တဲ့နေရာနားမှာပါပဲ” ဟု ဦးဆောတေယ က ဆိုသည်။

ကျောက်မီးသွေး တူးဖော်မည့် ကုမ္ပဏီ ကို ကန့်ကွက်သည့် စာကို သက်ဆိုင်ရာသို့ ပို့သွားမည် ဟုလည်း ဦးဆောတေယ က ထပ်လောင်းပြောသည်။

ကျောက်မီးသွေး စမ်းသပ် တူးဖော်မည့် “ ရွှေမြေ တောင်ကြီး” ကုမ္ပဏီသည် ယခင်ကုမ္ပဏီ နှင့် ပတ်သက်မှုမရှိကြောင်း သိရသည်။

ယခင်နှစ် တွင် မိုင်းကိုင်မြို့နယ် အတွင်းရှိ ထင်းရှူးတော ဧက ၁၀၀၀ ခန့် အကျယ် တွင် ပြည့်အောင်ဟိန်း နှင့် ဟိန်းမေတ္တာကုမ္ပဏီက ကျောက်မီးသွေးတူးဖော်မှု ပြုလုပ်ကာ ဒေသခံများ ကန့်ကွက်ဆန္ဒပြခဲ့သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
မုိင္းကုိင္တြင္ ကုမၸဏီသစ္ ေက်ာက္မီးေသြး တူးေဖာ္ရန္ ႀကိဳးစားေန မုိင္းကုိင္တြင္ ကုမၸဏီသစ္ ေက်ာက္မီးေသြး တူးေဖာ္ရန္ ႀကိဳးစားေန Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.