ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲ ႏိုင္ငံေရး အျမတ္ထုတ္မည့္ ပြဲဟုဆိုကာ ေက်ာင္းသားသမဂၢ ႏုတ္ထြက္


(Zawgyi)⤵⤵⤵
ရန္ကုန္၊ ႏိုဝင္ဘာ ၂၃

ရန္ကုန္တကၠသိုလ္ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္ပြဲဟာ ႏိုင္ငံေရး အျမတ္ထုတ္မယ့္ပြဲ ျဖစ္တာေၾကာင့္ ရန္ကုန္ တကၠသုိလ္ ေက်ာင္းသားမ်ား သမဂၢအေနနဲ႔ ပါဝင္မွာမဟုတ္ဘူးလို႔ ႏိုဝင္ဘာ ၂၂ ရက္က ေၾကညာခ်က္ ထုတ္ ျပန္လိုက္ပါတယ္။

လက္ရွိ ရန္ကုန္တကၠသိုလ္မွာ အစိုးရပါတီတစ္ခုက ဦးေဆာင္ျပဳလုပ္ေနတဲ့ ႏိုင္ငံေရး၊ စီးပြားေရး အျမတ္ ထုတ္မယ့္ ေပ်ာ္ပြဲရႊင္ပြဲႀကီးမွာ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ အေနနဲ႔ အစိုးရလက္ေ၀ခံအျဖစ္ ပါ၀င္ လုိျခင္းမရွိေၾကာင္း၊ ရန္ကုန္တကၠသိုလ္ ရာျပည့္အထိမ္းအမွတ္ ပြဲက်င္းပေရး ေကာ္မတီမ်ား၊ ဆပ္ေကာ္မတီမ်ား မွလည္း ႏႈတ္ထြက္ေၾကာင္း ထုတ္ျပန္ေၾကညာ လုိက္တာပဲ ျဖစ္ပါတယ္။

လာမယ့္ ၂၀၂၀ ဒီဇင္ဘာလမွာ က်င္းပျပဳလုပ္မယ့္ ရန္ကုန္တကၠသိုလ္ ရာျပည့္သဘင္ အခမ္းအနား က်င္းပေရး ကုိေတာ့ ႏိုိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဥကၠ႒အျဖစ္ ဦးစီးေဆာင္ရြက္ေနတာပဲ ျဖစ္ပါတယ္။

ရန္ကုန္တကၠသိုလ္ဟာ ၁၉၂၀ ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔မွာ စတင္လာခဲ့တာျဖစ္ၿပီး လာမည့္ ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာ ၁ ရက္ေန႔မွာ ႏွစ္ေပါင္း (၁၀ဝ) ျပည့္ေျမာက္မွာ ျဖစ္ပါတယ္။ ရန္ကုန္တကၠသိုလ္ ေရႊရတုသဘင္ကို ၁၉၇၉၀ ခုႏွစ္မွာလည္းေကာင္း၊ စိန္ရတုသဘင္ကို ၁၉၉၅ ခုႏွစ္မွာလည္ေကာင္း ႏွစ္ႀကိမ္ က်င္းပခဲ့ပါတယ္။

ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢဟာ အစိုးရဦးေဆာင္တဲ့ ရန္ကုန္တကၠသိုလ္ ရာျပည့္သဘင္ အခမ္း အနား က်င္းပေရးအဖြဲ႕ရဲ႕ ေကာ္မတီမ်ား၊ ဆပ္ေကာ္မတီေတြထဲမွာ အဖြဲ႕ဝင္အျဖစ္ ပါဝင္လွ်က္ရွိပါတယ္။

အဆိုပါ ေကာ္မတီမ်ား၊ ဆပ္ေကာ္မတီမ်ားတြင္ သမဂၢကိုယ္စားလွယ္မ်ား အဖြဲ႕ဝင္အျဖစ္ ပါဝင္ေနျခင္းဟာ ေက်ာင္းသားထုအတြက္ မည္သည့္အက်ိဳးမွ် မျဖစ္ထြန္းေစဘူးလို႔ သမဂၢေက်ာင္းသားေတြက ဆိုပါတယ္။

သမဂၢကိုယ္စားလွယ္ေတြကုိ ထည့္သြင္းထားျခင္းကလည္း သမဂၢလုပ္ငန္းစဥ္ ေဆာင္႐ြက္ရန္မဟုတ္ဘဲ အစိုးရ က ခ်မွတ္တဲ့ လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ရန္နဲ႔ ယင္းလုပ္ငန္းမ်ားကို ၾကားဝင္ တာဝန္ခံေပးရန္သာ ယူဆတယ္ လို႔ ထုတ္ျပန္ခ်က္မွာ ဆုိထားပါတယ္။

တကၠသိုလ္ရာျပည့္အမီွ တကၠသိုလ္ပတ္လမ္း ေဖာက္လုပ္ရန္အတြက္ဟုဆိုကာ ေက်ာင္းတြင္းရွိ သစ္ပင္မ်ား ခုတ္ထြင္ရွင္းလင္းတဲ့ ကိစၥရပ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း တကၠသိုလ္အာဏာပိုင္ေတြနဲ႕ ေက်ာင္းသား သမဂၢတို႔ အေျခအတင္ျဖစ္ခဲ့ဖူးၿပီး လက္ရွိမွာ ယင္းစီမံကိန္းကို ယာယီရပ္ဆိုင္းထားပါတယ္။

ျမတ္ယေသာ္
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲ နိုင်ငံရေး အမြတ်ထုတ်မည့် ပွဲဟုဆိုကာ ကျောင်းသားသမဂ္ဂ နုတ်ထွက်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲဟာ နိုင်ငံရေး အမြတ်ထုတ်မယ့်ပွဲ ဖြစ်တာကြောင့် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေနဲ့ ပါဝင်မှာမဟုတ်ဘူးလို့ နိုဝင်ဘာ ၂၂ ရက်က ကြေညာချက် ထုတ် ပြန်လိုက်ပါတယ်။

လက်ရှိ ရန်ကုန်တက္ကသိုလ်မှာ အစိုးရပါတီတစ်ခုက ဦးဆောင်ပြုလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ် ထုတ်မယ့် ပျော်ပွဲရွှင်ပွဲကြီးမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အနေနဲ့ အစိုးရလက်ဝေခံအဖြစ် ပါဝင် လိုခြင်းမရှိကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပွဲကျင်းပရေး ကော်မတီများ၊ ဆပ်ကော်မတီများ မှလည်း နှုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာ လိုက်တာပဲ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မယ့် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ကိုတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်လာခဲ့တာဖြစ်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ နှစ်ပေါင်း (၁၀ဝ) ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ကို ၁၉၇၉၀ ခုနှစ်မှာလည်းကောင်း၊ စိန်ရတုသဘင်ကို ၁၉၉၅ ခုနှစ်မှာလည်ကောင်း နှစ်ကြိမ် ကျင်းပခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဟာ အစိုးရဦးဆောင်တဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်း အနား ကျင်းပရေးအဖွဲ့ရဲ့ ကော်မတီများ၊ ဆပ်ကော်မတီတွေထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်လျှက်ရှိပါတယ်။

အဆိုပါ ကော်မတီများ၊ ဆပ်ကော်မတီများတွင် သမဂ္ဂကိုယ်စားလှယ်များ အဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်းဟာ ကျောင်းသားထုအတွက် မည်သည့်အကျိုးမျှ မဖြစ်ထွန်းစေဘူးလို့ သမဂ္ဂကျောင်းသားတွေက ဆိုပါတယ်။

သမဂ္ဂကိုယ်စားလှယ်တွေကို ထည့်သွင်းထားခြင်းကလည်း သမဂ္ဂလုပ်ငန်းစဉ် ဆောင်ရွက်ရန်မဟုတ်ဘဲ အစိုးရ က ချမှတ်တဲ့ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်နဲ့ ယင်းလုပ်ငန်းများကို ကြားဝင် တာဝန်ခံပေးရန်သာ ယူဆတယ် လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

တက္ကသိုလ်ရာပြည့်အမှီ တက္ကသိုလ်ပတ်လမ်း ဖောက်လုပ်ရန်အတွက်ဟုဆိုကာ ကျောင်းတွင်းရှိ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့လည်း တက္ကသိုလ်အာဏာပိုင်တွေနဲ့ ကျောင်းသား သမဂ္ဂတို့ အခြေအတင်ဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ ယင်းစီမံကိန်းကို ယာယီရပ်ဆိုင်းထားပါတယ်။

မြတ်ယသော်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲ ႏိုင္ငံေရး အျမတ္ထုတ္မည့္ ပြဲဟုဆိုကာ ေက်ာင္းသားသမဂၢ ႏုတ္ထြက္ ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲ ႏိုင္ငံေရး အျမတ္ထုတ္မည့္ ပြဲဟုဆိုကာ ေက်ာင္းသားသမဂၢ ႏုတ္ထြက္ Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.