အစိုးရၿငိမ္းကိုယ္စားလွယ္အဖဲြ႔နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ ေဆြးေႏြးပဲြ မက်င္းပႏိုင္ေသး

စက္တင္ဘာလတုန္းက ေျမာက္ပုိင္း မဟာမိတ္ ႏွင့္ အစိုးရ ကိုယ္စားလွယ္တို႔ ေတြ႔ဆံုစဥ္
(Zawgyi/Unicode)

အစိုးရရဲ့ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖဲြ႔နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြအၾကားမွာ ေဆြးေႏြးပဲြဟာ မူလ ရည္မွန္းထားတဲ့ ရက္မွာ က်င္းပႏိုင္ျခင္းမရိွခဲ့သလို ဘယ္အခ်ိန္က်င္းပမယ္ဆုိတာလည္း တိတိက်က် မသတ္မွတ္ႏိုင္ေသးေၾကာင္း ႏွစ္ဘက္အၾကား ညိွႏိႈင္းေဆာင္ရြက္ေနတဲ့ ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖဲြ႔က ေျပာပါတယ္။ ဒီရက္ပိုင္းေတြအတြင္းမွာေတာ့ အစိုးရတပ္မေတာ္နဲ႔ ေျမာက္ပိုင္းအဖဲြ႔၀င္ေတြျဖစ္တဲ့ တအန္း(ပေလာင္)နဲ႔ AA ရခိုင္တပ္ဖဲြ႔ေတြ အၾကားမွာ တိုက္ပဲြေတြ ျပင္းထန္ေနပါတယ္။ ဒီသတင္းကို ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

အစိုးရရ့ဲ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟုိဌာန NRPC နဲ႔ KIO ကခ်င္၊ MNTJP ကိုးကန္႔၊ PSLF တအန္း(ပေလာင္)နဲ႔ ULA ရခုိင္လက္နက္ကိုင္အဖဲြ႔ေတြပါ၀င္တဲ့ ေျမာက္ပိုင္းမဟာမိတ္ အဖဲြ႔တုိ႔အၾကား ေဆြးေႏြးပဲြကို ဒီလ ဒုတိယပတ္အတြင္း က်င္းပႏိုင္ဖုိ႔ ညိွႏိႈင္းခဲ့ၾကတာပါ။

ေလာေလာဆည္မွာေတာ့ ဒုတိယပတ္အတြင္း က်င္းပႏိုင္တာမရိွခဲ့သလို ဘယ္အခ်ိန္ က်င္းပျဖစ္မယ္ဆုိတာလည္း ေသခ်ာ မသိရေသးေၾကာင္း ႏွစ္ဘက္အၾကားမွာ ညိွႏိႈင္းေဆာင္ရြက္ေနတဲ့ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲ႔ြ PCG က ဦးလမုိင္ဂြန္ဂ်ာက ေျပာပါတယ္။

“ ဒုတိယပတ္ေလာက္မွာလို႔ ေျပာတာ။ ဒါေပမဲ့လည္း အစိုးရဘက္ကေန ဘယ္ေန႔၊ ဘယ္ရက္၊ ဘယ္မွာ ေတြ႔မယ္ဆိုတာ အတိအက် သူတုိ႔ မေျပာလာေသးဘူး။ အဲဒါေၾကာင့္ အဲဒါ ေစာင့္ဆုိင္းေနတာျဖစ္ပါတယ္ဗ်။ ေလာေလာဆည္ က်ေနာ္တုိ႔ သိရသေလာက္ဆို အစိုးရဘက္က မအားမလပ္ဘူးျဖစ္ေနတယ္။ သူတုိ႔ လက္မွတ္ထုိးထားတဲ့အဖဲြ႔ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔အတြက္ ဘာညာရိွေသးတယ္ဆုိေတာ့ အဆင္သင့္မျဖစ္ေသးလုိ႔ ေနမွာပါ။”

NRPC နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြဟာ စက္တင္ဘာလ ၁၇ရက္ေန႔က က်ိဳင္းတံုၿမိဳ႕မွာ ေနာက္ဆံုးအၾကိမ္ ေတြ႔ဆံုခဲ့တာပါ။ ဒီေဆြးေႏြးပဲြမွာေတာ့ ေအာက္တိုဘာလအတြင္း ထပ္မံေတြ႔ဆံုဖို႔ သေဘာတူခဲ့ေပမဲ့ သီတင္းကြ်တ္ရံုးပိတ္ရက္နဲ႔ NCA အပစ္ရပ္စာခ်ဳပ္ ၄ ႏွစ္ျပည့္ အခမ္းအနားရိွတာေၾကာင့္ ႏို၀င္ဘာလအတြင္း ရက္ေရႊ႔ဆိုင္းခဲ့ၿပီး ဒုတိယပတ္အတြင္း ေတြ႔ဆံုဖို႔ ညိွႏိႈင္းခဲ့ၾကတာျဖစ္ပါတယ္။

ဒီလုိ ညိွႏိႈင္းေနဆဲ ကာလမွာပဲ ရခုိင္ျပည္နယ္ဘက္မွာ တိုက္ပဲြေတြ ဆက္တိုက္ျဖစ္ေနသလို ဒီလ ၁၀ရက္ေန႔ေလာက္က စတင္ၿပီး ရွမ္းျပည္နယ္ ေက်ာက္မဲနဲ႔ ကြတ္ခိုင္ဘက္မွာလည္း TNLA တအန္း(ပေလာင္)အဖဲြ႔နဲ႔ တုိက္ပဲြေတြ ျပန္လည္ ျပင္းထန္လာခဲ့ပါတယ္။

ဒီကေန႔မွာလည္း ေက်ာက္မဲနဲ႔ ကြတ္ခိုင္ဘက္မွာ တုိက္ပဲြေတြ ျပင္းထန္ေနဆဲရိွေၾကာင္း TNLA ရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မႈး တားအိုက္ေက်ာ္က ေျပာပါတယ္။

“ ဒီမနက္ ၇နာရီ ၄၀ေလာက္ကေန ၉ နာရီေက်ာ္ထိ တစ္ၾကိမ္၊ ၁၀နာရီထိုးခါနီးမွာ တစ္ၾကိမ္ ေက်ာက္မဲနဲ႔ နမ့္ဆန္အစပ္ ခြန္ေကာ္ဘက္မွာျဖစ္တယ္။ ၁၀နာရီ ၂၀ ေလာက္မွာေတာ့ တပ္ဘက္က ရဟတ္ယာဥ္ ၂ စီးနဲ႔ က်ေနာ္တုိ႔ရိွတဲ့ ထင္းရူးေတာင္ေပၚမွာ လာပစ္ခတ္တာေတြ ရိွတယ္။ ကြတ္ခုိင္ဘက္မွာလည္း ျဖစ္ေသးတယ္။ ကြတ္ခိုင္ၾကားမွာေတာ့ ဒီ ရႈခင္းသာနဲ႔ နမ့္ဖလြန္းၾကားမွာေတာ့ ၂ ေနရာေလာက္ရိွတယ္။ ေလာေလာဆယ္ ရထားတဲ့ သတင္းအရ ေနရာကေတာ့ သိပ္မေ၀းဘူး။ ေန႔ခင္းမွာျဖစ္တာ။ ”

ေက်ာက္မဲနဲ႔ နမ့္ဆန္ၾကားမွာ ဒီလ ၁၁ရက္ေန႔ေလာက္ကစၿပီး တိုက္ပဲြျဖစ္ပြားခဲ့ေပမဲ့ ေက်ာက္မဲၿမိဳ႕ေပၚကို စစ္ေရွာင္ေတြ ေရာက္ရိွလာတဲ့သတင္းေတာ့ မၾကားသိရေသးပါဘူး။

ဒီကေန႔ ကြတ္ခိုင္ဘက္မွာျဖစ္တဲ့ တုိက္ပဲြေၾကာင့္ေတာ့ လားရိႈး-မူဆယ္ျပည္ေထာင္စုလမ္းမၾကီးေပၚမွာ ယာဥ္အသြားအလာေတြ ယာယီရပ္ဆုိင္းတာေတြျဖစ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

တပ္မေတာ္ကထုတ္ေ၀တဲ့ ျမ၀တီသတင္းစာမွာေတာ့ ဒီလ ၁၄ရက္ေန႔က ျပည္ေထာင္စုလမ္းမၾကီးေပၚမွာ သြားလာတဲ့ယာဥ္ေတြကို TNLA က ပစ္ခတ္တာေတြ ရိွေၾကာင္း ေဖာ္ျပခဲ့ေပမဲ့ တိုက္ပဲြျဖစ္ပြားမႈအေသးစိတ္ကို သတင္းထုတ္ျပန္တာမရိွပါဘူး။

PCG က ဦးလမိုင္ဂြမ္ဂ်ာကေတာ့ လက္ရိွ ေဆြးေႏြးပဲြေတြ ၾကန္႔ၾကာေနတာဟာ တိုက္ပဲြျဖစ္ပြားတာနဲ႔ သက္ဆိုင္မႈမရိွႏိုင္ေၾကာင္း သံုးသပ္ပါတယ္။

“ခါတိုင္းႏွစ္လည္း ဒီလိုပါပဲ။ ေဆြးေႏြးတဲ့အခ်ိန္မွာ တုိက္ပဲြက ေတာက္ေလ်ာက္ျဖစ္ေနတာပဲ။ ဒါေၾကာင့္ ဒီတုိက္ပဲြျဖစ္လုိ႔ ေဆြးေႏြးပဲြမွာ အဟန္႔အတားျဖစ္တယ္ဆုိတာေတာ့ မျဖစ္ႏိုင္ဘူးလို႔ေတာ့ ထင္တာပါပဲ။ ထိေတြ႔မႈေတာ့ ရိွေနမွာပါပဲ။ ရိွတဲ့အေ ပၚမွာ အခုလုိပဲ ေတြ႔ဆံုေဆြးေႏြးမႈအေပၚမွာေတာ့ မထိခိုက္လာႏိုင္ဘူးလို႔ ထင္တယ္။ ေတြ႔ဆံုေဆြးေႏြးမွပဲ အေျခရွာလို႔ ရမွာျဖစ္တဲ့အတြက္ေၾကာင့္ ေတြ႔ဆံုေဆြးေႏြးဖုိ႔ကေတာ့ သူတုိ႔ အဆင္သင့္ျဖစ္ရင္ေတာ့ အားလံုးျဖစ္သြားမယ္လုိ႔ေတာ့ ဒီလိုပဲ သံုးသပ္လိုပါတယ္။”

NRPC နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔အၾကား စက္တင္ဘာလက က်င္းပတဲ့ ေဆြးေႏြးပဲြမွာေတာ့ Bilateral ေခၚ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိေရး၊ လက္ရိွျဖစ္ပြားေနတဲ့ တိုက္ပဲြေတြ ခ်ဳပ္ၿငိမ္းေရး စတဲ့အခ်က္ေတြ ထည့္သြင္းေဆြးေႏြးခဲ့ၿပီး ေနာက္တစ္ၾကိမ္ေဆြးေႏြးပဲြမွာ Bilateral ေခၚ ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိေရးအတြက္ အေလးထားေဆာင္ရြက္ဖို႔ NRPC ဘက္က တုိက္တြန္းခဲ့ပါတယ္။

[Unicode Version]

အစိုးရငြိမ်းကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဆွေးနွေးပွဲမကျင်းပနိုင်သေး

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြားမှာ ဆွေးနွေးပွဲဟာ မူလ ရည်မှန်းထားတဲ့ ရက်မှာ ကျင်းပနိုင်ခြင်းမရှိခဲ့သလို ဘယ်အချိန်ကျင်းပမယ်ဆိုတာလည်း တိတိကျကျ မသတ်မှတ်နိုင်သေးကြောင်း နှစ်ဘက်အကြား ညှိနှိုင်းဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့ဝင်တွေဖြစ်တဲ့ တအန်း(ပလောင်)နဲ့ AA ရခိုင်တပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ KIO ကချင်၊ MNTJP ကိုးကန့်၊ PSLF တအန်း(ပလောင်)နဲ့ ULA ရခိုင်လက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့အကြား ဆွေးနွေးပွဲကို ဒီလ ဒုတိယပတ်အတွင်း ကျင်းပနိုင်ဖို့ ညှိနှိုင်းခဲ့ကြတာပါ။

လောလောဆည်မှာတော့ ဒုတိယပတ်အတွင်း ကျင်းပနိုင်တာမရှိခဲ့သလို ဘယ်အချိန် ကျင်းပဖြစ်မယ်ဆိုတာလည်း သေချာ မသိရသေးကြောင်း နှစ်ဘက်အကြားမှာ ညှိနှိုင်းဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖဲ့ွ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“ ဒုတိယပတ်လောက်မှာလို့ ပြောတာ။ ဒါပေမဲ့လည်း အစိုးရဘက်ကနေ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်မှာ တွေ့မယ်ဆိုတာ အတိအကျ သူတို့ မပြောလာသေးဘူး။ အဲဒါကြောင့် အဲဒါ စောင့်ဆိုင်းနေတာဖြစ်ပါတယ်ဗျ။ လောလောဆည် ကျနော်တို့ သိရသလောက်ဆို အစိုးရဘက်က မအားမလပ်ဘူးဖြစ်နေတယ်။ သူတို့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဘာညာရှိသေးတယ်ဆိုတော့ အဆင်သင့်မဖြစ်သေးလို့ နေမှာပါ။”

NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ စက်တင်ဘာလ ၁၇ရက်နေ့က ကျိုင်းတုံမြို့မှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာတော့ အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ပေမဲ့ သီတင်းကျွတ်ရုံးပိတ်ရက်နဲ့ NCA အပစ်ရပ်စာချုပ် ၄ နှစ်ပြည့် အခမ်းအနားရှိတာကြောင့် နိုဝင်ဘာလအတွင်း ရက်ရွှေ့ဆိုင်းခဲ့ပြီး ဒုတိယပတ်အတွင်း တွေ့ဆုံဖို့ ညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ညှိနှိုင်းနေဆဲ ကာလမှာပဲ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို ဒီလ ၁၀ရက်နေ့လောက်က စတင်ပြီး ရှမ်းပြည်နယ် ကျောက်မဲနဲ့ ကွတ်ခိုင်ဘက်မှာလည်း TNLA တအန်း(ပလောင်)အဖွဲ့နဲ့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့ပါတယ်။

ဒီကနေ့မှာလည်း ကျောက်မဲနဲ့ ကွတ်ခိုင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲရှိကြောင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး တားအိုက်ကျော်က ပြောပါတယ်။

“ ဒီမနက် ၇နာရီ ၄၀လောက်ကနေ ၉နာရီကျော်ထိ တစ်ကြိမ်၊ ၁၀နာရီထိုးခါနီးမှာ တစ်ကြိမ် ကျောက်မဲနဲ့ နမ့်ဆန်အစပ် ခွန်ကော်ဘက်မှာဖြစ်တယ်။ ၁၀နာရီ ၂၀ လောက်မှာတော့ တပ်ဘက်က ရဟတ်ယာဉ် ၂ စီးနဲ့ ကျနော်တို့ရှိတဲ့ ထင်းရူးတောင်ပေါ်မှာ လာပစ်ခတ်တာတွေ ရှိတယ်။ ကွတ်ခိုင်ဘက်မှာလည်း ဖြစ်သေးတယ်။ ကွတ်ခိုင်ကြားမှာတော့ ဒီ ရှုခင်းသာနဲ့ နမ့်ဖလွန်းကြားမှာတော့ ၂ နေရာလောက်ရှိတယ်။ လောလောဆယ် ရထားတဲ့ သတင်းအရ နေရာကတော့ သိပ်မဝေးဘူး။ နေ့ခင်းမှာဖြစ်တာ။ ”

ကျောက်မဲနဲ့ နမ့်ဆန်ကြားမှာ ဒီလ ၁၁ရက်နေ့လောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ ကျောက်မဲမြို့ပေါ်ကို စစ်ရှောင်တွေ ရောက်ရှိလာတဲ့သတင်းတော့ မကြားသိရသေးပါဘူး။

ဒီကနေ့ ကွတ်ခိုင်ဘက်မှာဖြစ်တဲ့ တိုက်ပွဲကြောင့်တော့ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေ ယာယီရပ်ဆိုင်းတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်ကထုတ်ဝေတဲ့ မြဝတီသတင်းစာမှာတော့ ဒီလ ၁၄ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာတဲ့ယာဉ်တွေကို TNLAက ပစ်ခတ်တာတွေ ရှိကြောင်း ဖော်ပြခဲ့ပေမဲ့ တိုက်ပွဲဖြစ်ပွားမှုအသေးစိတ်ကို သတင်းထုတ်ပြန်တာမရှိပါဘူး။

PCG က ဦးလမိုင်ဂွမ်ဂျာကတော့ လက်ရှိ ဆွေးနွေးပွဲတွေ ကြန့်ကြာနေတာဟာ တိုက်ပွဲဖြစ်ပွားတာနဲ့ သက်ဆိုင်မှုမရှိနိုင်ကြောင်း သုံးသပ်ပါတယ်။

“ ခါတိုင်းနှစ်လည်း ဒီလိုပါပဲ။ ဆွေးနွေးတဲ့အချိန်မှာ တိုက်ပွဲက တောက်လျောက်ဖြစ်နေတာပဲ။ ဒါကြောင့် ဒီတိုက်ပွဲဖြစ်လို့ ဆွေးနွေးပွဲမှာ အဟန့်အတားဖြစ်တယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလို့တော့ ထင်တာပါပဲ။ ထိတွေ့မှုတော့ ရှိနေမှာပါပဲ။ ရှိတဲ့အေ ပါ်မှာ အခုလိုပဲ တွေ့ဆုံဆွေးနွေးမှုအပေါ်မှာတော့ မထိခိုက်လာနိုင်ဘူးလို့ ထင်တယ်။ တွေ့ဆုံဆွေးနွေးမှပဲ အခြေရှာလို့ ရမှာဖြစ်တဲ့အတွက်ကြောင့် တွေ့ဆုံဆွေးနွေးဖို့ကတော့ သူတို့ အဆင်သင့်ဖြစ်ရင်တော့ အားလုံးဖြစ်သွားမယ်လို့တော့ ဒီလိုပဲ သုံးသပ်လိုပါတယ်။”

NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အကြား စက်တင်ဘာလက ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေး၊ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချုပ်ငြိမ်းရေး စတဲ့အချက်တွေ ထည့်သွင်းဆွေးနွေးခဲ့ပြီး နောက်တစ်ကြိမ်ဆွေးနွေးပွဲမှာ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် အလေးထားဆောင်ရွက်ဖို့ NRPC ဘက်က တိုက်တွန်းခဲ့ပါတယ်။

ကိုမိုးေဇာ္/ VOA Burmese
https://burmese.voanews.com
အစိုးရၿငိမ္းကိုယ္စားလွယ္အဖဲြ႔နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ ေဆြးေႏြးပဲြ မက်င္းပႏိုင္ေသး အစိုးရၿငိမ္းကိုယ္စားလွယ္အဖဲြ႔နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ ေဆြးေႏြးပဲြ မက်င္းပႏိုင္ေသး Reviewed by THITHTOOLWIN on 00:31 Rating: 5
Powered by Blogger.