ေက်ာက္ျဖဴေဒသ ရခိုင္-ကမန္ ျပန္လည္ရင္းႏွီးခ်စ္ခင္ေရး အလားအလာ

ေက်ာက္ျဖဴရွိ ဒုကၡသည္မ်ား

(Zawgyi/Unicode)

ရခိုင္ျပည္နယ္က ေက်ာက္ျဖဴေဒသခံ ကမန္မူဆလင္ေတြဟာ ဒုကၡသည္စခန္းမွာ သီးျခား ေနထိုင္ၾကေနရဆဲျဖစ္ေပမဲ့ ဗုဒၶဘာသာဝင္ ရခိုင္ေတြနဲ႔ ခင္မင္ရင္းႏွီးမႈ ျပန္လည္ထြန္းကားဖုိ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

အတူ ေရာေႏွာေနထိုင္ရင္ ပဋိပကၡေတြ ျပန္လည္ျဖစ္လာေလမလား ဆိုတဲ့ စုိးရိမ္မႈတခ်ဳိ႕ က်န္ရွိေနဆဲျဖစ္ေပမဲ့ ႏွစ္ဘက္စလုံးက ဒီလုိေပါင္းစည္းေရးကို လုိလားေနၾကတာပါ။ AFP သတင္းတပုဒ္ေပၚ အေျခခံၿပီး ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

ဗုဒၶဘာသာ ျမန္မာအမ်ဳိးသမီးတဦးကို အဓမၼျပဳက်င့္ခဲ့တယ္ဆိုတဲ့ ေကာလဟလသတင္းက ၂၀၁၂ ခုႏွစ္အတြင္း ရခုိင္ျပည္နယ္မွာ ပ်ံ႕ႏွ႔ံခဲ့ၿပီးေနာက္ ဘာသာမတူတဲ့ ေဒသခံေတြၾကား ပဋိပကၡအႀကီးအက်ယ္ ျဖစ္ခဲ့တဲ့ေနာက္ပိုင္းမွာ ေက်ာက္ျဖဴၿမဳိ႕က လူမႈ အသုိင္းအဝုိင္းၾကား ယုံၾကည္မႈကင္းမဲ့ၿပီး တင္းမာမႈေတြ ရွိလာခဲ့ပါတယ္။

ဒီလုိ ပဋိပကၡေတြမျဖစ္ခင္ တခ်ိန္က ေက်ာက္ျဖဴၿမဳိ့မွာ ဗုဒၶဘာသာနဲ႔ မူဆလင္ေတြၾကား ခင္မင္ရင္းႏွီးစြာ ေနလာခဲ့ၾကတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ သူ႔ကိုယ္သူ ကိုထူးေမာင္လုိ႔ အမည္ေျပာင္းထားတဲ့ ေက်ာက္ျဖဴၿမဳိ့ခံ မူဆလင္အမ်ဳိးသားတဦးကေတာ့ သူနဲ႔အိမ္နီးခ်င္းျဖစ္ခဲ့ၾကတဲ့ ဗုဒၶဘာသာ မိတ္ေဆြေတြအိမ္ကို ေန႔ခင္းပိုင္းမွာ လာေရာက္လည္ပတ္ၿပီး ညမထြက္ရအမိန္႔ အခ်ိန္မျပည့္ခင္ သူတုိ႔ မူဆလင္ေတြကိုထားတဲ့ ေက်ာက္ျဖဴဒုကၡသည္စခန္းထဲ အေရာက္ျပန္ၾကရတယ္လို႔ ဆိုပါတယ္။

ဒီလုိအေျခအေနမ်ဳိး ျဖစ္လာမယ္လို႔ မထင္ခဲ့မိေၾကာင္း ကိုထူးေမာင္က ေျပာပါတယ္။

“ ေတြးရင္းနဲ႔ ၀မ္းနည္းမိတယ္ ။ ဒီလိုအေျခအေနမ်ိဳး ျဖစ္သြားမယ္လို႔ ေတြးေတာင္မေတြးမိဘူး။ အရင္တုန္းကဆိုရင္ ဒီေနရာေတြက ေတာ္ေတာ္ကို သာသာယာယာေနခဲ့တဲ့ ေနရာေတြေလ။”

ရခုိင္ပဋိပကၡ စျဖစ္ခဲ့ခ်ိန္ကစၿပီး မူဆလင္ေတြဟာ ဒုကၡသည္စခန္းထဲ ေနလာရတာ အခုဆို (၇)ႏွစ္ေလာက္ရွိလာၿပီ ျဖစ္ပါတယ္။

ပဋိပကၡျဖစ္ခဲ့ခ်ိန္တုန္းက ေဒါသထြက္ေနၾကတဲ့ ေဒသခံလူထုဟာ ရဲေတြနဲ႔အတူ မူဆလင္အိမ္ေတြကို ဝုိင္းၿပီး ဖ်က္ဆီးခဲ့ၾကတာပါ။ ဒီအျဖစ္အပ်က္အတြင္း လူ(၂၀၀)ေလာက္ ေသဆုံးခဲ့ရၿပီး၊ ေထာင္ခ်ီတဲ့ ေဒသခံေတြ အိုးအိမ္စြန္႔ ထြက္ေျပးခဲ့ရပါတယ္။ ေက်ာက္ျဖဴၿမဳိ႕မွာ ဖ်က္ဆီးခံရတဲ့ အေျခအေနကို ေဒၚေစာပုေခ်က ရွင္းျပပါတယ္။

“ဘာမွမရွိေတာ့ဘူး ဒါေတြ ၊ အကုန္ၿပိဳက်ကုန္ၿပီေလ ၊ လံုး၀ လုပ္လို႔မရေတာ့ဘူး ဒါေတြ လူတက္လို႔ မရေတာ့ဘူး။”

၂၀၁၇ ခုႏွစ္ေရာက္တဲ့အခါ သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာမူဆလင္ေတြ တဘက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္သြားၾကတဲ့ အေျခေနအထိ ျဖစ္လာခဲ့တယ္လို႔ သုံးသပ္ၾကပါတယ္။

ဘာသာစြဲ လူမ်ဳိးစြဲေတြ နက္နက္ရႈိင္းရႈိင္း ဆက္ျဖစ္ေနမွာကုိ ေဒသခံ အမ်ားစု စုိးရိမ္ေနၾကၿပီး၊ လူမႈအသုိင္းဝုိင္းႏွစ္ခုကို ဇြတ္အတင္း ျပန္လည္ ေပါင္းစပ္မယ္ဆိုရင္ မတည္ၿငိမ္မႈ အသစ္ေတြ ျပန္ျဖစ္လာႏိုင္တယ္လို႔ သတိေပးမႈေတြရွိပါတယ္။

ဒါေပမဲ့ ေက်ာက္ျဖဴက မူဆလင္တခ်ဳိ႕ကေတာ့ အရင္ကခင္မင္ခဲ့တဲ့ ဗုဒၶဘာသာမိတ္ေဆြေတြကို သတိထား ဆက္ဆံေနၿပီး၊ လူ႔အသိုင္းဝိုင္းႏွစ္ခုၾကား အရင္ကရွိခဲ့တဲ့ ခ်စ္ခင္ရင္းႏွီးမႈေတြ လုံးဝ ကြယ္ေပ်ာက္သြားႏုိင္မွာ မဟုတ္ဘူးဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ဆက္ရွိေနဆဲျဖစ္တယ္လို႔ ေဒသခံမူဆလင္ ကုိထူးေမာင္က ေျပာပါတယ္။

“ ရြာခံေတြကို ၾကည့္ၿပီးေတာ့ ၀င္ရမယ္ဆိုတာ က်ေနာ္တို႔ ႀကိမ္းေသေပါက္ ေျပာႏိုင္တယ္။ ရြာခံေတြကေတာ့ က်ေနာ္တို႔ကို အျမဲႀကိဳဆိုေနတယ္။”

ေက်ာက္ျဖဴၿမဳိ့နယ္ လႊတ္ေတာ္အမတ္ ဦးေက်ာ္သန္းကေတာ့ ေက်ာက္ျဖဴၿမဳိ့မွာ အရင္ရွိၿပီးသား မူဆလင္ေတြ ျပန္လည္အေျခခ်လာႏိုင္ဖုိ႔ကုိ ႀကဳိဆိုလိုက္ၿပီး၊ အစုိးရရဲ႕ ခြင္ျပဳမိန္႔ေတာ့ လိုအပ္ေၾကာင္း ေျပာပါတယ္။

“ဒီလူူေတြကို camp ထဲမွာ ထားလို႔ ျဖစ္ပါ့မလား။ တေယာက္တည္းရဲ႕ ဆႏၵအရေတာ့ မျဖစ္သင့္ဘူးလို႔ ဦးကေတာ့ အဲလိုျမင္တယ္။ ေျပလည္ေအာင္လုပ္ေပးရမွာက အစိုးရတာ၀န္။ ဒီ ကိုယ့္ႏိုင္ငံသား မဟုတ္တဲ့လူ မရွိဘူးလို႔ အန္ကယ့္အေနနဲ႔ ေျပာခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီမွာ ေနလာတဲ့လူေတြေလ ။”

ေက်ာက္ျဖဴၿမဳိ့မွာက ေဒသခံမူဆလင္ေတြအျပင္၊ ကမန္ မူဆလင္ေတြလည္း ေနထုိင္ၾကတာပါ။ ရခုိင္မွာ ပဋိပကၡ ျဖစ္လာၿပီးေနာက္ ကမန္ အပါအဝင္ ေဒသခံမူဆလင္ေတြကို အာဏာပိုင္ေတြက ဒုကၡသည္စခန္းထဲ ပို႔လိုက္ၾကပါတယ္။ သူတို႔ေတြကေတာ့ ႐ိုဟင္ဂ်ာဆိုသူေတြနဲ႔ ကြာျခားခ်က္ရွိၿပီး ဗုဒၶဘာသာအမ်ားစုရွိတဲ့ ျမန္မာႏိုင္ငံမွာ ကမန္မူဆလင္ေတြကို လူနည္းစု လူမ်ဳိးစုအျဖစ္နဲ႔ တရားဝင္ အသိမွတ္ျပဳထား ၿပီးသား ျဖစ္ပါတယ္။

ရခုိင္ျပည္နယ္တြင္း တုိက္ခုိက္မႈေတြ ျဖစ္မလာခင္တုန္းက ေဒသခံမူဆလင္ ကမန္ေတြဟာ ေက်ာင္းဆရာ၊ ေရွ႕ေန၊ တရားသူႀကီး စတဲ့ အလုပ္ေတြအျပင္ တံငါသည္၊ ႏြားလွည္းနဲ႔ ပစၥည္းသယ္ပို႔သူေတြအျဖစ္ လုပ္ကုိင္ခဲ့ၾကပါတယ္။

ေက်ာက္ျဖဴၿမဳိ့ခံေတြက သူတုိ႔ရဲ႕ေဒသခံ မူဆလင္ေတြအေပၚ သံေယာဇဥ္စိတ္ရွိၾကေပမဲ့ ရခုိင္ေျမာက္ပိုင္းက ႐ုိဟင္ဂ်ာဆုိသူေတြကိုေတာ့ အျပင္က ဝင္ေရာက္လာသူေတြအျဖစ္ လက္မခံႏိုင္ၾကပါဘူး။ ျမန္မာအစုိးရကလည္း ႐ုိဟင္ဂ်ာဆုိတာကုိ လက္မခံ ပယ္ခ်ထားၿပီး ရခုိင္ကေန ဘဂၤလားေဒ့ရွ္ဘ္က ထြက္သြားသူေတြ ျပန္လာေရးကိစၥကိုေတာ့ ျပင္ဆင္လုပ္ေဆာင္ေနေၾကာင္း ေျပာထားပါတယ္။

ရခုိင္ျပည္နယ္တဝွမ္း ဖြင့္လွစ္ထားတဲ့ ဒုကၡသည္စခန္းေတြမွာ မူဆလင္ဒုကၡသည္ (၁၃၀,၀၀၀)ေလာက္ရွိၿပီး အဲဒီထဲမွာ ႐ိုဟင္ဂ်ာေတြအမ်ားစု ပါဝင္ပါတယ္။ အဲဒီထဲက ေထာင္ဂဏန္းဟာ ရခုိင္က ေက်းရြာတခ်ဳိ႕မွာ ဆက္လက္ေနထုိင္ဆဲျဖစ္ၿပီး လြတ္လပ္စြာ သြားလာခြင့္မရွိသလုိ၊ ပညာ သင္ၾကားခြင့္မရတာ၊ က်န္းမာေရး ေစာင့္ေရွာက္မႈ မရရွိတာ၊ အလုပ္လုပ္ခြင့္ မရတာေတြ ျဖစ္ေနတဲ့အတြက္ ဒါဟာ လက္ခံႏိုင္စရာမရွိတဲ့ ရာဇဝတ္မႈျဖစ္တယ္လို႔ AI ေခၚ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔က ေၾကညာခ်က္ ထုတ္ျပန္ ရႈတ္ခ်ခဲ့ပါတယ္။

ဒါ့အျပင္ ႐ုိဟင္ဂ်ာမူဆလင္ေတြကို ထုတ္ေပးတဲ့ NVC ႏုိင္ငံသားခံယူဖို႔စိစစ္ခြင့္ ကဒ္ျပားဟာလည္း မူဆလင္ေတြအေပၚ အထူးသျဖင့္ ႐ုိဟင္ဂ်ာ ေတြကုိ လွည့္စားမႈတခုသာ ျဖစ္တယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ျပစ္တင္ထားပါတယ္။ လူအနည္းငယ္သာ မွတ္ပုံတင္ရရွိၾကတယ္လို႔ ဆုိပါတယ္။ ရခုိင္အေရးနဲ႔ပတ္သက္ၿပီး ႏုိင္ငံတကာရဲ႕ ဖိအားေတြေၾကာင့္ ရခုိင္ျပည္နယ္ထဲက ဒုကၡသည္စခန္းေတြ ပိတ္သိမ္းမယ္လို႔ ျမန္မာအစိုးရက ေၾကညာခဲ့ေပမယ့္ စခန္းထဲကလူေတြ အခုခ်ိန္ထိ အိမ္ျပန္ခြင့္ မရၾကေသးပဲျဖစ္ေနပါတယ္။ ေဒသတြင္းမွာ လူမ်ဳိးေရးအရ ဒီလုိခြဲျခားဆက္ဆံမႈ ဆက္ရွိေနမွာကို ကုလသမဂၢနဲ႔ NGO အဖြဲ႔အစည္းေတြက စုိးရိမ္ေနၾကၿပီး၊ ရခုိင္ျပည္နယ္က မူဆလင္ေတြကို လြတ္လပ္စြာ သြားလာလႈပ္ရွားခြင့္ ေပးဖို႔ကိုလည္း သူတို႔က ေတာင္းဆုိေနၾကပါတယ္။
.......................

ကျောက်ဖြူဒေသ ရခိုင်-ကမန် ပြန်လည်ရင်းနှီးချစ်ခင်ရေး အလားအလာ

(Unicode)

ရခိုင်ပြည်နယ်က ကျောက်ဖြူဒေသခံ ကမန်မူဆလင်တွေဟာ ဒုက္ခသည်စခန်းမှာ သီးခြား နေထိုင်ကြနေရဆဲဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ ခင်မင်ရင်းနှီးမှု ပြန်လည်ထွန်းကားဖို့ မျှော်လင့်နေကြပါတယ်။ အတူ ရောနှောနေထိုင်ရင် ပဋိပက္ခတွေ ပြန်လည်ဖြစ်လာလေမလား ဆိုတဲ့ စိုးရိမ်မှုတချို့ ကျန်ရှိနေဆဲဖြစ်ပေမဲ့ နှစ်ဘက်စလုံးက ဒီလိုပေါင်းစည်းရေးကို လိုလားနေကြတာပါ။ AFP သတင်းတပုဒ်ပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ကောလဟလသတင်းက ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဘာသာမတူတဲ့ ဒေသခံတွေကြား ပဋိပက္ခအကြီးအကျယ် ဖြစ်ခဲ့တဲ့နောက်ပိုင်းမှာ ကျောက်ဖြူမြို့က လူမှု အသိုင်းအဝိုင်းကြား ယုံကြည်မှုကင်းမဲ့ပြီး တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။

ဒီလို ပဋိပက္ခတွေမဖြစ်ခင် တချိန်က ကျောက်ဖြူမြို့မှာ ဗုဒ္ဓဘာသာနဲ့ မူဆလင်တွေကြား ခင်မင်ရင်းနှီးစွာ နေလာခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူ့ကိုယ်သူ ကိုထူးမောင်လို့ အမည်ပြောင်းထားတဲ့ ကျောက်ဖြူမြို့ခံ မူဆလင်အမျိုးသားတဦးကတော့ သူနဲ့အိမ်နီးချင်းဖြစ်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာ မိတ်ဆွေတွေအိမ်ကို နေ့ခင်းပိုင်းမှာ လာရောက်လည်ပတ်ပြီး ညမထွက်ရအမိန့် အချိန်မပြည့်ခင် သူတို့ မူဆလင်တွေကိုထားတဲ့ ကျောက်ဖြူဒုက္ခသည်စခန်းထဲ အရောက်ပြန်ကြရတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်လို့ မထင်ခဲ့မိကြောင်း ကိုထူးမောင်က ပြောပါတယ်။

“ တွေးရင်းနဲ့ ဝမ်းနည်းမိတယ် ။ ဒီလိုအခြေအနေမျိုး ဖြစ်သွားမယ်လို့ တွေးတောင်မတွေးမိဘူး။ အရင်တုန်းကဆိုရင် ဒီနေရာတွေက တော်တော်ကို သာသာယာယာနေခဲ့တဲ့ နေရာတွေလေ။”

ရခိုင်ပဋိပက္ခ စဖြစ်ခဲ့ချိန်ကစပြီး မူဆလင်တွေဟာ ဒုက္ခသည်စခန်းထဲ နေလာရတာ အခုဆို (၇)နှစ်လောက်ရှိလာပြီ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ခဲ့ချိန်တုန်းက ဒေါသထွက်နေကြတဲ့ ဒေသခံလူထုဟာ ရဲတွေနဲ့အတူ မူဆလင်အိမ်တွေကို ဝိုင်းပြီး ဖျက်ဆီးခဲ့ကြတာပါ။ ဒီအဖြစ်အပျက်အတွင်း လူ(၂၀၀)လောက် သေဆုံးခဲ့ရပြီး၊ ထောင်ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။ ကျောက်ဖြူမြို့မှာ ဖျက်ဆီးခံရတဲ့ အခြေအနေကို ဒေါ်စောပုချေက ရှင်းပြပါတယ်။

“ဘာမှမရှိတော့ဘူး ဒါတွေ ၊ အကုန်ပြိုကျကုန်ပြီလေ ၊ လုံး၀ လုပ်လို့မရတော့ဘူး ဒါတွေ လူတက်လို့ မရတော့ဘူး။”

၂၀၁၇ ခုနှစ်ရောက်တဲ့အခါ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်သွားကြတဲ့ အခြေနေအထိ ဖြစ်လာခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ဘာသာစွဲ လူမျိုးစွဲတွေ နက်နက်ရှိုင်းရှိုင်း ဆက်ဖြစ်နေမှာကို ဒေသခံ အများစု စိုးရိမ်နေကြပြီး၊ လူမှုအသိုင်းဝိုင်းနှစ်ခုကို ဇွတ်အတင်း ပြန်လည် ပေါင်းစပ်မယ်ဆိုရင် မတည်ငြိမ်မှု အသစ်တွေ ပြန်ဖြစ်လာနိုင်တယ်လို့ သတိပေးမှုတွေရှိပါတယ်။

ဒါပေမဲ့ ကျောက်ဖြူက မူဆလင်တချို့ကတော့ အရင်ကခင်မင်ခဲ့တဲ့ ဗုဒ္ဓဘာသာမိတ်ဆွေတွေကို သတိထား ဆက်ဆံနေပြီး၊ လူ့အသိုင်းဝိုင်းနှစ်ခုကြား အရင်ကရှိခဲ့တဲ့ ချစ်ခင်ရင်းနှီးမှုတွေ လုံးဝ ကွယ်ပျောက်သွားနိုင်မှာ မဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်တွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ ဒေသခံမူဆလင် ကိုထူးမောင်က ပြောပါတယ်။

“ ရွာခံတွေကို ကြည့်ပြီးတော့ ဝင်ရမယ်ဆိုတာ ကျနော်တို့ ကြိမ်းသေပေါက် ပြောနိုင်တယ်။ ရွာခံတွေကတော့ ကျနော်တို့ကို အမြဲကြိုဆိုနေတယ်။”

ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ် ဦးကျော်သန်းကတော့ ကျောက်ဖြူမြို့မှာ အရင်ရှိပြီးသား မူဆလင်တွေ ပြန်လည်အခြေချလာနိုင်ဖို့ကို ကြိုဆိုလိုက်ပြီး၊ အစိုးရရဲ့ ခွင်ပြုမိန့်တော့ လိုအပ်ကြောင်း ပြောပါတယ်။

“ဒီလူူတွေကို camp ထဲမှာ ထားလို့ ဖြစ်ပါ့မလား။ တယောက်တည်းရဲ့ ဆန္ဒအရတော့ မဖြစ်သင့်ဘူးလို့ ဦးကတော့ အဲလိုမြင်တယ်။ ပြေလည်အောင်လုပ်ပေးရမှာက အစိုးရတာဝန်။ ဒီ ကိုယ့်နိုင်ငံသား မဟုတ်တဲ့လူ မရှိဘူးလို့ အန်ကယ့်အနေနဲ့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ နေလာတဲ့လူတွေလေ ။”

ကျောက်ဖြူမြို့မှာက ဒေသခံမူဆလင်တွေအပြင်၊ ကမန် မူဆလင်တွေလည်း နေထိုင်ကြတာပါ။ ရခိုင်မှာ ပဋိပက္ခ ဖြစ်လာပြီးနောက် ကမန် အပါအဝင် ဒေသခံမူဆလင်တွေကို အာဏာပိုင်တွေက ဒုက္ခသည်စခန်းထဲ ပို့လိုက်ကြပါတယ်။ သူတို့တွေကတော့ ရိုဟင်ဂျာဆိုသူတွေနဲ့ ကွာခြားချက်ရှိပြီး ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံမှာ ကမန်မူဆလင်တွေကို လူနည်းစု လူမျိုးစုအဖြစ်နဲ့ တရားဝင် အသိမှတ်ပြုထား ပြီးသား ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေ ဖြစ်မလာခင်တုန်းက ဒေသခံမူဆလင် ကမန်တွေဟာ ကျောင်းဆရာ၊ ရှေ့နေ၊ တရားသူကြီး စတဲ့ အလုပ်တွေအပြင် တံငါသည်၊ နွားလှည်းနဲ့ ပစ္စည်းသယ်ပို့သူတွေအဖြစ် လုပ်ကိုင်ခဲ့ကြပါတယ်။

ကျောက်ဖြူမြို့ခံတွေက သူတို့ရဲ့ဒေသခံ မူဆလင်တွေအပေါ် သံယောဇဉ်စိတ်ရှိကြပေမဲ့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဆိုသူတွေကိုတော့ အပြင်က ဝင်ရောက်လာသူတွေအဖြစ် လက်မခံနိုင်ကြပါဘူး။ မြန်မာအစိုးရကလည်း ရိုဟင်ဂျာဆိုတာကို လက်မခံ ပယ်ချထားပြီး ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘ်က ထွက်သွားသူတွေ ပြန်လာရေးကိစ္စကိုတော့ ပြင်ဆင်လုပ်ဆောင်နေကြောင်း ပြောထားပါတယ်။

ရခိုင်ပြည်နယ်တဝှမ်း ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ မူဆလင်ဒုက္ခသည် (၁၃၀,၀၀၀)လောက်ရှိပြီး အဲဒီထဲမှာ ရိုဟင်ဂျာတွေအများစု ပါဝင်ပါတယ်။ အဲဒီထဲက ထောင်ဂဏန်းဟာ ရခိုင်က ကျေးရွာတချို့မှာ ဆက်လက်နေထိုင်ဆဲဖြစ်ပြီး လွတ်လပ်စွာ သွားလာခွင့်မရှိသလို၊ ပညာ သင်ကြားခွင့်မရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာ၊ အလုပ်လုပ်ခွင့် မရတာတွေ ဖြစ်နေတဲ့အတွက် ဒါဟာ လက်ခံနိုင်စရာမရှိတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြေညာချက် ထုတ်ပြန် ရှုတ်ချခဲ့ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေကို ထုတ်ပေးတဲ့ NVC နိုင်ငံသားခံယူဖို့စိစစ်ခွင့် ကဒ်ပြားဟာလည်း မူဆလင်တွေအပေါ် အထူးသဖြင့် ရိုဟင်ဂျာ တွေကို လှည့်စားမှုတခုသာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ထားပါတယ်။ လူအနည်းငယ်သာ မှတ်ပုံတင်ရရှိကြတယ်လို့ ဆိုပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းမယ်လို့ မြန်မာအစိုးရက ကြေညာခဲ့ပေမယ့် စခန်းထဲကလူတွေ အခုချိန်ထိ အိမ်ပြန်ခွင့် မရကြသေးပဲဖြစ်နေပါတယ်။ ဒေသတွင်းမှာ လူမျိုးရေးအရ ဒီလိုခွဲခြားဆက်ဆံမှု ဆက်ရှိနေမှာကို ကုလသမဂ္ဂနဲ့ NGO အဖွဲ့အစည်းတွေက စိုးရိမ်နေကြပြီး၊ ရခိုင်ပြည်နယ်က မူဆလင်တွေကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပေးဖို့ကိုလည်း သူတို့က တောင်းဆိုနေကြပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA Burmese
https://burmese.voanews.com
ေက်ာက္ျဖဴေဒသ ရခိုင္-ကမန္ ျပန္လည္ရင္းႏွီးခ်စ္ခင္ေရး အလားအလာ ေက်ာက္ျဖဴေဒသ ရခိုင္-ကမန္ ျပန္လည္ရင္းႏွီးခ်စ္ခင္ေရး အလားအလာ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.