က်ားေဖာင္ ငရဲခန္းက ေနာက္ထပ္လြတ္လာသူ

ဖ်ာပုံ ၿမိဳ႕အနီးပင္လယ္ျပင္က က်ားေဖာင္
(Zawgyi)⤵⤵⤵
ပင္လယ္ျပင္က က်ားေဖာင္ေတြမွာ ငါးဖမ္းလုပ္ကိုင္ဖို႔ ေရာင္းစားခံခဲ့ရတဲ့ တကၠသိုလ္ ေက်ာင္းသားအမႈ ေပၚေပါက္ၿပီးေနာက္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ေနာက္ထပ္ သူ႔လို ေရာင္းစားခံရတယ္ဆိုတဲ့သူႏွစ္ဦးကို ႏိုဝင္ဘာ ၂၄ ရက္မွာ ကယ္တင္လိုက္ႏိုင္ပါတယ္ ။

အဲဒီႏွစ္ေယာက္ထဲက မအူပင္ဇာတိ ကိုသက္ နဲ႔ ဘီဘီစီက ေတြ႕ဆုံခြင့္ရခဲ့ပါတယ္ ။

သူဟာ ရန္ကုန္ကို အလုပ္ ရွာဖို႔ေရာက္လာသူျဖစ္ၿပီး ဇာတိက ဧရာဝတီတိုင္း မအူပင္ကပါ။

ရန္ကုန္ဆိပ္ကမ္းနဲ႔ ဒလဘက္မွာ ဆန္အိတ္ထမ္းေနရာက ေန အလုပ္ေကာင္းတယ္ဆိုတာေၾကာင့္ ဖ်ာပုံ အနီး ခါးျပတ္႐ြာကေန ေမာ္ေတာ္နဲ႔ႏွစ္ညအိပ္ေလာက္ ေမာင္းရတဲ့ ပင္လယ္ျပင္က က်ားေဖာင္ေပၚကို လိုက္လာရင္းကေရာင္းစားခံလိုက္ရပါတယ္။

လူကုန္ကူးခံရတဲ့ ဇာတ္လမ္းရဲ႕ အစ ရန္ကုန္တစ္ဘက္ကမ္း ဒလၿမိဳ႕
ဘယ္လိုေရာင္းစားခံ ရတာလဲ

ရန္ကုန္တစ္ဘက္ကမ္း ဒလၿမိဳ႕က လက္ဖက္ရည္ဆိုင္ဟာ လူကုန္ကူးခံရတဲ့ ဇာတ္လမ္းရဲ႕ အစျဖစ္ပါတယ္။

ပြဲစားေတြက လက္ဖက္ရည္ဆိုင္ကေန သူတို႔ကို အလုပ္ေကာင္းတယ္၊ ကုန္တက္ရင္တက္သေလာက္ ရမယ္ဆို ၿပီးေတာ့ အယုံသြင္းပါတယ္။

" ဆိုင္မွာေဘးခ်င္းကပ္ေတြ႕ ၾကတာ၊ အလုပ္လုပ္ဖို႔လာေခၚေတာ့ အလုပ္လုပ္ခ်င္တာနဲ႔လိုက္သြားလိုက္တာ" လို႔ အသက္ ၂၅ ႏွစ္အ႐ြယ္ မအူပင္ၿမိဳ႕နယ္ အၿခံ႐ြာဇာတိ ကိုသက္က ေျပာပါတယ္။

အဲဒီေနာက္ သူ႔ကို ေငြခုနစ္သိန္းနဲ႔ ေရာင္းစားခံရတယ္ဆိုတာ ေဖာင္ေပၚကို ေရာက္သြားၿပီးေတာ့မွ သိရတယ္လို႔ လည္း ကိုသက္က ေျပာပါတယ္။

က်ားေဖာင္ေပၚက ေဖာင္လုပ္သားေတြ အနားယူရာ ေနရာ
သူဘယ္လိုေဖာင္ေပၚေရာက္သြားလဲ

ဖ်ာပုံခ႐ိုင္၊ ဖ်ာပုံၿမိဳ႕ နဲ႔ အမာၿမိဳ႕နယ္ ေတြထဲက ေနာက္မီး၊ ခါးျပတ္၊ ဗန္ဒါပင္၊ ေဒၚညိမ္း၊ ကုလားထိပ္၊ ေခ်ာင္းဝ၊ ဘုန္းႀကီးေသာင္၊ ဖ်ာပုံျမစ္တန္း ႐ြာေတြဟာ က်ားေဖာင္ေတြနဲ႔ ပင္လယ္ျပင္ ငါးဖမ္းထြက္တာကို မိ႐ိုးဖလာ ဓေလ့ အေနနဲ႔ အႀကီးအက်ယ္ လုပ္ကိုင္ေနၾကတာ ျဖစ္ပါတယ္။

ရန္ကုန္တစ္ဘက္ကမ္း ဒလကေန ကိုသက္ရယ္ ၊ေရာင္းစားခံခဲ့ရတဲ့ တကၠသိုလ္ ေက်ာင္းသား ျမတ္သူရထြန္းရယ္၊ ကိုစိုင္းေမာင္ေမာင္ရယ္ မိုင္ ၅၀ ေလာက္ ေဝးတဲ့ က်ားေဖာင္ေပၚမွာ အလုပ္ရမယ္ဆိုၿပီးလိုက္သြားရင္းနဲ႔ လူကုန္ကူးခံရတာ ျဖစ္ပါတယ္။

ဖ်ာပုံနားက ခါးျပတ္႐ြာကေန ေရမိုင္ ၁၅ မိုင္ေလာက္ အကြာမွာ ဒီက်ားေဖာင္ေတြရွိတယ္လို႔ လည္းဖ်ာပုံေဒသခံေတြ ကေျပာပါတယ္။

ဖ်ာပုံ အနီးပင္လယ္ဝတစ္ဝိုက္မွာ က်ားေဖာင္ စုစုေပါင္းေထာင္နဲ႔ ခ်ီရွိၿပီးေတာ့ ျမန္မာတို႔ ထမင္းဝိုင္း အတြက္ မရွိ မျဖစ္ မွ်င္ငါးပိ၊ ငါးေျခာက္၊ ပုဇြန္ေျခာက္ေတြကို ထုတ္လုပ္တဲ့ လုပ္ငန္းေတြမွာ ဒီလုပ္ငန္းေတြက ပါပါတယ္။

လူကုန္ကူးခံရသူေတြဟာ ဒီလို ေဖာင္ေတြေပၚမွာ အလုပ္လုပ္ရဖို႔ ပြဲစားေတြကေန တစ္ဆင့္ ေရာက္ၿပီး ေရာင္းစားခံၾကရတာ ျဖစ္ပါတယ္။

အလ်ားေပ ၃၀ အနံ ေပ ၂၀ ေလာက္ ဝါးေတြနဲ႔ လုပ္ထားတဲ့ ေဖာင္
က်ားေဖာင္ ဆိုတာဘာလဲ

ဖ်ာပုံ အနီးခါးျပတ္ ႐ြာကေန ေမာ္ေတာ္နဲ႔ ႏွစ္ညအိပ္ေလာက္ ေမာင္းရတဲ့ေနရာ မွာ က်ားေဖာင္ေတြရွိၾကပါတယ္။

က်ားေဖာင္ဆိုတာဟာ အလ်ားေပ ၃၀၊ အနံ ေပ ၂၀ ေလာက္ ဝါးေတြနဲ႔ လုပ္ထားတဲ့ ပင္လယ္ဝမွာ ပိုက္ခ် ၿပီးငါးဖမ္းတဲ့ ေဖာင္ေတြပါ ။

ကိုသက္ေျပာျပတာကေတာ့ သူေရာက္ခဲ့တဲ့ေနရာမွာ က်ားေဖာင္ ၄၀ ေက်ာ္ ၅၀ နီးပါး ရွိတယ္လို႔ေျပာပါတယ္။

က်ားေဖာင္လုပ္သားေတြဟာ ၂၀၁၁ ခုႏွစ္ဝန္းက်င္ က မုန္တိုင္းေၾကာင့္ ပင္လယ္ထဲေမ်ာၿပီး အိႏၵိယကို ေရာက္သြား သူေတြ ကို ျပန္ကယ္ခဲ့ရတာ ရွိသလို ပင္လယ္ထဲမွာ က်ၿပီး အသက္ေသဆုံးသူေတြလည္း ရွိခဲ့ပါတယ္။ ဒီက်ားေဖာင္ေပၚက ကြၽန္ျပဳခံရတဲ့ လူေတြ အခ်င္းခ်င္း ရန္ျဖစ္ၿပီး အသတ္ခံရမႈေတြ ရွိတယ္ ဆိုတာကလည္း လြန္ခဲ့တဲ့ႏွစ္ေတြကေန စၿပီးၾကားလာရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇-၁၈ ခုႏွစ္ စက္တင္ဘာ က ေန ဧၿပီ လ အထိ ၈ လတာ ပင္လယ္ျပင္ထြက္ ငါးဖမ္းရာသီအတြင္း က်ားေဖာင္ေတြေပၚမွာ အလုပ္လုပ္ရင္း ေပ်ာက္ဆုံးတာ၊ အသတ္ခံရတာ နဲ႔ နာမက်န္းျဖစ္ၿပီး ေသဆုံးတာက ၂၇၆ ဦး ရွိတယ္လို႔ ဖ်ာပုံခ႐ိုင္ရဲတပ္ဖြဲ႕က ေျပာခဲ့ပါတယ္။

 ပိုက္ေဖာ္ၿပီးတာနဲ႔ ဖမ္းမိတဲ့ ငါးပုစြန္ေတြကို ေ႐ြးထုတ္၊ အေျခာက္လွန္း စတာေတြလုပ္ရ
အစိုးရဘက္က ဘာေတြလုပ္ဖို႔ရွိလဲ

ဒီျဖစ္စဥ္ေတြကို တားဆီးဖို႔ အဲဒီေဒသက ငါးလုပ္ငန္းပိုင္ရွင္ေတြ၊ ငါးလုပ္ငန္း ဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊ လူကုန္တား၊ ေဒသခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။

အခုလို က်ားေဖာင္ေတြေပၚ လူကုန္ကူးၿပီး အတင္းအဓမၼ ေစခိုင္းမႈေတြဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အဆင့္ အဆိုး႐ြားဆုံး အေျခအေန ျဖစ္တယ္လို႔ အမ်ိဳးသားလူ႔အခြင့္ေရးေကာ္မရွင္က ဦးယုလြင္ေအာင္က ေျပာပါတယ္။

" ႐ိုက္ႏွက္ႏွိပ္စက္ညႇဥ္းပန္းၿပီးေတာ့ ခိုင္းတာတို႔၊ လုပ္ခ်င္သည္ျဖစ္ေစ မလုပ္ခ်င္သည္ျဖစ္ေစ အတင္းအဓမၼ ႐ိုက္ႏွက္ၿခိမ္းေျခာက္ၿပီးေတာ့မွ ခိုင္းတာ။ ဒါေတြက ကြၽန္ျပဳတဲ့ သေဘာေတြ ျဖစ္သြားၿပီ။ လုပ္ခမေပးဘဲ ခိုင္းေစတာဟာ လူ႔အခြင့္အေရးကို လုံးဝခ်ိဳးေဖာက္တဲ့ ျဖစ္စဥ္ေတြ ျဖစ္တဲ့အတြက္ေၾကာင့္ ဒီစနစ္ကိုေတာ့ ကြၽန္ေတာ္တို႔က မရမေန တားရဖို႔အတြက္ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားရမယ့္ သေဘာရွိပါတယ္" လို႔ သူက ေျပာပါတယ္။

" ကြၽန္ေတာ္တို႔ လက္မွက္ေတြ ထိုးရတယ္၊ ဓာတ္ပုံေတြ ႐ိုက္ရတယ္၊ ေနာက္ ေဖာင္ေပၚတက္သြားတဲ့ အခ်ိန္က်မွ ပြဲစားက ပိုက္ဆံ ထုတ္သြားတာ" လို႔ လည္းကိုသက္က ေျပာပါတယ္။

မင္းတို႔လမ္းစရိတ္ စားစရိတ္ ဘာမွ မလိုဘူး ဘာမွပူစရာမလိုဘူး လိုတာကိုေျပာဆိုၿပီး ပြဲစားေတြက ေခၚသြားတာလို႔လည္းကိုသက္ကေျပာပါတယ္။

ေဖာင္ေပၚမွာ ငါးဖမ္းပိုက္ခ်တာ၊ ပိုက္ေဖာ္တာေတြကို ေဖာင္ဦးစီးနဲ႔ သူအပါအဝင္ သုံးဦးတို႔ လုပ္ကိုင္ရတာျဖစ္ၿပီး ပိုက္ေဖာ္ၿပီးတာနဲ႔ ဖမ္းမိတဲ့ ငါးပုစြန္ေတြကို ေ႐ြးထုတ္၊ အေျခာက္လွန္း စတာေတြလုပ္ရပါတယ္။ အဲဒါေတြ လုပ္ေနတာ မၿပီးေသးတဲ့အခ်ိန္ ေနာက္တစ္ႀကိမ္ ပိုက္ေဖာ္ဖို႔အခ်ိန္ ေရာက္လာတာနဲ႔ အစကေန ျပန္လုပ္ရၿပီး တစ္ရက္ကို အိပ္ခ်ိန္ တစ္နာရီခြဲေလာက္ပဲရွိတယ္လို႔ ဆိုပါတယ္။

ကိုသက္ ဟာ ကာယအားကိုး အလုပ္ၾကမ္း လုပ္လက္စ ရွိသူျဖစ္လို႔ က်ားေဖာင္ေပၚမွာ ပင္ပန္းေပမယ့္ ႀကိတ္မွိတ္လုပ္ခဲ့တာေၾကာင့္ ေဖာင္ဦးစီးရဲ႕ ႐ိုက္ႏွက္ႏွိပ္စက္တာ မခံခဲ့ရေပမယ့္ သူ႔လက္မွာ ငါးဖမ္းပိုက္ ႀကိဳးေတြဆြဲတဲ့ ေသရာပါ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။

က်ားေဖာင္ေပၚ ေရာင္းစားခံခဲ့ရၿပီး မိသားစုက ေငြနဲ႔ ျပန္ေ႐ြးလို႔ လြတ္ေျမာက္လာတဲ့ တကၠသိုလ္ေက်ာင္းသား ကိုျမတ္သူရထြန္းအမႈက တရားခံလို႔ယူဆရသူ ခုနစ္ဦးအနက္ ႏွစ္ဦးကို ဖမ္းမိထားၿပီး ေက်ာက္တံတားရဲစခန္းမွာ လူကုန္ကူးမႈတားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၅ နဲ႔ အမႈဖြင့္ထားပါတယ္။

လက္ရွိမွာ ကိုသက္နဲ႔ ကိုစိုင္းေမာင္ေမာင္တို႔ကို လူကုန္ကူးမႈတားဆီးကာကြယ္ေရးရဲတပ္ဖြဲ႕က ေခၚယူေစာင့္ေရွာက္ထားၿပီး သူတို႔အမႈေတြကို ရဲတပ္ဖြဲ႕ကပဲ တရားလိုလုပ္ တရားစြဲတင္မွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကျားဖောင် ငရဲခန်းက နောက်ထပ်လွတ်လာသူ


ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဖျာပုံ မြို့အနီးပင်လယ်ပြင်က ကျားဖောင်

ပင်လယ်ပြင်က ကျားဖောင်တွေမှာ ငါးဖမ်းလုပ်ကိုင်ဖို့ ရောင်းစားခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားအမှု ပေါ်ပေါက်ပြီးနောက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က နောက်ထပ် သူ့လို ရောင်းစားခံရတယ်ဆိုတဲ့သူနှစ်ဦးကို နိုဝင်ဘာ ၂၄ ရက်မှာ ကယ်တင်လိုက်နိုင်ပါတယ် ။

အဲဒီနှစ်ယောက်ထဲက မအူပင်ဇာတိ ကိုသက် နဲ့ ဘီဘီစီက တွေ့ဆုံခွင့်ရခဲ့ပါတယ် ။

သူဟာ ရန်ကုန်ကို အလုပ် ရှာဖို့ရောက်လာသူဖြစ်ပြီး ဇာတိက ဧရာဝတီတိုင်း မအူပင်ကပါ။

ရန်ကုန်ဆိပ်ကမ်းနဲ့ ဒလဘက်မှာ ဆန်အိတ်ထမ်းနေရာက နေ အလုပ်ကောင်းတယ်ဆိုတာကြောင့် ဖျာပုံ အနီး ခါးပြတ်ရွာကနေ မော်တော်နဲ့နှစ်ညအိပ်လောက် မောင်းရတဲ့ ပင်လယ်ပြင်က ကျားဖောင်ပေါ်ကို လိုက်လာရင်းကရောင်းစားခံလိုက်ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လူကုန်ကူးခံရတဲ့ ဇာတ်လမ်းရဲ့ အစ ရန်ကုန်တစ်ဘက်ကမ်း ဒလမြို့
ဘယ်လိုရောင်းစားခံ ရတာလဲ

ရန်ကုန်တစ်ဘက်ကမ်း ဒလမြို့က လက်ဖက်ရည်ဆိုင်ဟာ လူကုန်ကူးခံရတဲ့ ဇာတ်လမ်းရဲ့ အစဖြစ်ပါတယ်။

ပွဲစားတွေက လက်ဖက်ရည်ဆိုင်ကနေ သူတို့ကို အလုပ်ကောင်းတယ်၊ ကုန်တက်ရင်တက်သလောက် ရမယ်ဆို ပြီးတော့ အယုံသွင်းပါတယ်။

" ဆိုင်မှာဘေးချင်းကပ်တွေ့ ကြတာ၊ အလုပ်လုပ်ဖို့လာခေါ်တော့ အလုပ်လုပ်ချင်တာနဲ့လိုက်သွားလိုက်တာ" လို့ အသက် ၂၅ နှစ်အရွယ် မအူပင်မြို့နယ် အခြံရွာဇာတိ ကိုသက်က ပြောပါတယ်။

အဲဒီနောက် သူ့ကို ငွေခုနစ်သိန်းနဲ့ ရောင်းစားခံရတယ်ဆိုတာ ဖောင်ပေါ်ကို ရောက်သွားပြီးတော့မှ သိရတယ်လို့ လည်း ကိုသက်က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ကျားဖောင်ပေါ်က ဖောင်လုပ်သားတွေ အနားယူရာ နေရာ
သူဘယ်လိုဖောင်ပေါ်ရောက်သွားလဲ

ဖျာပုံခရိုင်၊ ဖျာပုံမြို့ နဲ့ အမာမြို့နယ် တွေထဲက နောက်မီး၊ ခါးပြတ်၊ ဗန်ဒါပင်၊ ဒေါ်ညိမ်း၊ ကုလားထိပ်၊ ချောင်းဝ၊ ဘုန်းကြီးသောင်၊ ဖျာပုံမြစ်တန်း ရွာတွေဟာ ကျားဖောင်တွေနဲ့ ပင်လယ်ပြင် ငါးဖမ်းထွက်တာကို မိရိုးဖလာ ဓလေ့ အနေနဲ့ အကြီးအကျယ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ရန်ကုန်တစ်ဘက်ကမ်း ဒလကနေ ကိုသက်ရယ် ၊ရောင်းစားခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသား မြတ်သူရထွန်းရယ်၊ ကိုစိုင်းမောင်မောင်ရယ် မိုင် ၅၀ လောက် ဝေးတဲ့ ကျားဖောင်ပေါ်မှာ အလုပ်ရမယ်ဆိုပြီးလိုက်သွားရင်းနဲ့ လူကုန်ကူးခံရတာ ဖြစ်ပါတယ်။

ဖျာပုံနားက ခါးပြတ်ရွာကနေ ရေမိုင် ၁၅ မိုင်လောက် အကွာမှာ ဒီကျားဖောင်တွေရှိတယ်လို့ လည်းဖျာပုံဒေသခံတွေ ကပြောပါတယ်။

ဖျာပုံ အနီးပင်လယ်ဝတစ်ဝိုက်မှာ ကျားဖောင် စုစုပေါင်းထောင်နဲ့ ချီရှိပြီးတော့ မြန်မာတို့ ထမင်းဝိုင်း အတွက် မရှိ မဖြစ် မျှင်ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တွေကို ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ဒီလုပ်ငန်းတွေက ပါပါတယ်။

လူကုန်ကူးခံရသူတွေဟာ ဒီလို ဖောင်တွေပေါ်မှာ အလုပ်လုပ်ရဖို့ ပွဲစားတွေကနေ တစ်ဆင့် ရောက်ပြီး ရောင်းစားခံကြရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အလျားပေ ၃၀ အနံ ပေ ၂၀ လောက် ဝါးတွေနဲ့ လုပ်ထားတဲ့ ဖောင်
ကျားဖောင် ဆိုတာဘာလဲ

ဖျာပုံ အနီးခါးပြတ် ရွာကနေ မော်တော်နဲ့ နှစ်ညအိပ်လောက် မောင်းရတဲ့နေရာ မှာ ကျားဖောင်တွေရှိကြပါတယ်။

ကျားဖောင်ဆိုတာဟာ အလျားပေ ၃၀၊ အနံ ပေ ၂၀ လောက် ဝါးတွေနဲ့ လုပ်ထားတဲ့ ပင်လယ်ဝမှာ ပိုက်ချ ပြီးငါးဖမ်းတဲ့ ဖောင်တွေပါ ။

ကိုသက်ပြောပြတာကတော့ သူရောက်ခဲ့တဲ့နေရာမှာ ကျားဖောင် ၄၀ ကျော် ၅၀ နီးပါး ရှိတယ်လို့ပြောပါတယ်။

ကျားဖောင်လုပ်သားတွေဟာ ၂၀၁၁ ခုနှစ်ဝန်းကျင် က မုန်တိုင်းကြောင့် ပင်လယ်ထဲမျောပြီး အိန္ဒိယကို ရောက်သွား သူတွေ ကို ပြန်ကယ်ခဲ့ရတာ ရှိသလို ပင်လယ်ထဲမှာ ကျပြီး အသက်သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ ဒီကျားဖောင်ပေါ်က ကျွန်ပြုခံရတဲ့ လူတွေ အချင်းချင်း ရန်ဖြစ်ပြီး အသတ်ခံရမှုတွေ ရှိတယ် ဆိုတာကလည်း လွန်ခဲ့တဲ့နှစ်တွေကနေ စပြီးကြားလာရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ခုနှစ် စက်တင်ဘာ က နေ ဧပြီ လ အထိ ၈ လတာ ပင်လယ်ပြင်ထွက် ငါးဖမ်းရာသီအတွင်း ကျားဖောင်တွေပေါ်မှာ အလုပ်လုပ်ရင်း ပျောက်ဆုံးတာ၊ အသတ်ခံရတာ နဲ့ နာမကျန်းဖြစ်ပြီး သေဆုံးတာက ၂၇၆ ဦး ရှိတယ်လို့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပိုက်ဖော်ပြီးတာနဲ့ ဖမ်းမိတဲ့ ငါးပုစွန်တွေကို ရွေးထုတ်၊ အခြောက်လှန်း စတာတွေလုပ်ရ
အစိုးရဘက်က ဘာတွေလုပ်ဖို့ရှိလဲ

ဒီဖြစ်စဉ်တွေကို တားဆီးဖို့ အဲဒီဒေသက ငါးလုပ်ငန်းပိုင်ရှင်တွေ၊ ငါးလုပ်ငန်း ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူကုန်တား၊ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

အခုလို ကျားဖောင်တွေပေါ် လူကုန်ကူးပြီး အတင်းအဓမ္မ စေခိုင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆင့် အဆိုးရွားဆုံး အခြေအနေ ဖြစ်တယ်လို့ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဦးယုလွင်အောင်က ပြောပါတယ်။

" ရိုက်နှက်နှိပ်စက်ညှဉ်းပန်းပြီးတော့ ခိုင်းတာတို့၊ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ အတင်းအဓမ္မ ရိုက်နှက်ခြိမ်းခြောက်ပြီးတော့မှ ခိုင်းတာ။ ဒါတွေက ကျွန်ပြုတဲ့ သဘောတွေ ဖြစ်သွားပြီ။ လုပ်ခမပေးဘဲ ခိုင်းစေတာဟာ လူ့အခွင့်အရေးကို လုံးဝချိုးဖောက်တဲ့ ဖြစ်စဉ်တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီစနစ်ကိုတော့ ကျွန်တော်တို့က မရမနေ တားရဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားရမယ့် သဘောရှိပါတယ်" လို့ သူက ပြောပါတယ်။

" ကျွန်တော်တို့ လက်မှက်တွေ ထိုးရတယ်၊ ဓာတ်ပုံတွေ ရိုက်ရတယ်၊ နောက် ဖောင်ပေါ်တက်သွားတဲ့ အချိန်ကျမှ ပွဲစားက ပိုက်ဆံ ထုတ်သွားတာ" လို့ လည်းကိုသက်က ပြောပါတယ်။

မင်းတို့လမ်းစရိတ် စားစရိတ် ဘာမှ မလိုဘူး ဘာမှပူစရာမလိုဘူး လိုတာကိုပြောဆိုပြီး ပွဲစားတွေက ခေါ်သွားတာလို့လည်းကိုသက်ကပြောပါတယ်။

ဖောင်ပေါ်မှာ ငါးဖမ်းပိုက်ချတာ၊ ပိုက်ဖော်တာတွေကို ဖောင်ဦးစီးနဲ့ သူအပါအဝင် သုံးဦးတို့ လုပ်ကိုင်ရတာဖြစ်ပြီး ပိုက်ဖော်ပြီးတာနဲ့ ဖမ်းမိတဲ့ ငါးပုစွန်တွေကို ရွေးထုတ်၊ အခြောက်လှန်း စတာတွေလုပ်ရပါတယ်။ အဲဒါတွေ လုပ်နေတာ မပြီးသေးတဲ့အချိန် နောက်တစ်ကြိမ် ပိုက်ဖော်ဖို့အချိန် ရောက်လာတာနဲ့ အစကနေ ပြန်လုပ်ရပြီး တစ်ရက်ကို အိပ်ချိန် တစ်နာရီခွဲလောက်ပဲရှိတယ်လို့ ဆိုပါတယ်။

ကိုသက် ဟာ ကာယအားကိုး အလုပ်ကြမ်း လုပ်လက်စ ရှိသူဖြစ်လို့ ကျားဖောင်ပေါ်မှာ ပင်ပန်းပေမယ့် ကြိတ်မှိတ်လုပ်ခဲ့တာကြောင့် ဖောင်ဦးစီးရဲ့ ရိုက်နှက်နှိပ်စက်တာ မခံခဲ့ရပေမယ့် သူ့လက်မှာ ငါးဖမ်းပိုက် ကြိုးတွေဆွဲတဲ့ သေရာပါ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ကျားဖောင်ပေါ် ရောင်းစားခံခဲ့ရပြီး မိသားစုက ငွေနဲ့ ပြန်ရွေးလို့ လွတ်မြောက်လာတဲ့ တက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်းအမှုက တရားခံလို့ယူဆရသူ ခုနစ်ဦးအနက် နှစ်ဦးကို ဖမ်းမိထားပြီး ကျောက်တံတားရဲစခန်းမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားပါတယ်။

လက်ရှိမှာ ကိုသက်နဲ့ ကိုစိုင်းမောင်မောင်တို့ကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ခေါ်ယူစောင့်ရှောက်ထားပြီး သူတို့အမှုတွေကို ရဲတပ်ဖွဲ့ကပဲ တရားလိုလုပ် တရားစွဲတင်မှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
က်ားေဖာင္ ငရဲခန္းက ေနာက္ထပ္လြတ္လာသူ က်ားေဖာင္ ငရဲခန္းက ေနာက္ထပ္လြတ္လာသူ Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.