ေရခဲခန္းကုန္တင္ကား ေသဆံုးသူအားလံုး ဗီယက္နမ္လို႔ အတည္ျပဳ

ၿဗိတိန္တြင္ ထရပ္ကားအတြင္း ေသဆုံးခဲ့သည့္ ဗီယက္နမ္လူမ်ဳိး Le Van Ha အတြက္ ငုိေႂကြးေနသည့္ ဖခင္ Le Minh Tuan. (ေအာက္တုိဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

ၿဗိတိန္ႏုိင္ငံ လန္ဒန္ၿမိဳ႕အနီးက အေအးခန္းကုန္တင္ကားတစီးေပၚက အေလာင္း ၃၉ ေလာင္းဟာ ဗီယက္နမ္ေတြဆိုတာ ၿဗိတိန္တာ၀န္ရွိသူေတြ အတည္ျပဳခဲ့ၿပီးတဲ့ေနာက္ ဒီျဖစ္ရပ္အေပၚ အလြန္စိတ္မေကာင္းျဖစ္ရေၾကာင္းန႔ဲ တရားမ၀င္ လူကုန္ကူးမႈကို အျပင္းအထန္႐ႈတ္ခ်ေၾကာင္း ဗီယက္နမ္ ႏုိင္ငံျခားေရးဌာနက ဒီကေန႔ ေျပာပါတယ္။

ဒါဟာ ဆိုးရြားလြန္းတဲ့ လူသားခ်င္းစာနာမႈဆုိင္ရာ အျဖစ္ဆိုးႀကီးတခုျဖစ္ၿပီး ေသဆုံးခဲ့ရသူေတြရဲ႕ မိသားစု၀င္ေတြကို ဗီယက္နမ္အစိုးရအေနနဲ႔ အလြန္၀မ္းနည္းရပါေၾကာင္း၊ မိသားစုေတြ အေနနဲ႔လည္း ဒီ၀မ္းနည္းေၾကကြဲမႈကေန အျမန္ဆုံး သက္သာရာရေစဖို႔ အစိုးရအဖြဲ႔က ဆုမြန္ေကာင္း ေတာင္းေပးေနပါတယ္လို႔ ေျပာခြင့္ရ Le Thi Thu Hang ရဲ႕ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

အဲဒီ အလုံပိတ္ ကုန္တင္ကားေပၚက ေတြ႔ရတဲ့ လူေသအေလာင္းအားလုံးဟာ ဗီယက္နမ္လူမ်ိဳးေတြ ျဖစ္တယ္လို႔ Essex ရဲဌာနက ေသာၾကာေန႔မွာ အတည္ျပဳခဲ့တယ္လို႔ ၿဗိတိန္ႏုိင္ငံ ဗီယက္နမ္သံ႐ုံးက ဆိုပါတယ္။

ဒီျဖစ္ရပ္စတင္ကတည္းက ဗီယက္နမ္နဲ႔ ၿဗိတိန္တာ၀န္ရွိသူေတြ တုိက္႐ုိက္ပူးေပါင္းေဆာင္ရြက္ဖို႔ ဗီယက္နမ္ ႏုိင္ငံျခားေရး၀န္ႀကီးဌာနက သူ႔ရဲ႕ ေကာင္စစ္၀န္႐ုံးနဲ႔ သံ႐ုံးကို ညႊန္ၾကားထားခဲ့တာပါ။

ေသဆုံးသူ ဘယ္သူဘယ္၀ါျဖစ္တယ္ဆိုတာ ကူညီေဖာ္ထုတ္ႏုိင္ဖို႔ အေရးေပၚ တယ္လီဖုန္းလုိင္းေတြ ထားေပးသလို လိုအပ္သလို ကူညီေဆာင္ရြက္ဖို႔လည္း အဆင္သင့္ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။

ဘယ္သူဘယ္၀ါျဖစ္တယ္ဆိုတဲ့ ၿဗိတိန္အစိုးရဆီကရတဲ့ အေထာက္အထားေတြကို ဗီယက္နမ္ တာ၀န္ရွိသူေတြ ထပ္ၿပီး စစ္ေဆးႏုိင္ဖို႔လည္း ေပးပို႔ထားပါတယ္လို႔ ေျပာခြင့္ရ Hang က ဆိုပါတယ္။

ဒီအခ်ိန္မွာပဲ ဗီယက္နမ္ႏုိင္ငံမွာလည္း ဒီအျဖစ္ဆိုးနဲ႔ပတ္သက္ၿပီး စတင္ဖမ္းဆီးေနၿပီလို႔ ဗီယက္နမ္အစိုးရက မေန႔ ေသာၾကာေန႔မွာ ေျပာပါတယ္။ အဲဒီ ေသဆုံးသူေတြထဲမွာ သူတုိ႔မိသားစုေတြ ပါႏုိင္တယ္ဆိုၿပီး မိသားစု ၁၀ ခုက စိုးရိမ္တႀကီး အေၾကာင္းၾကားလာၿပီးတဲ့ ေနာက္မွာေတာ့ သံသယရွိသူ ၂ ဦးကို ဖမ္းဆီးထားၿပီလို႔ Ha Tinh ျပည္နယ္ရဲဌာနက ေျပာပါတယ္။

-------------------------------

(Unicode)

ရေခဲခန်းကုန်တင်ကား သေဆုံးသူအားလုံး ဗီယက်နမ်လို့ အတည်ပြု

ဗြိတိန်နိုင်ငံ လန်ဒန်မြို့အနီးက အအေးခန်းကုန်တင်ကားတစီးပေါ်က အလောင်း ၃၉ လောင်းဟာ ဗီယက်နမ်တွေဆိုတာ ဗြိတိန်တာဝန်ရှိသူတွေ အတည်ပြုခဲ့ပြီးတဲ့နောက် ဒီဖြစ်ရပ်အပေါ် အလွန်စိတ်မကောင်းဖြစ်ရကြောင်းနဲ့ တရားမဝင် လူကုန်ကူးမှုကို အပြင်းအထန်ရှုတ်ချကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောပါတယ်။

ဒါဟာ ဆိုးရွားလွန်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖြစ်ဆိုးကြီးတခုဖြစ်ပြီး သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ဗီယက်နမ်အစိုးရအနေနဲ့ အလွန်ဝမ်းနည်းရပါကြောင်း၊ မိသားစုတွေ အနေနဲ့လည်း ဒီဝမ်းနည်းကြေကွဲမှုကနေ အမြန်ဆုံး သက်သာရာရစေဖို့ အစိုးရအဖွဲ့က ဆုမွန်ကောင်း တောင်းပေးနေပါတယ်လို့ ပြောခွင့်ရ Le Thi Thu Hang ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

အဲဒီ အလုံပိတ် ကုန်တင်ကားပေါ်က တွေ့ရတဲ့ လူသေအလောင်းအားလုံးဟာ ဗီယက်နမ်လူမျိုးတွေ ဖြစ်တယ်လို့ Essex ရဲဌာနက သောကြာနေ့မှာ အတည်ပြုခဲ့တယ်လို့ ဗြိတိန်နိုင်ငံ ဗီယက်နမ်သံရုံးက ဆိုပါတယ်။

ဒီဖြစ်ရပ်စတင်ကတည်းက ဗီယက်နမ်နဲ့ ဗြိတိန်တာဝန်ရှိသူတွေ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ရဲ့ ကောင်စစ်ဝန်ရုံးနဲ့ သံရုံးကို ညွှန်ကြားထားခဲ့တာပါ။

သေဆုံးသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ကူညီဖော်ထုတ်နိုင်ဖို့ အရေးပေါ် တယ်လီဖုန်းလိုင်းတွေ ထားပေးသလို လိုအပ်သလို ကူညီဆောင်ရွက်ဖို့လည်း အဆင်သင့် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ ဗြိတိန်အစိုးရဆီကရတဲ့ အထောက်အထားတွေကို ဗီယက်နမ် တာဝန်ရှိသူတွေ ထပ်ပြီး စစ်ဆေးနိုင်ဖို့လည်း ပေးပို့ထားပါတယ်လို့ ပြောခွင့်ရ Hang က ဆိုပါတယ်။

ဒီအချိန်မှာပဲ ဗီယက်နမ်နိုင်ငံမှာလည်း ဒီအဖြစ်ဆိုးနဲ့ပတ်သက်ပြီး စတင်ဖမ်းဆီးနေပြီလို့ ဗီယက်နမ်အစိုးရက မနေ့ သောကြာနေ့မှာ ပြောပါတယ်။ အဲဒီ သေဆုံးသူတွေထဲမှာ သူတို့မိသားစုတွေ ပါနိုင်တယ်ဆိုပြီး မိသားစု ၁၀ ခုက စိုးရိမ်တကြီး အကြောင်းကြားလာပြီးတဲ့ နောက်မှာတော့ သံသယရှိသူ ၂ ဦးကို ဖမ်းဆီးထားပြီလို့ Ha Tinh ပြည်နယ်ရဲဌာနက ပြောပါတယ်။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေရခဲခန္းကုန္တင္ကား ေသဆံုးသူအားလံုး ဗီယက္နမ္လို႔ အတည္ျပဳ ေရခဲခန္းကုန္တင္ကား ေသဆံုးသူအားလံုး ဗီယက္နမ္လို႔ အတည္ျပဳ Reviewed by THITHTOOLWIN on 00:02 Rating: 5
Powered by Blogger.