Fitbit ကို Google ဝယ္

New York Stock Exchange တြင္ ျမင္ေတြ႔ရသည့္ FItbit Logo ႏွင့္ေၾကာ္ျငာပုိ႔စ္။ (ေအာက္တုိဘာ ၂၈၊ ၂၀၁၉)

(Zawgyi / Unicode)

Fitbit ဆိုတဲ့ လူတဦးရဲ႕ ကိုယ္ကာယ အားကစားလုပ္ကိုင္မႈ အေျခအေနကို ေစာင့္ၾကည့္မွတ္တမ္းယူတဲ့ ကိရိယာထုတ္ ကုမၸဏီကို ေဒၚလာ သန္း ၂ ေထာင္ေက်ာ္နဲ႔ ဝယ္ယူမယ္လို႔ Alphabet ကုမၸဏီက ေၾကညာပါတယ္။ Alphabet ကုမၸဏီဟာ အင္တာနက္ေပၚက ရွာေဖြစာမ်က္ႏွာ Google ရဲ႕ မိခင္ကုမၸဏီ ျဖစ္ပါတယ္။

Fitbit ကုမၸဏီဟာ အထူးသျဖင့္ ကိုယ္လက္လႈပ္ရွား အားကစားမွတ္တမ္းယူ နာရီေတြ ထုတ္လုပ္တာျဖစ္ၿပီး အားကစားလုပ္ေနစဥ္အတြင္း ႏွလံုးခုန္ႏႈန္း ဘယ္ေလာက္ရွိတယ္ ဆုိတာမ်ဳိးလို ကိုယ္ခႏၶာတြင္း လုပ္ကိုင္ပံုကို ေစာင့္ၾကည့္တဲ့ ကိရိယာမ်ဳိးေတြ ျဖစ္ပါတယ္။

Fitbit နာရီေတြက က်န္းမာေရးလိုက္စားသူေတြၾကား အထူးေရပန္းစားေပမယ့္ အခုႏွစ္ပိုင္းေတြ အတြင္းမွာေတာ့ တျခား အၿပိဳင္အဆုိင္ ကုမၸဏီေတြက သူ႔ကို ေက်ာ္တက္သြားေနၾကၿပီး တခ်ိန္တည္းမွာပဲ Google ကေတာ့ Apple တို႔၊ Sumsung တို႔လို Fitness ကုိယ္လက္လႈပ္ရွားမႈ ေစာင့္ၾကည့္နာရီေတြကို ထုတ္လုပ္ခ်င္တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ Fitbit ကို ဝယ္ယူတာျဖစ္ၿပီး ဒီလုိ ဝယ္ယူမယ္ဆိုတဲ့သတင္းကို တနလၤာေန႔မွာ ႐ိုက္တာသတင္းဌာနက ေျပာလုိက္ကတည္းက Fitbit ရဲ႕ အစုရွယ္ယာေစ်းေတြ ၄၀ % ေက်ာ္ ျမင့္တက္သြားပါတယ္။

ေသာၾကာေန႔တုန္းကဆိုရင္ Fitbit က သူ႔အစုရွယ္ယာတခုကို ၇.၃၅ ေဒၚလာနဲ႔ ေရာင္းခ်ေနၿပီး ဒါဟာ ၾကာသပေတးေန႔ ေစ်းကြက္ပိတ္ခ်ိန္ထက္ ၁၉ % ေစ်းမ်ားတာ ျဖစ္ပါတယ္။

ကမၻာတဝန္းမွာ Fitbit နာရီ အသံုးျပဳသူ ၂၈ သန္းရွိၿပီး သူ႔ပစၥည္း စုစုေပါင္း သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားရတယ္လို႔ ဆိုပါတယ္။

အခုလို Google က Fitbit ကို ဝယ္လုိက္ေပမယ့္ သူ႔ရဲ႕ ကိုယ္ေရးအခ်က္အလက္ လွ်ဳိ႕ဝွက္ထားပိုင္ခြင့္နဲ႔ လံုၿခံဳေရးဆုိင္ရာ စည္းမ်ဥ္းေတြက ေျပာင္းလဲမွာမဟုတ္ဘူး၊ သူ႔ေဖာက္သည္ေတြဆီက ရရွိတဲ့ အခ်က္အလက္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ပြင့္လင္းျမင္သာမႈ ဆက္ၿပီး ရွိသြားမွာျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။

တကယ္လို႔သာ Google ကေန ဝယ္ယူဖို႔ကိစၥကို သက္ဆုိင္ရာေရာ၊ Fitbit အစုရွယ္ယာပိုင္ရွင္ေတြေရာက ခြင့္ျပဳမယ္ဆိုရင္ အေရာင္းအဝယ္ကိစၥက ေနာက္ႏွစ္မွာ အၿပီးသတ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

----------------------------------------

(Unicode)

Fitbit ကို Google ဝယ်

Fitbit ဆိုတဲ့ လူတဦးရဲ့ ကိုယ်ကာယ အားကစားလုပ်ကိုင်မှု အခြေအနေကို စောင့်ကြည့်မှတ်တမ်းယူတဲ့ ကိရိယာထုတ် ကုမ္ပဏီကို ဒေါ်လာ သန်း ၂ ထောင်ကျော်နဲ့ ဝယ်ယူမယ်လို့ Alphabet ကုမ္ပဏီက ကြေညာပါတယ်။ Alphabet ကုမ္ပဏီဟာ အင်တာနက်ပေါ်က ရှာဖွေစာမျက်နှာ Google ရဲ့ မိခင်ကုမ္ပဏီ ဖြစ်ပါတယ်။

Fitbit ကုမ္ပဏီဟာ အထူးသဖြင့် ကိုယ်လက်လှုပ်ရှား အားကစားမှတ်တမ်းယူ နာရီတွေ ထုတ်လုပ်တာဖြစ်ပြီး အားကစားလုပ်နေစဉ်အတွင်း နှလုံးခုန်နှုန်း ဘယ်လောက်ရှိတယ် ဆိုတာမျိုးလို ကိုယ်ခန္ဓာတွင်း လုပ်ကိုင်ပုံကို စောင့်ကြည့်တဲ့ ကိရိယာမျိုးတွေ ဖြစ်ပါတယ်။

Fitbit နာရီတွေက ကျန်းမာရေးလိုက်စားသူတွေကြား အထူးရေပန်းစားပေမယ့် အခုနှစ်ပိုင်းတွေ အတွင်းမှာတော့ တခြား အပြိုင်အဆိုင် ကုမ္ပဏီတွေက သူ့ကို ကျော်တက်သွားနေကြပြီး တချိန်တည်းမှာပဲ Google ကတော့ Apple တို့၊ Sumsung တို့လို Fitness ကိုယ်လက်လှုပ်ရှားမှု စောင့်ကြည့်နာရီတွေကို ထုတ်လုပ်ချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် Fitbit ကို ဝယ်ယူတာဖြစ်ပြီး ဒီလို ဝယ်ယူမယ်ဆိုတဲ့သတင်းကို တနင်္လာနေ့မှာ ရိုက်တာသတင်းဌာနက ပြောလိုက်ကတည်းက Fitbit ရဲ့ အစုရှယ်ယာဈေးတွေ ၄၀ % ကျော် မြင့်တက်သွားပါတယ်။

သောကြာနေ့တုန်းကဆိုရင် Fitbit က သူ့အစုရှယ်ယာတခုကို ၇.၃၅ ဒေါ်လာနဲ့ ရောင်းချနေပြီး ဒါဟာ ကြာသပတေးနေ့ ဈေးကွက်ပိတ်ချိန်ထက် ၁၉ % ဈေးများတာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းမှာ Fitbit နာရီ အသုံးပြုသူ ၂၈ သန်းရှိပြီး သူ့ပစ္စည်း စုစုပေါင်း သန်း ၁၀၀ ကျော် ရောင်းချထားရတယ်လို့ ဆိုပါတယ်။

အခုလို Google က Fitbit ကို ဝယ်လိုက်ပေမယ့် သူ့ရဲ့ ကိုယ်ရေးအချက်အလက် လျှို့ဝှက်ထားပိုင်ခွင့်နဲ့ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေက ပြောင်းလဲမှာမဟုတ်ဘူး၊ သူ့ဖောက်သည်တွေဆီက ရရှိတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာမှု ဆက်ပြီး ရှိသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

တကယ်လို့သာ Google ကနေ ဝယ်ယူဖို့ကိစ္စကို သက်ဆိုင်ရာရော၊ Fitbit အစုရှယ်ယာပိုင်ရှင်တွေရောက ခွင့်ပြုမယ်ဆိုရင် အရောင်းအဝယ်ကိစ္စက နောက်နှစ်မှာ အပြီးသတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
Fitbit ကို Google ဝယ္ Fitbit ကို Google ဝယ္ Reviewed by THITHTOOLWIN on 00:04 Rating: 5
Powered by Blogger.