တပ္နဲ႔ အစိုးရ RCSS နဲ႔ ေတြ႕ဖို႔ ျပန္စီစဥ္

 အစိုးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ ကိုယ္စားလွယ္ေတြ RCSS ဌာနခ်ဳပ္ကို လႊတ္ဖို႔စီစဥ္
(Zawgyi)⤵⤵⤵
အပစ္ရပ္ လက္မွတ္ထိုး NCA ေလးႏွစ္ျပည့္ပြဲ မတက္ေရာက္ျဖစ္ခဲ့တဲ့ RCSS အဖြဲ႕ရဲ႕ ဌာနခ်ဳပ္ကို အစိုးရ ကိုယ္စားလွယ္ေတြ သြားေရာက္ဖို႔ ညႇိႏႈိင္းေနတယ္လို႔ ၿငိမ္းခ်မ္းေရး လုပ္ငန္း ေဆာင္႐ြက္ေနသူေတြဆီက သိရပါတယ္။

NCA ႏွစ္ပတ္လည္ပြဲကို တက္ေရာက္ၿပီး အစိုးရနဲ႔ ေတြ႕ဖို႔ စီစဥ္ထားခဲ့ေပမဲ့ RCSS ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္နဲ႔ အဖြဲ႕ ေနျပည္ေတာ္လာမယ့္ ခရီးစဥ္ လမ္းေၾကာင္း တပ္မေတာ္နဲ႔ ညႇိႏႈိင္းမရခဲ့လို႔ ခရီးစဥ္ပ်က္ခဲ့ပါတယ္။

အဲဒီေနာက္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ၊ ရွမ္းျပည္ေတာင္ပိုင္းတပ္မေတာ္ RCSS/SSA ဌာနခ်ဳပ္ကို အစိုးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္နဲ႔ တပ္မေတာ္ ကိုယ္စားလွယ္ေတြ သြားေရာက္ဖို႔ ညႇိႏႈိင္းေနတာ ျဖစ္ပါတယ္။

ခရီးစဥ္ ပ်က္သြားခဲ့တဲ့ေနာက္ ႏွစ္ဖက္ တင္းမာမႈေတြ ရွိခဲ့ရာက အခုေတာ့ RCSS ရဲ႕ဌာနခ်ဳပ္ လြယ္တိုင္းလ်ဲန္း သြားေရာက္ဖို႔ စီစဥ္ေနတဲ့အထိ အေျခအေန တိုးတက္လာတာလည္း ျဖစ္ ပါတယ္။
RCSS နဲ႔ တိုင္းရင္းသားအဖြဲ႕ေတြ တုံ႔ျပန္မႈ

ဒီလိုေတြ႕ဆုံဖို႔ အစိုးရဘက္က ကမ္းလွမ္းလာတယ္လို႔ သိရၿပီး ဒီကမ္းလွမ္းခ်က္အေပၚ ႀကိဳဆိုတယ္လို႔ RCSS အဖြဲ႕ရဲ႕အႀကံေပး ဦးခြန္စိုင္းက ဘီဘီစီကို ေျပာပါတယ္။

ေတြ႕ဆုံမယ့္ရက္ကို မသတ္မွတ္ရေသးေပမယ့္ ၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ တပ္မေတာ္ကိုယ္စားလွယ္ေတြရဲ႕ ေတြ႕ဆုံေရး ခရီးစဥ္သာ ျဖစ္ေျမာက္ခဲ့ရင္ ရပ္တန႔္ေနတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ အလားအလာေတြ အေျခအေန ေကာင္းလာႏိုင္တယ္လို႔ ေျပာပါတယ္။

 ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္
"သူတို႔လာတယ္ ဆိုတာေတာ့ ႀကိဳဆိုပါတယ္။ ဒါေပမဲ့ ရက္ကေတာ့ မသတ္မွတ္ရေသးဘူး။ အားလုံး အဘက္ဘက္ကေတာ့ ျဖစ္သြားတဲ့ ကိစၥအေပၚမွာ ျပန္ၿပီးေတာ့ ညႇိညႇိႏႈိင္းႏႈိင္းနဲ႔ ေျဖရွင္းဖို႔ ႀကိဳးစားေနတယ္ ဆိုတာေတာ့ ေသခ်ာပါတယ္" လို႔ ေျပာပါတယ္။

"ဒီတစ္ေခါက္ ျပန္ျဖစ္မယ္ဆိုရင္ေတာ့ ေမွ်ာ္လင့္ထားတာကေတာ့ အဘက္ဘက္ နားလည္မႈ လြဲတာေတြ အကုန္လုံးကလည္း ျပန္ၿပီးေတာ့မွ နားလည္မႈ ရွိလာၿပီးေတာ့မွ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ကလည္း ေရွ႕တိုးတက္ သြားမယ္လို႔ ထင္ပါတယ္"လို႔ သူက ေျပာပါတယ္။

RCSS ဥကၠ႒ ခရီးစဥ္ပ်က္ရတာဟာ အစိုးရမွာလည္း တာဝန္ရွိတယ္လို႔ ခံယူၿပီး အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဥကၠ႒ ေဒါက္တာတင္မ်ိဳးဝင္း ကိုယ္တိုင္ ဒီခရီးစဥ္ကို ဦးေဆာင္ သြားေရာက္ညႇိႏႈိင္းဖို႔ စီစဥ္ေနတယ္လို႔ အပစ္ရပ္အဖြဲ႕ တစ္ဖြဲ႕ျဖစ္တဲ့ ပအိုဝ္းအဖြဲ႕ ဦးေဆာင္နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာက ေျပာပါတယ္။

ဒီခရီးစဥ္မွာ တပ္မေတာ္ညႇိႏႈိင္းေရးအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ လိုက္ပါႏိုင္ဖို႔ အစိုးရနဲ႔ အပစ္ရပ္ အဖြဲ႕ေတြက တပ္မေတာ္ဘက္ကို ဝိုင္းဝန္းတိုက္တြန္းေနတယ္လို႔လည္း သူက ဆိုပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ဟာ အပစ္ရပ္အဖြဲ႕ ေခါင္းေဆာင္ေတြ စုဖြဲ႕ထားတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST ရဲ႕ ယာယီေခါင္းေဆာင္လည္း ျဖစ္လို႔ သူနဲ႔ ျပန္ၿပီး ညႇိႏႈိင္းႏိုင္ဖို႔က အေရးႀကီးေနတာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီအစည္းအေဝး ျဖစ္ေျမာက္ဖို႔အတြက္ RCSS အဖြဲ႕ထံ အစိုးရအဖြဲ႕ သြားေရာက္မယ့္ အခုခရီးစဥ္ အေပၚမွာ မူတည္ေနတယ္လို႔ ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ကေတာ့ သူ႔ခရီးစဥ္ အဆင္ေျပေစဖို႔ ၫႊန္ၾကားခဲ့တဲ့ သမၼတရဲ႕ၫႊန္ၾကားခ်က္ကို တပ္မေတာ္က မလိုက္နာခဲ့ဘူးလို႔ ေျပာၾကားခဲ့ၿပီး တပ္မေတာ္ဘက္ကေတာ့ သမၼတရဲ႕ အေၾကာင္းၾကားစာကို အခ်ိန္နီးမွ ရခဲ့တယ္လို႔ ေျပာၾကားထားပါတယ္။
တပ္မေတာ္ ဘယ္လို ေရွ႕ဆက္ေဆာင္႐ြက္မလဲ

အခု RCSS ဘက္ကို သြားေရာက္မယ့္ ခရီးစဥ္ဟာ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္က ေဆာင္႐ြက္ေနတာ ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ တပ္မေတာ္ညႇိႏႈိင္းေရးအဖြဲ႕ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ကို တာဝန္ ေပးအပ္ထားတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

 ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို NRPC နဲ႔ စုေပါင္းၿပီး ေဆာင္႐ြက္မယ္လို႔ တပ္မေတာ္ဆို

"ၾကားရတဲ့ သတင္းအရေတာ့ NRPC အေနနဲ႔ ေတြ႕ဆုံဖို႔ ေဆာင္႐ြက္ေနတယ္ ဆိုတာေတာ့ သိရတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ ညႇိႏႈိင္းေရး အဖြဲ႕က ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးရာျပည့္ကို တာဝန္ ေပးအပ္ထားတာ ရွိပါတယ္" လို႔ သူက ေျပာပါတယ္။

"တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုယ္တိုင္ NCA ႏွစ္ပတ္လည္ေန႔ၿပီး ေနာက္ေန႔မွာ KNU အဖြဲ႕နဲ႔ ေတြ႕ခဲ့တယ္။ Signature လုပ္ထားတဲ့ ရွစ္ဖြဲ႕နဲ႔ ေတြ႕ခဲ့တယ္။ ေတြ႕တဲ့အခါ မွာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ကိုယ္တိုင္ ၂၁ ရာစု ပင္လုံ နဲ႔ ပတ္သက္ၿပီးေတာ့ ကူညီေနတဲ့အေၾကာင္းရယ္၊ ၿပီးရင္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ဆက္လက္ ေဆာင္႐ြက္သြားမယ္ ဆိုၿပီး ႏွစ္ဖက္လုံးကို ေျပာခဲ့တာ ရွိပါတယ္။ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ပတ္သက္ၿပီး လိုအပ္လာတဲ့ဟာ မွန္သမွ် NRPC နဲ႔ စုေပါင္းၿပီး ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္" လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

အစိုးရ၊ တပ္မေတာ္နဲ႔ အပစ္ရပ္အဖြဲ႕ ထိပ္သီးေခါင္းေဆာင္ အဆင့္ တက္ေရာက္တဲ့ အပစ္ရပ္စာခ်ဳပ္ အေကာင္အထည္ေဖာ္ေရးအစည္းအေဝးကို ႏိုဝင္ဘာလထဲ က်င္းပဖို႔ ေဒၚေအာင္ဆန္းစုၾကည္က တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခ်ိန္မွာ တိုက္တြန္းထားပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
တပ်နဲ့ အစိုးရ RCSS နဲ့ တွေ့ဖို့ ပြန်စီစဉ်

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်တွေ RCSS ဌာနချုပ်ကို လွှတ်ဖို့စီစဉ်

အပစ်ရပ် လက်မှတ်ထိုး NCA လေးနှစ်ပြည့်ပွဲ မတက်ရောက်ဖြစ်ခဲ့တဲ့ RCSS အဖွဲ့ရဲ့ ဌာနချုပ်ကို အစိုးရ ကိုယ်စားလှယ်တွေ သွားရောက်ဖို့ ညှိနှိုင်းနေတယ်လို့ ငြိမ်းချမ်းရေး လုပ်ငန်း ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

NCA နှစ်ပတ်လည်ပွဲကို တက်ရောက်ပြီး အစိုးရနဲ့ တွေ့ဖို့ စီစဉ်ထားခဲ့ပေမဲ့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ အဖွဲ့ နေပြည်တော်လာမယ့် ခရီးစဉ် လမ်းကြောင်း တပ်မတော်နဲ့ ညှိနှိုင်းမရခဲ့လို့ ခရီးစဉ်ပျက်ခဲ့ပါတယ်။

အဲဒီနောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ဌာနချုပ်ကို အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ သွားရောက်ဖို့ ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

ခရီးစဉ် ပျက်သွားခဲ့တဲ့နောက် နှစ်ဖက် တင်းမာမှုတွေ ရှိခဲ့ရာက အခုတော့ RCSS ရဲ့ဌာနချုပ် လွယ်တိုင်းလျဲန်း သွားရောက်ဖို့ စီစဉ်နေတဲ့အထိ အခြေအနေ တိုးတက်လာတာလည်း ဖြစ် ပါတယ်။

ဒီလိုတွေ့ဆုံဖို့ အစိုးရဘက်က ကမ်းလှမ်းလာတယ်လို့ သိရပြီး ဒီကမ်းလှမ်းချက်အပေါ် ကြိုဆိုတယ်လို့ RCSS အဖွဲ့ရဲ့အကြံပေး ဦးခွန်စိုင်းက ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံမယ့်ရက်ကို မသတ်မှတ်ရသေးပေမယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ တပ်မတော်ကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံရေး ခရီးစဉ်သာ ဖြစ်မြောက်ခဲ့ရင် ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အလားအလာတွေ အခြေအနေ ကောင်းလာနိုင်တယ်လို့ ပြောပါတယ်။
ဓာတ်ပုံ မူပိုင် AMM
Image caption ဗိုလ်ချုပ်ကြီး ယွက်စစ်

"သူတို့လာတယ် ဆိုတာတော့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ရက်ကတော့ မသတ်မှတ်ရသေးဘူး။ အားလုံး အဘက်ဘက်ကတော့ ဖြစ်သွားတဲ့ ကိစ္စအပေါ်မှာ ပြန်ပြီးတော့ ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေတယ် ဆိုတာတော့ သေချာပါတယ်" လို့ ပြောပါတယ်။

"ဒီတစ်ခေါက် ပြန်ဖြစ်မယ်ဆိုရင်တော့ မျှော်လင့်ထားတာကတော့ အဘက်ဘက် နားလည်မှု လွဲတာတွေ အကုန်လုံးကလည်း ပြန်ပြီးတော့မှ နားလည်မှု ရှိလာပြီးတော့မှ ငြိမ်းချမ်းရေး ဖြစ်စဉ်ကလည်း ရှေ့တိုးတက် သွားမယ်လို့ ထင်ပါတယ်"လို့ သူက ပြောပါတယ်။

RCSS ဥက္ကဋ္ဌ ခရီးစဉ်ပျက်ရတာဟာ အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ခံယူပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ကိုယ်တိုင် ဒီခရီးစဉ်ကို ဦးဆောင် သွားရောက်ညှိနှိုင်းဖို့ စီစဉ်နေတယ်လို့ အပစ်ရပ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်းအဖွဲ့ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ဒီခရီးစဉ်မှာ တပ်မတော်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့် လိုက်ပါနိုင်ဖို့ အစိုးရနဲ့ အပစ်ရပ် အဖွဲ့တွေက တပ်မတော်ဘက်ကို ဝိုင်းဝန်းတိုက်တွန်းနေတယ်လို့လည်း သူက ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ အပစ်ရပ်အဖွဲ့ ခေါင်းဆောင်တွေ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ယာယီခေါင်းဆောင်လည်း ဖြစ်လို့ သူနဲ့ ပြန်ပြီး ညှိနှိုင်းနိုင်ဖို့က အရေးကြီးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစည်းအဝေး ဖြစ်မြောက်ဖို့အတွက် RCSS အဖွဲ့ထံ အစိုးရအဖွဲ့ သွားရောက်မယ့် အခုခရီးစဉ် အပေါ်မှာ မူတည်နေတယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ သူ့ခရီးစဉ် အဆင်ပြေစေဖို့ ညွှန်ကြားခဲ့တဲ့ သမ္မတရဲ့ညွှန်ကြားချက်ကို တပ်မတော်က မလိုက်နာခဲ့ဘူးလို့ ပြောကြားခဲ့ပြီး တပ်မတော်ဘက်ကတော့ သမ္မတရဲ့ အကြောင်းကြားစာကို အချိန်နီးမှ ရခဲ့တယ်လို့ ပြောကြားထားပါတယ်။
တပ်မတော် ဘယ်လို ရှေ့ဆက်ဆောင်ရွက်မလဲ

အခု RCSS ဘက်ကို သွားရောက်မယ့် ခရီးစဉ်ဟာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ဆောင်ရွက်နေတာ ဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်ကို တာဝန် ပေးအပ်ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NRPC နဲ့ စုပေါင်းပြီး ဆောင်ရွက်မယ်လို့ တပ်မတော်ဆို

"ကြားရတဲ့ သတင်းအရတော့ NRPC အနေနဲ့ တွေ့ဆုံဖို့ ဆောင်ရွက်နေတယ် ဆိုတာတော့ သိရတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တပ်မတော် ညှိနှိုင်းရေး အဖွဲ့က ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရာပြည့်ကို တာဝန် ပေးအပ်ထားတာ ရှိပါတယ်" လို့ သူက ပြောပါတယ်။

"တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် NCA နှစ်ပတ်လည်နေ့ပြီး နောက်နေ့မှာ KNU အဖွဲ့နဲ့ တွေ့ခဲ့တယ်။ Signature လုပ်ထားတဲ့ ရှစ်ဖွဲ့နဲ့ တွေ့ခဲ့တယ်။ တွေ့တဲ့အခါ မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ၂၁ ရာစု ပင်လုံ နဲ့ ပတ်သက်ပြီးတော့ ကူညီနေတဲ့အကြောင်းရယ်၊ ပြီးရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်သွားမယ် ဆိုပြီး နှစ်ဖက်လုံးကို ပြောခဲ့တာ ရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လိုအပ်လာတဲ့ဟာ မှန်သမျှ NRPC နဲ့ စုပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင် အဆင့် တက်ရောက်တဲ့ အပစ်ရပ်စာချုပ် အကောင်အထည်ဖော်ရေးအစည်းအဝေးကို နိုဝင်ဘာလထဲ ကျင်းပဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းထားပါတယ်။

BBC Burmese
https://www.bbc.com
တပ္နဲ႔ အစိုးရ RCSS နဲ႔ ေတြ႕ဖို႔ ျပန္စီစဥ္ တပ္နဲ႔ အစိုးရ RCSS နဲ႔ ေတြ႕ဖို႔ ျပန္စီစဥ္ Reviewed by THITHTOOLWIN on 00:08 Rating: 5
Powered by Blogger.