ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ လုပ္ရပ္ ပြင့္လင္းျမင္သာမႈ မရွိဘူးလို႔ ႏိုင္ငံေရးပါတီ ၅ ခု ေထာက္ျပ

တင္ဒါေခၚယူမႈဟာ သမၼတ႐ုံး ထုတ္ျပန္ခ်က္နဲ႔ ကိုက္ညီမႈ မရွိဘူးလို႔ ဆို
(Zawgyi)⤵⤵⤵
အေမရိကန္အေျခစိုက္ International Foundation for Electoral Systems (IFES) က ေ႐ြးေကာက္ပြဲေကာ္မရွင္ အေပၚ ကြန္ျပဴတာနဲ႔ အပိုပစၥည္းေတြ ေထာက္ပံ့တာကို ႀကံ့ခိုင္ေရးပါတီ အပါအဝင္ ႏိုင္ငံေရးပါတီေတြက ကန္႔ကြက္လိုက္ပါတယ္။

(IFES)က ေထာက္ပံ့တဲ့ ကြန္ျပဴတာနဲ႔ အပိုပစၥည္း ဆိုင္ရာ တင္ဒါ ႏွစ္ေစာင္ ေခၚယူမႈနဲ႔ ပတ္သက္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လုပ္ရပ္ဟာ ပြင့္လင္းျမင္သာမႈ မရွိဘူးလို႔ မႏၲေလးတိုင္း ႀကံ့ခိုင္ ဖြံ႕ၿဖိဳးေရး ပါတီနဲ႔ တျခား ႏိုင္ငံေရး ပါတီေလးခု တို႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

(IFES) က ျမန္မာႏိုင္ငံ အတြက္ Laptop အလုံး ၁၃၀၀ နဲ႔ ဆက္စပ္ ပစၥည္း ၊ printer အလုံး ၃၃၀ တို႔အတြက္ တင္ဒါ ႏွစ္ေစာင္ တင္သြင္းမယ့္ အေၾကာင္းကို The Global New Light of Myanmar သတင္းစာမွာ ေအာက္တိုဘာ ၁၇ ရက္ တစ္ရက္တည္း ေၾကာ္ျငာ ထည့္ၿပီး တင္ဒါ သြင္းခြင့္ ေပးခဲ့တဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လုပ္ရပ္ဟာ သမၼတ ႐ုံးၫႊန္ၾကားခ်က္နဲ႔ ကိုက္ညီမႈ မရွိဘူးလို႔ ဆိုပါတယ္။

အျပည္ျပည္ဆိုင္ရာ အက်ိဳးအျမတ္မယူေသာ အဖြဲ႕အစည္း ျဖစ္တဲ့ (IFES) ဟာ ႏိုင္ငံေပါင္း ၁၄၀ ေက်ာ္ ပါဝင္ၿပီး ၁၉၈၇ ခုႏွစ္မွာ တည္ေထာင္ခဲ့ပါတယ္။ အေမရိကန္ ဗာဂ်ီးနီးယားျပည္နယ္မွာ အေျခစိုက္ပါတယ္။ ဒီအဖြဲ႕အစည္းဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြ ေ႐ြးေကာက္ပြဲေတြအတြက္အေထာက္အပံ့နဲ႔ ပံ့ပိုးမႈေတြ ျပဳလုပ္ ကူညီေနတာ ျဖစ္ပါတယ္။

(IFES) ဟာ ျမန္မာႏိုင္ငံမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကလည္း အကူအညီ ေပးခဲ့ပါတယ္။

 ေ႐ြးေကာက္ပြဲ ေကာ္မရွင္ တင္ဒါကို ပြင့္လင္းျမင္သာမႈ မရွိဘူးလို႔ ႏိုင္ငံေရးပါတီ ငါးခု ေထာက္ျပ
IFES က ေထာက္ပံ့တဲ့ ဒီကြန္ျပဴတာနဲ႔ အပိုပစၥည္းေတြကို ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ေတြမွာ ျဖန္႔ေဝ သုံးစြဲဖို႔ ရည္႐ြယ္ထားေၾကာင္း ၊ IFES အဖြဲ႕အစည္း ဟာ USAID က အဓိက ေငြေၾကး ေထာက္ပံ့ထားတဲ့ အဖြဲ႕ ျဖစ္ေၾကာင္း ၊ ဒါေၾကာင့္ လာမယ့္ ေ႐ြးေကာက္ပြဲမွာ ျပည္ပ သံ႐ုံး အဖြဲ႕အစည္း တစ္ရပ္ရပ္က ပုဂၢိဳလ္ တစ္ေယာက္ေယာက္က ေ႐ြးေကာက္ပြဲကို လႊမ္းမိုး ပုံေဖာ္သြားႏိုင္ေၾကာင္းနဲ႔ အခု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လုပ္ရပ္ျဖစ္တဲ့ တင္ဒါေခၚတာကို ျမန္မာ သတင္းစာေတြမွာ မေၾကညာဘဲ အဂၤလိပ္ သတင္းစာ တေစာင္တည္းမွာ တစ္ရက္တည္း ေၾကာ္ျငာ ထည့္တာဟာ တျခား တင္ဒါ ၿပိဳင္ဖက္ေတြ အတြက္ အသိေနာက္က်ၿပီး မွ်တမႈ မရွိ ျဖစ္ေစႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဘာေၾကာင့္ အခုလို ပြင့္လင္း ျမင္သာမႈ မရွိဘူးလို႔ ဆိုရတာလဲလို႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီကို ဘီဘီစီက ေမးျမန္း ၾကည့္ရာမွာ သူတို႔ အေနနဲ႔ အေသးစိတ္ကို လာမယ့္ ရက္ပိုင္းအတြင္း သတင္းစာ ရွင္းလင္းပြဲ လုပ္သြားမယ္လို႔ တုံ႔ျပန္႔ေျဖၾကားခဲ့ပါတယ္။

ဒါ့အျပင္ IFES အေနနဲ႔ အထက္ပါ အခ်က္ေတြေၾကာင့္ တင္ဒါေတြကို ပယ္ဖ်က္ေပးဖို႔နဲ႔ မွ်တစြာ ယွဥ္ၿပိဳင္ႏိုင္မယ့္ ႏိုင္ငံတကာ တင္ဒါသစ္ကို ပြင့္လင္း ျမင္သာမႈ ရွိေအာင္ ေခၚယူေပးဖို႔ကိုလည္း ေတာင္းဆို ထားပါတယ္။

ဒီေၾကညာခ်က္ကို မႏၲေလးတိုင္း ကိုယ္စားျပဳ ျပည္ေထာင္စု ႀကံ့ခိုင္ ဖြံ႕ၿဖိဳးေရး ပါတီ ၊ တိုင္းရင္းသား စည္းလုံး ညီၫြတ္ေရး ပါတီ ၊ ဒီမိုကရက္တစ္ ပါတီ (ျမန္မာ) ၊ ဝံသာႏု ဒီမိုကရက္တစ္ ပါတီ ၊ အမ်ိဳးသား တိုးတက္ေရးပါတီ တို႔ ၅ ပါတီ ေပါင္းၿပီး လက္မွတ္ေရးထိုး ထုတ္ျပန္ ထားတာ ေတြ႕ရပါတယ္။

IFES အဖြဲ႕ဟာ ျမန္မာႏိုင္ငံမွာ ၂၀၁၃ ကတည္းက ေ႐ြးေကာက္ပြဲ ဆိုင္ရာ ကူညီမႈ ေပးေနတာ ျဖစ္ပါတယ္
ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အေနနဲ႔ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲကို က်င္းပေပးဖို႔နဲ႔ တာ၀န္ရွိ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဆင့္ဆင့္ကေနတဆင့္ ဘက္လိုက္မႈကင္းတဲ့ ၊ ေ႐ြးေကာက္ပြဲကို တာဝန္ခံႏိုင္တဲ့ ၊ ႏိုင္ငံေရး ပါတီ အမ်ားစု လက္ခံတဲ့၊ သိကၡာ သမာဓိ ရွိတဲ့ ပုဂၢိလ္ေတြနဲ႔ အစားထိုး ေဆာင္႐ြက္ေပးဖို႔ကိုလည္း ထုတ္ျပန္ေၾကညာခ်က္မွာ ေတာင္းဆိုထားပါတယ္။

International Foundation for Electoral Systems (IFES) အဖြဲ႕ဟာ အဂၤလန္က ဘုရင္မႀကီးရဲ႕ OBE (Order of the British Empire) ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ျခင္းခံထားရတဲ့ အဖြဲ႕အစည္း တစ္ခု ျဖစ္ၿပီး ဒီအဖြဲ႕အစည္းဟာ ျမန္မာႏိုင္ငံမွာ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ ႏွင့္ ၂၀၁၇ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ တို႔မွာ ပါ၀င္ကူညီခဲ့သလို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ နဲ႔ ၂၀၁၃ ခုႏွစ္ ကတည္းက ေ႐ြးေကာက္ပြဲဆိုင္ရာ လုပ္ငန္းမ်ား ပူးေပါင္း ေဆာင္႐ြက္လ်က္ ရွိတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

အခုလို ႏိုင္ငံေရး ပါတီ ၅ ခုရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ ေမးျမန္းဖို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ေျပာခြင့္ရသူ ဆီ ဆက္သြယ္ခဲ့ေပမယ့္ အခ်ိန္မွီ တုံ႔ျပန္ခ်က္ မရခဲ့ပါဘူး။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံရေးပါတီ ၅ ခု ထောက်ပြ

Image caption တင်ဒါခေါ်ယူမှုဟာ သမ္မတရုံး ထုတ်ပြန်ချက်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆို

အမေရိကန်အခြေစိုက် International Foundation for Electoral Systems (IFES) က ရွေးကောက်ပွဲကော်မရှင် အပေါ် ကွန်ပြူတာနဲ့ အပိုပစ္စည်းတွေ ထောက်ပံ့တာကို ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတွေက ကန့်ကွက်လိုက်ပါတယ်။

(IFES)က ထောက်ပံ့တဲ့ ကွန်ပြူတာနဲ့ အပိုပစ္စည်း ဆိုင်ရာ တင်ဒါ နှစ်စောင် ခေါ်ယူမှုနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မန္တလေးတိုင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနဲ့ တခြား နိုင်ငံရေး ပါတီလေးခု တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

(IFES) က မြန်မာနိုင်ငံ အတွက် Laptop အလုံး ၁၃၀၀ နဲ့ ဆက်စပ် ပစ္စည်း ၊ printer အလုံး ၃၃၀ တို့အတွက် တင်ဒါ နှစ်စောင် တင်သွင်းမယ့် အကြောင်းကို The Global New Light of Myanmar သတင်းစာမှာ အောက်တိုဘာ ၁၇ ရက် တစ်ရက်တည်း ကြော်ငြာ ထည့်ပြီး တင်ဒါ သွင်းခွင့် ပေးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်ဟာ သမ္မတ ရုံးညွှန်ကြားချက်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ အကျိုးအမြတ်မယူသော အဖွဲ့အစည်း ဖြစ်တဲ့ (IFES) ဟာ နိုင်ငံပေါင်း ၁၄၀ ကျော် ပါဝင်ပြီး ၁၉၈၇ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ အမေရိကန် ဗာဂျီးနီးယားပြည်နယ်မှာ အခြေစိုက်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရွေးကောက်ပွဲတွေအတွက်အထောက်အပံ့နဲ့ ပံ့ပိုးမှုတွေ ပြုလုပ် ကူညီနေတာ ဖြစ်ပါတယ်။

(IFES) ဟာ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အကူအညီ ပေးခဲ့ပါတယ်။
Image caption ရွေးကောက်ပွဲ ကော်မရှင် တင်ဒါကို ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံရေးပါတီ ငါးခု ထောက်ပြ

IFES က ထောက်ပံ့တဲ့ ဒီကွန်ပြူတာနဲ့ အပိုပစ္စည်းတွေကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေမှာ ဖြန့်ဝေ သုံးစွဲဖို့ ရည်ရွယ်ထားကြောင်း ၊ IFES အဖွဲ့အစည်း ဟာ USAID က အဓိက ငွေကြေး ထောက်ပံ့ထားတဲ့ အဖွဲ့ ဖြစ်ကြောင်း ၊ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ပြည်ပ သံရုံး အဖွဲ့အစည်း တစ်ရပ်ရပ်က ပုဂ္ဂိုလ် တစ်ယောက်ယောက်က ရွေးကောက်ပွဲကို လွှမ်းမိုး ပုံဖော်သွားနိုင်ကြောင်းနဲ့ အခု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်ဖြစ်တဲ့ တင်ဒါခေါ်တာကို မြန်မာ သတင်းစာတွေမှာ မကြေညာဘဲ အင်္ဂလိပ် သတင်းစာ တစောင်တည်းမှာ တစ်ရက်တည်း ကြော်ငြာ ထည့်တာဟာ တခြား တင်ဒါ ပြိုင်ဖက်တွေ အတွက် အသိနောက်ကျပြီး မျှတမှု မရှိ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘာကြောင့် အခုလို ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ဆိုရတာလဲလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို ဘီဘီစီက မေးမြန်း ကြည့်ရာမှာ သူတို့ အနေနဲ့ အသေးစိတ်ကို လာမယ့် ရက်ပိုင်းအတွင်း သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်လို့ တုံ့ပြန့်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် IFES အနေနဲ့ အထက်ပါ အချက်တွေကြောင့် တင်ဒါတွေကို ပယ်ဖျက်ပေးဖို့နဲ့ မျှတစွာ ယှဉ်ပြိုင်နိုင်မယ့် နိုင်ငံတကာ တင်ဒါသစ်ကို ပွင့်လင်း မြင်သာမှု ရှိအောင် ခေါ်ယူပေးဖို့ကိုလည်း တောင်းဆို ထားပါတယ်။

ဒီကြေညာချက်ကို မန္တလေးတိုင်း ကိုယ်စားပြု ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၊ ဝံသာနု ဒီမိုကရက်တစ် ပါတီ ၊ အမျိုးသား တိုးတက်ရေးပါတီ တို့ ၅ ပါတီ ပေါင်းပြီး လက်မှတ်ရေးထိုး ထုတ်ပြန် ထားတာ တွေ့ရပါတယ်။
ဓာတ်ပုံ မူပိုင် UEC
Image caption IFES အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၁၃ ကတည်းက ရွေးကောက်ပွဲ ဆိုင်ရာ ကူညီမှု ပေးနေတာ ဖြစ်ပါတယ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့နဲ့ တာဝန်ရှိ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကနေတဆင့် ဘက်လိုက်မှုကင်းတဲ့ ၊ ရွေးကောက်ပွဲကို တာဝန်ခံနိုင်တဲ့ ၊ နိုင်ငံရေး ပါတီ အများစု လက်ခံတဲ့၊ သိက္ခာ သမာဓိ ရှိတဲ့ ပုဂ္ဂိလ်တွေနဲ့ အစားထိုး ဆောင်ရွက်ပေးဖို့ကိုလည်း ထုတ်ပြန်ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

International Foundation for Electoral Systems (IFES) အဖွဲ့ဟာ အင်္ဂလန်က ဘုရင်မကြီးရဲ့ OBE (Order of the British Empire) ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံထားရတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တို့မှာ ပါဝင်ကူညီခဲ့သလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ ၂၀၁၃ ခုနှစ် ကတည်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက် ရှိတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အခုလို နိုင်ငံရေး ပါတီ ၅ ခုရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မေးမြန်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရသူ ဆီ ဆက်သွယ်ခဲ့ပေမယ့် အချိန်မှီ တုံ့ပြန်ချက် မရခဲ့ပါဘူး။

BBC Burmese
https://www.bbc.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား