တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္ေရး ျမန္မာနစ္နာေန


(Zawgyi/Unicode)

ရွမ္းျပည္နယ္ေျမာက္ပုိင္းက တိုက္ပြဲေတြေၾကာင့္ အထိနာခဲ႔တဲ႔ မူဆယ္နယ္စပ္ ကုန္သြယ္ေရးဟာ ပံုမွန္ျပန္ျဖစ္လာေပမဲ႔ တရုတ္ႏိုင္ငံက ျမန္မာသြင္းကုန္ေတြကို ကန္႔သတ္လာတာ ေစ်းကစားတာေတြေၾကာင့္ ကုန္သြယ္ေရး မညီမ်ွမႈေတြျဖစ္ေနေၾကာင္း မူဆယ္ကုန္သည္ေတြက ေျပာပါတယ္။

ဆန္အပါအဝင္ အရင္က တင္ပို႔ေနတဲ႔ ကုန္ပစၥည္းေတြကို တရားဝင္ျပန္ျပီး တင္ပို႔ႏိုင္ေအာင္ ျမန္မာဘက္က အစုိုးရခ်င္း ညွိႏႈိင္းတာေတြ အျမန္ဆံုး အေကာင္အထည္ ေဖာ္ေပးဖို႔ ကုန္သည္ေတြက ေမ်ွာ္လင့္ ေနပါတယ္။ မူဆယ္ကုန္သြယ္ေရး အေျခအေနကို ေမးျမန္းထားတဲ႔ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

ျမန္မာျပည္တြင္း အဓိက ကုန္သြယ္ေရး လမ္းေၾကာင္းေပၚမွာ ေျမာက္ပိုင္းလက္နက္ကိုင္ အဖြဲ႔ေတြနဲ႔ တပ္မေတာ္အၾကား တိုက္ပြဲေတြ သိပ္မရွိေတာ႔တဲ႔ေနာက္ပိုင္း နယ္စပ္ကုန္သြယ္ေရး ျပန္ေကာင္းလာမယ္လို႔ ေမ်ွာ္လင့္ခဲ႔ေပမဲ႔ တရုတ္ႏိုင္ငံဘက္က ဆန္အပါအဝင္ ျမန္မာဘက္က တျခားစိုက္ပ်ိဳးေရးထြက္ကုန္ အမ်ားအျပားကို ကန္႔သတ္ ပိတ္ဆို႔မႈေတြ တိုးလုပ္လာတာေၾကာင့္ မူဆယ္နယ္စပ္ ကုန္သြယ္ေရးမွာ ျမန္မာဘက္က ထိခိုက္၊ နစ္နာမႈေတြ ရွိပါတယ္။

တရုတ္က ျမန္မာႏိုင္ငံထဲ တင္ပို႔တဲ႔ ကုန္စည္ပမာဏက အရင္ကထက္ ပိုမ်ားလာေပမဲ႔ ျမန္မာကေတာ႔ စိုက္ပ်ိဳးေရးထြက္ကုန္ပဲ တရုတ္ကုိ အားထား တင္ပို႔ေနရတာပါ။ တရုတ္ဘက္က ကန္႔သတ္ထားတဲ႔ ျပည္တြင္းကုန္ပစၥည္းေတြဟာ တရားမဝင္ လမ္းေၾကာင္းက သြားေနတဲ႔အတြက္ ဒါေတြကိုလည္း တရားဝင္လမ္းေၾကာင္းက တင္ပို႔ႏုိင္ေအာင္ ေဆာင္ရြက္သင့္ေၾကာင္း မူဆယ္-နမ့္ခမ္္း နယ္စပ္ကုန္သြယ္ေရးအသင္းရဲ႕ တာ၀န္ရွိသူ တဦးျဖစ္သူ ဦးစိုင္းခင္ေမာင္က ေျပာပါတယ္။

“ကုန္သြယ္ေရး အေနအထားကေလ balance မျဖစ္ဘူးေပါ့။ တဘက္ေစာင္းနင္း ဆန္တယ္။ ကုန္သြယ္မႈမွာ က်ေနာ္တို႔က အႏုတ္လကၡဏာ ျပတာေပါ႔။ အဲဒီလိုျဖစ္တာကလည္း က်ေနာ္တို႔ဘက္က ပို႔ကုန္ေတြ နဂိုကတည္းက ရွိတာက စိုက္ပ်ိဳးေရး ပို႔ကုန္ေတြ လယ္ယာထြက္ကုန္ ပို႔ကုန္ေတြ။ ဆုိေတာ႔ သူတို႔ (တရုတ္) က အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ထိန္းခ်ဳပ္ပစ္လိုက္တယ္။ အဲဒီအေနအထားေတြေၾကာင့္ပါ။ အမွန္အတိုင္း ေျပာရရင္ က်ေနာ္တို႔ဘက္က တရားဝင္ပို႔ကုန္ အမယ္ေတြ တိုးခ်ဲ႕ႏိုင္တယ္ဆိုရင္ ဥပမာ- ေက်ာက္သံ ပတၱျမား၊ ေနာက္ တျခား ကန္႔သတ္ကုန္ေတြ။ အခုလည္း ခိုးထုတ္ေနတာပဲ။ အဲဒါကို အခြန္ရေအာင္ တရားဝင္ျဖစ္ေအာင္ နည္းလမ္း ရွာၾကံ ၾကည့္ႏုိင္ရင္ေတာ႔ မဆိုးဘူးေပါ႔။ ျပည္သူအတြက္၊ ႏုိင္ငံအတြက္ အက်ိဳးမျဖစ္ဘူး ျဖစ္ေနတယ္။”

အခုရက္ပိုင္းအတြင္း မူဆယ္ဘက္ကို တက္သြားတဲ႔ ျပည္တြင္းက ဖရဲသီးတင္ကားေတြ အေရာင္းမထြက္လို႔ ေသာင္တင္ေနပါတယ္။ ဒါကလည္း ျပည္တြင္းဖရဲသီးရဲ႕ အရည္အေသြးေၾကာင့္လို႔ တရုတ္ကုန္သည္ေတြက ေျပာသလို တရုတ္ျပည္တြင္းမွာလည္း ဖရဲသီးက အထြက္ေကာင္းေနတဲ႔ အေျခအေန ျဖစ္ေနပါတယ္။ လက္တေလာ ဖရဲသီးေစ်းကြက္အေျခအေနကုိ မူဆယ္ ၁၀၅မိုင္ ကုန္သြယ္ေရးစခန္းက မိန္မိန္းသစ္သီးပြဲရံု ပိုင္ရွင္ ေဒၚေအးေအးဝင္းက အခုလုိ ရွင္းျပပါတယ္။

“တရုတ္ဘက္က အခုေရာင္းအားလည္း မေကာင္းဘူး။ ျပီးေတာ႔ တရုတ္ျပည္တြင္းကလည္း ေပၚေနတာေလ။ အဲဒီေတာ႔ တခ်ိဳ႕ဝယ္လက္ေတြက်ေတာ႔ တရုတ္ျပည္မွာပဲ ဝယ္ေနတာ၊ တင္ေနတာ။ က်မတို႔ ျမန္မာျပည္ မဆင္းေသးဘူး။ အခုေလာေလာဆယ္ က်မတို႔ ျမန္မာျပည္မွာ က်မတို႔ ၁၀၅ မိုင္မွာ ေရာင္းေနရတာလည္း ေရာင္းအားလည္း တအားမ်ားတာေလ။ အဝင္အားလည္း တအားမ်ားတာ၊ တရက္တရက္ကို အခုအစီး ၁၅၀နဲ႔ ၂၀၀ ၾကားမွာ ဝင္တယ္။ ေရာင္းလိုအားနဲ႔ ဝယ္လိုအား မမ်ွတဲ႔ သေဘာလည္း ရွိတယ္ေပါ႔ေနာ္။ က်မတို႔ အရည္အေသြးက ေရဓာတ္ တအားမ်ားေတာ႔ တရုတ္ျပည္ထဲ ေရာက္ေတာ႔ အထားမခံဘူး၊ တအားပုပ္တာ။ အဲဒါေတြေၾကာင့္ဖို႔ေပါ့ ေစ်းကြက္ေတြလည္း မေကာင္းတာ။”

အရင္ကရတဲ႔ ဖရဲသီးေစ်းႏႈန္းထက္ တဝက္ေလာက္ အက်ိဳးအျမတ္ နည္းသြားတယ္လို႔ ဖရဲသီးကုန္သည္ေတြက ေျပာပါတယ္။

ျမန္မာက ပို႔ကုန္အေနနဲ႔ ဖရဲ၊ သခြားနဲ႔ ပဲမ်ိဳးစံု၊ ေရထြက္ကုန္နဲ႔ ကြ်ဲႏြား စတဲ႔ကုန္ေတြ ကုန္ကားအစီးေရ ၃၀၀ ဝန္းက်င္ေလာက္ တင္ပို႔ေနျပီး တရုတ္ဘက္ကေတာ႔ စိုက္ပ်ိဳးေရးသံုး ပစၥည္းေတြ၊ အိမ္ေဆာက္ ပစၥည္းေတြနဲ႔ ကေလး ကစားစရာေတြ အပါအဝင္ စားေသာက္ကုန္ မ်ိဳးစံုကို တရက္ ကုန္ကားအစီး ၁၀၀၀ ေက်ာ္ေလာက္ ျမန္မာျပည္ထဲကို ေန႔တိုင္း တင္သြင္းေနတာလည္း ျဖစ္ပါတယ္။ ဒါဟာ တရုတ္ဘက္က သြင္းကုန္နဲ႔ ျမန္မာဘက္ကပုိ႔ကုန္ အခ်ဳိးအစား ၃ ဆ၊ ၁ ဆမက ကြာဟေနတာလည္း ျဖစ္ပါတယ္။

တရုတ္ဘက္က ျမန္မာ့ကုန္ပစၥည္းေတြကို ကန္႔သတ္ခ်က္ေတြ လုပ္လာရတာက တရုတ္အစိုးရရဲ႕ ကုန္သြယ္ေရးမူဝါဒ အေျပာင္းအလဲနည္းလည္း အဓိက သက္ဆိုင္ေနပါတယ္။ AQSIQ လို႔ေခၚတဲ႔ တရုတ္ အေကာက္ခြန္ဌာနရဲ႕ ကုန္ပစၥည္းအရည္အေသြး ေစာင့္ၾကည့္ စစ္ေဆးေရးဌာနက သူ႔ႏိုင္ငံအတြင္းဝင္လာတဲ႔ ဘယ္ကုန္ပစၥည္းမဆို တိုက္ရိုက္ က်ပ္မတ္ စစ္ေဆးေနတာေၾကာင့္ တရုတ္ဘက္က သတ္မွတ္ထားတဲ့ စံခ်ိန္ စံႏႈန္းေတြနဲ႔ ကုိက္ညီမႈရွိေအာင္ ျမန္မာဘက္က လက္ရွိမွာ လုိအပ္တဲ့ ျပင္ဆင္မႈေတြကုိ လုပ္ေဆာင္ေနေၾကာင္း စီးပြားကူးသန္းဝန္ၾကီးဌာနက အမည္္မေဖာ္လုိတဲ့ အရာရွိ တဦးက ဗီြအုိေအကုိ ေျပာပါတယ္။

စီးပြားကူးသန္းဝန္ၾကီးဌာနရဲ႕ အခ်က္အလက္ေတြမွာေတာ႔ မူဆယ္နယ္စပ္ ကုန္သြယ္ေရးကေန ျမန္မာဘက္က ပို႔ကုန္ပမာဏဟာ အခုႏွစ္ ၾသဂုတ္လအထိ အေမရိကန္ေဒၚလာ ၂၉၂၄ သန္း ရွိျပီး တရုတ္ဘက္က သြင္းကုန္ပမာဏကေတာ႔ သန္းေပါင္း ၁၆၁၇ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါဟာ ျမန္မာအစုိးရဘက္က ထုတ္ျပန္ထားတဲ့ တရား၀င္ စာရင္းဇယားျဖစ္ၿပီး ဒါကုိၾကည့္ျခင္းအားျဖင့္ ျမန္မာဘက္က ပုိ႔ကုန္ဟာ တရုတ္ဘက္ကသြင္းကုန္ထက္ ၂ ဆနီးပါး မ်ားေနတာပါ။ ဒါေပမဲ့ နယ္စပ္ကတဆင့္ တရုတ္ကုန္ ပစၥည္းေတြ ျမန္မာႏုိင္ငံထဲကုိ တရားမ၀င္ ဘယ္ေလာက္ ၀င္ေရာက္ေနတယ္ ဆုိတာကေတာ့ အတိအက် မသိႏုိင္ပါဘူး။ နယ္စပ္ကုန္သြယ္ေရးေတြမွာ အထူးသျဖင့္ တရုတ္နဲ႔ ကုန္သြယ္ေရးမွာ ေယဘုယ်အားျဖင့္ လက္ခံထားၾကတဲ့အခ်က္ကေတာ့ ျမန္မာဘက္က နစ္နာမႈေတြ အမ်ားႀကီးရွိတယ္ဆုိတဲ့ အခ်က္ျဖစ္ပါတယ္။

မူဆယ္နယ္စပ္တခုထဲရဲ႕ တႏွစ္တာ ကုန္စည္ စီးဆင္းမႈဟာ တႏုိင္ငံလုံး ကုန္သြယ္ေရး ပမာဏရဲ႕ ၂၀ ရာခိုင္ႏႈန္း ရွိတယ္လုိ႔ ကုန္သြယ္ေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ကိန္းဂဏန္းေတြမွာ ေဖာ္ျပထားပါတယ္။

အရင္က ျမန္မာဘက္က ကုန္းတြင္းပိတ္ တရုတ္ယူနန္ျပည္နယ္ထဲကို ဆန္အပါအဝင္ ေျပာင္း၊ ပဲတီစိမ္း၊ ၾကက္သြန္၊ ဒီဇယ္၊ ေရာ္ဘာ၊ သၾကား၊ သရက္သီး၊ ငါးရွဥ့္၊ ကဏန္းနဲ႔ ေက်ာက္မ်က္ရတနာ အေခ်ာထည္ေတြ တင္ပို႔ပါတယ္။ ဒီႏွစ္အတြင္းမွာ တရုတ္ရဲ႕ ကန္႔သတ္မႈေတြေၾကာင့္ နယ္စပ္ကုန္သြယ္ေရး သိသိသာသာ က်သြားႏိုင္ေၾကာင္း မူဆည္ကုန္သည္ အသိုင္းအဝန္းက ခန္႔မွန္းထားပါတယ္။

.......................

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး မြန်မာနစ်နာနေ

(Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် အထိနာခဲ့တဲ့ မူဆည်နယ်စပ် ကုန်သွယ်ရေးဟာ ပုံမှန်ပြန်ဖြစ်လာပေမဲ့ တရုတ်နိုင်ငံက မြန်မာသွင်းကုန်တွေကို ကန့်သတ်လာတာ၊ ဈေးကစားတာတွေကြောင့် ကုန်သွယ်ရေး မညီမျှမှုတွေဖြစ်နေကြောင်း မူဆည်ကုန်သည်တွေက ပြောပါတယ်။

ဆန်အပါအဝင် အရင်က တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကို တရားဝင်ပြန်ပြီး တင်ပို့နိုင်အောင် မြန်မာဘက်က အစိုးရချင်း ညှိနှိုင်းတာတွေ အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ ကုန်သည်တွေက မျှော်လင့် နေပါတယ်။ မူဆည်ကုန်သွယ်ရေး အခြေအနေကို မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

မြန်မာပြည်တွင်း အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ သိပ်မရှိတော့တဲ့နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး ပြန်ကောင်းလာမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ တရုတ်နိုင်ငံဘက်က ဆန်အပါအဝင် မြန်မာဘက်က တခြားစိုက်ပျိုးရေးထွက်ကုန် အများအပြားကို ကန့်သတ် ပိတ်ဆို့မှုတွေ တိုးလုပ်လာတာကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာဘက်က ထိခိုက်၊ နစ်နာမှုတွေ ရှိပါတယ်။

တရုတ်က မြန်မာနိုင်ငံထဲ တင်ပို့တဲ့ ကုန်စည်ပမာဏက အရင်ကထက် ပိုများလာပေမဲ့ မြန်မာကတော့ စိုက်ပျိုးရေးထွက်ကုန်ပဲ တရုတ်ကို အားထား တင်ပို့နေရတာပါ။ တရုတ်ဘက်က ကန့်သတ်ထားတဲ့ ပြည်တွင်းကုန်ပစ္စည်းတွေဟာ တရားမဝင် လမ်းကြောင်းက သွားနေတဲ့အတွက် ဒါတွေကိုလည်း တရားဝင်လမ်းကြောင်းက တင်ပို့နိုင်အောင် ဆောင်ရွက်သင့်ကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်းရဲ့ တာဝန်ရှိသူ တဦးဖြစ်သူ ဦးစိုင်းခင်မောင်က ပြောပါတယ်။

“ကုန်သွယ်ရေး အနေအထားကလေ balance မဖြစ်ဘူးပေါ့။ တဘက်စောင်းနင်း ဆန်တယ်။ ကုန်သွယ်မှုမှာ ကျနော်တို့က အနုတ်လက္ခဏာ ပြတာပေါ့။ အဲဒီလိုဖြစ်တာကလည်း ကျနော်တို့ဘက်က ပို့ကုန်တွေ နဂိုကတည်းက ရှိတာက စိုက်ပျိုးရေး ပို့ကုန်တွေ လယ်ယာထွက်ကုန် ပို့ကုန်တွေ။ ဆိုတော့ သူတို့ (တရုတ်) က အကြောင်းအမျိုးမျိုးနဲ့ ထိန်းချုပ်ပစ်လိုက်တယ်။ အဲဒီအနေအထားတွေကြောင့်ပါ။ အမှန်အတိုင်း ပြောရရင် ကျနော်တို့ဘက်က တရားဝင်ပို့ကုန် အမယ်တွေ တိုးချဲ့နိုင်တယ်ဆိုရင် ဥပမာ- ကျောက်သံ ပတ္တမြား၊ နောက် တခြား ကန့်သတ်ကုန်တွေ။ အခုလည်း ခိုးထုတ်နေတာပဲ။ အဲဒါကို အခွန်ရအောင် တရားဝင်ဖြစ်အောင် နည်းလမ်း ရှာကြံ ကြည့်နိုင်ရင်တော့ မဆိုးဘူးပေါ့။ ပြည်သူအတွက်၊ နိုင်ငံအတွက် အကျိုးမဖြစ်ဘူး ဖြစ်နေတယ်။”

အခုရက်ပိုင်းအတွင်း မူဆယ်ဘက်ကို တက်သွားတဲ့ ပြည်တွင်းက ဖရဲသီးတင်ကားတွေ အရောင်းမထွက်လို့ သောင်တင်နေပါတယ်။ ဒါကလည်း ပြည်တွင်းဖရဲသီးရဲ့ အရည်အသွေးကြောင့်လို့ တရုတ်ကုန်သည်တွေက ပြောသလို တရုတ်ပြည်တွင်းမှာလည်း ဖရဲသီးက အထွက်ကောင်းနေတဲ့ အခြေအနေ ဖြစ်နေပါတယ်။ လက်တလော ဖရဲသီးဈေးကွက်အခြေအနေကို မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးစခန်းက မိန်မိန်းသစ်သီးပွဲရုံ ပိုင်ရှင် ဒေါ်အေးအေးဝင်းက အခုလို ရှင်းပြပါတယ်။

“တရုတ်ဘက်က အခုရောင်းအားလည်း မကောင်းဘူး။ ပြီးတော့ တရုတ်ပြည်တွင်းကလည်း ပေါ်နေတာလေ။ အဲဒီတော့ တချို့ဝယ်လက်တွေကျတော့ တရုတ်ပြည်မှာပဲ ဝယ်နေတာ၊ တင်နေတာ။ ကျမတို့ မြန်မာပြည် မဆင်းသေးဘူး။ အခုလောလောဆယ် ကျမတို့ မြန်မာပြည်မှာ ကျမတို့ ၁၀၅ မိုင်မှာ ရောင်းနေရတာလည်း ရောင်းအားလည်း တအားများတာလေ။ အဝင်အားလည်း တအားများတာ၊ တရက်တရက်ကို အခုအစီး ၁၅၀နဲ့ ၂၀၀ ကြားမှာ ဝင်တယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတဲ့ သဘောလည်း ရှိတယ်ပေါ့နော်။ ကျမတို့ အရည်အသွေးက ရေဓာတ် တအားများတော့ တရုတ်ပြည်ထဲ ရောက်တော့ အထားမခံဘူး၊ တအားပုပ်တာ။ အဲဒါတွေကြောင့်ဖို့ပေါ့ ဈေးကွက်တွေလည်း မကောင်းတာ။”

အရင်ကရတဲ့ ဖရဲသီးဈေးနှုန်းထက် တဝက်လောက် အကျိုးအမြတ် နည်းသွားတယ်လို့ ဖရဲသီးကုန်သည်တွေက ပြောပါတယ်။

မြန်မာက ပို့ကုန်အနေနဲ့ ဖရဲ၊ သခွားနဲ့ ပဲမျိုးစုံ၊ ရေထွက်ကုန်နဲ့ ကျွဲနွား စတဲ့ကုန်တွေ ကုန်ကားအစီးရေ ၃၀၀ ဝန်းကျင်လောက် တင်ပို့နေပြီး တရုတ်ဘက်ကတော့ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ၊ အိမ်ဆောက် ပစ္စည်းတွေနဲ့ ကလေး ကစားစရာတွေ အပါအဝင် စားသောက်ကုန် မျိုးစုံကို တရက် ကုန်ကားအစီး ၁၀၀၀ ကျော်လောက် မြန်မာပြည်ထဲကို နေ့တိုင်း တင်သွင်းနေတာလည်း ဖြစ်ပါတယ်။ ဒါဟာ တရုတ်ဘက်က သွင်းကုန်နဲ့ မြန်မာဘက်ကပို့ကုန် အချိုးအစား ၃ ဆ၊ ၁ ဆမက ကွာဟနေတာလည်း ဖြစ်ပါတယ်။

တရုတ်ဘက်က မြန်မာ့ကုန်ပစ္စည်းတွေကို ကန့်သတ်ချက်တွေ လုပ်လာရတာက တရုတ်အစိုးရရဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲနည်းလည်း အဓိက သက်ဆိုင်နေပါတယ်။ AQSIQ လို့ခေါ်တဲ့ တရုတ် အကောက်ခွန်ဌာနရဲ့ ကုန်ပစ္စည်းအရည်အသွေး စောင့်ကြည့် စစ်ဆေးရေးဌာနက သူ့နိုင်ငံအတွင်းဝင်လာတဲ့ ဘယ်ကုန်ပစ္စည်းမဆို တိုက်ရိုက် ကျပ်မတ် စစ်ဆေးနေတာကြောင့် တရုတ်ဘက်က သတ်မှတ်ထားတဲ့ စံချိန် စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိအောင် မြန်မာဘက်က လက်ရှိမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်ဆောင်နေကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ အရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာတော့ မူဆယ်နယ်စပ် ကုန်သွယ်ရေးကနေ မြန်မာဘက်က ပို့ကုန်ပမာဏဟာ အခုနှစ် သြဂုတ်လအထိ အမေရိကန်ဒေါ်လာ ၂၉၂၄ သန်း ရှိပြီး တရုတ်ဘက်က သွင်းကုန်ပမာဏကတော့ သန်းပေါင်း ၁၆၁၇ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ မြန်မာအစိုးရဘက်က ထုတ်ပြန်ထားတဲ့ တရားဝင် စာရင်းဇယားဖြစ်ပြီး ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာဘက်က ပို့ကုန်ဟာ တရုတ်ဘက်ကသွင်းကုန်ထက် ၂ ဆနီးပါး များနေတာပါ။ ဒါပေမဲ့ နယ်စပ်ကတဆင့် တရုတ်ကုန် ပစ္စည်းတွေ မြန်မာနိုင်ငံထဲကို တရားမဝင် ဘယ်လောက် ဝင်ရောက်နေတယ် ဆိုတာကတော့ အတိအကျ မသိနိုင်ပါဘူး။ နယ်စပ်ကုန်သွယ်ရေးတွေမှာ အထူးသဖြင့် တရုတ်နဲ့ ကုန်သွယ်ရေးမှာ ယေဘုယျအားဖြင့် လက်ခံထားကြတဲ့အချက်ကတော့ မြန်မာဘက်က နစ်နာမှုတွေ အများကြီးရှိတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

မူဆယ်နယ်စပ်တခုထဲရဲ့ တနှစ်တာ ကုန်စည် စီးဆင်းမှုဟာ တနိုင်ငံလုံး ကုန်သွယ်ရေး ပမာဏရဲ့ ၂၀ ရာခိုင်နှုန်း ရှိတယ်လို့ ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။

အရင်က မြန်မာဘက်က ကုန်းတွင်းပိတ် တရုတ်ယူနန်ပြည်နယ်ထဲကို ဆန်အပါအဝင် ပြောင်း၊ ပဲတီစိမ်း၊ ကြက်သွန်၊ ဒီဇယ်၊ ရော်ဘာ၊ သကြား၊ သရက်သီး၊ ငါးရှဉ့်၊ ကဏန်းနဲ့ ကျောက်မျက်ရတနာ အချောထည်တွေ တင်ပို့ပါတယ်။ ဒီနှစ်အတွင်းမှာ တရုတ်ရဲ့ ကန့်သတ်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေး သိသိသာသာ ကျသွားနိုင်ကြောင်း မူဆည်ကုန်သည် အသိုင်းအဝန်းက ခန့်မှန်းထားပါတယ်။

ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္ေရး ျမန္မာနစ္နာေန တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္ေရး ျမန္မာနစ္နာေန Reviewed by THITHTOOLWIN on 07:45 Rating: 5
Powered by Blogger.