EU ရဲ႕ ကုန္သြယ္မႈ အထူးအခြင့္အေရး ကေမာၻဒီးယား ယာယီဆုံးရႈံးဖြယ္ရွိ

EU ရဲ႕ ကုန္သြယ္မႈ အထူးအခြင့္အေရး ကေမာၻဒီးယား ယာယီဆုံးရႈံးဖြယ္ရွိ

(Zawgyi)⤵⤵⤵
ကေမာၻဒီးယားႏိုင္ငံ ရရွိထားတဲ့ ကုန္သြယ္မႈ အထူးအခြင့္အေရးေတြ ဆုံးရႈံးသြားႏိုင္ဖြယ္ ရွိတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖါက္မႈ ပဏာမအစီရင္ခံစာ တရပ္ကို ဥေရာပသမဂၢ ေကာ္မရွင္က ျပဳစုၿပီးဆုံးသြားၿပီ ျဖစ္ပါတယ္။ ကေမာၻဒီးယားႏိုင္ငံ အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ျပဳလုပ္တဲ့ ဖိအားေၾကာင့္ ဒီမိုကေရစီ ျပန္လည္ထြန္းကားေရးမွာ အေထာက္အပံ့ ျဖစ္ႏိုင္ တယ္လို႔ ကေမာၻဒီးယားအတိုက္အခံ ေခါင္းေဆာင္ Sam Rainsy ကဆိုပါတယ္။

၂၀၁၉ ၾသဂုတ္လကအထိ ၃ လတာ စုံစမ္းစစ္ေဆး ျပဳစုခဲ့တဲ့ ဒီအစီရင္ခံစာကို အဂၤါေန႔မွာ အဆုံးသတ္လိုက္တာ ျဖစ္ၿပီး အေသးစိတ္ကို လူသိရွင္ၾကား မထုတ္ျပန္ဘဲ ကေမာၻဒီးယား အစိုးရဆီကို ေပးပို႔မွာျဖစ္ပါတယ္။ ကေမာၻဒီးယားအစိုးရဘက္က တလအတြင္း တုန႔္ျပန္ရမယ္လို႔ဆိုပါတယ္။ ဒီအစီရင္ခံစာရဲ႕ေထာက္ခံ တင္ျပခ်က္ အေပၚမူတည္ၿပီး ကေမာၻဒီးယားဟာ လက္နက္မွတပါး က်န္ကုန္သြယ္မႈ အားလုံးအတြက္ ရရွိထားတဲ့ အထူးအခြင့္အေရးေတြကို ယာယီရပ္ဆိုင္းျခင္း ခံရဖြယ္ရွိပါတယ္။

အထူးသျဖင့္ ကေမာၻဒီးယားႏိုင္ငံအတြက္ အေရးႀကီးတဲ့ အထည္ခ်ဳပ္လုပ္ငန္းနဲ႔ ဖိနပ္လုပ္ငန္း ပို႔ကုန္ေတြကို ထိခိုက္လာဖြယ္ရွိပါတယ္။ ကေမာၻဒီးယားႏိုင္ငံဟာ ဥေရာပသမဂၢရဲ႕ အထူးကုန္သြယ္ အခြင့္အေရးေၾကာင့္ အက်ိဳးခံစားခြင့္ ဒုတိယအမ်ားဆုံး ရရွိေနတဲ့ ႏိုင္ငံျဖစ္ပါတယ္။
ဒီလိုအခြင့္အေရးေတြ ႐ုပ္သိမ္းမယ့္ကိစၥဟာ ကေမာၻဒီးယားႏိုင္ငံရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈကို ျပဳျပင္ဖို႔ရည္႐ြယ္တာျဖစ္တယ္လို႔ ဥေရာပ သမဂၢရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

(Unicode)

EU ရဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး ကမ္ဘောဒီးယား ယာယီဆုံးရှုံးဖွယ်ရှိ

ကမ္ဘောဒီးယားနိုင်ငံ ရရှိထားတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်ဖွယ်ရှိတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ပဏာမအစီရင်ခံစာ တရပ်ကို ဥရောပသမဂ္ဂ ကော်မရှင်က ပြုစုပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်တဲ့ဖိအားကြောင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးမှာ အထောက်အပံ့ ဖြစ်နိုင် တယ်လို့ ကမ္ဘောဒီးယားအတိုက်အခံ ခေါင်းဆောင် Sam Rainsy ကဆိုပါတယ်။
၂၀၁၉ သြဂုတ်လကအထိ ၃ လတာ စုံစမ်းစစ်ဆေး ပြုစုခဲ့တဲ့ ဒီအစီရင်ခံစာကို အင်္ဂါနေ့မှာ အဆုံးသတ်လိုက်တာ ဖြစ်ပြီး အသေးစိတ်ကို လူသိရှင်ကြား မထုတ်ပြန်ဘဲ ကမ္ဘောဒီးယားအစိုးရဆီကို ပေးပို့မှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားအစိုးရဘက်က တလအတွင်း တုန့်ပြန်ရမယ်လို့ဆိုပါတယ်။ ဒီအစီရင်ခံစာရဲ့ထောက်ခံ တင်ပြချက် အပေါ်မူတည်ပြီး ကမ္ဘောဒီးယားဟာ လက်နက်မှတပါး ကျန်ကုန်သွယ်မှု အားလုံးအတွက် ရရှိထားတဲ့ အထူးအခွင့်အရေးတွေကို ယာယီရပ်ဆိုင်းခြင်း ခံရဖွယ်ရှိပါတယ်။

အထူးသဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွက် အရေးကြီးတဲ့ အထည်ချုပ်လုပ်ငန်းနဲ့ ဖိနပ်လုပ်ငန်း ပို့ကုန်တွေကို ထိခိုက်လာဖွယ်ရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ ဥရောပသမဂ္ဂရဲ့ အထူးကုန်သွယ် အခွင့်အရေးကြောင့် အကျိုးခံစားခွင့် ဒုတိယအများဆုံး ရရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒီလိုအခွင့်အရေးတွေ ရုပ်သိမ်းမယ့်ကိစ္စဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုကို ပြုပြင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ ဥရောပ သမဂ္ဂရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

VOA Burmese
https://burmese.voanews.com
EU ရဲ႕ ကုန္သြယ္မႈ အထူးအခြင့္အေရး ကေမာၻဒီးယား ယာယီဆုံးရႈံးဖြယ္ရွိ EU ရဲ႕ ကုန္သြယ္မႈ အထူးအခြင့္အေရး ကေမာၻဒီးယား ယာယီဆုံးရႈံးဖြယ္ရွိ Reviewed by THITHTOOLWIN on 09:54 Rating: 5
Powered by Blogger.