ပလက္ဝၿမိဳ႕အနီး စစ္ေရယာဥ္တန္းကို AA တိုက္ခိုက္ဟု တပ္မေတာ္အတည္ျပဳ

(ဓါတ္ပံု- ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi/Unicode)

ဒီကေန႔မနက္ပိုင္းက ပလက္ဝၿမိဳ႕အနီးမွာ တပ္မေတာ္ သေဘၤာေတြကို AA ရခိုင္လက္နက္ကိုင္အဖြဲ႕က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ခဲ့တာေၾကာင့္ တပ္မေတာ္သားတစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

မေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ အမ်က္ေတာင္ေက်း႐ြာမွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ေဒသခံတစ္ဦး ေသဆုံးၿပီး တစ္ဦးဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္းက ေနာက္ဆုံးရ တိုက္ပြဲသတင္းေတြကို ဗြီအိုေအသတင္းေထာက္ ကိုသက္ႏိုင္က စုစည္း တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္က တံတားစီမံကိန္းအတြက္ ပစၥည္းေတြ တင္ေဆာင္လာတဲ့ အရပ္သားေရယာဥ္ ၃ စီးနဲ႔ လုံၿခဳံေရးလိုက္ပါလာတဲ့ တပ္မေတာ္ေရယာဥ္ ၃စီးတို႔ကို ဒီကေန႔ မနက္ပိုင္းက ရခိုင္လက္ကိုင္ AA အဖြဲ႕က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ တပ္သားတစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ အေနာက္ပိုင္တိုင္း စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

"က်ေနာ္တို႔ ပလက္ဝ စီမံကိန္းတံတားလုပ္ေနတာ ရွိတယ္။ ပလက္ဝတံတား စီမံကိန္းအတြက္ သံေဘာင္ေတြရယ္၊ ဘိလပ္ေျမေတြရယ္၊ ၿပီးရင္ က်န္တဲ့ သဲ၊ ေက်ာက္ေတြ သယ္သြားတဲ့ စစ္ေရယာဥ္ သုံးစင္းအဲမွာ ေရယာဥ္ေတြက ေ႐ႊျပည္တန္ တစ္စီးပါတယ္။ ေ႐ႊမင္းသမီးတစ္စီး ပါတယ္။ ၿပီးေတာ့ ေနာက္တစ္စီးပါတယ္ သုံးစင္း။ ပလက္၀တံတား စီမံကိန္းအတြက္ သံေဘာင္ေတြ ရယ္ ဘိလပ္ေျမေတြ ရယ္ ၿပီးရင္ က်န္တဲ့ သဲ ေက်ာက္ေတြ သယ္သြားတဲ့သုံးစင္းကို က်ေနာ္တို႔ တပ္မေတာ္ ေရယာဥ္က အနီးကပ္ လုံၿခဳံေရး လိုက္ပါၿပီးေတာ့ စစ္ေတြကေန ထြက္လာတာ။ ပလက္ဝ၊ ပီေကာက္ဝ တံတားအနီးမွာ AA ကေနၿပီးေတာ့မွ အေရွ႕ဖက္ကမ္းက RPG ေတြနဲ႔ ပစ္တယ္။ လက္နက္ႀကီးေတြ၊ ဗုံးေတြနဲ႔ ပစ္တယ္။ ဘာမွေတာ့ မျဖစ္ဘူး၊ က်ေနာ္တို႔ ဒဏ္ရာရတာ တစ္ေယာက္ပဲ ရွိတယ္၊ က်န္တာဘာမွမရွိဘူး။"

မေန႔က ညေနပိုင္းကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ရီဇိုးေခ်ာင္း တပ္မေတာ္ ဗ်ဳဟာကုန္း တည္ရွိရာကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္လိုက္တဲ့ က်ည္ဟာ အမ်က္ေတာင္ ေက်း႐ြာကို က်ေရာက္ ေပါက္ကြဲခဲ့တာေၾကာင့္ တစ္ဦးေသဆုံးၿပီး တစ္ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံတစ္ဦးက အခုလို ေျပာပါတယ္။

"က်ေနာ္တို႔ ရေသ့ေတာင္ ၿမိဳ႕နယ္ အမ်က္ေတာင္ ေက်း႐ြာမွာ ညေန ၅နာရီေလာက္မွာ လက္နက္ႀကီး က်ၿပီးေတာ့ လူႏွစ္ဦး တစ္ဦးေသသြားတယ္၊ တစ္ဦးဒဏ္ရာရသြားတယ္။ ဒီအခ်ိန္မွာ စပါးသီးႏွံေတြ ႐ိုတ္သိမ္းခ်ိန္မွာ ပစ္ခတ္မႈေတြေၾကာင့္ မတရား ေသဆုံးေနရတယ္ဆိုရင္ေတာ့ လယ္သမားေတြဟာ စိတ္မခ်မ္းသာ ျပည္သူေတြ ျဖစ္ရပါတယ္။ လက္ရွိ႐ြာသြားေတြကေတာ့ ကယ္ဆယ္ေရး စခန္းေတြကို သြားေနၾကသူေတြ ရွိတယ္။ လယ္သမားတစ္ခ်ိဳ႕ကေတာ့ လယ္ကြင္းေတြမွာ လာေရာက္ အလုပ္လုပ္ေနၾကတဲ့ သူေတြေလာက္ပဲရွိတယ္။"

ေသဆုံးသူဟာ ေနအိမ္အတြင္းထိုင္ေနစဥ္ လက္နက္ႀကီးက်ည္က်ၿပီး ေသဆုံးခဲ့တာျဖစ္ၿပီး ဗ်ဳးဟာကုန္းကေန လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာေၾကာင့္ အေလာင္းကိုထားၿပီး ထြက္ေျပးခဲ့ရတာျဖစ္တယ္လို႔ ေသဆုံးသူရဲ႕ ဇနီးကေျပာပါတယ္။

"က်မ အမ်ိဳးသားက ေနမေကာင္းဘူး၊ က်န္းမာေရး မေကာင္းျဖစ္ေနတာ။ စစ္ေတြက ေဆးကုၿပီး ျပန္လာတာ ေလးငါးရက္ေလာက္ပဲ ရွိေသးတယ္။ အခုေတာ့ အိမ္မွာေနရင္း လက္နက္ႀကီးက်ၿပီး ေသတယ္။ အဲလို ရခိုင္ျပည္သူေတြကို သတ္ေနလို႔ ေသၾကတာကို ဘယ္ႏိုင္ငံ၊ ဘယ္ျပည္နယ္ကမွ မကယ္ႏိုင္ၾကဘူးလို႔ ေျပာခ်င္ တယ္။ သူ႔ကို ထားခဲ့ၿပီးေတာ့ ထြက္ေျပးရတယ္။ မေန႔က ၄နာရီေလာက္ကပင္ ေသသြားတဲ့ အေလာင္းကို ထားၿပီး ထြက္ေျပးရတာ၊ သူတို႔ပစ္ေနေတာ့ ဘယ္သူမွ မေနရဲၾကဘူး။"

တပ္မေတာ္က လက္နက္ႀကီးနဲ႔ ပစ္လို႔ ေသဆုံးခဲ့တာ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာဆိုေနၾကေပမယ့္ တပ္မေတာ္ဖက္ကေတာ့ သူတို႔ပစ္တာမဟုတ္ပဲ AA အဖြဲ႕က ပစ္တာလို႔ ေျပာပါတယ္။

"က်ေနာ္တို႔က ေဝးလို႔ ဘာမွကို ျပန္မပစ္ဘူး။ AA ကေနၿပီးေတာ့ ေရဇိုးေခ်ာင္း အမ်က္ေတာင္ အေနာက္ဖက္ကမ္းကေနၿပီးေတာ့ လွမ္းပစ္လိုက္တာေၾကာင့္ အဲက်ည္က စခန္းကိုမက်ပဲ ႐ြာထဲကိုက်တယ္။ က်ၿပီးေတာ့မွ အဲဒီမွာ စပါးဘာညာ လုပ္ေနတဲ့ လူကို သြားထိတယ္။"

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြကလည္း မင္းျပားၿမိဳ႕နယ္၊ ပန္းေျမာင္းေက်း႐ြာမွာ လက္နက္ႀကီးက်ည္က်ၿပီး ေနအိမ္အတြင္း မီးေမြးေနတဲ့ အသက္ ၇၀ေက်ာ္ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရရွိခဲ့ၿပီ ေဆး႐ုံကို ပို႔ေဆာင္လိုက္ ရပါတယ္။

ရခိုင္ျပည္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ျပင္းထန္လာေနသလို မၾကာခဏဆိုသလို အရပ္သားေတြဟာလည္း လက္နက္ႀကီးက်ည္က်ၿပီး ေသဆုံး၊ ဒဏ္ရာ ရရွိေနၾကတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ကေတာ့ အရပ္သား ေသဆုံး၊ ဒဏ္ရာရမႈေတြအတြက္ တစ္ဘက္နဲ႔ တစ္ဘက္ အျပန္အလွန္ စြပ္စြဲ ေျပာဆိုေနၾကပါတယ္။

..................

ပလက်ဝမြို့အနီး စစ်ရေယာဉ်တန်းကို AA တိုက်ခိုက်ဟု တပ်မတော်အတည်ပြု

(Unicode)

ဒီကနေ့မနက်ပိုင်းကပလက်ဝမြို့အနီးမှာ တပ်မတော် သင်္ဘောတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။ မနေ့ကလည်း ရသေ့တောင်မြို့နယ် အမျက်တောင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းက နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို ဗွီအိုအေသတင်းထောက် ကိုသက်နိုင်က စုစည်း တင်ပြပေးထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က တံတားစီမံကိန်းအတွက် ပစ္စည်းတွေ တင်ဆောင်လာတဲ့ အရပ်သားရေယာဉ် ၃ စီးနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ တပ်မတော်ရေယာဉ် ၃စီးတို့ကို ဒီကနေ့ မနက်ပိုင်းက ရခိုင်လက်ကိုင် AA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အနောက်ပိုင်တိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

"ကျနော်တို့ ပလက်ဝ စီမံကိန်းတံတားလုပ်နေတာ ရှိတယ်။ ပလက်ဝတံတား စီမံကိန်းအတွက် သံဘောင်တွေရယ်၊ ဘိလပ်မြေတွေရယ်၊ ပြီးရင် ကျန်တဲ့ သဲ၊ ကျောက်တွေ သယ်သွားတဲ့ စစ်ရေယာဉ် သုံးစင်းအဲမှာ ရေယာဉ်တွေက ရွှေပြည်တန် တစ်စီးပါတယ်။ ရွှေမင်းသမီးတစ်စီး ပါတယ်။ ပြီးတော့ နောက်တစ်စီးပါတယ် သုံးစင်း။ ပလက်ဝတံတား စီမံကိန်းအတွက် သံဘောင်တွေ ရယ် ဘိလပ်မြေတွေ ရယ် ပြီးရင် ကျန်တဲ့ သဲ ကျောက်တွေ သယ်သွားတဲ့သုံးစင်းကို ကျနော်တို့ တပ်မတော် ရေယာဉ်က အနီးကပ် လုံခြုံရေး လိုက်ပါပြီးတော့ စစ်တွေကနေ ထွက်လာတာ။ ပလက်ဝ၊ ပီကောက်ဝ တံတားအနီးမှာ AA ကနေပြီးတော့မှ အရှေ့ဖက်ကမ်းက RPG တွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေ၊ ဗုံးတွေနဲ့ ပစ်တယ်။ ဘာမှတော့ မဖြစ်ဘူး၊ ကျနော်တို့ ဒဏ်ရာရတာ တစ်ယောက်ပဲ ရှိတယ်၊ ကျန်တာဘာမှမရှိဘူး။"

မနေ့က ညနေပိုင်းကလည်း ရသေ့တောင်မြို့နယ်၊ ရီဇိုးချောင်း တပ်မတော် ဗျုဟာကုန်း တည်ရှိရာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့ ကျည်ဟာ အမျက်တောင် ကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

"ကျနော်တို့ ရသေ့တောင် မြို့နယ် အမျက်တောင် ကျေးရွာမှာ ညနေ ၅နာရီလောက်မှာ လက်နက်ကြီး ကျပြီးတော့ လူနှစ်ဦး တစ်ဦးသေသွားတယ်၊ တစ်ဦးဒဏ်ရာရသွားတယ်။ ဒီအချိန်မှာ စပါးသီးနှံတွေ ရိုတ်သိမ်းချိန်မှာ ပစ်ခတ်မှုတွေကြောင့် မတရား သေဆုံးနေရတယ်ဆိုရင်တော့ လယ်သမားတွေဟာ စိတ်မချမ်းသာ ပြည်သူတွေ ဖြစ်ရပါတယ်။ လက်ရှိရွာသွားတွေကတော့ ကယ်ဆယ်ရေး စခန်းတွေကို သွားနေကြသူတွေ ရှိတယ်။ လယ်သမားတစ်ချို့ကတော့ လယ်ကွင်းတွေမှာ လာရောက် အလုပ်လုပ်နေကြတဲ့ သူတွေလောက်ပဲရှိတယ်။"

သေဆုံးသူဟာ နေအိမ်အတွင်းထိုင်နေစဉ် လက်နက်ကြီးကျည်ကျပြီး သေဆုံးခဲ့တာဖြစ်ပြီး ဗျုးဟာကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အလောင်းကိုထားပြီး ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့ သေဆုံးသူရဲ့ ဇနီးကပြောပါတယ်။

"ကျမ အမျိုးသားက နေမကောင်းဘူး၊ ကျန်းမာရေး မကောင်းဖြစ်နေတာ။ စစ်တွေက ဆေးကုပြီး ပြန်လာတာ လေးငါးရက်လောက်ပဲ ရှိသေးတယ်။ အခုတော့ အိမ်မှာနေရင်း လက်နက်ကြီးကျပြီး သေတယ်။ အဲလို ရခိုင်ပြည်သူတွေကို သတ်နေလို့ သေကြတာကို ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်ကမှ မကယ်နိုင်ကြဘူးလို့ ပြောချင် တယ်။ သူ့ကို ထားခဲ့ပြီးတော့ ထွက်ပြေးရတယ်။ မနေ့က ၄နာရီလောက်ကပင် သေသွားတဲ့ အလောင်းကို ထားပြီး ထွက်ပြေးရတာ၊ သူတို့ပစ်နေတော့ ဘယ်သူမှ မနေရဲကြဘူး။"

တပ်မတော်က လက်နက်ကြီးနဲ့ ပစ်လို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပေမယ့် တပ်မတော်ဖက်ကတော့ သူတို့ပစ်တာမဟုတ်ပဲ AA အဖွဲ့က ပစ်တာလို့ ပြောပါတယ်။

"ကျနော်တို့က ဝေးလို့ ဘာမှကို ပြန်မပစ်ဘူး။ AA ကနေပြီးတော့ ရေဇိုးချောင်း အမျက်တောင် အနောက်ဖက်ကမ်းကနေပြီးတော့ လှမ်းပစ်လိုက်တာကြောင့် အဲကျည်က စခန်းကိုမကျပဲ ရွာထဲကိုကျတယ်။ ကျပြီးတော့မှ အဲဒီမှာ စပါးဘာညာ လုပ်နေတဲ့ လူကို သွားထိတယ်။"

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှာ လက်နက်ကြီးကျည်ကျပြီး နေအိမ်အတွင်း မီးမွေးနေတဲ့ အသက် ၇၀ကျော် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပြီ ဆေးရုံကို ပို့ဆောင်လိုက် ရပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေသလို မကြာခဏဆိုသလို အရပ်သားတွေဟာလည်း လက်နက်ကြီးကျည်ကျပြီး သေဆုံး၊ ဒဏ်ရာ ရရှိနေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကတော့ အရပ်သား သေဆုံး၊ ဒဏ်ရာရမှုတွေအတွက် တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြပါတယ်။

သက္ႏိုင္/ VOA Burmese
https://burmese.voanews.com
ပလက္ဝၿမိဳ႕အနီး စစ္ေရယာဥ္တန္းကို AA တိုက္ခိုက္ဟု တပ္မေတာ္အတည္ျပဳ ပလက္ဝၿမိဳ႕အနီး စစ္ေရယာဥ္တန္းကို AA တိုက္ခိုက္ဟု တပ္မေတာ္အတည္ျပဳ Reviewed by THITHTOOLWIN on 02:15 Rating: 5
Powered by Blogger.