ICC စံုစမ္းမႈ မွာ ပူးေပါင္းေဆာင္ရြက္မည္မဟုတ္ေၾကာင္း ျမန္မာသံအမတ္ႀကီး ျငင္းဆို

(၇၃)ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံမွာ တုန္႔ျပန္ေျပာၾကားေနတဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ေဟာက္ဒိုဆြမ္ (ဒီဇင္ဘာလ ၂၂ ၂၀၁၈)

(Zawgyi/Unicode)

ရခုိင္ ေျမာက္ပုိင္းေဒသအေရးကို ေျဖရွင္းရာမွာ တဖက္ႏိုင္ငံထြက္သြားသူေတြ ျပန္လာႏုိင္ေရးအတြက္ ဘဂၤလားေဒ့႐ွ္အစိုးရက ပူးေပါင္း ေဆာင္ရြက္ဖုိ႔ထက္ ဖိအားေပးတဲ့နည္းကို ပုိသုံးေနတာက ျပႆနာေတြကို ေျပလည္သြားေစမွာ မဟုတ္ဘူးလို႔ ကုလသမဂၢဆိုင္ရာ ျမန္္မာ သံအမတ္ႀကီးက ေျပာဆိုလိုက္ပါတယ္။

သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြအေပၚ ရာဇဝတ္မႈက်ဴးလြန္ၿပီး ေမာင္းထုတ္လိုက္တဲ့ကိစၥကို စတင္ စုံစမ္းဖို႔ ICC ႏို္င္ငံတကာ ရာဇဝတ္ခုံရုံးက ခြင့္ျပဳလုိက္တဲ့ ေၾကညာခ်က္ထြက္ေပၚလာအၿပီး ေျပာဆိုလုိက္တာပါ။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

႐ုိဟင္ဂ်ာေတြအေပၚ ရာဇဝတ္မႈက်ဴးလြန္ၿပီး ေမာင္းထုတ္လိုက္တဲ့ စြပ္စြဲခ်က္ကို ICC က စတင္စုံစမ္းဖို႔ ႏိုဝင္ဘာ(၁၄)ရက္ေန႔မွာ ခြင့္ျပဳလုိက္ ပါတယ္။ ICC ဖြဲ႔စည္းေရး ေရာမစာခ်ဳပ္မွာ ျမန္မာႏိုင္ငံက လက္မွတ္ မထုိးထားတာေၾကာင့္ ပူးေပါင္းေဆာင္ရြက္မႈ လုပ္မွာ မဟုတ္ဘူးလို႔ ျမန္မာအစိုးရက ေတာက္ေလွ်ာက္ေျပာလာတာပါ။ ဒါေပမဲ့ ႐ုိဟင္ဂ်ာေတြကို ေမာင္းထုတ္လိုက္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ပတ္သက္လုိ႔ သက္ေသျပဖို႔ လိုလာရင္ ျမန္မာႏိုင္ငံဘက္က ဘယ္လို သက္ေသျပမွာပါလဲ။ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက အခုလို ရွင္းျပ ပါတယ္။

“လုပ္တယ္ဆိုရင္ လုပ္တာကို သက္ေသျပရမွာပဲ။ ဒါေပမယ့္ မလုပ္ပါဘူးလို႔ ၊ အျပစ္မရွိပါဘူးလို႔ သက္ေသျပရတာ နည္းနည္းေတာ့ ခက္တာေပါ့ေနာ္။ က်ေနာ္တုိ႔က ေျပာလည္း ေျပာၿပီးပါၿပီ ဒီလိုေမာင္းထုတ္တာ မဟုတ္ဘူးဆိုတာကို ေသခ်ာလည္းေျပာၿပီးသား။ ေမာင္းထုတ္တယ္ဆိုရင္လည္း က်ေနာ္တုိ႔က ျပန္လက္ခံဖို႔ လုပ္ေနစရာအေၾကာင္းမရွိဘူးေပါ့ေနာ္။ ျပည္တြင္းမွာလည္း က်ေနာ္တို႔ သက္ဆိုင္တဲ့ စံုစမ္းစစ္ေဆးေရးေကာ္မရွင္တို႔ဘာတို႔ က်ေနာ္တို႔ လုပ္ထားၿပီ။ အဲဒီအဖြဲ႔ေတြကေနၿပီးေတာ့ စံုစမ္းစစ္ေဆးေနတာေတြလည္း ရွိၿပီ။ ဆိုေတာ့ အဲဒီ Process ကို ေစာင့္ဖို႔ပဲ လိုမွာေပါ့ေနာ္။ ေနာက္တခ်က္ကေတာ့ အခု ICC ကေနၿပီးေတာ့ သူတို႔ ခုံရံုးကေန စံုစမ္းစစ္ေဆးဖို႔ ခြင့္ျပဳလိုက္တယ္ဆိုတာ အဲဒီကိစၥနဲ႔ ပတ္သက္လို႔ က်ေနာ္တုိ႔က ICC အဖြဲ႔၀င္မဟုတ္တဲ့အတြက္ စံုစမ္းစစ္ေဆးလည္း က်ေနာ္တုိ႔က ပူးေပါင္းေဆာင္ရြက္ဖို႔ အေၾကာင္းမရွိပါဘူး။ အဲဒီေတာ့ ေမာင္းမထုတ္ပါဘူးဆိုတာကို ဘယ္လို သက္ေသျပမလဲ။ အဲဒါေတာ့ ခက္ေတာ့ ခက္သား။ အဲဒါေျပာမယ္ဆိုရင္ အထဲမွာလည္း ရွိေနၾကတာပဲ ေနေနတဲ့သူေတြ တ၀က္ေလာက္ကလည္း ဒီမွာ ရွိေနၾကတာပဲ။ မေျပးတဲ့လူေတြလည္း အမ်ားႀကီးရွိတယ္။”

စြပ္စြဲခ်က္နဲ႔ပတ္သက္ၿပီး တရားခြင္မွာ Burden of Proof သက္ေသျပဖို႔ တရားလုိဘက္မွာသာ တာဝန္ရွိတယ္လို႔ AHRC လူ႔အခြင့္အေရး ေရွ့ေန ဦးမင္းလြင္ဦးက ေျပာပါတယ္။

“ဒီအတင္းအက်ပ္ ေမာင္းထုတ္တယ္ဆိုတာကို စြပ္စြဲတဲ့ တရားလိုဘက္ကေနၿပီးေတာ့ပဲ သက္ေသျပရမွာေပါ့ဗ်ာ ။ ဘယ္လိုေမာင္းထုတ္လို႔ ထြက္ေျပးလာရတယ္ဆိုတဲ့ အေထာက္အထားျပႏိုင္ဖို႔လိုတယ္။ အဲဒါေတြနဲ႔ ပတ္သက္လို႔ ဒီကိစၥရပ္ေတြ ျဖစ္ပြားတဲ့ အခ်ိန္ကာလတုန္းက တာ၀န္ရွိသူေတြက နယ္စပ္ေဒသမွာ မသြားဖို႔အတြက္ တားဆီး ေမတၱာရပ္ခံတာေတြရွိတယ္။ ေနာက္ၿပီးေတာ့ ရိကၡာေတြျပတ္ေနလို႔ ေထာက္ပံ႔ေပးတာေတြရွိတယ္။ အတင္းအက်ပ္ေမာင္းမထုတ္ဘူးဆိုတာကို က်ေနာ္တုိ႔ Amnesty International ကလည္း မွတ္တမ္း documentary ရိုက္ထားတာေတြရွိပါတယ္။ က်ေနာ္ထင္တာကေတာ့ အုပ္စုလိုက္ သတ္ျဖတ္တယ္ဆိုတဲ့ ကိစၥရပ္မ်ိဳးေတြေပၚမွာ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြ အေရးယူမယ္ ကိစၥတခုပဲ ပိုၿပီးေတာ့ စိုးရိမ္စရာေတြ ျဖစ္လာမယ္။”

တကယ္ေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံကသာ အေသအခ်ာ ပူးေပါင္းေဆာင္ရြက္မယ္ဆိုရင္ ထြက္ေျပးသြားၾကတဲ့ ႐ုိဟင္ဂ်ာျပႆနာကို ေကာင္းမြန္စြာ ေျဖရွင္းႏိုင္မွာ ျဖစ္တယ္လုိ႔ အမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေထာက္ျပပါတယ္။

“ဘဂၤလားေဒ့ရွ္ ဘက္က အဓိကေတာ့ ပံုစံျဖည့္တာကအစေပါ့ေနာ္ ၊ သူ႔မွာ လုပ္ရမယ့္ တာ၀န္ေတြကို ေသခ်ာမလုပ္ဘူး ။ တကယ္ျပန္ခ်င္တဲ့လူေတြ ျပန္ႏိုင္ဖို႔အခြင့္အေရး သူလိုက္မေပးဘူး။ ၿပီးရင္ သူက ႏိုင္ငံတကာကို လွည့္ၿပီးေတာ့ OIC ကေန တဆင့္ EU ကေနတဆင့္ ျမန္မာႏိုင္ငံအေပၚမွာ အေရးယူဖို႔ ကိစၥေတြကို ဦးစားေပးတယ္။ ဥေရာပကို သြားၿပီးေတာ့မွ စီးပြားေရး sanction လုပ္ဖို႔ေတြ US ကို သြားရင္ congress ကိုသြားရင္ ျမန္မာႏိုင္ငံကို sanction လုပ္ေပးပါဆိုတာေတြ လိုက္ေျပာတယ္။ ဆိုေတာ့ ဒါေတြကို ၿခံဳၿပီးေတာ့ ၾကည့္လိုက္ပါ က်ေနာ္တို႔ ၂ ႏိုင္ငံ ေျပလည္ေအာင္လုပ္ရင္ ဒီအဆင့္ကို ေရာက္စရာမရွိဘူး က်ေနာ္တို႔ ျပန္လည္လက္ခံတဲ့သူေတြကို ေကာင္းေကာင္းမြန္မြန္ျပန္လာဖို႔၊ က်ေနာ္တို႔ကလည္း ျပန္လည္လက္ခံဖို႔ အဆင္သင့္ရွိတယ္၊ က်ေနာ္တို႔မွာလည္း ျပင္ဆင္ထားၿပီးသားရွိတယ္လို႔ ေျပာရဲ႕သားနဲ႔ ျပန္လာလို႔ မရေအာင္ ဒီလိုအေျခအေနေတြ လုပ္ေနတာေတြရွိတဲ့အခါက်ေတာ့ အဲဒါေတြကို အေျချပဳၿပီးေတာ့ တဆင့္တဆင့္ pressure ေတြက တိုးလာတဲ့အေျခအေနေတြ ရွိတာေပါ့ေနာ္ အဲလိုပဲ က်ေနာ္ေျပာခ်င္တယ္။”

ICC ကအခ်က္အလက္ ရွာေဖြစုေဆာင္းတာ စုံစမ္းတာေတြလုပ္လို႔ အမႈပိုခိုင္မာလာရင္ ျမန္မာအစိုးရက ICC နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ မဲခြဲဆုံးျဖတ္ရတဲ့အထိ ျဖစ္ေကာင္း ျဖစ္လာႏိုင္ေပမယ့္ ဒီအေပၚမွာ စုိးရိမ္ဖုိ႔ မလုိေသးဘူးလို႔ ေရွ့ေန ဦးမင္းလြင္ဦးက ေျပာပါတယ္။

“ ပထမ ICC မွာ စြဲထားတဲ့ ကိစၥေတြက အတင္းအက်ပ္ ေနရာေရႊ႕ေျပာင္းတယ္ေပါ့ေနာ္။ ေနာက္ၿပီးေတာ့ တခါ စစ္ရာဇ၀တ္မႈေတြ က်ဴးလြန္တယ္ဆိုၿပီးေတာ့ စြပ္စြဲထားတဲ့ ကိစၥရပ္မ်ိဳးေတြ ရွိတယ္။ အဲဒီလို စြပ္စြဲထားတဲ့ ကိစၥေတြက ႏိုင္ငံတကာ ခံုရံုးကို တပ္မေတာ္အရာရွိေတြ အေရးယူေပးႏိုင္ဖို႔ ၊ ေနာက္ၿပီးေတာ့ အဲဒီေဒသေတြမွာ ဖိႏွိပ္ထားတာေတြ ရပ္တန္႔သြားႏိုင္ဖို႔အတြက္ အဓိကထားေဆာင္ရြက္ဖို႔အတြက္ ေတာင္းဆိုေနတာျဖစ္တယ္။ ေနာက္ၿပီးေတာ့ ေျပာရရင္ အခုတခုၿပီးတခု တရားစြဲဆိုဖို႔အတြက္လုပ္တယ္ဆိုေတာ့ ျမန္မာႏိုင္ငံအစိုးရကေတာ့ ရွင္းရွင္းလင္းလင္းေျပာထားၿပီးသားျဖစ္တယ္ မိမိအခ်ဳပ္အျခာအာဏာနဲ႔ ပတ္သက္လို႔ ထိပါးလာမယ့္ ကိစၥရပ္မ်ိဳးဆိုရင္ ဘယ္ကိစၥရပ္မွ ပူးေပါင္းေဆာင္ရြက္မွာမဟုတ္ဘူးဆိုတာကို ေျပာထားတာရွိတယ္။ အဲဒီေတာ့ ဒီကိစၥက သိပ္ၿပီးေတာ့ စိုးရိမ္စရာအဆင့္အထိ ေရာက္လာမယ္လို႔ မထင္ပါဘူးခင္ဗ်။”

ျမန္မာအစိုးရကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံပယ္ခ်ထားၿပီး တဖက္ႏို္င္ငံထြက္သြားတဲ့ ဒုကၡသည္ေတြ ျပန္လာႏိုင္ေရး ႏိုင္ငံတကာနဲ႔ ပူးေပါင္းလုပ္ေဆာင္ ေနပါတယ္။

လူမ်ိဳးတုန္းသတ္ျဖတ္မႈ တားဆီးေရးဆိုင္ရာ စာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ႏိုင္ငံတကာတရား႐ုံး ICJ မွာလည္း ျမန္မာႏိုင္ငံကို တရားစြဲဆိုဖို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက လုပ္ေဆာင္ခဲ့ပါတယ္။

.............

ICC စုံစမ်းမှု မှာ ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာသံအမတ်ကြီးငြင်းဆို

(Unicode)

ရခိုင် မြောက်ပိုင်းဒေသအရေးကို ဖြေရှင်းရာမှာ တဖက်နိုင်ငံထွက်သွားသူတွေ ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ပူးပေါင်း ဆောင်ရွက်ဖို့ထက် ဖိအားပေးတဲ့နည်းကို ပိုသုံးနေတာက ပြဿနာတွေကို ပြေလည်သွားစေမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်ပြီး မောင်းထုတ်လိုက်တဲ့ကိစ္စကို စတင် စုံစမ်းဖို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ခွင့်ပြုလိုက်တဲ့ ကြေညာချက်ထွက်ပေါ်လာအပြီး ပြောဆိုလိုက်တာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်ပြီး မောင်းထုတ်လိုက်တဲ့ စွပ်စွဲချက်ကို ICC က စတင်စုံစမ်းဖို့ နိုဝင်ဘာ(၁၄)ရက်နေ့မှာ ခွင့်ပြုလိုက် ပါတယ်။ ICC ဖွဲ့စည်းရေး ရောမစာချုပ်မှာ မြန်မာနိုင်ငံက လက်မှတ် မထိုးထားတာကြောင့် ပူးပေါင်းဆောင်ရွက်မှု လုပ်မှာ မဟုတ်ဘူးလို့ မြန်မာအစိုးရက တောက်လျှောက်ပြောလာတာပါ။ ဒါပေမဲ့ ရိုဟင်ဂျာတွေကို မောင်းထုတ်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ သက်သေပြဖို့ လိုလာရင် မြန်မာနိုင်ငံဘက်က ဘယ်လို သက်သေပြမှာပါလဲ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အခုလို ရှင်းပြ ပါတယ်။

“လုပ်တယ်ဆိုရင် လုပ်တာကို သက်သေပြရမှာပဲ။ ဒါပေမယ့် မလုပ်ပါဘူးလို့ ၊ အပြစ်မရှိပါဘူးလို့ သက်သေပြရတာ နည်းနည်းတော့ ခက်တာပေါ့နော်။ ကျနော်တို့က ပြောလည်း ပြောပြီးပါပြီ ဒီလိုမောင်းထုတ်တာ မဟုတ်ဘူးဆိုတာကို သေချာလည်းပြောပြီးသား။ မောင်းထုတ်တယ်ဆိုရင်လည်း ကျနော်တို့က ပြန်လက်ခံဖို့ လုပ်နေစရာအကြောင်းမရှိဘူးပေါ့နော်။ ပြည်တွင်းမှာလည်း ကျနော်တို့ သက်ဆိုင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တို့ဘာတို့ ကျနော်တို့ လုပ်ထားပြီ။ အဲဒီအဖွဲ့တွေကနေပြီးတော့ စုံစမ်းစစ်ဆေးနေတာတွေလည်း ရှိပြီ။ ဆိုတော့ အဲဒီ Process ကို စောင့်ဖို့ပဲ လိုမှာပေါ့နော်။ နောက်တချက်ကတော့ အခု ICC ကနေပြီးတော့ သူတို့ ခုံရုံးကနေ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုလိုက်တယ်ဆိုတာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့က ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် စုံစမ်းစစ်ဆေးလည်း ကျနော်တို့က ပူးပေါင်းဆောင်ရွက်ဖို့ အကြောင်းမရှိပါဘူး။ အဲဒီတော့ မောင်းမထုတ်ပါဘူးဆိုတာကို ဘယ်လို သက်သေပြမလဲ။ အဲဒါတော့ ခက်တော့ ခက်သား။ အဲဒါပြောမယ်ဆိုရင် အထဲမှာလည်း ရှိနေကြတာပဲ နေနေတဲ့သူတွေ တဝက်လောက်ကလည်း ဒီမှာ ရှိနေကြတာပဲ။ မပြေးတဲ့လူတွေလည်း အများကြီးရှိတယ်။”

စွပ်စွဲချက်နဲ့ပတ်သက်ပြီး တရားခွင်မှာ Burden of Proof သက်သေပြဖို့ တရားလိုဘက်မှာသာ တာဝန်ရှိတယ်လို့ AHRC လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဒီအတင်းအကျပ် မောင်းထုတ်တယ်ဆိုတာကို စွပ်စွဲတဲ့ တရားလိုဘက်ကနေပြီးတော့ပဲ သက်သေပြရမှာပေါ့ဗျာ ။ ဘယ်လိုမောင်းထုတ်လို့ ထွက်ပြေးလာရတယ်ဆိုတဲ့ အထောက်အထားပြနိုင်ဖို့လိုတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒီကိစ္စရပ်တွေ ဖြစ်ပွားတဲ့ အချိန်ကာလတုန်းက တာဝန်ရှိသူတွေက နယ်စပ်ဒေသမှာ မသွားဖို့အတွက် တားဆီး မေတ္တာရပ်ခံတာတွေရှိတယ်။ နောက်ပြီးတော့ ရိက္ခာတွေပြတ်နေလို့ ထောက်ပံ့ပေးတာတွေရှိတယ်။ အတင်းအကျပ်မောင်းမထုတ်ဘူးဆိုတာကို ကျနော်တို့ Amnesty International ကလည်း မှတ်တမ်း documentary ရိုက်ထားတာတွေရှိပါတယ်။ ကျနော်ထင်တာကတော့ အုပ်စုလိုက် သတ်ဖြတ်တယ်ဆိုတဲ့ ကိစ္စရပ်မျိုးတွေပေါ်မှာ တပ်မတော် စစ်ခေါင်းဆောင်တွေ အရေးယူမယ် ကိစ္စတခုပဲ ပိုပြီးတော့ စိုးရိမ်စရာတွေ ဖြစ်လာမယ်။”
တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကသာ အသေအချာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ အမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ထောက်ပြပါတယ်။

“ဘင်္ဂလားဒေ့ရှ် ဘက်က အဓိကတော့ ပုံစံဖြည့်တာကအစပေါ့နော် ၊ သူ့မှာ လုပ်ရမယ့် တာဝန်တွေကို သေချာမလုပ်ဘူး ။ တကယ်ပြန်ချင်တဲ့လူတွေ ပြန်နိုင်ဖို့အခွင့်အရေး သူလိုက်မပေးဘူး။ ပြီးရင် သူက နိုင်ငံတကာကို လှည့်ပြီးတော့ OIC ကနေ တဆင့် EU ကနေတဆင့် မြန်မာနိုင်ငံအပေါ်မှာ အရေးယူဖို့ ကိစ္စတွေကို ဦးစားပေးတယ်။ ဥရောပကို သွားပြီးတော့မှ စီးပွားရေး sanction လုပ်ဖို့တွေ US ကို သွားရင် congress ကိုသွားရင် မြန်မာနိုင်ငံကို sanction လုပ်ပေးပါဆိုတာတွေ လိုက်ပြောတယ်။ ဆိုတော့ ဒါတွေကို ခြုံပြီးတော့ ကြည့်လိုက်ပါ ကျနော်တို့ ၂ နိုင်ငံ ပြေလည်အောင်လုပ်ရင် ဒီအဆင့်ကို ရောက်စရာမရှိဘူး ကျနော်တို့ ပြန်လည်လက်ခံတဲ့သူတွေကို ကောင်းကောင်းမွန်မွန်ပြန်လာဖို့၊ ကျနော်တို့ကလည်း ပြန်လည်လက်ခံဖို့ အဆင်သင့်ရှိတယ်၊ ကျနော်တို့မှာလည်း ပြင်ဆင်ထားပြီးသားရှိတယ်လို့ ပြောရဲ့သားနဲ့ ပြန်လာလို့ မရအောင် ဒီလိုအခြေအနေတွေ လုပ်နေတာတွေရှိတဲ့အခါကျတော့ အဲဒါတွေကို အခြေပြုပြီးတော့ တဆင့်တဆင့် pressure တွေက တိုးလာတဲ့အခြေအနေတွေ ရှိတာပေါ့နော် အဲလိုပဲ ကျနော်ပြောချင်တယ်။”

ICC ကအချက်အလက် ရှာဖွေစုဆောင်းတာ စုံစမ်းတာတွေလုပ်လို့ အမှုပိုခိုင်မာလာရင် မြန်မာအစိုးရက ICC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ရတဲ့အထိ ဖြစ်ကောင်း ဖြစ်လာနိုင်ပေမယ့် ဒီအပေါ်မှာ စိုးရိမ်ဖို့ မလိုသေးဘူးလို့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ ပထမ ICC မှာ စွဲထားတဲ့ ကိစ္စတွေက အတင်းအကျပ် နေရာရွှေ့ပြောင်းတယ်ပေါ့နော်။ နောက်ပြီးတော့ တခါ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီးတော့ စွပ်စွဲထားတဲ့ ကိစ္စရပ်မျိုးတွေ ရှိတယ်။ အဲဒီလို စွပ်စွဲထားတဲ့ ကိစ္စတွေက နိုင်ငံတကာ ခုံရုံးကို တပ်မတော်အရာရှိတွေ အရေးယူပေးနိုင်ဖို့ ၊ နောက်ပြီးတော့ အဲဒီဒေသတွေမှာ ဖိနှိပ်ထားတာတွေ ရပ်တန့်သွားနိုင်ဖို့အတွက် အဓိကထားဆောင်ရွက်ဖို့အတွက် တောင်းဆိုနေတာဖြစ်တယ်။ နောက်ပြီးတော့ ပြောရရင် အခုတခုပြီးတခု တရားစွဲဆိုဖို့အတွက်လုပ်တယ်ဆိုတော့ မြန်မာနိုင်ငံအစိုးရကတော့ ရှင်းရှင်းလင်းလင်းပြောထားပြီးသားဖြစ်တယ် မိမိအချုပ်အခြာအာဏာနဲ့ ပတ်သက်လို့ ထိပါးလာမယ့် ကိစ္စရပ်မျိုးဆိုရင် ဘယ်ကိစ္စရပ်မှ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးဆိုတာကို ပြောထားတာရှိတယ်။ အဲဒီတော့ ဒီကိစ္စက သိပ်ပြီးတော့ စိုးရိမ်စရာအဆင့်အထိ ရောက်လာမယ်လို့ မထင်ပါဘူးခင်ဗျ။”

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပယ်ချထားပြီး တဖက်နိုင်ငံထွက်သွားတဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေး နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင် နေပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ စာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး နိုင်ငံတကာတရားရုံး ICJ မှာလည်း မြန်မာနိုင်ငံကို တရားစွဲဆိုဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ဆောင်ခဲ့ပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA Burmese
https://burmese.voanews.com
ICC စံုစမ္းမႈ မွာ ပူးေပါင္းေဆာင္ရြက္မည္မဟုတ္ေၾကာင္း ျမန္မာသံအမတ္ႀကီး ျငင္းဆို ICC စံုစမ္းမႈ မွာ ပူးေပါင္းေဆာင္ရြက္မည္မဟုတ္ေၾကာင္း ျမန္မာသံအမတ္ႀကီး ျငင္းဆို Reviewed by THITHTOOLWIN on 00:29 Rating: 5
Powered by Blogger.