တိုက္ပြဲျဖစ္ၿပီး မြန္MNLA ႐ုံးခြဲစခန္းကို တပ္က ထိန္းခ်ဳပ္ထားတယ္လို႔ဆို

တိုက္ပြဲေၾကာင့္ ေဒသခံေတြ ထိုင္းႏိုင္ငံဘက္ကို ထြက္ေျပး
(Zawgyi)⤵⤵⤵
ထိုင္း-ျမန္မာနယ္စပ္ ဘုရားသုံးဆူ မွာ တပ္မေတာ္နဲ႔ မြန္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ MNLA တို႔ တိုက္ပြဲျဖစ္ခဲ့ၿပီးေနာက္ MNLA ရဲ႕ ၿမိဳ႕နယ္ ႐ုံးခြဲစခန္းကို တပ္က ထိန္းခ်ဳပ္ထားတယ္လို႔ MNLAရဲ႕ စစ္ဦးစီးခ်ဳပ္က ဘီဘီစီကို ေျပာပါတယ္။

ဘုရားသုံးဆူၿမိဳ႕က မြန္ျပည္သစ္ ထိန္းခ်ဳပ္ရာ ဂ်ပန္ေရတြင္းအနီးမွာ ႏိုဝင္ဘာ ၂၇ ရက္ မနက္ ၉ နာရီခြဲ အခ်ိန္က မြန္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္ MNLA နဲ႔ တပ္မေတာ္တို႔ၾကား တိုက္ပြဲ ျဖစ္ခဲ့ၿပီးေနာက္မွာ ႐ုံးခြဲစခန္းကို တပ္က ထိန္းခ်ဳပ္လိုက္တာလို႔ MNLA ရဲ႕ စစ္ဦးစီးခ်ဳပ္ ႏိုင္လရီေကာင္းက ေျပာပါတယ္။

တိုက္ပြဲအၿပီး ေန႔လယ္ ၁နာရီေလာက္မွာ တပ္မေတာ္နဲ႔ ကရင္နယ္ျခားေစာင့္တပ္ BGF ပူးေပါင္းတပ္ဖြဲ႕က MNLA ရဲ႕ ၿမိဳ႕နယ္ခြဲ႐ုံး ျဖစ္တဲ့ ဟသၤာတိုင္ ဂိတ္စခန္းနဲ႔ ဂ်ပန္ေရတြင္းတို႔ကို ထိန္းခ်ဳပ္ထားတာျဖစ္တယ္လို႔ ေျပာပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ရက္တည္းက တပ္ဘက္က ထိုင္း-ျမန္မာနယ္စပ္ကို သြားဖို႔အတြက္ ညႇိႏႈိင္းတာေတြ လုပ္ခဲ့ၿပီး ႏိုဝင္ဘာ ၂၇ ရက္ မနက္မွာေတာ့ ညႇိႏႈိင္းတာ အခ်ိန္ၾကာေနတာေၾကာင့္ တပ္က အခုလို အလုံးအရင္း ဝင္ေရာက္လာတာ ျဖစ္တယ္လို႔ စစ္ဦးစီးခ်ဳပ္ ႏိုင္လရီေကာင္းက ေျပာပါတယ္။

"အဓိက သူတို႔က လြန္ခဲ့တဲ့ ႏွစ္ရက္ကတည္းက ဘုရားသုံးဆူမွာရွိတဲ့ ဆက္ဆံေရး႐ုံးကို သူတို႔ ဆက္သြယ္တယ္။ ထိုင္းနယ္စပ္ကို သူတို႔က သြားခ်င္တယ္။ ဗ်ဴဟာမႉးကိုယ္တိုင္ ဦးစီးၿပီးေတာ့ လူအင္အား သုံး၊ေလးဆယ္ေပါ့"၊

"ဆက္ဆံေရး႐ုံးကိုလည္း အေၾကာင္းၾကားတယ္။ ဆက္ဆံေရး႐ုံးက ေျပာတာက ဗဟိုကို တင္ျပရမယ္။ ဝင္ခြင့္ရမရေပါ့။ ညႇိႏႈိင္းၿပီးမွ"၊

"ဗဟိုကို အေၾကာင္းၾကားေတာ့ ဗဟိုမွာလည္း လူမစုံဘူး။ လူမစုံေတာ့ အစည္းအေဝးက အခ်ိန္က နည္းနည္းၾကာတယ္ေပါ့။ သူတို႔ကလည္း မေစာင့္ႏိုင္ေတာ့ အင္အား ၂၀၊၃၀ နဲ႔ ကြၽန္ေတာ္တို႔ တပ္စခန္းနားက ဂိတ္စခန္း တစ္ခုကို လာတယ္။ လာေတာ့ အဲဒီမွာ ညႇိႏႈိင္းမရေတာ့ ဝင္လာေတာ့ ပစ္ၾကတာေပါ့" လို႔ သူက ေျပာပါတယ္။

တိုက္ပြဲေတြ ျဖစ္တာေၾကာင့္ အခုခ်ိန္မွာ အနီးအနားက ႐ြာသူ႐ြာသားေတြဟာ အိမ္နီးခ်င္း ထိုင္းႏိုင္ငံကို ေျပးသြားခဲ့သလို ေန႔လယ္ပိုင္းအထိ လက္နက္ငယ္ ပစ္ခတ္သံေတြကို ၾကားေနရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဓာတ္ပုံ မူပိုင္ Min Latt
အခု တပ္ဘက္က သိမ္းပိုက္ထားတဲ့ မြန္ျပည္သစ္ရဲ႕ စခန္းဟာ ၂၀၁၂ ခုႏွစ္ ႏွစ္ဖက္သေဘာတူ စာခ်ဳပ္ လက္မွတ္ထိုးကတည္းက တည္ထားတဲ့ စခန္းျဖစ္ၿပီး အခုလို သိမ္းပိုက္တာဟာ အဲဒီစာခ်ဳပ္ကို ခ်ိဳးေဖာက္တာ ျဖစ္တယ္လို႔ ႏိုင္လရီေကာင္းက ေျပာပါတယ္။

တပ္မေတာ္နဲ႔ BGF ပူးေပါင္းအဖြဲ႕က တစ္ဦး ဒဏ္ရာရတယ္လို႔ သတင္းရရွိတဲ့အတြက္ တပ္ဘက္ကို ဒီကိစၥနဲ႔ ပတ္သက္လို႔ ဆက္သြယ္ေမးျမန္းေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ဓာတ္ပုံ မူပိုင္ Min Latt
အခုလိုျဖစ္တာနဲ႔ ပတ္သက္လို႔ မြန္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္နဲ႔ တပ္မေတာ္တို႔ၾကား အရင္ကတည္းက ညႇိႏႈိင္းေျပာဆိုထားမႈေတြ ရွိခဲ့တယ္လို႔ ႏိုင္လရီေကာင္းက ေျပာပါတယ္။

"သူတို႔က နယ္စပ္နားမွာ ယိုးဒယားနဲ႔ သူတို႔နဲ႔ ျပႆနာရွိတယ္။ နယ္စပ္ျပႆနာ။ အဲဒီကိစၥကို သူတို႔ ခဏ ခဏ ေျဖရွင္းတယ္။ အဲဒီကိစၥက အရင္ကလည္း သူတို႔ သြားရင္ ကြၽန္ေတာ္တို႔ဆီကို လာပါ။ အရပ္ဝတ္နဲ႔ ။ နယ္စပ္က ကြၽန္ေတာ္တို႔ တာဝန္ယူေပးမယ္။ ႏွစ္ဖက္ညႇိႏႈိင္းၿပီးသြားၾက အရပ္ဝတ္နဲ႔ ျဖစ္ျဖစ္၊ ဒီတစ္ေခါက္က် ဗ်ဴဟာမႉးကိုယ္တိုင္လာမွာ မသြားလို႔မရဘူးေပါ့။ မလာရရင္ တိုက္မယ့္ ပုံစံမ်ိဳးေပါ့" လို႔ ေျပာပါတယ္။

ထိုင္း-ျမန္မာနယ္စပ္မွာရွိတဲ့ မြန္ျပည္သစ္နဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံးၾကားမွာ ေအာက္တိုဘာ ၁၇ ရက္ေန႔က ကရင္အလံ လာေရာက္ စိုက္ထူတာနဲ႔ ပတ္သက္လို႔ ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့သလို မၾကာခဏဆိုသလို နယ္ေျမ အျငင္းပြားမႈေတြေၾကာင့္ ပစ္ခတ္မႈေတြ ရွိေနတယ္လို႔ ေဒသခံ ေတြကေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တိုက်ပွဲဖြစ်ပြီး မွန်MNLA ရုံးခွဲစခန်းကို တပ်က ထိန်းချုပ်ထားတယ်လို့ဆို

ဓာတ်ပုံ မူပိုင် Min Latt
Image caption တိုက်ပွဲကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ မှာ တပ်မတော်နဲ့ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော် MNLA တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် MNLA ရဲ့ မြို့နယ် ရုံးခွဲစခန်းကို တပ်က ထိန်းချုပ်ထားတယ်လို့ MNLAရဲ့ စစ်ဦးစီးချုပ်က ဘီဘီစီကို ပြောပါတယ်။

ဘုရားသုံးဆူမြို့က မွန်ပြည်သစ် ထိန်းချုပ်ရာ ဂျပန်ရေတွင်းအနီးမှာ နိုဝင်ဘာ ၂၇ ရက် မနက် ၉ နာရီခွဲ အချိန်က မွန်အမျိုးသား လွတ်မြောက်ရေးတပ် MNLA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက်မှာ ရုံးခွဲစခန်းကို တပ်က ထိန်းချုပ်လိုက်တာလို့ MNLA ရဲ့ စစ်ဦးစီးချုပ် နိုင်လရီကောင်းက ပြောပါတယ်။

တိုက်ပွဲအပြီး နေ့လယ် ၁နာရီလောက်မှာ တပ်မတော်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့က MNLA ရဲ့ မြို့နယ်ခွဲရုံး ဖြစ်တဲ့ ဟင်္သာတိုင် ဂိတ်စခန်းနဲ့ ဂျပန်ရေတွင်းတို့ကို ထိန်းချုပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်တည်းက တပ်ဘက်က ထိုင်း-မြန်မာနယ်စပ်ကို သွားဖို့အတွက် ညှိနှိုင်းတာတွေ လုပ်ခဲ့ပြီး နိုဝင်ဘာ ၂၇ ရက် မနက်မှာတော့ ညှိနှိုင်းတာ အချိန်ကြာနေတာကြောင့် တပ်က အခုလို အလုံးအရင်း ဝင်ရောက်လာတာ ဖြစ်တယ်လို့ စစ်ဦးစီးချုပ် နိုင်လရီကောင်းက ပြောပါတယ်။

"အဓိက သူတို့က လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ဘုရားသုံးဆူမှာရှိတဲ့ ဆက်ဆံရေးရုံးကို သူတို့ ဆက်သွယ်တယ်။ ထိုင်းနယ်စပ်ကို သူတို့က သွားချင်တယ်။ ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီးတော့ လူအင်အား သုံး၊လေးဆယ်ပေါ့"၊

"ဆက်ဆံရေးရုံးကိုလည်း အကြောင်းကြားတယ်။ ဆက်ဆံရေးရုံးက ပြောတာက ဗဟိုကို တင်ပြရမယ်။ ဝင်ခွင့်ရမရပေါ့။ ညှိနှိုင်းပြီးမှ"၊

"ဗဟိုကို အကြောင်းကြားတော့ ဗဟိုမှာလည်း လူမစုံဘူး။ လူမစုံတော့ အစည်းအဝေးက အချိန်က နည်းနည်းကြာတယ်ပေါ့။ သူတို့ကလည်း မစောင့်နိုင်တော့ အင်အား ၂၀၊၃၀ နဲ့ ကျွန်တော်တို့ တပ်စခန်းနားက ဂိတ်စခန်း တစ်ခုကို လာတယ်။ လာတော့ အဲဒီမှာ ညှိနှိုင်းမရတော့ ဝင်လာတော့ ပစ်ကြတာပေါ့" လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်တာကြောင့် အခုချိန်မှာ အနီးအနားက ရွာသူရွာသားတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကို ပြေးသွားခဲ့သလို နေ့လယ်ပိုင်းအထိ လက်နက်ငယ် ပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Min Latt

အခု တပ်ဘက်က သိမ်းပိုက်ထားတဲ့ မွန်ပြည်သစ်ရဲ့ စခန်းဟာ ၂၀၁၂ ခုနှစ် နှစ်ဖက်သဘောတူ စာချုပ် လက်မှတ်ထိုးကတည်းက တည်ထားတဲ့ စခန်းဖြစ်ပြီး အခုလို သိမ်းပိုက်တာဟာ အဲဒီစာချုပ်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ နိုင်လရီကောင်းက ပြောပါတယ်။

တပ်မတော်နဲ့ BGF ပူးပေါင်းအဖွဲ့က တစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရရှိတဲ့အတွက် တပ်ဘက်ကို ဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဓာတ်ပုံ မူပိုင် Min Latt

အခုလိုဖြစ်တာနဲ့ ပတ်သက်လို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ တပ်မတော်တို့ကြား အရင်ကတည်းက ညှိနှိုင်းပြောဆိုထားမှုတွေ ရှိခဲ့တယ်လို့ နိုင်လရီကောင်းက ပြောပါတယ်။

"သူတို့က နယ်စပ်နားမှာ ယိုးဒယားနဲ့ သူတို့နဲ့ ပြဿနာရှိတယ်။ နယ်စပ်ပြဿနာ။ အဲဒီကိစ္စကို သူတို့ ခဏ ခဏ ဖြေရှင်းတယ်။ အဲဒီကိစ္စက အရင်ကလည်း သူတို့ သွားရင် ကျွန်တော်တို့ဆီကို လာပါ။ အရပ်ဝတ်နဲ့ ။ နယ်စပ်က ကျွန်တော်တို့ တာဝန်ယူပေးမယ်။ နှစ်ဖက်ညှိနှိုင်းပြီးသွားကြ အရပ်ဝတ်နဲ့ ဖြစ်ဖြစ်၊ ဒီတစ်ခေါက်ကျ ဗျူဟာမှူးကိုယ်တိုင်လာမှာ မသွားလို့မရဘူးပေါ့။ မလာရရင် တိုက်မယ့် ပုံစံမျိုးပေါ့" လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မွန်ပြည်သစ်နဲ့ ကရင်အမျိုးသားအစည်းအရုံးကြားမှာ အောက်တိုဘာ ၁၇ ရက်နေ့က ကရင်အလံ လာရောက် စိုက်ထူတာနဲ့ ပတ်သက်လို့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို မကြာခဏဆိုသလို နယ်မြေ အငြင်းပွားမှုတွေကြောင့် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

BBC Burmese
https://www.bbc.com
တိုက္ပြဲျဖစ္ၿပီး မြန္MNLA ႐ုံးခြဲစခန္းကို တပ္က ထိန္းခ်ဳပ္ထားတယ္လို႔ဆို တိုက္ပြဲျဖစ္ၿပီး မြန္MNLA ႐ုံးခြဲစခန္းကို တပ္က ထိန္းခ်ဳပ္ထားတယ္လို႔ဆို Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.