ICJ ႏိုင္ငံတကာတရား႐ုံးမွာ ဂန္ဘီယာ ျမန္မာကိုအမႈစြဲတင္


(Zawgyi/Unicode)

႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚမွာ ျမန္မာႏိုင္ငံဘက္က လူမ်ိဳးတုန္း သတ္ျဖတ္မႈက်ဳးလြန္တယ္ဆိုတဲ့ စြဲဆိုခ်က္နဲ႔ ကုလသမဂၢရဲ႕ အျမင္ဆုံးတရား႐ုံးကို ဂန္ဘီယာႏိုင္ငံက ဒီကေန႔ပဲ အမႈတင္သြင္းလိုက္ပါတယ္။ ႏိုင္ငံခ်င္းျဖစ္တဲ့ အျငင္းပြားမႈေတြကို ကိုင္တြယ္ အဆုံးအျဖတ္ေပးတဲ့ ICJ ႏိုင္ငံတကာခုံ႐ုံးထံ အခုလိုအမႈတင္သြင္းရတာဟာ ထိတ္လန႔္ေၾကာက္မက္ဖြယ္ လုပ္ရပ္ေတြကို ကမာၻႀကီးက လက္ပိုက္ၾကည့္မေနဘူးဆိုတာ ျပသခ်င္တာျဖစ္တယ္လို႔ ဂန္ဘီယာ တရားေရးဝန္ႀကီးက ေျပာပါတယ္။ ကိုသားၫြန႔္ဦး က ဆက္ၿပီး ေျပာျပပါမယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ရခိုင္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို ႏွိပ္စက္ညႇဥ္းပန္းၿပီး လူမ်ိဳးတုန္းသတ္ျဖတ္မႈ တားဆီးေရး ႏိုင္ငံတကာသေဘာတူညီခ်က္ကို ခ်ိဳးေဖါက္တယ္ဆိုတဲ့ စြဲခ်က္နဲ႔ Gambia ႏိုင္ငံက ICJ ႏိုင္ငံတကာတရား႐ုံးမွာ ႏိုဝင္ဘာလ ၁၁ ရက္ေန႔ အမႈတင္လိုက္တာ ျဖစ္ပါတယ္။ လူမ်ိဳးတုန္းသတ္ျဖတ္မႈကို ဆန႔္က်င္႐ုံသာမက မျဖစ္ေအာင္ ကာကြယ္တာမ်ိဳး ျဖစ္လာရင္လည္း အေရးယူအျပစ္ေပးတာမ်ိဳး လုပ္ရမယ္ဆိုတဲ့ ၁၉၄၈ ခုႏွစ္ လူမ်ိဳးတုန္းသတ္ျဖတ္မႈ ဆန႔္က်င္ေရးဆိုင္ရာ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ျမန္မာႏိုင္ငံေရာ ဂမ္ဘီယာႏိုင္ငံကပါ လက္မွတ္ထိုးထားတာျဖစ္ၿပီး ဒီသေဘာတူခ်က္ကို ျမန္မာဖက္က ခ်ိဳးေဖာက္တယ္လို႔ ဂန္ဘီယာဘက္က စြဲခ်က္တင္တာပါ။

ထိတ္လန႔္တုန္လႈပ္စရာ ဆိုးဆိုးဝါးဝါး လုပ္ရပ္က်ဳးလြန္တာေတြကို ကမာၻက လက္ပိုက္ၾကည့္မေနေတာ့ဘူးဆိုတာ ျမန္မာနဲ႔ က်န္ႏိုင္ငံတကာအသိုင္းအဝိုင္းကိုပါ သိေစလိုတယ္လို႔ ဂန္ဘီယာႏိုင္ငံ တရားေရးဝန္ႀကီးလည္းျဖစ္ ေရွေနခ်ဳပ္လည္းျဖစ္သူ Abubacarr Marie Tambadou က ေျပာပါတယ္။

“ဒီကေန႔ မနက္ပဲ အမႈတင္လိုက္ပါၿပီ။ ႐ိုဟင္ဂ်ာေတြအေပၚလုပ္ရပ္နဲ႔ ပတ္သက္လို႔ ျမန္မာအေနနဲ႔ တာဝန္ယူတာဝန္ခံဖို႔နဲ႔ ICJ ႏိုင္ငံတကာတရား႐ုံးအေနနဲ႔လည္း ႐ိုဟင္ဂ်ာေတြရဲ႕အေရးကိစၥမွာ တရားသျဖင့္ ေဆာင္႐ြက္ႏိုင္ဖို႔ က်ေနာ္တို႔ ႀကိဳးစားတာပါ။ OIC အစၥလမ္မစ္ႏိုင္ငံမ်ား ေကာင္စီ ကို ကိုယ္စားျပဳၿပီး ေဆာင္႐ြက္တာျဖစ္ပါတယ္။ က်ေနာ္တို႔ ပတ္ဝန္းက်င္မွာျဖစ္လာတဲ့ ထိတ္လန႔္စရာအျဖစ္ဆိုးေတြကို ကမာၻႀကီးအေနနဲ႔ လက္ပိုက္ၾကည့္မေနဘူးဆိုတာကို ျမန္မာနဲ႔ အျခားႏိုင္ငံတကာကို သိေစခ်င္ပါတယ္။”
လူမ်ိဳးတုန္းသတ္ျဖတ္မႈလုပ္ရပ္ေတြ မ်က္စိေရွ႕တည့္တည့္ျဖစ္ေနတာေတြကို ဘာမွ မလုပ္ႏိုင္ျဖစ္ေနတာဟာ ဒီေန႔မ်ိဳးဆက္အတြက္ အရွက္ရစရာ အေျခအေနလည္း ျဖစ္တယ္လို႔ ဂန္ဘီယာတရားေရးဝန္ႀကီးက ေျပာပါတယ္။

လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြကို ဆန႔္က်င္တဲ့ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ၿပီး ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္မႈ ရွိမရွိဆိုတာ ကမာၻ႔အျမင့္ဆုံး တရား႐ုံးကေန ၾကားနာဆုံးျဖတ္မွာျဖစ္လို႔ ဒါဟာ ႐ိုဟင္ဂ်ာေတြအေပၚ က်ဳးလြန္ေနတာေတြကို ရပ္တန႔္ေစဖို႔ အေထာက္အပံ့ျဖစ္ေစတယ္လို႔ Human Rights Watch လူ႔အခြင့္အေရးအဖြဲ႕ကလည္း ေၾကညာခ်က္ထုတ္ ႀကိဳဆိုပါတယ္။

ရခိုင္ေျမာက္ပိုင္းမွာ ၂၀၁၇ ခုႏွစ္ကျဖစ္တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈေတြေနာက္ပိုင္း ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ နယ္ေျမရွင္းလင္းမႈစစ္ဆင္ေရးအတြင္း ႐ိုဟင္ဂ်ာ ခုႏွစ္သိန္းေက်ာ္ အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးခဲ့ရတာပါ။ ဒီျဖစ္စဥ္မွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈ Genocide လုပ္ရပ္ေတြ ျမန္မာလုံၿခဳံေရးတပ္ေတြဘက္က က်ဳးလြန္မႈရွိတယ္လို႔ ႏိုင္ငံတကာက စြတ္စြဲေနတာပါ။ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြအေပၚ ျမန္မာလုံၿခဳံေရးတပ္ေတြရဲ႕ကိုင္တြယ္ပုံေတြနဲ႔ ပတ္သက္လို႔ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ စြဲဆိုခ်က္ေတြေၾကာင့္ ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးမွာလည္း အမႈ စတင္လက္ခံ စီစစ္ေနၿပီလို႔ သိရပါတယ္။

Rome Status ဆိုတဲ့ ႏိုင္ငံတကာသေဘာတူညီခ်က္ကို ျမန္မာဘက္က လက္မွတ္မထိုးတာေၾကာင့္ ICC က ျမန္မာႏိုင္ငံအေရးကို စီရင္ခြင့္မရွိဘူးလို႔ ျမန္မာဘက္က ျငင္းဆန္ထားပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကိုလည္း ျမန္မာဘက္က လက္မခံသလို ICC ေရွေနေတြ စြတ္စြဲခ်က္ေတြဟာလည္း အေျခအျမစ္မရွိဘူးလို႔ တံု႔ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ ႏိုင္ငံခ်င္းျဖစ္တဲ့ အျငင္းပြားမႈေတြကို ကိုင္တြယ္ေျဖရွင္းေပးတဲ့ ICJ မွာ အခုလို အမႈတင္ခံရတဲ့အေပၚမွာေတာ့ တံု႔ျပန္ခ်က္ထြက္မလာေသးပါဘူး။

ဂန္ဘီယာက တင္တဲ့ အခု အမႈတြဲထဲမွာေတာ့ ႐ိုဟင္ဂ်ာေတြအေပၚက်ဴးလြန္တဲ့ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြကို ျမန္မာဘက္က ခ်က္ျခင္းရပ္တန္႔ေစဖို႔ ယာယီအေရးယူမႈတခုခု လုပ္ဖို႔ကိုလည္း ဂန္ဘီယာက ICJ တရား႐ုံးကို ေတာင္းဆိုထားပါတယ္။ ဒီ အေရးယူမႈအတြက္ ၾကားနာစစ္ေဆးမႈေတြကို လာမယ့္လမွာ စတင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း ဂန္ဘီယာႏိုင္ငံရဲ႕ ေရွေနအဖြဲ႕က ေျပာပါတယ္။

[Unicode Version]

ICJ နိုင်ငံတကာတရားရုံးမှာ ဂန်ဘီယာ မြန်မာကိုအမှုစွဲတင်

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ်မှာ မြန်မာနိုင်ငံဘက်က လူမျိုးတုန်း သတ်ဖြတ်မှုကျုးလွန်တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ ကုလသမဂ္ဂရဲ့ အမြင်ဆုံးတရားရုံးကို ဂန်ဘီယာနိုင်ငံက ဒီကနေ့ပဲ အမှုတင်သွင်းလိုက်ပါတယ်။ နိုင်ငံချင်းဖြစ်တဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ် အဆုံးအဖြတ်ပေးတဲ့ ICJ နိုင်ငံတကာခုံရုံးထံ အခုလိုအမှုတင်သွင်းရတာဟာ ထိတ်လန့်ကြောက်မက်ဖွယ် လုပ်ရပ်တွေကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘူးဆိုတာ ပြသချင်တာဖြစ်တယ်လို့ ဂန်ဘီယာ တရားရေးဝန်ကြီးက ပြောပါတယ်။ ကိုသားညွန့်ဦး က ဆက်ပြီး ပြောပြပါမယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေကို နှိပ်စက်ညှဉ်းပန်းပြီး လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖေါက်တယ်ဆိုတဲ့ စွဲချက်နဲ့ Gambia နိုင်ငံက ICJ နိုင်ငံတကာတရားရုံးမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ အမှုတင်လိုက်တာ ဖြစ်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုကို ဆန့်ကျင်ရုံသာမက မဖြစ်အောင် ကာကွယ်တာမျိုး ဖြစ်လာရင်လည်း အရေးယူအပြစ်ပေးတာမျိုး လုပ်ရမယ်ဆိုတဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု ဆန့်ကျင်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို မြန်မာနိုင်ငံရော ဂမ်ဘီယာနိုင်ငံကပါ လက်မှတ်ထိုးထားတာဖြစ်ပြီး ဒီသဘောတူချက်ကို မြန်မာဖက်က ချိုးဖောက်တယ်လို့ ဂန်ဘီယာဘက်က စွဲချက်တင်တာပါ။

ထိတ်လန့်တုန်လှုပ်စရာ ဆိုးဆိုးဝါးဝါး လုပ်ရပ်ကျုးလွန်တာတွေကို ကမ္ဘာက လက်ပိုက်ကြည့်မနေတော့ဘူးဆိုတာ မြန်မာနဲ့ ကျန်နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ သိစေလိုတယ်လို့ ဂန်ဘီယာနိုင်ငံ တရားရေးဝန်ကြီးလည်းဖြစ် ရှေနေချုပ်လည်းဖြစ်သူ Abubacarr Marie Tambadou က ပြောပါတယ်။

“ဒီကနေ့ မနက်ပဲ အမှုတင်လိုက်ပါပြီ။ ရိုဟင်ဂျာတွေအပေါ်လုပ်ရပ်နဲ့ ပတ်သက်လို့ မြန်မာအနေနဲ့ တာဝန်ယူတာဝန်ခံဖို့နဲ့ ICJ နိုင်ငံတကာတရားရုံးအနေနဲ့လည်း ရိုဟင်ဂျာတွေရဲ့အရေးကိစ္စမှာ တရားသဖြင့် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ကြိုးစားတာပါ။ OIC အစ္စလမ်မစ်နိုင်ငံများ ကောင်စီ ကို ကိုယ်စားပြုပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ကျနော်တို့ ပတ်ဝန်းကျင်မှာဖြစ်လာတဲ့ ထိတ်လန့်စရာအဖြစ်ဆိုးတွေကို ကမ္ဘာကြီးအနေနဲ့ လက်ပိုက်ကြည့်မနေဘူးဆိုတာကို မြန်မာနဲ့ အခြားနိုင်ငံတကာကို သိစေချင်ပါတယ်။”
လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ရပ်တွေ မျက်စိရှေ့တည့်တည့်ဖြစ်နေတာတွေကို ဘာမှ မလုပ်နိုင်ဖြစ်နေတာဟာ ဒီနေ့မျိုးဆက်အတွက် အရှက်ရစရာ အခြေအနေလည်းဖြစ်တယ်လို့ ဂန်ဘီယာတရားရေးဝန်ကြီးက ပြောပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ဆန့်ကျင်တဲ့ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက်ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှု ရှိမရှိဆိုတာ ကမ္ဘာ့အမြင့်ဆုံးတရားရုံးကနေ ကြားနာဆုံးဖြတ်မှာဖြစ်လို့ ဒါဟာ ရိုဟင်ဂျာတွေအပေါ်ကျုးလွန်နေတာတွေကို ရပ်တန့်စေဖို့ အထောက်အပံ့ဖြစ်စေတယ်လို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့ကလည်း ကြေညာချက်ထုတ် ကြိုဆိုပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်ကဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ ခုနှစ်သိန်းကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတာပါ။ ဒီဖြစ်စဉ်မှာ လူမျိုးတုန်းသတ်ဖြတ်မှု Genocide လုပ်ရပ်တွေ မြန်မာလုံခြုံရေးတပ်တွေဘက်က ကျုးလွန်မှုရှိတယ်လို့ နိုင်ငံတကာက စွတ်စွဲနေတာပါ။ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်တွေရဲ့ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စွဲဆိုချက်တွေကြောင့် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးမှာလည်း အမှု စတင်လက်ခံ စီစစ်နေပြီလို့ သိရပါတယ်။

Rome Status ဆိုတဲ့ နိုင်ငံတကာသဘောတူညီချက်ကို မြန်မာဘက်က လက်မှတ်မထိုးတာကြောင့် ICC က မြန်မာနိုင်ငံအရေးကို စီရင်ခွင့်မရှိဘူးလို့ မြန်မာဘက်က ငြင်းဆန်ထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း မြန်မာဘက်က လက်မခံသလို ICC ရှေနေတွေ စွတ်စွဲချက်တွေဟာလည်း အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံချင်းဖြစ်တဲ့ အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးတဲ့ ICJ မှာ အခုလို အမှုတင်ခံရတဲ့အပေါ်မှာတော့ တုံ့ပြန်ချက်ထွက်မလာသေးပါဘူး။

ဂန်ဘီယာက တင်တဲ့ အခု အမှုတွဲထဲမှာတော့ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို မြန်မာဘက်က ချက်ခြင်းရပ်တန့်စေဖို့ ယာယီအရေးယူမှုတခုခု လုပ်ဖို့ကိုလည်း ဂန်ဘီယာက ICJ တရားရုံးကို တောင်းဆိုထားပါတယ်။ ဒီ အရေးယူမှုအတွက် ကြားနာစစ်ဆေးမှုတွေကို လာမယ့်လမှာ စတင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဂန်ဘီယာနိုင်ငံရဲ့ ရှေနေအဖွဲ့က ပြောပါတယ်။

သားၫြန္႔ဦး/ VOA Burmese
https://burmese.voanews.com
ICJ ႏိုင္ငံတကာတရား႐ုံးမွာ ဂန္ဘီယာ ျမန္မာကိုအမႈစြဲတင္ ICJ ႏိုင္ငံတကာတရား႐ုံးမွာ ဂန္ဘီယာ ျမန္မာကိုအမႈစြဲတင္ Reviewed by THITHTOOLWIN on 21:35 Rating: 5
Powered by Blogger.