ICJ ႏိုင္ငံတကာတရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ ခုခံေခ်ပဖို႔ ဆုံးျဖတ္ခ်က္ ရုရွားႀကိဳဆို

႐ုရွားသံအမတ္ႀကီး Dr. Nikolay Listopadov

(Zawgyi/Unicode)

ICJ ႏိုင္ငံတကာတရား႐ုံးမွာ ဂမ္ဘီယာႏိုင္ငံဘက္က ျမန္မာႏိုင္ငံကို တရားစြဲဆိုထားတဲ့ အမႈနဲ႔ ပတ္သက္လုိ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြားေရာက္ၿပီး ခုခံေခ်ပဖို႔ ဆုံးျဖတ္ခ်က္ကုိ ႀကိဳဆုိေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီးက ေျပာဆိုလုိက္ပါတယ္။

ႏိုင္ငံတကာအေနနဲ႔ အေရးယူတာ၊ ဖိအားေပးတာေတြထက္ အျပဳသေဘာ မေဆာင္ဘဲ အကူအညီေတြေပးဖို႔ လိုမယ္လို႔လည္း ႐ုရွားသံအမတ္ႀကီး Dr. Nikolay Listopadov ဒီကေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ ျမန္မာႏိုင္ငံကုန္သည္ႀကီးမ်ားအသင္း ႏွစ္တရာျပည့္ အခမ္းအနားမွာ VOA ကိုေျပာဆိုခဲ့တာပါ။

လူမ်ိဳးတုံးသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ျမန္မာအစိုးရဘက္က ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ (OIC) အစၥလာမ္မစ္ ပူးေပါင္းေဆာင္ရြက္ေရး အဖြဲ႔၀င္ႏိုင္ငံေတြကိုယ္စား ICJ ႏိုင္ငံတကာ တရား႐ုံးမွာ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲဆိုထားတာပါ။

ဒီအမႈကို လာမယ့္ ဒီဇင္ဘာလမွာ အဖြဲ႔၀င္ ၁၅ ဦးပါတဲ့ ICJ ႏိုင္ငံတကာတရား႐ုံးက စတင္ၾကားနာမွာျဖစ္ၿပီး ဂမ္ဘီယာႏိုင္ငံနဲ႔ ျမန္မာႏိုင္ငံ ႏွစ္ႏိုင္ငံစလုံးဘက္က ေလွ်ာက္လဲခ်က္ေတြ ေပးရမွာျဖစ္ပါတယ္။

ဂမ္ဘီယာႏိုင္ငံဘက္က အက်ဳိးေဆာင္အဖြဲ႔အျဖစ္ ငွားရမ္းထားတဲ့ ဝါရွင္တန္ၿမိဳ႕ေတာ္အေျခစိုက္ Foley Hoag အက်ဳိးေဆာင္လုပ္ငန္းက ေရွ႕ေန Paul Reichler ကေတာ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အေပၚ ျမန္မာဘက္က လူမ်ဳိးတုံးသတ္ျဖတ္မႈေတြ က်ဳးလြန္ခဲ့တဲ့ဆိုတဲ့ ခိုင္မာတဲ့ အေထာက္အထားေတြ ရွိတဲ့အေၾကာင္း RFA လြတ္လပ္တဲ့အာရွအသံကို ေျပာဆိုပါတယ္။

ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံသလို လူမ်ဳိးတုံးသတ္ျဖတ္မႈေတြ က်ဳးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြကိုလည္း ျငင္းဆိုထားပါတယ္။

ဒီအမႈနဲ႔ ပတ္သက္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ကိုယ္တိုင္ ဦးေဆာင္ ခုခံေခ်ပမွာကို တပ္မေတာ္အေနနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔လည္း ျမန္မာတပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူက တုံ႔ျပန္ထားပါတယ္။

[Unicode Version]

ICJ နိုင်ငံတကာတရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခုခံချေပဖို့ ဆုံးဖြတ်ချက် ရုရှားကြိုဆို

ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ပြီး ခုခံချေပဖို့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာအနေနဲ့ အရေးယူတာ၊ ဖိအားပေးတာတွေထက် အပြုသဘော မဆောင်ဘဲ အကူအညီတွေပေးဖို့ လိုမယ်လို့လည်း ရုရှားသံအမတ်ကြီး Dr. Nikolay Listopadov ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း နှစ်တရာပြည့် အခမ်းအနားမှာ VOA ကိုပြောဆိုခဲ့တာပါ။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ (OIC) အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံတွေကိုယ်စား ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာပါ။

ဒီအမှုကို လာမယ့် ဒီဇင်ဘာလမှာ အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ICJ နိုင်ငံတကာတရားရုံးက စတင်ကြားနာမှာဖြစ်ပြီး ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံစလုံးဘက်က လျှောက်လဲချက်တွေ ပေးရမှာဖြစ်ပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်က အကျိုးဆောင်အဖွဲ့အဖြစ် ငှားရမ်းထားတဲ့ ဝါရှင်တန်မြို့တော်အခြေစိုက် Foley Hoag အကျိုးဆောင်လုပ်ငန်းက ရှေ့နေ Paul Reichler ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ အပေါ် မြန်မာဘက်က လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တဲ့ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိတဲ့အကြောင်း RFA လွတ်လပ်တဲ့အာရှအသံကို ပြောဆိုပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျုးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင် ခုခံချေပမှာကို တပ်မတော်အနေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း မြန်မာတပ်မတော် ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ထားပါတယ်။

VOA Burmese
https://burmese.voanews.com
ICJ ႏိုင္ငံတကာတရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ ခုခံေခ်ပဖို႔ ဆုံးျဖတ္ခ်က္ ရုရွားႀကိဳဆို ICJ ႏိုင္ငံတကာတရား႐ုံးမွာ ေဒၚေအာင္ဆန္းစုၾကည္ ခုခံေခ်ပဖို႔ ဆုံးျဖတ္ခ်က္ ရုရွားႀကိဳဆို Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.