ICJ အမႈ - ျမန္မာနဲ႔ မစိမ္းတဲ့ ဂမ္ဘီယာရဲ႕ ေရွ႕ေနအဖြဲ႕ ဖိုလီေဟာ့ဂ္

 ICJ မွာ ဘယ္ အခ်က္ေတြကို ဂမ္ဘီယာ ေလွ်ာက္ထားလဲ
(Zawgyi)⤵⤵⤵
ကုလသမဂၢ ႏိုင္ငံတကာတရား႐ုံး ICJ မွာ ျမန္မာကို တရားစြဲထားတဲ့ ဂမ္ဘီယာ ႏိုင္ငံရဲ႕ ဥပေဒ ေရးရာ အဖြဲ႕ကို ဖိုလီေဟာ့ဂ္ Foley Hoag ဆိုတဲ့ အေမရိကန္ ေရွ႕ေန အဖြဲ႕က ဦးေဆာင္မွာ ျဖစ္ပါတယ္။

ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းလို႔ ေခၚတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈကို တားဆီး အျပစ္ေပးေရးဆိုင္ရာ ကုလသမဂၢ ပဋိညာဥ္ကို ျမန္မာက ေဖာက္ဖ်က္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ျမန္မာကို ICJ မွာ တရားစြဲဖို႔ အစၥလာမ္မစ္ ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕ OIC က အဖြဲ႕ဝင္ ႏိုင္ငံ ဂမ္ဘီယာကို တာဝန္ေပးခဲ့တဲ့ေနာက္၊ ဂမ္ဘီယာက သူတို႔ရဲ႕ ဥပေဒေရးရာ အဖြဲ႕ကို ဦးေဆာင္ဖို႔ရာ ဖိုလီေဟာ့ဂ္ ေရွ႕ေနအဖြဲ႕ကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။

ဖိုလီေဟာ့ဂ္ဟာ ICJ အပါအဝင္၊ ႏိုင္ငံတကာ တရား႐ုံး၊ အႏုညာတခုံ႐ုံးေတြမွာ ႏိုင္ငံေတြကို ကိုယ္စားျပဳၿပီး ေရွ႕ေနလိုက္ေပးတဲ့ ေနရာမွာ အထူးျပဳ ကြၽမ္းက်င္တဲ့ အဖြဲ႕ ျဖစ္ပါတယ္။

ဖိုလီေဟာ့ဂ္ရဲ႕ ႏိုင္ငံတကာမႈခင္းေရးရာ ဌာနရဲ႕ အႀကီးအကဲ ေပါလ္႐ိုင္ခလာ Paul Reichler က သေဟ့ဂ္ကိုလာမယ့္ ဂမ္ဘီယာ ဥပေဒအဖြဲ႕ကို ဦးေဆာင္မွာ ျဖစ္တယ္လို႔ အေမရိကန္ ေဘာ္စတြန္ၿမိဳ႕မွာ ႐ုံးခ်ဳပ္ထားရွိတဲ့ ဖိုလီေဟာ့ဂ္က ထုတ္ျပန္ထားပါတယ္။

" ဂမ္ဘီယာ ႏိုင္ငံ အေပၚ အင္မတန္ ခ်ီးက်ဴး ဂုဏ္ယူပါတယ္။ ရပ္တည္ ရွင္သန္ခြင့္ အႀကီးအက်ယ္ ၿခိမ္းေျခာက္ခံရတဲ့ ႐ိုဟင္ဂ်ာေတြ အေပၚ လူသားခ်င္း စာနာနားလည္ေၾကာင္း စိုးရိမ္မႈေတြ ျပသတဲ့ အတြက္ပါ။"

"ဒါ့အျပင္ လူသားမ်ိဳးႏြယ္အေပၚ အဆိုး႐ြားဆုံး က်ဴးလြန္မႈ ျဖစ္တဲ့ ဂ်ီႏိုဆိုက္ လုပ္ရပ္ေတြ ကမာၻႀကီးေပၚက ဖယ္ရွားႏိုင္ေရး လုပ္ေဆာင္ေနတဲ့ ယဥ္ေက်းတဲ့ ကမာၻ႔ႏိုင္ငံ အသိုင္းအဝိုင္းထဲ ဂမ္ဘီယာ ပူးေပါင္းပါဝင္ ရပ္တည္ျပတဲ့ အတြက္လည္း ခ်ီးက်ဴးသင့္ပါတယ္" ဆိုၿပီး ေပါလ္႐ိုင္ခလာ က ေျပာဆိုတယ္လို႔ ဖိုလီေဟာ့ဂ္ ေရွ႕ေန အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ထဲ ေတြ႕ရပါတယ္။
ျမန္မာနဲ႔ မစိမ္းတဲ့ ဖိုလီေဟာ့ဂ္

အဲဒီ အေမရိကန္ေရွ႕ေန အဖြဲ႕ ဖိုလီေဟာ့ဂ္ကို ႏိုင္ငံတကာ တရားေရး မ်က္ႏွာစာမွာ ျမန္မာ ႀကဳံေတြ႕ဖူးပါတယ္။

ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ပင္လယ္ျပင္ နယ္နိမိတ္ သတ္မွတ္ေရး ဆိုင္ရာ အျငင္းပြားမႈမွာ ဘဂၤလားေဒ့ရွ္ ႏိုင္ငံရဲ႕ ေရွ႕ေနအဖြဲ႕ဟာ ဖိုလီေဟာ့ဂ္ပဲ ျဖစ္ပါတယ္။

အဲဒီတုန္းကလည္း ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ အမႈ ကိစၥဟာ ႏိုင္ငံတကာ တရား႐ုံး အထိ ေရာက္ခဲ့တာ ျဖစ္ၿပီး ျမန္မာျပည္တြင္း မွာေတာ့ စိန္႔မာတင္ကြၽန္း အျငင္းပြားမႈ အျဖစ္ လူသိမ်ားပါတယ္။

 ဘဂၤလားေဒ့ရွ္နဲ႔ အျငင္းပြားခဲ့တာထဲ စိန္႔မာတင္ကြၽန္း အေရးလဲ ပါဝင္ခဲ့

အဲဒီတုန္းက တရား႐ုံးကေတာ့ ဂ်ာမနီႏိုင္ငံ ဟမ္းဘာ့ဂ္ၿမိဳ႕ အေျခစိုက္ ITLOS လို႔ အတိုေကာက္ေခၚတဲ့ ပင္လယ္ေရေၾကာင္း ဥပေဒဆိုင္ရာ ႏိုင္ငံတကာ တရား႐ုံး ျဖစ္ပါတယ္။

ITLOS မွာ ဘလၤားေဒ့ရွ္က ျမန္မာကို ၂ဝဝ၉ ႏွစ္ကုန္ပိုင္းမွာ စတင္ တရားစြဲၿပီး ၂ဝ၁၂ မတ္လမွာ အဆုံးအျဖတ္က်လာတာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္ကေတာ့ သူတို႔ ေလွ်ာက္ထား ေတာင္းဆိုတာေတြ ရတယ္၊ အမႈမွာ သူတို႔ႏိုင္တယ္ ဆိုတဲ့ ေျပာဆိုမႈေတြ ရွိေပမယ့္၊ စာမ်က္ႏွာ ၁၅ဝ ေက်ာ္ ရွိတဲ့ တရား႐ုံး အဆုံးအျဖတ္ဟာ ႏွစ္ႏိုင္ငံၾကား ႏွစ္ရွည္လမ်ား မေျဖရွင္းႏိုင္၊ သေဘာတူမႈ အတိအက် မရ ျဖစ္ေနတဲ့ ပင္လယ္ေရေၾကာင္း နယ္နိမိတ္ ဆိုင္ရာ အျငင္းပြား၊ ဒြိဟ ျဖစ္ေစမႈေတြကို ေက်လည္သြားေစတယ္ ဆိုတဲ့ ပညာရပ္ပိုင္းဆိုင္ရာ သုံးသပ္မႈေတြ လည္း ရွိပါတယ္။

အဲဒီအမႈတုန္းကလည္း ဘဂၤလားေဒ့ရွ္ကို ကိုယ္စားျပဳတဲ့ ဥပေဒေရးရာအဖြဲ႕ကို ဖိုလီေဟာ့ဂ္ရဲ႕ ထိပ္တန္း ေရွ႕ေန ေပါလ္႐ိုင္ခလာပဲ အဓိက ဦးေဆာင္ခဲ့တာ ျဖစ္ပါတယ္။
သေဟ့ဂ္မွာ ဆုံရင္ ဂမ္ဘီယာက ဘာေတြ ေလွ်ာက္ထားလဲ

ICJ အမႈကို ၾကည့္ရင္ေတာ့ ဂမ္ဘီယာက တရား႐ုံးကို ျမန္မာအေပၚ အခ်က္ ၅ ခ်က္ အမိန္႔ခ်မွတ္ ေပးဖို႔ ေတာင္းဆိုထားပါတယ္။

(၁) ျမန္မာဟာ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္း ဆိုင္ရာ လိုက္နာရမယ့္ ဝတၱရားေတြကို ပ်က္ကြက္ခဲ့တယ္၊ ဆက္လက္ ပ်က္ကြက္ေနတယ္ဆိုတာ ေၾကညာေပးဖို႔၊

(၂) ျမန္မာအေနနဲ႔ ဆက္လက္က်ဴးလြန္ ေနတဲ့ မွားယြင္းတဲ့ လုပ္ေဆာင္ခ်က္ေတြကို ေႏွာင့္ေႏွးမႈ မရွိ ခ်က္ျခင္းရပ္ၿပီး၊ ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းပါ အခ်က္ေတြကို ေလးစား လိုက္နာရမယ္ ဆိုၿပီး အမိန္႔ခ်ဖို႔၊

(၃) ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းထဲ သေဘာတူထားသလို က်ဴးလြန္တဲ့ သူေတြကို ႏိုင္ငံတကာ တရားသူႀကီးေတြ ပါဝင္တဲ့ တရား႐ုံး၊ ဂ်ီႏိုဆိုက္နဲ႔ ပတ္သက္ၿပီး ကိုင္တြယ္ႏိုင္စြမ္း ရွိတဲ့ တရား႐ုံးကေန အျပစ္ေပး အေရးယူမယ့္ အေၾကာင္း ျမန္မာ အေနနဲ႔ ခံဝန္ ကတိျပဳ ေစဖို႔၊

(၄) ဂ်ီႏိုဆိုက္ က်ဴးလြန္ခံခဲ့ရတဲ့ ႐ိုဟင္ဂ်ာ မ်ိဳးႏြယ္စုဝင္ေတြကို လိုအပ္တာေတြကို ျမန္မာက ေထာက္ပံ့ျဖည့္ဆည္းေပးၿပီး၊ အဓမၼ ႏွင္ထုတ္ခံခဲ့ရသူေတြ လုံလုံၿခဳံၿခဳံ၊ ဂုဏ္သိကၡာရွိရွိ ျပန္လာေရးမွာ ဘယ္လို အကန္႔အသတ္မွ ျမန္မာဘက္က မထားပဲ လုပ္ေဆာင္ဖို႔။ ႐ိုဟင္ဂ်ာတို႔ရဲ႕ ႏိုင္ငံသား ျဖစ္ခြင့္နဲ႔ လူ႔ အခြင့္အေရးေတြကို ေလးစားၿပီး၊ ႏွိမ္ခ် ခြဲျခားတာမ်ိဳး၊ ပစ္မွတ္ထား ရန္ရွာတာမ်ိဳးေတြကေနလည္း ျမန္မာက အကာအကြယ္ေပးဖို႔။

(၅) ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္းကို ေဖာက္ဖ်က္တာေတြ ထပ္မံ မေပၚေပါက္ ေစရဘူး ဆိုၿပီး ျမန္မာဘက္က အာမခံဖို႔ စတဲ့ ၅ ခ်က္ ျမန္မာကို အမိန္႔ခ်ေပးပါ ဆိုၿပီး ဂမ္ဘီယာက ICJ ကို ေလွ်ာက္ထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဂမ္ဘီယာရဲ႕ ေလွ်ာက္ထားမႈထဲမွာ ICJ ဘက္က အေရးေပၚ တားဆီးမိန္႔ေတြ ခ်မွတ္ ေပးဖို႔လည္း ပါဝင္ပါတယ္။

အဓိကကေတာ့ ႐ိုဟင္ဂ်ာေတြ အေပၚ စစ္တပ္ အပါအဝင္ ဘယ္လို လက္နက္ကိုင္တပ္၊ ဘယ္လို အဖြဲ႕အစည္းမ်ိဳးကမွ ဂ်ီႏိုဆိုက္ အျပဳအမူေတြ ၊ ဥပေဒမဲ့ သတ္ျဖတ္တာေတြ၊ ႐ြာေတြ အိမ္ေတြကို မီးရႈိ႕၊ လယ္ယာေတြ ကြၽဲႏြားေတြကို ဖ်က္ဆီး၊ အစာအဟာရ ငတ္မြတ္ ေခါင္းပါးေအာင္ လုပ္တာမ်ိဳးေတြကို ခ်က္ျခင္းရပ္တန္႔ေရး အေရးေပၚ အမိန္႔ေတြ ခ်မွတ္ေပးပါ ဆိုၿပီး ဂမ္ဘီယာက ေတာင္းဆိုတာ ျဖစ္ပါတယ္။

အဲဒီ အေရးေပၚ တားဆီးမိန္႔ေတြထဲမွာ အခု ဂ်ီႏိုဆိုက္ ကြန္ဗင္းရွင္း ေဖာက္ဖ်က္မႈ စြဲခ်က္နဲ႔ ပတ္သက္ေနတဲ့ သက္ေသ အေထာက္အထားေတြကို ဖ်က္ဆီး ေဖ်ာက္ဖ်က္တာမ်ိဳး ျမန္မာဘက္က မလုပ္ရဘူး ဆိုၿပီး တားဆီးေပးဖို႔လည္း ဂမ္ဘီယာက ေလွ်ာက္ထားပါတယ္။

အစိုးရနဲ႔ တပ္ပိုင္းဆိုင္ရာ တာဝန္ရွိသူေတြကို ICJ အမႈအေၾကာင္း ေခၚၿပီး ရွင္းျပဖို႔ရွိ
ICJ က ဒီဇင္ဘာထဲ ရက္ခ်ိန္းေပးလိုက္တဲ့ ၾကားနာပြဲ ၃ ရက္မွာ၊ ICJ အေနနဲ႔ အေရးေပၚ တားဆီးမိန္႔ေတြ ထုတ္ျပန္ ေပးရမလား ဆိုတာကို ၾကားနာမွာ ျဖစ္ပါတယ္။

ႏွစ္ဖက္ ႏိုင္ငံေတြက ႏႈတ္အားျဖင့္ သတ္မွတ္ရက္၊ သတ္မွတ္ အခ်ိန္ေတြမွာ ေလွ်ာက္လဲခ်က္ေတြ ေပးရမွာ ျဖစ္ပါတယ္။

သေဟ့ဂ္ကို လႊတ္မယ့္ ျမန္မာ ကိုယ္စားျပဳ အဖြဲ႕ကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ျမန္မာရဲ႕ ႏိုင္ငံျခားေရး ဝန္ႀကီး တစ္ေယာက္ အေနနဲ႔ ဦးေဆာင္မယ္၊ ႏိုင္ငံတကာ ေရွ႕ေနေတြလည္း ငွားရမ္းထားတယ္လို႔ ျမန္မာ အစိုးရဘက္က ထုတ္ျပန္ထားပါတယ္။

ႏိုင္ငံတကာက ဘယ္ ေရွ႕ေနအဖြဲ႕၊ ဘယ္သူေတြ ပါဝင္မွာလဲ ဆိုတာေတာ့ ကနဦး ထုတ္မေျပာ ေသးေပမယ့္၊ ႏိုဝင္ဘာ ၂၃ ရက္ ေန႔မွာ အစိုးရနဲ႔ တပ္မေတာ္ဘက္က တာဝန္ရွိသူေတြကို ေဒၚေအာင္ဆန္းစုၾကည္က ICJ အမႈနဲ႔ ပတ္သက္ၿပီး ဘယ္လိုဘယ္ပုံ တုံ႔ျပန္မလဲ ဆိုတာကို ရွင္းျပဖို႔ ရွိေနပါတယ္။

အဲဒီ ရွင္းလင္းပြဲကေန သေဟ့ဂ္ၿမိဳ႕သြား ျမန္မာ အဖြဲ႕အေၾကာင္း ပိုၿပီး အေသးစိတ္ေတြ ထြက္ေပၚ လာႏိုင္တယ္လို႔ သုံးသပ္မႈတခ်ိဳ႕ ရွိေနပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ICJ အမှု - မြန်မာနဲ့ မစိမ်းတဲ့ ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ ဖိုလီဟော့ဂ်

Image caption ICJ မှာ ဘယ် အချက်တွေကို ဂမ်ဘီယာ လျှောက်ထားလဲ

ကုလသမဂ္ဂ နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာကို တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ဥပဒေ ရေးရာ အဖွဲ့ကို ဖိုလီဟော့ဂ် Foley Hoag ဆိုတဲ့ အမေရိကန် ရှေ့နေ အဖွဲ့က ဦးဆောင်မှာ ဖြစ်ပါတယ်။

ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို တားဆီး အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ်ကို မြန်မာက ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာကို ICJ မှာ တရားစွဲဖို့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OIC က အဖွဲ့ဝင် နိုင်ငံ ဂမ်ဘီယာကို တာဝန်ပေးခဲ့တဲ့နောက်၊ ဂမ်ဘီယာက သူတို့ရဲ့ ဥပဒေရေးရာ အဖွဲ့ကို ဦးဆောင်ဖို့ရာ ဖိုလီဟော့ဂ် ရှေ့နေအဖွဲ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဖိုလီဟော့ဂ်ဟာ ICJ အပါအဝင်၊ နိုင်ငံတကာ တရားရုံး၊ အနုညာတခုံရုံးတွေမှာ နိုင်ငံတွေကို ကိုယ်စားပြုပြီး ရှေ့နေလိုက်ပေးတဲ့ နေရာမှာ အထူးပြု ကျွမ်းကျင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဖိုလီဟော့ဂ်ရဲ့ နိုင်ငံတကာမှုခင်းရေးရာ ဌာနရဲ့ အကြီးအကဲ ပေါလ်ရိုင်ခလာ Paul Reichler က သဟေ့ဂ်ကိုလာမယ့် ဂမ်ဘီယာ ဥပဒေအဖွဲ့ကို ဦးဆောင်မှာ ဖြစ်တယ်လို့ အမေရိကန် ဘော်စတွန်မြို့မှာ ရုံးချုပ်ထားရှိတဲ့ ဖိုလီဟော့ဂ်က ထုတ်ပြန်ထားပါတယ်။

" ဂမ်ဘီယာ နိုင်ငံ အပေါ် အင်မတန် ချီးကျူး ဂုဏ်ယူပါတယ်။ ရပ်တည် ရှင်သန်ခွင့် အကြီးအကျယ် ခြိမ်းခြောက်ခံရတဲ့ ရိုဟင်ဂျာတွေ အပေါ် လူသားချင်း စာနာနားလည်ကြောင်း စိုးရိမ်မှုတွေ ပြသတဲ့ အတွက်ပါ။"

"ဒါ့အပြင် လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံး ကျူးလွန်မှု ဖြစ်တဲ့ ဂျီနိုဆိုက် လုပ်ရပ်တွေ ကမ္ဘာကြီးပေါ်က ဖယ်ရှားနိုင်ရေး လုပ်ဆောင်နေတဲ့ ယဉ်ကျေးတဲ့ ကမ္ဘာ့နိုင်ငံ အသိုင်းအဝိုင်းထဲ ဂမ်ဘီယာ ပူးပေါင်းပါဝင် ရပ်တည်ပြတဲ့ အတွက်လည်း ချီးကျူးသင့်ပါတယ်" ဆိုပြီး ပေါလ်ရိုင်ခလာ က ပြောဆိုတယ်လို့ ဖိုလီဟော့ဂ် ရှေ့နေ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။
မြန်မာနဲ့ မစိမ်းတဲ့ ဖိုလီဟော့ဂ်

အဲဒီ အမေရိကန်ရှေ့နေ အဖွဲ့ ဖိုလီဟော့ဂ်ကို နိုင်ငံတကာ တရားရေး မျက်နှာစာမှာ မြန်မာ ကြုံတွေ့ဖူးပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေး ဆိုင်ရာ အငြင်းပွားမှုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ရှေ့နေအဖွဲ့ဟာ ဖိုလီဟော့ဂ်ပဲ ဖြစ်ပါတယ်။

အဲဒီတုန်းကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အမှု ကိစ္စဟာ နိုင်ငံတကာ တရားရုံး အထိ ရောက်ခဲ့တာ ဖြစ်ပြီး မြန်မာပြည်တွင်း မှာတော့ စိန့်မာတင်ကျွန်း အငြင်းပွားမှု အဖြစ် လူသိများပါတယ်။
ဓာတ်ပုံ မူပိုင် STR/AFP via Getty Images
Image caption ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွားခဲ့တာထဲ စိန့်မာတင်ကျွန်း အရေးလဲ ပါဝင်ခဲ့

အဲဒီတုန်းက တရားရုံးကတော့ ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့ အခြေစိုက် ITLOS လို့ အတိုကောက်ခေါ်တဲ့ ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး ဖြစ်ပါတယ်။

ITLOS မှာ ဘင်္လားဒေ့ရှ်က မြန်မာကို ၂ဝဝ၉ နှစ်ကုန်ပိုင်းမှာ စတင် တရားစွဲပြီး ၂ဝ၁၂ မတ်လမှာ အဆုံးအဖြတ်ကျလာတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ သူတို့ လျှောက်ထား တောင်းဆိုတာတွေ ရတယ်၊ အမှုမှာ သူတို့နိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေ ရှိပေမယ့်၊ စာမျက်နှာ ၁၅ဝ ကျော် ရှိတဲ့ တရားရုံး အဆုံးအဖြတ်ဟာ နှစ်နိုင်ငံကြား နှစ်ရှည်လများ မဖြေရှင်းနိုင်၊ သဘောတူမှု အတိအကျ မရ ဖြစ်နေတဲ့ ပင်လယ်ရေကြောင်း နယ်နိမိတ် ဆိုင်ရာ အငြင်းပွား၊ ဒွိဟ ဖြစ်စေမှုတွေကို ကျေလည်သွားစေတယ် ဆိုတဲ့ ပညာရပ်ပိုင်းဆိုင်ရာ သုံးသပ်မှုတွေ လည်း ရှိပါတယ်။

အဲဒီအမှုတုန်းကလည်း ဘင်္ဂလားဒေ့ရှ်ကို ကိုယ်စားပြုတဲ့ ဥပဒေရေးရာအဖွဲ့ကို ဖိုလီဟော့ဂ်ရဲ့ ထိပ်တန်း ရှေ့နေ ပေါလ်ရိုင်ခလာပဲ အဓိက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
သဟေ့ဂ်မှာ ဆုံရင် ဂမ်ဘီယာက ဘာတွေ လျှောက်ထားလဲ

ICJ အမှုကို ကြည့်ရင်တော့ ဂမ်ဘီယာက တရားရုံးကို မြန်မာအပေါ် အချက် ၅ ချက် အမိန့်ချမှတ် ပေးဖို့ တောင်းဆိုထားပါတယ်။

(၁) မြန်မာဟာ ဂျီနိုဆိုက် ကွန်ဗင်းရှင်း ဆိုင်ရာ လိုက်နာရမယ့် ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်၊ ဆက်လက် ပျက်ကွက်နေတယ်ဆိုတာ ကြေညာပေးဖို့၊

(၂) မြန်မာအနေနဲ့ ဆက်လက်ကျူးလွန် နေတဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို နှောင့်နှေးမှု မရှိ ချက်ခြင်းရပ်ပြီး၊ ဂျီနိုဆိုက် ကွန်ဗင်းရှင်းပါ အချက်တွေကို လေးစား လိုက်နာရမယ် ဆိုပြီး အမိန့်ချဖို့၊

(၃) ဂျီနိုဆိုက် ကွန်ဗင်းရှင်းထဲ သဘောတူထားသလို ကျူးလွန်တဲ့ သူတွေကို နိုင်ငံတကာ တရားသူကြီးတွေ ပါဝင်တဲ့ တရားရုံး၊ ဂျီနိုဆိုက်နဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်စွမ်း ရှိတဲ့ တရားရုံးကနေ အပြစ်ပေး အရေးယူမယ့် အကြောင်း မြန်မာ အနေနဲ့ ခံဝန် ကတိပြု စေဖို့၊

(၄) ဂျီနိုဆိုက် ကျူးလွန်ခံခဲ့ရတဲ့ ရိုဟင်ဂျာ မျိုးနွယ်စုဝင်တွေကို လိုအပ်တာတွေကို မြန်မာက ထောက်ပံ့ဖြည့်ဆည်းပေးပြီး၊ အဓမ္မ နှင်ထုတ်ခံခဲ့ရသူတွေ လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာရှိရှိ ပြန်လာရေးမှာ ဘယ်လို အကန့်အသတ်မှ မြန်မာဘက်က မထားပဲ လုပ်ဆောင်ဖို့။ ရိုဟင်ဂျာတို့ရဲ့ နိုင်ငံသား ဖြစ်ခွင့်နဲ့ လူ့ အခွင့်အရေးတွေကို လေးစားပြီး၊ နှိမ်ချ ခွဲခြားတာမျိုး၊ ပစ်မှတ်ထား ရန်ရှာတာမျိုးတွေကနေလည်း မြန်မာက အကာအကွယ်ပေးဖို့။

(၅) ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ဖောက်ဖျက်တာတွေ ထပ်မံ မပေါ်ပေါက် စေရဘူး ဆိုပြီး မြန်မာဘက်က အာမခံဖို့ စတဲ့ ၅ ချက် မြန်မာကို အမိန့်ချပေးပါ ဆိုပြီး ဂမ်ဘီယာက ICJ ကို လျှောက်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂမ်ဘီယာရဲ့ လျှောက်ထားမှုထဲမှာ ICJ ဘက်က အရေးပေါ် တားဆီးမိန့်တွေ ချမှတ် ပေးဖို့လည်း ပါဝင်ပါတယ်။

အဓိကကတော့ ရိုဟင်ဂျာတွေ အပေါ် စစ်တပ် အပါအဝင် ဘယ်လို လက်နက်ကိုင်တပ်၊ ဘယ်လို အဖွဲ့အစည်းမျိုးကမှ ဂျီနိုဆိုက် အပြုအမူတွေ ၊ ဥပဒေမဲ့ သတ်ဖြတ်တာတွေ၊ ရွာတွေ အိမ်တွေကို မီးရှို့၊ လယ်ယာတွေ ကျွဲနွားတွေကို ဖျက်ဆီး၊ အစာအဟာရ ငတ်မွတ် ခေါင်းပါးအောင် လုပ်တာမျိုးတွေကို ချက်ခြင်းရပ်တန့်ရေး အရေးပေါ် အမိန့်တွေ ချမှတ်ပေးပါ ဆိုပြီး ဂမ်ဘီယာက တောင်းဆိုတာ ဖြစ်ပါတယ်။

အဲဒီ အရေးပေါ် တားဆီးမိန့်တွေထဲမှာ အခု ဂျီနိုဆိုက် ကွန်ဗင်းရှင်း ဖောက်ဖျက်မှု စွဲချက်နဲ့ ပတ်သက်နေတဲ့ သက်သေ အထောက်အထားတွေကို ဖျက်ဆီး ဖျောက်ဖျက်တာမျိုး မြန်မာဘက်က မလုပ်ရဘူး ဆိုပြီး တားဆီးပေးဖို့လည်း ဂမ်ဘီယာက လျှောက်ထားပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU/AFP via Getty Images
Image caption အစိုးရနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကို ICJ အမှုအကြောင်း ခေါ်ပြီး ရှင်းပြဖို့ရှိ
ဒီဇင်ဘာ ကြားနာပွဲ

ICJ က ဒီဇင်ဘာထဲ ရက်ချိန်းပေးလိုက်တဲ့ ကြားနာပွဲ ၃ ရက်မှာ၊ ICJ အနေနဲ့ အရေးပေါ် တားဆီးမိန့်တွေ ထုတ်ပြန် ပေးရမလား ဆိုတာကို ကြားနာမှာ ဖြစ်ပါတယ်။

နှစ်ဖက် နိုင်ငံတွေက နှုတ်အားဖြင့် သတ်မှတ်ရက်၊ သတ်မှတ် အချိန်တွေမှာ လျှောက်လဲချက်တွေ ပေးရမှာ ဖြစ်ပါတယ်။

သဟေ့ဂ်ကို လွှတ်မယ့် မြန်မာ ကိုယ်စားပြု အဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာရဲ့ နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက် အနေနဲ့ ဦးဆောင်မယ်၊ နိုင်ငံတကာ ရှေ့နေတွေလည်း ငှားရမ်းထားတယ်လို့ မြန်မာ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာက ဘယ် ရှေ့နေအဖွဲ့၊ ဘယ်သူတွေ ပါဝင်မှာလဲ ဆိုတာတော့ ကနဦး ထုတ်မပြော သေးပေမယ့်၊ နိုဝင်ဘာ ၂၃ ရက် နေ့မှာ အစိုးရနဲ့ တပ်မတော်ဘက်က တာဝန်ရှိသူတွေကို ဒေါ်အောင်ဆန်းစုကြည်က ICJ အမှုနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံ တုံ့ပြန်မလဲ ဆိုတာကို ရှင်းပြဖို့ ရှိနေပါတယ်။

အဲဒီ ရှင်းလင်းပွဲကနေ သဟေ့ဂ်မြို့သွား မြန်မာ အဖွဲ့အကြောင်း ပိုပြီး အသေးစိတ်တွေ ထွက်ပေါ် လာနိုင်တယ်လို့ သုံးသပ်မှုတချို့ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
ICJ အမႈ - ျမန္မာနဲ႔ မစိမ္းတဲ့ ဂမ္ဘီယာရဲ႕ ေရွ႕ေနအဖြဲ႕ ဖိုလီေဟာ့ဂ္ ICJ အမႈ - ျမန္မာနဲ႔ မစိမ္းတဲ့ ဂမ္ဘီယာရဲ႕ ေရွ႕ေနအဖြဲ႕ ဖိုလီေဟာ့ဂ္ Reviewed by THITHTOOLWIN on 02:20 Rating: 5
Powered by Blogger.