ေဒၚေအာင္ဆန္းစုၾကည္ကို အာဂ်င္တီးနားမွာ တရားစြဲဆိုမႈ အခ်ဳပ္အျခာထိပါးတယ္လို႔ NLD ေျပာ

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေနျပည္ေတာ္မွာ ၂ဝ၁၉ ႏိုဝင္ဘာ ၁၄ ရက္ေန႔ကက်င္းပတဲ့ ဘာသာေပါင္းစုံၿငိမ္းခ်မ္းေရးအဖြဲ႕ရဲ႕ ေဆြးေႏြးပြဲ တက္ေရာက္စဥ္
(Zawgyi)⤵⤵⤵
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တပ္မေတာ္ ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္တို႔ကို ၂၀၁၇ တုန္းက ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ႐ိုဟင္ဂ်ာ ခုႏွစ္သိန္း ေမာင္းထုတ္မႈနဲ႔ ပတ္သက္ၿပီး တရားစြဲဆိုခ်က္ကို NLD ပါတီေျပာခြင့္ရ ပုဂၢိဳလ္က ႏိုင္ငံတစ္ခုရဲ႕ အခ်ဳပ္အျခာကို ထိပါးေနတာျဖစ္လို႔ လိုက္နာမွာမဟုတ္ဘူးလို႔ RFA ကို ဒီကေန႔ ေျပာဆိုလိုက္ပါတယ္။

တပ္ခ်ဳပ္ မင္းေအာင္လႈိင္ အပါအဝင္၊ တပ္မေတာ္ ထိပ္ပိုင္းတာဝန္ရွိသူေတြနဲ႔ ၿပီးခဲ့တဲ့ ႀကံ့ခိုင္ေရးပါတီ သမၼတေဟာင္း ဦးသိန္းစိန္နဲ႔ အနားယူသြားတဲ့ သမၼတေဟာင္း ဦးထင္ေက်ာ္နဲ႔ လက္ရွိသမၼတ ဦးဝင္းျမင့္ တို႔ကိုလည္း တရားစြဲဆိုတဲ့ စာရင္းထဲမွာ ထည့္ထားပါတယ္။

႐ိုဟင္ဂ်ာေတြရဲ႕ ျဖစ္တည္မႈကို ျငင္းပယ္ခ်က္ေတြ၊ ႐ိုဟင္ဂ်ာေတြကို ဒုကၡသည္စခန္းထဲေရာက္ေအာင္ တြန္းပို႔ တာေတြ၊ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြအတြက္ အထက္ပါ ပုဂၢိဳလ္ေတြမွာ တာဝန္ရွိတဲ့အတြက္ တရားစြဲဆိုရတာျဖစ္ တယ္လို႔ ၿဗိတိန္အေျခစိုက္ ႐ိုဟင္ဂ်ာအဖြဲ႕က ေျပာဆိုထားပါတယ္။

NLD ပါတီ ေျပာခြင့္ရ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ ဒီတရားစြဲဆိုမႈဟာ သက္ေသအေထာက္အထား ခိုင္လုံမႈမရွိဘူး လို႔ျမင္ေၾကာင္း တုံ႔ျပန္ပါတယ္။ ဒါ့အျပင္ သူက ဆက္လက္ၿပီး လက္ရွိအစိုးရအေနနဲ႔ ရခိုင္ျပည္နယ္ေျမာက္ပိုင္း အေရးအတြက္ လုံေလာက္တဲ့ စုံစမ္းစစ္ေဆးမႈေတြ၊ အေရးယူမႈေတြ လုပ္ေနတယ္ဆိုတာကို သိသာျမင္သာ ထုတ္ျပန္ေပးလွ်က္ရွိေၾကာင္း ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားမှာ တရားစွဲဆိုမှု အချုပ်အခြာထိပါးတယ်လို့ NLD ပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်မှာ ၂ဝ၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲ တက်ရောက်စဉ်
Photo: Thiha Tun/RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ၂၀၁၇ တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာ ခုနှစ်သိန်း မောင်းထုတ်မှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုချက်ကို NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က နိုင်ငံတစ်ခုရဲ့ အချုပ်အခြာကို ထိပါးနေတာဖြစ်လို့ လိုက်နာမှာမဟုတ်ဘူးလို့ RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

တပ်ချုပ် မင်းအောင်လှိုင် အပါအဝင်၊ တပ်မတော် ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ ကြံ့ခိုင်ရေးပါတီ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အနားယူသွားတဲ့ သမ္မတဟောင်း ဦးထင်ကျော်နဲ့ လက်ရှိသမ္မတ ဦးဝင်းမြင့် တို့ကိုလည်း တရားစွဲဆိုတဲ့ စာရင်းထဲမှာ ထည့်ထားပါတယ်။

ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုကို ငြင်းပယ်ချက်တွေ၊ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းထဲရောက်အောင် တွန်းပို့ တာတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေအတွက် အထက်ပါ ပုဂ္ဂိုလ်တွေမှာ တာဝန်ရှိတဲ့အတွက် တရားစွဲဆိုရတာဖြစ် တယ်လို့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့က ပြောဆိုထားပါတယ်။

NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်ကတော့ ဒီတရားစွဲဆိုမှုဟာ သက်သေအထောက်အထား ခိုင်လုံမှုမရှိဘူး လို့မြင်ကြောင်း တုံ့ပြန်ပါတယ်။ ဒါ့အပြင် သူက ဆက်လက်ပြီး လက်ရှိအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးအတွက် လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူမှုတွေ လုပ်နေတယ်ဆိုတာကို သိသာမြင်သာ ထုတ်ပြန်ပေးလျှက်ရှိကြောင်း ပြောပါတယ်။

RFA Burmese
https://www.rfa.org
ေဒၚေအာင္ဆန္းစုၾကည္ကို အာဂ်င္တီးနားမွာ တရားစြဲဆိုမႈ အခ်ဳပ္အျခာထိပါးတယ္လို႔ NLD ေျပာ ေဒၚေအာင္ဆန္းစုၾကည္ကို အာဂ်င္တီးနားမွာ တရားစြဲဆိုမႈ အခ်ဳပ္အျခာထိပါးတယ္လို႔ NLD ေျပာ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.