ICC က ၾကားနာစစ္ေဆးမယ့္ကိစၥ ျမန္မာ ပယ္ခ်

ႏိုဝင္ဘာလ ၄ ရက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ICC ခံု႐ုံး အစီရင္ခံစာ တုံ႔ျပန္ေဆြးေနေြးေနတဲ့ ကုလသမဂၢဆို င္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္း။ (ဓာတ္ပုံ - United Nations)

(Zawgyi / Unicode)

ၿပီးခဲ့တဲ့ သီတင္းပတ္ေစာပိုင္းက ကုလသမဂၢ အေထြေထြညီလာခံကို တင္သြင္းတဲ့ ၂၀၁၉ ခုႏွစ္ ICC ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံး အစီရင္ခံစာမွာ ႐ုိဟင္ဂ်ာေတြကို ျမန္မာႏိုင္ငံကေန ဘဂၤလားေဒ့ရွ္ဘက္ အတင္းအက်ပ္ ေမာင္းထုတ္ခဲ့တယ္ဆိုတဲ့ စဲြခ်က္ကို ICC ခံု႐ုံးက လက္ခံ စိစစ္ေနၿပီျဖစ္ေၾကာင္း ထည့္သြင္း ေဖာ္ျပထားပါတယ္။ အခုလို ICC ခံု႐ုံးကေန ျမန္မာအေပၚ တရားစီရင္ပိုင္ခြင့္ အလားအလာကို ပထမဆံုးအႀကိမ္ ထည့္သြင္းေဖာ္ျပထားတဲ့ ကုလသမဂၢ အစီရင္ခံစာကို ျမန္မာအစိုးရဘက္က လက္မခံ၊ ျငင္းပယ္ထားေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးက ဗီြအိုေအကို ေျပာပါတယ္။ အျပည့္အစုံကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

နယူးေယာက္ ကုလသမဂၢ ဌာနခ်ဳပ္မွာ က်င္းပေနတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံမွာ ႏို၀င္ဘာလ ၄ ရက္ေန႔က International Criminal Court (ICC) ႏိုင္ငံတကာ ရာဇ၀တ္ခံု႐ုံးရဲ႕ အစီရင္ခံစာကို တင္သြင္းေဆြးေႏြးခဲ့တာပါ။ ICC ခံု႐ုံးဥကၠ႒ တရားသူႀကီး Chile Eboe-Osuji က ညီလာခံမွာ မိန္႔ခြန္းေျပာၾကားရာမွာ ICC ခံု႐ုံးကို ျဖစ္ေပၚေစတဲ့ Rome Statute မွာ လက္မွတ္ေရးထိုးထားျခင္းမရွိတဲ့ ႏိုင္ငံေတြရဲ႕ တာ၀န္ခံမႈ၊ တာ၀န္ယူမႈ ကင္းမဲ့ေနတဲ့အပိုင္းကို အခုလို ေ၀ဖန္ျပစ္တင္သြားပါတယ္။

“ကုလသမဂၢအဖဲြ႔၀င္ ႏိုင္ငံေပါင္း ၇၀ ေက်ာ္ဟာ Rome Statute မွာ သေဘာတူ လက္မွတ္ေရးထိုးထားျခင္း မရွိေသးပါဘူး။ ဒီေတာ့ လက္ေတြ႔မွာ ကမၻာရဲ႕ အာ႐ုံစိုက္မႈ၊ က်ဳိးေၾကာင္းဆင္ျခင္မႈနဲ႔ က်င့္၀တ္သိကၡာအရ ထိခိုက္ေၾကကဲြေစတဲ့ ပဋိပကၡတခ်ဳိ႕ကို ICC အေနနဲ႔ စီရင္ပိုင္ခြင့္မရွိဘဲ ျဖစ္ရပါတယ္။ Rome Statute မွာ လက္မွတ္ေရးထိုးထားျခင္း မရွိတာ၊ ဒါမွမဟုတ္ သေဘာတူထားျခင္းမရွိတဲ့ ႏိုင္ငံေတြရဲ႕ ပိုင္နက္ထဲမွာ ရက္စက္ၾကမ္းၾကဳတ္လွတဲ့ ျပစ္မႈေတြ က်ဴးလြန္တဲ့အခါ ICC ရာဇ၀တ္ခံု႐ုံးက တရားစီရင္လို႔ မရပါဘူး။ ဒီလို ရက္စက္ၾကမ္းၾကဳတ္လွတဲ့ ဖိႏွိပ္မႈေတြကေန အသက္မေသ လြတ္ေျမာက္လာသူေတြကို Rome Statute စနစ္အရ တည္ေဆာက္ထားတဲ့ ျပစ္ဒဏ္ခတ္မႈနဲ႔ တရားစီရင္ေရးရဲ႕ အျပင္ဘက္စည္း၀ိုင္းမွာ သူတို႔ကို ထားခဲ့သလိုမ်ဳိး ျဖစ္ရပါတယ္။”

ဒီႏွစ္ ကုလသမဂၢ အေထြေထြညီလာခံကို တင္သြင္းတဲ့ ICC ရဲ႕ အစီရင္ခံစာမွာ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လက ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ႐ုိဟင္ဂ်ာမြတ္စလင္ေတြကို ျမန္မာကေန အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ အစုလိုက္အၿပံဳလိုက္ အတင္းအက်ပ္ ေမာင္းထုတ္ခဲ့တဲ့ စဲြခ်က္ကို လက္ခံၿပီး စိစစ္ေဆာင္ရြက္ေနတဲ့ အေျခအေနေတြကို ေဖာ္ျပခဲ့ပါတယ္။

အခုလို ျမန္မာနဲ႔ပတ္သက္လို႔ ICC က ပထမဆံုးအႀကိမ္ ကုလသမဂၢ အစီရင္ခံစာထဲ ထည့္သြင္းေဖာ္ျပခဲ့တာကို ျမန္မာအစိုးရက လက္မခံ၊ ပယ္ခ်ေၾကာင္း ႏို၀င္ဘာလ ၄ ရက္ေန႔ ကုလသမဂၢ အေထြေထြညီလာခံမွာ ICC အစီရင္ခံစာ ေဆြးေႏြးခ်ိန္ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗီြအိုေအက ဆက္သြယ္ေမးျမန္းရာမွာ သူက အခုလိုေျပာပါတယ္။

“က်ေနာ္တုိ႔ျငင္းတဲ့ အဓိကအခ်က္ နံပါတ္တစ္ကေတာ့၊ သူက ႏွစ္ပုိင္းရွိတာေပါ့၊ နံပါတ္တစ္က က်ေနာ္တုိ႔က ICC အဖြဲ႔ဝင္ မဟုတ္တဲ့အတြက္၊ Rome Statue ကို လက္မွတ္ထုိးထားတာ မရွိတဲ့အတြက္ ဘယ္ကိစၥပဲျဖစ္ျဖစ္ က်ေနာ္တုိ႔ႏုိင္ငံတြင္းမွာ ျဖစ္ေနတဲ့ ကိစၥတခုခုဟာ ICC အေနနဲ႔ ဥပေဒေၾကာင္းအရ တရားစီရင္ပုိင္ခြင့္ လုံးဝမရွိဘူးဆုိတာ နံပါတ္တစ္အခ်က္ က်ေနာ္တုိ႔က လုံးဝ ဒါကို ကန္႔ကြက္ ျငင္းပယ္ထားတာ။ ဒါ အစကတည္းကလည္း က်ေနာ္တုိ႔ ျငင္းၿပီးသား။

“ေနာက္တခုကလည္း သူ႔ရဲ႕ ဥပေဒအရာရွိရဲ႕ တင္ျပခ်က္ကလည္း အမွန္ကေတာ့ လုံးဝ မွန္ကန္တဲ့ဟာမဟုတ္ဘူး။ က်ေနာ္တုိ႔က ေမာင္းထုတ္တာ မဟုတ္ဘူးေလ။ ဒါက အာဆာ အၾကမ္းဖက္အဖြဲ႔ကေန တုိက္လုိ္႔ တပ္မေတာ္ကေန စစ္ဆင္ေရးအရ ျပန္ၿပီးေတာ့ တုံ႔ျပန္စစ္ဆင္ေရး လုပ္တဲ့အခါက်ေတာ့ အဲဒီမွာ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ထြက္ေျပးၿပီးေတာ့ နယ္စပ္ကိုေျပးၿပီးေတာ့ တဖက္ကုိ ေရာက္သြားတာ။ သူတုိ႔ကုိ ေမာင္းထုတ္လို႔၊ လူမ်ဳိးတမ်ဳိးမ်ဳိးကို က်ေနာ္တုိ႔က ဘာသာေရး အေၾကာင္းျပခ်က္ျဖစ္ေစ၊ လူမ်ဳိးေရး အေၾကာင္းျပခ်က္ျဖစ္ေစ ကုိယ့္တုိင္းျပည္ကေန ဘယ္သူမွကို ေမာင္းထုတ္တာ မရွိဘူး။ အဲဒါ က်ေန္ာတုိ႔ရဲ႕ ဒုတိယ ရပ္တည္ခ်က္။”

ဒါ့အျပင္ ျမန္မာအေပၚ ICC ခံု႐ုံးက တရားစီရင္ပို္င္ခြင့္ အလားအလာနဲ႔ ပတ္သက္လို႔ အခုလို အစီရင္ခံစာထဲ ထည့္သြင္းေဖာ္ျပခဲ့တာကို တ႐ုတ္နဲ႔ ႐ုရွားတို႔ကလည္း အစည္းအေ၀းမွာ တရား၀င္ ကန္႔ကြက္ခဲ့သလို အေမရိကန္ျပည္ေထာင္စုကေတာ့ သူ႔ႏိုင္ငံအေရးကိစၥနဲ႔ ပတ္သက္ၿပီး ICC မွာ လက္မွတ္ေရးထိုးျခင္းမရွိတဲ့ ႏိုင္ငံေတြအေပၚ တရားစီရင္ပိုင္ခြင့္ မရွိဘူးဆိုတဲ့ မူနဲ႔ အစီရင္ခံစာကို ကန္႔ကြက္သြားေၾကာင္း ဦးေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

“႐ုရွားနဲ႔ တ႐ုတ္တုိ႔ဆုိရင္ ျမန္မာကိစၥကို အထူးသျဖင့္ ရည္ညႊန္းၿပီး ေျပာသြားတယ္ေလ။ ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ အဖြဲ႔ႏိုင္ငံမဟုတ္တဲ့ ႏုိင္ငံတႏုိင္ငံကို ICC ကေန အမႈဆင္ စြဲဆုိၿပီးေတာ့ တရားစီရင္ခြင့္ရေအာင္ လုပ္တဲ့ဟာက မွန္ကန္မႈမရွိဘူး ဆုိၿပီးေတာ့ သူတုိ႔က ေျပာတာရွိပါတယ္။ တိတိပပကုိ ေျပာပါတယ္။ အေမရိကန္ကလည္းပဲ ဒီ ICC ကို သူတုိ႔လက္မခံဘူး။ အဲေတာ့ ICC ရဲ႕ တရားစီရင္ပုိင္ခြင့္ဟာ အဖြဲ႔ဝင္မဟုတ္တဲ့ ႏုိင္ငံအေပၚမွာ စီရင္ပုိင္ခြင့္ လုံးဝမရွိသင့္ဘူးဆုိတဲ့ဟာ သူေျပာသြားတာပါ။ သူကုိယ္တုိင္ကလည္း အဖြဲ႔ဝင္မဟုတ္တဲ့ အခါက်ေတာ့ေလ။ သူက ဒီအခ်က္မွာေတာ့ Principle အရကို ဆန္႔က်င္ကန္႔ကြက္တဲ့သေဘာ ရွိပါတယ္။”

႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ျမန္မာအစိုးရဘက္က တရား၀င္ လက္ခံအသိအမွတ္ျပဳျခင္း မရွိပါဘူး။ ဒါေပမယ့္လည္း အခုလို ICC ႏိုင္ငံတကာ ရာဇ၀တ္ခံု႐ုံးအေနနဲ႔ ICC မွာ လက္မွတ္ေရးထိုးထားျခင္းမရွိတဲ့ ျမန္မာကို အေရးယူႏိုင္ေရး နည္းလမ္းေပါင္းစံုက ႀကိဳးစားလာတာဟာ အေရးႀကီးတယ္လို႔ ျမင္ေၾကာင္း အေမရိကန္အေျခစိုက္ ကခ်င္မဟာမိတ္အဖဲြ႔ ဥကၠ႒ Gum San NSang က ေျပာပါတယ္။

“က်ေနာ္တို႔က အင္မတန္ကုိ ႀကိဳဆုိပါတယ္။ ဒီဟာကေတာ့ ေကာင္းတဲ့လုပ္ရပ္ပါ။ က်ေနာ္တုိ႔ ျမန္မာျပည္ ၿငိမ္းခ်မ္းလာဖုိ႔အတြက္၊ တရားဥပေဒ စိုးမုိးလာဖုိ႔အတြက္ ပထမေျခလွမ္းေပါ့ေနာ္။ အေရးႀကီးတဲ့ ေျခလွမ္းအျဖစ္ က်ေနာ္တုိ႔ ေထာက္ခံပါတယ္ဗ်။ တရားမွ်တမႈ တရားဥပေဒစိုးမုိးမႈ မရွိလုိ႔ဘဲ ႏုိင္ငံတကာကေနၿပီးေတာ့ ပါဝင္ပတ္သက္မႈ ရွိလာရတာပါ။”

ICC ခံု႐ုံးက ဒီႏွစ္ ကုလသမဂၢကို တင္သြင္းတဲ့ အစီရင္ခံစာထဲမွာ ၂၀၁၇ ခုႏွစ္က ႐ုိဟင္ဂ်ာေတြကို ျမန္မာႏုိင္ငံကေန ဘဂၤလားေဒ့ရွ္ဘက္ကို အစုလိုက္အၿပံဳလိုက္ ေမာင္းထုတ္ခဲ့တယ္ဆိုတဲ့ စဲြခ်က္ကို လက္ခံထားတဲ့ Pre-Trial Chamber III တရား႐ုံးမတင္ခင္ ႀကိဳတင္စစ္ေဆးမယ့္ တရားသူႀကီးအဖြဲ႔အေနနဲ႔ အမႈကို စတင္စံုစမ္းစစ္ေဆးခြင့္ျပဳဖို႔ ICC ဥပေဒအရာရွိခ်ဳပ္က ၂၀၁၉ ဇူလိုင္လ ၄ ရက္မွာ ေလွ်ာက္လဲထားၿပီျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

-------------------------------------

(Unicode)

ICC က ကြားနာစစ်ဆေးမယ့်ကိစ္စ မြန်မာ ပယ်ချ

ပြီးခဲ့တဲ့ သီတင်းပတ်စောပိုင်းက ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ ၂၀၁၉ ခုနှစ် ICC နိုင်ငံတကာရာဇဝတ်ခုံရုံး အစီရင်ခံစာမှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် အတင်းအကျပ် မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို ICC ခုံရုံးက လက်ခံ စိစစ်နေပြီဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။ အခုလို ICC ခုံရုံးကနေ မြန်မာအပေါ် တရားစီရင်ပိုင်ခွင့် အလားအလာကို ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာကို မြန်မာအစိုးရဘက်က လက်မခံ၊ ငြင်းပယ်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုဝင်ဘာလ ၄ ရက်နေ့က International Criminal Court (ICC) နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ အစီရင်ခံစာကို တင်သွင်းဆွေးနွေးခဲ့တာပါ။ ICC ခုံရုံးဥက္ကဋ္ဌ တရားသူကြီး Chile Eboe-Osuji က ညီလာခံမှာ မိန့်ခွန်းပြောကြားရာမှာ ICC ခုံရုံးကို ဖြစ်ပေါ်စေတဲ့ Rome Statute မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ နိုင်ငံတွေရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု ကင်းမဲ့နေတဲ့အပိုင်းကို အခုလို ဝေဖန်ပြစ်တင်သွားပါတယ်။

“ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၇၀ ကျော်ဟာ Rome Statute မှာ သဘောတူ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။ ဒီတော့ လက်တွေ့မှာ ကမ္ဘာရဲ့ အာရုံစိုက်မှု၊ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ကျင့်ဝတ်သိက္ခာအရ ထိခိုက်ကြေကွဲစေတဲ့ ပဋိပက္ခတချို့ကို ICC အနေနဲ့ စီရင်ပိုင်ခွင့်မရှိဘဲ ဖြစ်ရပါတယ်။ Rome Statute မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတာ၊ ဒါမှမဟုတ် သဘောတူထားခြင်းမရှိတဲ့ နိုင်ငံတွေရဲ့ ပိုင်နက်ထဲမှာ ရက်စက်ကြမ်းကြုတ်လှတဲ့ ပြစ်မှုတွေ ကျူးလွန်တဲ့အခါ ICC ရာဇဝတ်ခုံရုံးက တရားစီရင်လို့ မရပါဘူး။ ဒီလို ရက်စက်ကြမ်းကြုတ်လှတဲ့ ဖိနှိပ်မှုတွေကနေ အသက်မသေ လွတ်မြောက်လာသူတွေကို Rome Statute စနစ်အရ တည်ဆောက်ထားတဲ့ ပြစ်ဒဏ်ခတ်မှုနဲ့ တရားစီရင်ရေးရဲ့ အပြင်ဘက်စည်းဝိုင်းမှာ သူတို့ကို ထားခဲ့သလိုမျိုး ဖြစ်ရပါတယ်။”

ဒီနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ ICC ရဲ့ အစီရင်ခံစာမှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အစုလိုက်အပြုံလိုက် အတင်းအကျပ် မောင်းထုတ်ခဲ့တဲ့ စွဲချက်ကို လက်ခံပြီး စိစစ်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဖော်ပြခဲ့ပါတယ်။

အခုလို မြန်မာနဲ့ပတ်သက်လို့ ICC က ပထမဆုံးအကြိမ် ကုလသမဂ္ဂ အစီရင်ခံစာထဲ ထည့်သွင်းဖော်ပြခဲ့တာကို မြန်မာအစိုးရက လက်မခံ၊ ပယ်ချကြောင်း နိုဝင်ဘာလ ၄ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ICC အစီရင်ခံစာ ဆွေးနွေးချိန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုပြောပါတယ်။

“ကျနော်တို့ငြင်းတဲ့ အဓိကအချက် နံပါတ်တစ်ကတော့၊ သူက နှစ်ပိုင်းရှိတာပေါ့၊ နံပါတ်တစ်က ကျနော်တို့က ICC အဖွဲ့ဝင် မဟုတ်တဲ့အတွက်၊ Rome Statue ကို လက်မှတ်ထိုးထားတာ မရှိတဲ့အတွက် ဘယ်ကိစ္စပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ ကိစ္စတခုခုဟာ ICC အနေနဲ့ ဥပဒေကြောင်းအရ တရားစီရင်ပိုင်ခွင့် လုံးဝမရှိဘူးဆိုတာ နံပါတ်တစ်အချက် ကျနော်တို့က လုံးဝ ဒါကို ကန့်ကွက် ငြင်းပယ်ထားတာ။ ဒါ အစကတည်းကလည်း ကျနော်တို့ ငြင်းပြီးသား။

“နောက်တခုကလည်း သူ့ရဲ့ ဥပဒေအရာရှိရဲ့ တင်ပြချက်ကလည်း အမှန်ကတော့ လုံးဝ မှန်ကန်တဲ့ဟာမဟုတ်ဘူး။ ကျနော်တို့က မောင်းထုတ်တာ မဟုတ်ဘူးလေ။ ဒါက အာဆာ အကြမ်းဖက်အဖွဲ့ကနေ တိုက်လို့် တပ်မတော်ကနေ စစ်ဆင်ရေးအရ ပြန်ပြီးတော့ တုံ့ပြန်စစ်ဆင်ရေး လုပ်တဲ့အခါကျတော့ အဲဒီမှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးပြီးတော့ နယ်စပ်ကိုပြေးပြီးတော့ တဖက်ကို ရောက်သွားတာ။ သူတို့ကို မောင်းထုတ်လို့၊ လူမျိုးတမျိုးမျိုးကို ကျနော်တို့က ဘာသာရေး အကြောင်းပြချက်ဖြစ်စေ၊ လူမျိုးရေး အကြောင်းပြချက်ဖြစ်စေ ကိုယ့်တိုင်းပြည်ကနေ ဘယ်သူမှကို မောင်းထုတ်တာ မရှိဘူး။ အဲဒါ ကျနေ်ာတို့ရဲ့ ဒုတိယ ရပ်တည်ချက်။”

ဒါ့အပြင် မြန်မာအပေါ် ICC ခုံရုံးက တရားစီရင်ပိုင်ခွင့် အလားအလာနဲ့ ပတ်သက်လို့ အခုလို အစီရင်ခံစာထဲ ထည့်သွင်းဖော်ပြခဲ့တာကို တရုတ်နဲ့ ရုရှားတို့ကလည်း အစည်းအဝေးမှာ တရားဝင် ကန့်ကွက်ခဲ့သလို အမေရိကန်ပြည်ထောင်စုကတော့ သူ့နိုင်ငံအရေးကိစ္စနဲ့ ပတ်သက်ပြီး ICC မှာ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ နိုင်ငံတွေအပေါ် တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုတဲ့ မူနဲ့ အစီရင်ခံစာကို ကန့်ကွက်သွားကြောင်း ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

“ရုရှားနဲ့ တရုတ်တို့ဆိုရင် မြန်မာကိစ္စကို အထူးသဖြင့် ရည်ညွှန်းပြီး ပြောသွားတယ်လေ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အဖွဲ့နိုင်ငံမဟုတ်တဲ့ နိုင်ငံတနိုင်ငံကို ICC ကနေ အမှုဆင် စွဲဆိုပြီးတော့ တရားစီရင်ခွင့်ရအောင် လုပ်တဲ့ဟာက မှန်ကန်မှုမရှိဘူး ဆိုပြီးတော့ သူတို့က ပြောတာရှိပါတယ်။ တိတိပပကို ပြောပါတယ်။ အမေရိကန်ကလည်းပဲ ဒီ ICC ကို သူတို့လက်မခံဘူး။ အဲတော့ ICC ရဲ့ တရားစီရင်ပိုင်ခွင့်ဟာ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံအပေါ်မှာ စီရင်ပိုင်ခွင့် လုံးဝမရှိသင့်ဘူးဆိုတဲ့ဟာ သူပြောသွားတာပါ။ သူကိုယ်တိုင်ကလည်း အဖွဲ့ဝင်မဟုတ်တဲ့ အခါကျတော့လေ။ သူက ဒီအချက်မှာတော့ Principle အရကို ဆန့်ကျင်ကန့်ကွက်တဲ့သဘော ရှိပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရဘက်က တရားဝင် လက်ခံအသိအမှတ်ပြုခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း အခုလို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးအနေနဲ့ ICC မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ မြန်မာကို အရေးယူနိုင်ရေး နည်းလမ်းပေါင်းစုံက ကြိုးစားလာတာဟာ အရေးကြီးတယ်လို့ မြင်ကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San NSang က ပြောပါတယ်။

“ကျနော်တို့က အင်မတန်ကို ကြိုဆိုပါတယ်။ ဒီဟာကတော့ ကောင်းတဲ့လုပ်ရပ်ပါ။ ကျနော်တို့ မြန်မာပြည် ငြိမ်းချမ်းလာဖို့အတွက်၊ တရားဥပဒေ စိုးမိုးလာဖို့အတွက် ပထမခြေလှမ်းပေါ့နော်။ အရေးကြီးတဲ့ ခြေလှမ်းအဖြစ် ကျနော်တို့ ထောက်ခံပါတယ်ဗျ။ တရားမျှတမှု တရားဥပဒေစိုးမိုးမှု မရှိလို့ဘဲ နိုင်ငံတကာကနေပြီးတော့ ပါဝင်ပတ်သက်မှု ရှိလာရတာပါ။”

ICC ခုံရုံးက ဒီနှစ် ကုလသမဂ္ဂကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို လက်ခံထားတဲ့ Pre-Trial Chamber III တရားရုံးမတင်ခင် ကြိုတင်စစ်ဆေးမယ့် တရားသူကြီးအဖွဲ့အနေနဲ့ အမှုကို စတင်စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ဥပဒေအရာရှိချုပ်က ၂၀၁၉ ဇူလိုင်လ ၄ ရက်မှာလျှောက်လဲထားပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အင္ၾကင္းႏိုင္/ VOA Burmese
https://burmese.voanews.com
ICC က ၾကားနာစစ္ေဆးမယ့္ကိစၥ ျမန္မာ ပယ္ခ် ICC က ၾကားနာစစ္ေဆးမယ့္ကိစၥ ျမန္မာ ပယ္ခ် Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.