ရေသ့ေတာင္၊ ေက်ာက္ေတာ္တိုက္ပြဲ အရပ္သား တစ္ဦးေသ၊ သုံးဦးဒဏ္ရာရ

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ရေသ့ေတာင္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကုလားတန္ျမစ္ေၾကာင္းအနီးမွာ မေန႔ကစလို႔ တိုက္ပြဲျပင္းထန္တာေၾကာင့္ ေဒသခံ တစ္ဦး ေသဆုံးၿပီး သုံးဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕နယ္ ကုလားတန္ျမစ္ေၾကာင္းတေလွ်ာက္မွာ ဒီကေန႔မနက္က တစ္နာရီနီးပါးၾကာ ျဖစ္ပြားခဲ့တဲ့ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲေၾကာင့္ ကသစ္ေတာေက်း႐ြာက အမ်ိဳးသမီးတစ္ေယာက္နဲ႔ အသက္ ၆၀ အ႐ြယ္ အမ်ိဳးသားတစ္ေယာက္ လက္နက္ႀကီးက်ည္စ ထိမွန္ခဲ့ပါတယ္။ ဒီအထဲကမွ အဘိုးအိုကေတာ့ ေျခေထာက္ျပတ္သြားၿပီး ဒဏ္ရာျပင္းထန္တာေၾကာင့္ စစ္ေတြေဆး႐ုံကို တင္ပို႔ထားရတယ္လို႔ အမည္မေဖာ္လိုတဲ့ ေဒသခံ တစ္ဦးက ဆိုပါတယ္။

“အမ်ိဳးသား တစ္ေယာက္နဲ႔ အမ်ိးသမီး တစ္ေယာက္ ဒဏ္ရာရတယ္။ အမ်ိဳးသားကေတာ့ စစ္ေတြကို သြားရတယ္။ ျမစ္ထဲကေနၿပီး စစ္ေရယာဥ္က အေျမႇာက္နဲ႔ပစ္တာမွာ ထိသြားတယ္လို႔ ေျပာတယ္။ ေျခေထာက္ျပတ္သြားတယ္“

ဘယ္ဘက္ကပစ္လိုက္တဲ့ လက္နက္ႀကီးက်ည္လဲ ဆိုတာကိုေတာ့ RFA က သီးျခားအတည္မျပဳႏိုင္ခဲ့ပါဘူး။

ပလက္ဝနဲ႔ ကုလားတန္ျမစ္ေၾကာင္း စီမံကိန္းအတြက္ ပစၥည္းေတြ တင္ေဆာင္လာတဲ့ ေရယာဥ္ေတြကို AA က တိုက္ခိုက္ခဲ့လို႔ တပ္မေတာ္သားတစ္ဦး ဒဏ္ရာရခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“ ဒီေန႔ ခုႏွစ္နာရီမွာ ေက်ာက္ေတာ္နား မေရာက္ခင္ စည္ေပါက္ဝနားမွာ ပစၥည္းတင္လာတဲ့ ေရယာဥ္နဲ႔ ကမ္းထိုးေရယာဥ္ စုစုေပါင္း ေျခာက္စီးကို စည္ေပါက္ဝရဲ႕ အေရွ႕ဘက္ကမ္းကေနၿပီး အာပီဂ်ီနဲ႔ပစ္တယ္။ ဒီအတြက္ ခုႏွစ္နာရီေလာက္ကေန ရွစ္နာရီေလာက္အထိ တိုက္ပြဲျဖစ္ပြားခဲ့တယ္။ ေရယာဥ္ေတြကေတာ့ ဘာမွမျဖစ္ဘူး။ ဒါေပမဲ့ လုံၿခဳံေရးလိုက္သြားတဲ့ တစ္ေယာက္ေတာ့ ဒဏ္ရာရခဲ့တယ္“

ပလက္ဝစီမံကိန္းကို အေႏွာင့္အယွက္ မေပးဘဲ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ ေအေအဘက္က သတင္းထုတ္ျပန္ထားေပမယ့္ လက္ေတြ႕မွာ အခုလို တိုက္ခိုက္မႈေတြကို ေအေအဘက္က လုပ္ေဆာင္ေနတယ္လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ဆိုပါတယ္။

ကုလားျမစ္ေၾကာင္းတစ္ေလွ်ာက္မွာ စစ္ေရယာဥ္ေတြလာၿပီဆိုရင္ တိုက္ခိုက္မႈေတြ အၿမဲလိုလိုျဖစ္ခဲ့ၿပီး ဒီတစ္ႀကိမ္နဲ႔ဆို တိုက္ပြဲျဖစ္ပြားတာ သုံးႀကိမ္ေျမာက္ရွိၿပီျဖစ္ပါတယ္။

ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ အနီးအနားက ပီေကာက္႐ြာ ေဒသခံေတြလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေနအိမ္တခ်ိဳ႕လည္း ပ်က္စီးဆုံးရႈံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မေန႔ကေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်က္ေတာင္ေက်း႐ြာထဲကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခံရလို႔ အသက္ ၅၀ ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတစ္ဦးေသဆုံးၿပီး ေနာက္ထပ္တစ္ဦး ဒဏ္ရာရခဲ့ပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေျမာက္ပိုင္းမွာရွိတဲ့ အမ်က္ေတာင္ ေက်း႐ြာထဲကို မေန႔က ညေန ေလးနာရီခြဲေလာက္မွာ လက္နက္ႀကီးေလးခ်က္ က်ေရာက္ေပါက္ကြဲခဲ့တာလို႔ ႐ြာသားေတြက ေျပာပါတယ္။

အဲဒီလက္နက္ႀကီးေတြေၾကာင့္ အသက္ ၄၈ ႏွစ္အ႐ြယ္ ဦးဆန္းသိန္းေမာင္ ပြဲခ်င္းၿပီး ေသဆုံးပါတယ္။ အသက္ ၅၀ ဝန္းက်င္အ႐ြယ္ ဦးေမာင္ခင္ဝင္းကေတာ့ လက္နက္ႀကီးအစ ထိမွန္ဒဏ္ရာရခဲ့တယ္လို႔ သိရပါတယ္။

မေန႔က ႐ြာထဲကိုက်ေရာက္ေပါက္ကြဲတဲ့ လက္နက္ႀကီးေတြေၾကာင့္ ေနအိမ္တခ်ိဳ႕ပါ ပ်က္စီးသြားတယ္လို႔ ဆိုပါတယ္။ အမ်က္ေတာင္ေက်း႐ြာရဲ႕ အေရွ႕ဘက္မ်က္ႏွာခ်င္းဆိုင္ ေခ်ာင္တစ္ဘက္ကမ္းမွာ တပ္မေတာ္ ေရစိုးေခ်ာင္း ဗ်ဴဟာ ရွိပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေအေအအဖြဲ႕က အမ်က္ေတာင္႐ြာကို အကာအကြယ္ယူခဲ့တယ္လို႔  ေျပာပါတယ္။

“တိုက္ပြဲျဖစ္ၾကတာေလ။ ေအေအကေနၿပီး အဲဒီအမ်က္ေတာင္ကေန ေရစိုးေခ်ာင္းဘက္ကို လွမ္းပစ္တာ။ အဲလိုေတာ့ သိရတယ္။ တိုက္ပြဲျဖစ္တာကေတာ့ နာရီဝက္ေလာက္ၾကာတယ္။ ကြၽန္ေတာ္ႀကိမ္ဖန္မ်ားစြာ ေျပာထားၿပီးသားပါ။ ႐ြာေတြကိုအေျခခံၿပီး လာမလုပ္ပါနဲ႔လို႔ ေျပာထားၿပီးသား။ အခုက ႐ြာထဲကေန လာပစ္တာကိုး။ဘယ္သူ႔က်ည္ေၾကာင့္မွန္တယ္ ဘာညာေတာ့ ကြၽန္ေတာ္လည္း မသိဘူး။ က်ည္မွန္တယ္၊ မမွန္ဘူး ဆိုတာကလည္း ကြၽန္ေတာ္လည္း ဂဃနဏ မသိဘူး”

လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေက်း႐ြာသားတစ္ဦးကေတာ့  အမ်က္ေတာင္႐ြာ အပစ္ခံရတယ္လို႔ ေျပာပါတယ္။

“ဟိုဘက္မွာ သူတို႔အခ်င္းခ်င္း အျပန္အလွန္ ပစ္ခတ္တယ္လို႔ေျပာၾကတာပဲ။ ေက်ာက္ခုံပုတ္နဲ႔ ေရစိုးေခ်ာင္း ႏွစ္ဘက္ျဖစ္ၾကတာ။ အပစ္ခံရတာက အမ်က္ေတာင္ကိုပစ္တာ။ ေက်ာက္ခုံပုတ္နဲ႔ ေရစိုးေခ်ာင္းက ေတာင္နဲ႔ ေျမာက္ျဖစ္တယ္။ ေရစိုးေခ်ာင္းဗ်ဴဟာနဲ႔ အခုအမ်က္ေတာင္နဲ႔က အေရွ႕နဲ႔အေနာက္ အဲလိုျဖစ္ေနတာ”

ရကၡိဳင့္တပ္ေတာ္(AA)ရဲ႕ေျပာခြင့္ရသူ ခိုင္သုခက ဒီေန႔မနက္ပိုင္းမွာ အခုလို တုံ႔ျပန္ပါတယ္။

“ႏိုဝင္ဘာလ ၂၁ ရက္ေန႔မွာ မနက္ပိုင္းက စၿပီးေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္ ေရစိုးေခ်ာင္း ဗ်ဴဟာကေနၿပီးေတာ့မွ လက္နက္ႀကီးေတြနဲ႔ ရမ္းသမ္းပစ္ခတ္ေနတဲ့ ဥစၥာရွိတယ္ဗ်။ သူတို႔တစ္ေနကုန္ ေဒသတြင္းတစ္ခုလုံးကို ရမ္းကားပစ္ခတ္တဲ့အတြက္ေၾကာင့္မို႔လို႔ မေန႔ညေန ေလးနာရီေလာက္မွာ စစ္တပ္ရဲ႕လက္နက္ႀကီး က်ည္တစ္လုံးက အမ်က္ေတာင္႐ြာကို က်ေရာက္ေပါက္ကြဲတယ္လို႔ သိရတယ္ဗ်။ ဒါကေတာ့ ႐ြာသားေတြကို ဦးတည္ၿပီးေတာ့ တိုက္ခိုက္တာျဖစ္တယ္”

အမ်က္ေတာင္ေက်း႐ြာမွာ အိမ္ေျခ ၁၀၀ ေက်ာ္ခန႔္ရွိၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လပထမပတ္က အနီးအနားမွာႏွစ္ဖက္ တိုက္ပြဲျပင္းထန္ခဲ့ၿပီးေနာက္ ႐ြာသားအေတာ္မ်ားမ်ား ထြက္ေျပးခဲ့ၾကရသလို ေနအိမ္ ၁၂ လုံးလည္း မီးရႈိ႕ခံခဲ့ရပါတယ္။

႐ြာသားေတြဘက္က- တပ္မေတာ္က မီးရႈိ႕တယ္လို႔ ေျပာဆိုခ်က္ကို တပ္မေတာ္ တာဝန္ရွိသူေတြက အဲဒီစြပ္စြဲခ်က္ မဟုတ္မွန္ေၾကာင္း ျငင္းဆိုခဲ့ၾကပါတယ္။

အခု႐ြာမွာ အေျခအေန ျပန္လည္တည္ၿငိမ္စျပဳလာလို႔ ႐ြာသားအခ်ိဳ႕ ျပန္လည္ေနထိုင္ခဲ့ၿပီးေနာက္ မေန႔က ႐ြာထဲကို ပစ္ခတ္ခံခဲ့ရတာလို႔လည္း ႐ြာသားေတြက ေျပာပါတယ္။

တစ္ႏွစ္နီးပါးၾကာလာၿပီျဖစ္တဲ့ ရခိုင္ျပည္က တိုက္ပြဲေတြေၾကာင့္ အရပ္သား ေသဆုံးသူတျဖည္းျဖည္း ပိုတိုးလာေနၿပီး စစ္ေဘးေရွာင္အေရအတြက္လည္း ေလ်ာ့မသြားဘဲ တိုးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ရသေ့တောင်၊ ကျောက်တော်တိုက်ပွဲ အရပ်သား တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းအနီးမှာ မနေ့ကစလို့ တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းတလျှောက်မှာ ဒီကနေ့မနက်က တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲကြောင့် ကသစ်တောကျေးရွာက အမျိုးသမီးတစ်ယောက်နဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ယောက် လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပါတယ်။ ဒီအထဲကမှ အဘိုးအိုကတော့ ခြေထောက်ပြတ်သွားပြီး ဒဏ်ရာပြင်းထန်တာကြောင့် စစ်တွေဆေးရုံကို တင်ပို့ထားရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

“အမျိုးသား တစ်ယောက်နဲ့ အမျိးသမီး တစ်ယောက် ဒဏ်ရာရတယ်။ အမျိုးသားကတော့ စစ်တွေကို သွားရတယ်။ မြစ်ထဲကနေပြီး စစ်ရေယာဉ်က အမြှောက်နဲ့ပစ်တာမှာ ထိသွားတယ်လို့ ပြောတယ်။ ခြေထောက်ပြတ်သွားတယ်“

ဘယ်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်လဲ ဆိုတာကိုတော့ RFA က သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

ပလက်ဝနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းအတွက် ပစ္စည်းတွေ တင်ဆောင်လာတဲ့ ရေယာဉ်တွေကို AA က တိုက်ခိုက်ခဲ့လို့ တပ်မတော်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ ဒီနေ့ ခုနှစ်နာရီမှာ ကျောက်တော်နား မရောက်ခင် စည်ပေါက်ဝနားမှာ ပစ္စည်းတင်လာတဲ့ ရေယာဉ်နဲ့ ကမ်းထိုးရေယာဉ် စုစုပေါင်း ခြောက်စီးကို စည်ပေါက်ဝရဲ့ အရှေ့ဘက်ကမ်းကနေပြီး အာပီဂျီနဲ့ပစ်တယ်။ ဒီအတွက် ခုနှစ်နာရီလောက်ကနေ ရှစ်နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ရေယာဉ်တွေကတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ လုံခြုံရေးလိုက်သွားတဲ့ တစ်ယောက်တော့ ဒဏ်ရာရခဲ့တယ်“

ပလက်ဝစီမံကိန်းကို အနှောင့်အယှက် မပေးဘဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အေအေဘက်က သတင်းထုတ်ပြန်ထားပေမယ့် လက်တွေ့မှာ အခုလို တိုက်ခိုက်မှုတွေကို အေအေဘက်က လုပ်ဆောင်နေတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။

ကုလားမြစ်ကြောင်းတစ်လျှောက်မှာ စစ်ရေယာဉ်တွေလာပြီဆိုရင် တိုက်ခိုက်မှုတွေ အမြဲလိုလိုဖြစ်ခဲ့ပြီး ဒီတစ်ကြိမ်နဲ့ဆို တိုက်ပွဲဖြစ်ပွားတာ သုံးကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကြောင့် အနီးအနားက ပီကောက်ရွာ ဒေသခံတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကတော့ ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရလို့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ အမျက်တောင် ကျေးရွာထဲကို မနေ့က ညနေ လေးနာရီခွဲလောက်မှာ လက်နက်ကြီးလေးချက် ကျရောက်ပေါက်ကွဲခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးတွေကြောင့် အသက် ၄၈ နှစ်အရွယ် ဦးဆန်းသိန်းမောင် ပွဲချင်းပြီး သေဆုံးပါတယ်။ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမောင်ခင်ဝင်းကတော့ လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့က ရွာထဲကိုကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးတွေကြောင့် နေအိမ်တချို့ပါ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ အမျက်တောင်ကျေးရွာရဲ့ အရှေ့ဘက်မျက်နှာချင်းဆိုင် ချောင်တစ်ဘက်ကမ်းမှာ တပ်မတော် ရေစိုးချောင်း ဗျူဟာ ရှိပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အေအေအဖွဲ့က အမျက်တောင်ရွာကို အကာအကွယ်ယူခဲ့တယ်လို့  ပြောပါတယ်။

“တိုက်ပွဲဖြစ်ကြတာလေ။ အေအေကနေပြီး အဲဒီအမျက်တောင်ကနေ ရေစိုးချောင်းဘက်ကို လှမ်းပစ်တာ။ အဲလိုတော့ သိရတယ်။ တိုက်ပွဲဖြစ်တာကတော့ နာရီဝက်လောက်ကြာတယ်။ ကျွန်တော်ကြိမ်ဖန်များစွာ ပြောထားပြီးသားပါ။ ရွာတွေကိုအခြေခံပြီး လာမလုပ်ပါနဲ့လို့ ပြောထားပြီးသား။ အခုက ရွာထဲကနေ လာပစ်တာကိုး။ဘယ်သူ့ကျည်ကြောင့်မှန်တယ် ဘာညာတော့ ကျွန်တော်လည်း မသိဘူး။ ကျည်မှန်တယ်၊ မမှန်ဘူး ဆိုတာကလည်း ကျွန်တော်လည်း ဂဃနဏ မသိဘူး”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးကတော့  အမျက်တောင်ရွာ အပစ်ခံရတယ်လို့ ပြောပါတယ်။

“ဟိုဘက်မှာ သူတို့အချင်းချင်း အပြန်အလှန် ပစ်ခတ်တယ်လို့ပြောကြတာပဲ။ ကျောက်ခုံပုတ်နဲ့ ရေစိုးချောင်း နှစ်ဘက်ဖြစ်ကြတာ။ အပစ်ခံရတာက အမျက်တောင်ကိုပစ်တာ။ ကျောက်ခုံပုတ်နဲ့ ရေစိုးချောင်းက တောင်နဲ့ မြောက်ဖြစ်တယ်။ ရေစိုးချောင်းဗျူဟာနဲ့ အခုအမျက်တောင်နဲ့က အရှေ့နဲ့အနောက် အဲလိုဖြစ်နေတာ”

ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက ဒီနေ့မနက်ပိုင်းမှာ အခုလို တုံ့ပြန်ပါတယ်။

“နိုဝင်ဘာလ ၂၁ ရက်နေ့မှာ မနက်ပိုင်းက စပြီးတော့ ရသေ့တောင်မြို့နယ် ရေစိုးချောင်း ဗျူဟာကနေပြီးတော့မှ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ ဥစ္စာရှိတယ်ဗျ။ သူတို့တစ်နေကုန် ဒေသတွင်းတစ်ခုလုံးကို ရမ်းကားပစ်ခတ်တဲ့အတွက်ကြောင့်မို့လို့ မနေ့ညနေ လေးနာရီလောက်မှာ စစ်တပ်ရဲ့လက်နက်ကြီး ကျည်တစ်လုံးက အမျက်တောင်ရွာကို ကျရောက်ပေါက်ကွဲတယ်လို့ သိရတယ်ဗျ။ ဒါကတော့ ရွာသားတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်တာဖြစ်တယ်”

အမျက်တောင်ကျေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လပထမပတ်က အနီးအနားမှာနှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ရွာသားအတော်များများ ထွက်ပြေးခဲ့ကြရသလို နေအိမ် ၁၂ လုံးလည်း မီးရှို့ခံခဲ့ရပါတယ်။

ရွာသားတွေဘက်က- တပ်မတော်က မီးရှို့တယ်လို့ ပြောဆိုချက်ကို တပ်မတော် တာဝန်ရှိသူတွေက အဲဒီစွပ်စွဲချက် မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ကြပါတယ်။

အခုရွာမှာ အခြေအနေ ပြန်လည်တည်ငြိမ်စပြုလာလို့ ရွာသားအချို့ ပြန်လည်နေထိုင်ခဲ့ပြီးနောက် မနေ့က ရွာထဲကို ပစ်ခတ်ခံခဲ့ရတာလို့လည်း ရွာသားတွေက ပြောပါတယ်။

တစ်နှစ်နီးပါးကြာလာပြီဖြစ်တဲ့ ရခိုင်ပြည်က တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးသူတဖြည်းဖြည်း ပိုတိုးလာနေပြီး စစ်ဘေးရှောင်အရေအတွက်လည်း လျော့မသွားဘဲ တိုးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္၊ ေက်ာက္ေတာ္တိုက္ပြဲ အရပ္သား တစ္ဦးေသ၊ သုံးဦးဒဏ္ရာရ ရေသ့ေတာင္၊ ေက်ာက္ေတာ္တိုက္ပြဲ အရပ္သား တစ္ဦးေသ၊ သုံးဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 01:45 Rating: 5
Powered by Blogger.