သမၼတထရမ့္ပ္ကို တရားစြဲဆိုေရး အဂၤါေန႔လႊတ္ေတာ္ၾကားနာပြဲ အမ်ဳိးသားလံုျခံဳေရး ကၽြမ္းက်င္သူႏွစ္ဦး ထြက္ဆို

ဒုတိယသမၼတ Mike Pence ရဲ႕ ႏုိင္ငံျခားေရးရာ အၾကံေပး Jennifer Williams နဲ႔ ဒုတိယဗိုလ္မွဴးႀကီး Vindman

(Zawgyi/Unicode)

ယူကရိန္းသမၼတ Volodymyr Zelenskiy နဲ႔ ဇူလိုင္လ ၂၅ ရက္ေန႔တုန္းက ဖုန္းဆက္ ေဆြးေႏြး မႈအတြင္း အေမရိကန္သမၼတ Donald Trump က သူ႔ရဲ႕ ႏုိင္ငံေရးအက်ိဳးစီးပြားအတြက္ စံုစမ္းစစ္ေဆးမႈတခုလုပ္ဖို႔ တိုက္တြန္းခဲ့တဲ့အေပၚ စိုးရိမ္ခဲ့ရသလို စိတ္ေသာကလည္း ေရာက္ခဲ့ရ တယ္လို႔ အေမရိကန္ အမ်ဳိးသားလံုျခံဳေရးဆိုင္ရာ ကြ်မ္းက်င္သူႏွစ္ဦးက သမၼတကို တရားစြဲဆိုေရး လႊတ္ေတာ္ရဲ႕ စံုစမ္းမႈအျဖစ္ လုပ္ေဆာင္ေနတဲ့ အဂၤါေန႔ လႊတ္ေတာ္ ၾကားနာမႈမွာ ေျပာဆိုသြားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ ဒီမိုကရက္ၿပိဳင္ဘက္ေတြထဲက အဓိက ၿပိဳင္ဘက္တဦးျဖစ္တဲ႔ ဒုတိယသမၼတေဟာင္း Joe Biden နဲ႔ သားျဖစ္သူ စီးပြားေရးလုပ္ငန္းရွင္ Hunter Biden တို႔ကို စံုစမ္းေရး ကူညီေပးဖို႔ ယူကရိန္းေခါင္းေဆာင္ Zelenskiy ကို သမၼတ Trump က ေျပာဆိုခဲ႔တယ္ဆိုတာကို ၾကည္းတပ္ ဒုတိယဗိုလ္မွဴးႀကီး Alexander Vindman က နားေထာင္ခဲ႔ရတာပါ။

သူက သမၼတအိမ္ျဖဴေတာ္ရဲ႕ အမ်ဳိးသားလံုျခံဳေရးေကာင္စီက ယူကရိန္းအေရးကြ်မ္းက်င္သူ ျဖစ္ပါတယ္။ “သင့္ေလ်ာ္မႈမရွိတာေတြ” “မွန္ကန္မႈမရွိတာေတြ” ကို သူၾကားသိခဲ့ရတယ္လို႔ ဒုတိယဗိုလ္မွဴးႀကီး Vindman က အဂၤါေန႔မွာ ေျပာဆိုပါတယ္။

သမၼတ Trump ဘက္ကေတာ့ သူ႔ရဲ႕ဖုန္းဆက္ေဆြးေႏြးမႈက အျပစ္အနာအဆာမရွိဘူးလို႔ ခုခံ ေျပာဆိုထားတာပါ။

သမၼတ Trump နဲ႔ ယူကရိန္းသမၼတၾကား ဖုန္းဆက္ ေျပာဆိုမႈကို နားေထာင္ခဲ့ရသူ ေနာက္တဦးကေတာ့ ဒုတိယသမၼတ Mike Pence ရဲ႕ ႏုိင္ငံျခားေရးရာ အၾကံေပး Jennifer Williams ျဖစ္ၿပီး Biden ကို စံုစမ္းေပးေရး တိုက္တြန္းခ်က္ဟာဆိုရင္ ျပည္တြင္းႏုိင္ငံေရး အခ်င္းအရာေတြ ပါ၀င္ေနတာေၾကာင့္ သမား႐ိုးက်မဟုတ္ဘဲ ထူးျခားေနတယ္လို႔ လႊတ္ေတာ္ ၾကားနာမႈမွာ ထြက္ဆိုခဲ႔ပါတယ္။

၂၀၁၆ ခုႏွစ္ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ ယူကရိန္းဘက္က ၾကား၀င္ေႏွာင့္ယွက္ခဲ့ သလား၊ ေနာက္ ဒုတိယသမၼတေဟာင္း Biden နဲ႔ သားျဖစ္သူတို႔ကို စံုစမ္းေရး ယူကရိန္း သမၼတဘက္က အတိအလင္း ကတိမေပးရင္ ယူကရိန္းကိုေပးမယ့္ ေဒၚလာ ၃၉၁ သန္း စစ္ေရး အေထာက္အကူကို သမၼတ Trump က ဆိုင္းငံ့ခဲ့သလားဆိုတာကို အဓိကထားၿပီး သမၼတကို တရားစြဲဆိုေရး စံုစမ္းေနတာျဖစ္ပါတယ္။

................

သမ္မတထရမ့်ပ်ကို တရားစွဲဆိုရေး အင်္ဂါနေ့လွှတ်တော်ကြားနာပွဲ အမျိုးသားလုံခြုံရေး ကျွမ်းကျင်သူနှစ်ဦး ထွက်ဆို

(Unicode)

ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ ဇူလိုင်လ ၂၅ ရက်နေ့တုန်းက ဖုန်းဆက် ဆွေးနွေး မှုအတွင်း အမေရိကန်သမ္မတ Donald Trump က သူ့ရဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် စုံစမ်းစစ်ဆေးမှုတခုလုပ်ဖို့ တိုက်တွန်းခဲ့တဲ့အပေါ် စိုးရိမ်ခဲ့ရသလို စိတ်သောကလည်း ရောက်ခဲ့ရ တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူနှစ်ဦးက သမ္မတကို တရားစွဲဆိုရေး လွှတ်တော်ရဲ့ စုံစမ်းမှုအဖြစ် လုပ်ဆောင်နေတဲ့ အင်္ဂါနေ့ လွှတ်တော် ကြားနာမှုမှာ ပြောဆိုသွားပါတယ်။

၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပြိုင်ဘက်တွေထဲက အဓိက ပြိုင်ဘက်တဦးဖြစ်တဲ့ ဒုတိယသမ္မတဟောင်း Joe Biden နဲ့ သားဖြစ်သူ စီးပွားရေးလုပ်ငန်းရှင် Hunter Biden တို့ကို စုံစမ်းရေး ကူညီပေးဖို့ ယူကရိန်းခေါင်းဆောင် Zelenskiy ကို သမ္မတ Trump က ပြောဆိုခဲ့တယ်ဆိုတာကို ကြည်းတပ် ဒုတိယဗိုလ်မှူးကြီး Alexander Vindman က နားထောင်ခဲ့ရတာပါ။

သူက သမ္မတအိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးကောင်စီက ယူကရိန်းအရေးကျွမ်းကျင်သူ ဖြစ်ပါတယ်။ “သင့်လျော်မှုမရှိတာတွေ” “မှန်ကန်မှုမရှိတာတွေ” ကို သူကြားသိခဲ့ရတယ်လို့ ဒုတိယဗိုလ်မှူးကြီး Vindman က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

သမ္မတ Trump ဘက်ကတော့ သူ့ရဲ့ဖုန်းဆက်ဆွေးနွေးမှုက အပြစ်အနာအဆာမရှိဘူးလို့ ခုခံ ပြောဆိုထားတာပါ။

သမ္မတ Trump နဲ့ ယူကရိန်းသမ္မတကြား ဖုန်းဆက် ပြောဆိုမှုကို နားထောင်ခဲ့ရသူ နောက်တဦးကတော့ ဒုတိယသမ္မတ Mike Pence ရဲ့ နိုင်ငံခြားရေးရာ အကြံပေး Jennifer Williams ဖြစ်ပြီး Biden ကို စုံစမ်းပေးရေး တိုက်တွန်းချက်ဟာဆိုရင် ပြည်တွင်းနိုင်ငံရေး အချင်းအရာတွေ ပါဝင်နေတာကြောင့် သမားရိုးကျမဟုတ်ဘဲ ထူးခြားနေတယ်လို့ လွှတ်တော် ကြားနာမှုမှာ ထွက်ဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ယူကရိန်းဘက်က ကြားဝင်နှောင့်ယှက်ခဲ့ သလား၊ နောက် ဒုတိယသမ္မတဟောင်း Biden နဲ့ သားဖြစ်သူတို့ကို စုံစမ်းရေး ယူကရိန်း သမ္မတဘက်က အတိအလင်း ကတိမပေးရင် ယူကရိန်းကိုပေးမယ့် ဒေါ်လာ ၃၉၁ သန်း စစ်ရေး အထောက်အကူကို သမ္မတ Trump က ဆိုင်းငံ့ခဲ့သလားဆိုတာကို အဓိကထားပြီး သမ္မတကို တရားစွဲဆိုရေး စုံစမ်းနေတာဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
သမၼတထရမ့္ပ္ကို တရားစြဲဆိုေရး အဂၤါေန႔လႊတ္ေတာ္ၾကားနာပြဲ အမ်ဳိးသားလံုျခံဳေရး ကၽြမ္းက်င္သူႏွစ္ဦး ထြက္ဆို သမၼတထရမ့္ပ္ကို တရားစြဲဆိုေရး အဂၤါေန႔လႊတ္ေတာ္ၾကားနာပြဲ အမ်ဳိးသားလံုျခံဳေရး ကၽြမ္းက်င္သူႏွစ္ဦး ထြက္ဆို Reviewed by THITHTOOLWIN on 20:51 Rating: 5
Powered by Blogger.