လားရႈိးၿမိဳ႕ နယ္ တြင္ အမ်ိဳးသားတဦး ဓားခုတ္ခံရ

(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၂၇၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕နယ္ နားအိုက္ခန္ ေက်း႐ြာ အနီးတြင္ ယမန္ေန႔ ည ၈နာရီ ၌ အမ်ိဳးသားတဦး ဓားခုတ္ခံရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာ ၂၆ရက္ ည ၈နာရီတြင္ လားရႈိးၿမိဳ႕ နယ္ နားအိုက္ခန္ ေက်း႐ြာမွ ကစား စရာ အ႐ုပ္ ေရာင္းၿပီးဆိုင္ကယ္ျဖင့္ ျပန္လာသည့္ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားတဦး ကို လူငယ္ (၃) ဦးက ဓားျဖင့္ခုတ္သြားေၾကာင္း သြားေရာက္ကူညီေပးသည့္ ကမ္းလင့္လက္မ်ားဆုံဆည္းရာ မွ ကိုကိုႏိုင္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အဓိက လူငယ္ ၃ ဦးက ဆိုင္ကယ္လုခ်င္လို႔ ဓားခုတ္သြားတာပါ။ ဓားခုတ္ ဒဏ္ရာေတြက နားဖူးနဲ႔နားေခါင္းၾကားမွာ တခ်က္၊ ေနာက္ ေက်ာမွာ တခ်က္၊ ဘယ္ဖက္လက္ တခ်က္ ပါ။ ဒဏ္ရာကေတာ့မ်ားတယ္။ အခု လားရႈိး ျပည္သူ႔ေဆး႐ုံ ခြဲစိတ္ေဆာင္မွာပါ” ဟု ကိုကိုႏိုင္ က ေျပာသည္။

အ႐ုပ္ေရာင္းသည့္ အသက္ ၄၀ အ႐ြယ္ကို ဆိုင္ကယ္လုယူရန္ ဓားျဖင့္ ခုတ္သြားသည့္ လူငယ္ ၃ဦး သည္ လက္ရွိအခ်ိန္ထိ လႊတ္ေျမာက္ေနေၾကာင္း၊ လားရႈိးရဲစခန္းမွ လိုက္လံ စုံစမ္းစစ္ေဆးေနေၾကာင္း လည္း သိရသည္။

သွ်မ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕တြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈ ယခင္က ထက္ ပိုမိုမ်ားလာသျဖင့္ ခိုး၊လုယက္မႈလည္း တေန႔ထက္ တေန႔ ပိုၿပီး မ်ားလာေၾကာင္းလည္း လားရႈိးေဒသခံမ်ားေျပာျပခ်က္ အရ သိရသည္။

“ ဒီမွာ က ေမွာင္တဲ့ေနရာဆို သိပ္မသြားရဲဘူး။ ေဆးသမားေတြ က လုဖို႔ ေခ်ာင္းေနတာ။ လုယက္မႈကေတာ့ ေန႔တိုင္းလိုလို ရွိတယ္။ ေၾကာက္ေနရတယ္” ဟု လားရႈိးၿမိဳ႕ရပ္ကြက္ (၂) ေနထိုင္သည့္ စိုင္းၫြန႔္ က ေျပာသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------
(Unicode)⤵⤵⤵
လားရှိုးမြို့ နယ် တွင် အမျိုးသားတဦး ဓားခုတ်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

နိုဝင်ဘာ ၂၇၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နားအိုက်ခန် ကျေးရွာ အနီးတွင် ယမန်နေ့ ည ၈နာရီ ၌ အမျိုးသားတဦး ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ရက် ည ၈နာရီတွင် လားရှိုးမြို့ နယ် နားအိုက်ခန် ကျေးရွာမှ ကစား စရာ အရုပ် ရောင်းပြီးဆိုင်ကယ်ဖြင့် ပြန်လာသည့် အသက် ၄၀ အရွယ် အမျိုးသားတဦး ကို လူငယ် (၃) ဦးက ဓားဖြင့်ခုတ်သွားကြောင်း သွားရောက်ကူညီပေးသည့် ကမ်းလင့်လက်များဆုံဆည်းရာ မှ ကိုကိုနိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အဓိက လူငယ် ၃ ဦးက ဆိုင်ကယ်လုချင်လို့ ဓားခုတ်သွားတာပါ။ ဓားခုတ် ဒဏ်ရာတွေက နားဖူးနဲ့နားခေါင်းကြားမှာ တချက်၊ နောက် ကျောမှာ တချက်၊ ဘယ်ဖက်လက် တချက် ပါ။ ဒဏ်ရာကတော့များတယ်။ အခု လားရှိုး ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်မှာပါ” ဟု ကိုကိုနိုင် က ပြောသည်။

အရုပ်ရောင်းသည့် အသက် ၄၀ အရွယ်ကို ဆိုင်ကယ်လုယူရန် ဓားဖြင့် ခုတ်သွားသည့် လူငယ် ၃ဦး သည် လက်ရှိအချိန်ထိ လွှတ်မြောက်နေကြောင်း၊ လားရှိုးရဲစခန်းမှ လိုက်လံ စုံစမ်းစစ်ဆေးနေကြောင်း လည်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ယခင်က ထက် ပိုမိုများလာသဖြင့် ခိုး၊လုယက်မှုလည်း တနေ့ထက် တနေ့ ပိုပြီး များလာကြောင်းလည်း လားရှိုးဒေသခံများပြောပြချက် အရ သိရသည်။

“ ဒီမှာ က မှောင်တဲ့နေရာဆို သိပ်မသွားရဲဘူး။ ဆေးသမားတွေ က လုဖို့ ချောင်းနေတာ။ လုယက်မှုကတော့ နေ့တိုင်းလိုလို ရှိတယ်။ ကြောက်နေရတယ်” ဟု လားရှိုးမြို့ရပ်ကွက် (၂) နေထိုင်သည့် စိုင်းညွန့် က ပြောသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လားရႈိးၿမိဳ႕ နယ္ တြင္ အမ်ိဳးသားတဦး ဓားခုတ္ခံရ လားရႈိးၿမိဳ႕ နယ္ တြင္ အမ်ိဳးသားတဦး ဓားခုတ္ခံရ Reviewed by THITHTOOLWIN on 09:00 Rating: 5
Powered by Blogger.