ေဆးေျခာက္ကို တရားဝင္ခြင့္ျပဳဖို႔ ေတာင္းဆိုသူေရာ မေတာင္းဆိုသူပါအမႈဖြင့္ခံရ

ႏို၀င္ဘာ ၁၁ ရက္ေန႔က ေက်ာက္တံတားၿမိဳ႕နယ္က ျပဳလုပ္တဲ့ ေဆးေျခာက္တရား၀င္သုံးစြဲခြင့္ရေရး ေတာင္းဆိုတဲ့လႈပ္ရွားမႈတြင္ ပါ၀င္ခဲ့ေသာ လူငယ္တခ်ိဳ႕။
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ေဆးေျခာက္သုံးစြဲခြင့္၊ စိုက္ပ်ိဳးခြင့္နဲ႔ ေဆးဝါးနဲ႔ကုန္ပစၥည္းေတြမွာ အသုံးျပဳခြင့္ကို ဥပေဒနဲ႔ တရားဝင္သတ္မွတ္ေပးဖို႔ ေတာင္းဆိုၾကတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ကိုစိန္လွေမာင္နဲ႔ ကိုထက္ခိုင္စိုးဆိုတဲ့ လူငယ္ႏွစ္ေယာက္ကို ေက်ာက္တံတားၿမိဳ႕နယ္ရဲစခန္းက ၿငိမ္းခ်မ္းစြာစီတန္းခြင့္နဲ႔ စုေဝးခြင့္ဆိုင္ရာဥပေဒ-ၿငိမ္းစုစီပုဒ္မ ၁၉ နဲ႔ အမႈဖြင့္ထားပါတယ္။

ဒီလိုအမႈဖြင့္ခံရတာနဲ႔ ပတ္သက္လို႔ ကိုစိန္လွေမာင္က “ၿငိမ္းစုစီပဲေပါ့။ ပုဒ္မ (၁၉) ပဲ။ က်ေနာ္နဲ႔ေနာက္ ထပ္တေယာက္နဲ႔။ က်ေနာ့္ကို တျခားမီဒီယာကလာေျပာ တာကေတာ့ စိန္လွေမာင္နဲ႔ထက္ခိုင္စိုးဆိုၿပီး လာေျပာတယ္။ ဒါေပမယ့္ ထက္ခိုင္စိုးဆိုတာက ရွင္းရွင္းေျပာရရင္ က်ေနာ္ကေသခ်ာမသိဘူး” လို႔ေျပာပါတယ္။

ေက်ာက္တံတားရဲစခန္းမႉး ဒု-ရဲမႉး ဘိုထြန္းကလည္း အမႈဖြင့္တာ ဟုတ္မွန္တယ္လို႔ RFA ကို ဒီေန႔ အတည္ျပဳေျပာဆိုပါတယ္။

“ ဟုတ္တယ္၊ ဟုတ္တယ္။ က်ေနာ္တို႔ရဲစခန္းကို အရင္လာၿပီးေတာ့ေတြ႕ရမယ္။ လုပ္ငန္းပိုင္းေတြ ေမးျမန္းရမွာေပါ့ေနာ္။ လုပ္ထုံးလုပ္နည္းၿပီးမွ တရား႐ုံးေရာက္မွာေပါ့ေနာ္။ ၿငိမ္းစုစီ (၁၉) ေပါ့ဗ်ာ။ သက္ဆိုင္ရာၿမိဳ႕နယ္တပ္ဖြဲ႕မႉးကို အသိေပးအေၾကာင္းၾကားျခင္းမရွိတာေလ”

ကိုစိန္လွေမာင္အပါအဝင္ လူငယ္အုပ္စုတစုဟာ ၿပီးခဲ့တဲ့တန္ေဆာင္မုန္းလျပည့္ညက ေက်ာက္တံတားၿမိဳ႕နယ္ က လြတ္လပ္ေရးေက်ာက္တိုင္ေအာက္မွာ ဒီလႈပ္ရွားမႈကို လုပ္ခဲ့ၾကတာပါ။ တကယ္ေတာ့ ရဲတပ္ဖြဲ႕က အမႈဖြင့္တဲ့သူႏွစ္ေယာက္ထဲက ကိုထက္ခိုင္စိုးက အဲဒီလႈပ္ရွားမႈမွာမပါဝင္ဘဲ အမႈဖြင့္ခံရတာလို႔ စုံစမ္းသိရွိရပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ကိုထက္ခိုင္စိုးကို ဆက္သြယ္ေမးျမန္းၾကည့္ေတာ့ သူဟာ ေဆးဆိုးပန္း႐ိုက္လုပ္ငန္းလုပ္တဲ့သူျဖစ္လို႔ ေဆးေျခာက္႐ြက္ပုံပါတဲ့ တီရွပ္အက်ႌေတြ ေရာင္းဖူးတာပဲရွိၿပီး အဲဒီလႈပ္ရွားတဲ့သူေတြကို လူခ်င္းမသိသလို၊ လႈပ္ရွားမႈမွာလဲ မပါဝင္ဘူးလို႔ ေျပာပါတယ္။

“အလဲဗင္းမီဒီယာမွာ က်ေနာ္ဖတ္လိုက္ရတာေပါ့ေနာ္။ က်ေနာ့္နာမည္ေတြ႕တယ္။ က်ေနာ့္နာမည္နဲ႔တူတာလဲ ျဖစ္ေကာင္းျဖစ္ႏိုင္တာေပါ့ေနာ္။ ဒါေပမယ့္ ဒီလႈပ္ရွားမႈမွာ က်ေနာ္ဘာမွမပါဘူး။ အဲဒီပြဲလဲမသြား ခဲ့ဘူး။ ဒါေပမယ့္ အဲဒီနာမည္ေတြ႕တယ္ဆိုၿပီး သူငယ္ခ်င္းေတြကျပတယ္ေပါ့ဗ်ာ။ ျဖစ္ႏိုင္တာက ဆိုရွယ္မီဒီယာရဲ႕ ႐ိုက္ခတ္မႈလို႔လဲ ေျပာလို႔ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္ကလဲ ေဆးေျခာက္႐ြက္ပုံပါတဲ့တီရွပ္ေတြ ၿပီးခဲ့တဲ့လက ႐ိုက္ေရာင္းခဲ့တာရွိတယ္။ ၿပီးေတာ့ ဒီလႈပ္ရွားမႈကို ေထာက္ခံတယ္ဆိုတာ ေဖ့စ္ဘြတ္မွာေရးဖူး တယ္ေပါ့ေနာ္။ အဲဒါေတြေၾကာင့္လဲ ျဖစ္ႏိုင္တယ္”

ကိုထက္ခိုင္စိုးဟာ အရင္သမၼတဦးသိန္းစိန္လက္ထက္က ေက်ာင္းသားလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့ဖူးသလို၊ လက္ရွိမွာလဲ တရားစြဲခံထားရတဲ့အမႈ ရွိေနသူျဖစ္ပါတယ္။ အဲဒီအျပင္ သူအရင္ကဆႏၵျပဖူးတဲ့ ဓာတ္ပုံေတြမွာ စာသားကို ဖိုတိုေရွာ့နဲ႔ျပင္ၿပီး ေဆးေျခာက္တရားဝင္ျဖစ္ေရးလႈပ္ရွားမႈမွာ ပါဝင္တဲ့သူပုံစံမ်ိဳး တျခားလူေတြက ပုံဖ်က္ၿပီး ေဖ့စ္ဘြတ္မွာျဖန႔္ေနတာကို ေတြ႕ရတယ္လို႔လဲ ေျပာျပပါတယ္။ ဒါေပမယ့္ အခုအမႈဖြင့္ထားတဲ့ကိစၥကို ျပည္တြင္းသတင္းမွာ ေတြ႕ရၿပီး၊ သူ႔ကို ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြက တိုက္႐ိုက္အေၾကာင္းၾကားတာမရွိေသးဘူးလို႔ ေျပာပါတယ္။

အမႈဖြင့္ခံရတဲ့ ကိုစိန္လွေမာင္ကေတာ့ သူတို႔အေနနဲ႔ ေဆးေျခာက္တရားဝင္ျဖစ္ေရး ေတာင္းဆိုရတာဟာ တည္ဆဲဥပေဒပုဒ္မအရ လူငယ္ေတြ ဘဝထိခိုက္ရတာေတြရွိသလို၊ အိမ္နီးခ်င္းထိုင္းႏိုင္ငံအပါအဝင္ ဥေရာပႏိုင္ငံေတြမွာ ေဆးေျခာက္ကို တရားဝင္သတ္မွတ္လိုက္လို႔ အက်ိဳးေက်းဇူးရေနတဲ့အတြက္ ျမန္မာျပည္မွာလဲ ျပဳျပင္ေျပာင္းလဲဖို႔ ေတာင္းဆိုတာလို႔ ေျပာျပပါတယ္။

“အဓိကရည္႐ြယ္ခ်က္ကေတာ့ က်ေနာ္တို႔ျမန္မာႏိုင္ငံမွာ ေဆးေျခာက္ကို တရားဝင္အသုံးျပဳခြင့္ရေရးေပ့ါ။ ဒါဟာေဆးေျခာက္သုံးဖို႔မဟုတ္ဘူး။ ေဆးေျခာက္ရႉဖို႔အဓိကမဟုတ္ဘူး။ က်ေနာ္တို႔ႏိုင္ငံမွာ ေဆးေျခာက္ ကိုတရားဝင္ခြင့္ျပဳမယ္ဆိုရင္ ႏိုင္ငံရဲ႕စီးပြားေရး၊ ေဆးေျခာက္ကေန ကမာၻမွာလဲထုတ္ေနၾကတဲ့အတိုင္း ေဆးဝါးေတြေပါ့။ ဥပမာ - ကင္ဆာေဆးတို႔၊ ေအအိုင္ဒီအက္စ္ေဆးတို႔၊ ပိုလီယိုေဆးတို႔၊ အဲလိုမ်ိဳး ေရာဂါေဝဒနာရွင္ေတြအတြက္ အဆင္ေျပဖို႔ေတြ၊ ၿပီးေတာ့ ပုဒ္မ (၁၅) ေပါ့။ ဖမ္းတဲ့ပုဒ္မေပါ့။ အဲဒါမ်ိဳးကိုလဲ က်ေနာ္တို႔ကျပင္ခ်င္တာ။ ၿပီးေတာ့ တကိုယ္ေရအသုံးျပဳဖို႔ေပါ့”

မူးယစ္ေဆးေၾကာင့္ ေထာင္က်ဘဝပ်က္ရတာမ်ိဳးေတြ မရွိသင့္ေတာ့ဘူးလို႔လဲ ကိုစိန္လွေမာင္က ေျပာပါ တယ္။

“ေက်ာင္းသားလူငယ္ပဲျဖစ္ျဖစ္၊ ဝန္ထမ္းတေယာက္ပဲျဖစ္ျဖစ္ သူတို႔ေတြ တကိုယ္ေရအပန္းေျဖဖို႔ ေဆးေျခာက္ေသာက္လိုက္တယ္/ ဒါေပမယ့္ အဲဒီေဆးေျခာက္ေလးတလိပ္ေၾကာင့္ ေထာင္ထဲကို  ငါးႏွစ္၊ဆယ္ႏွစ္သြားလိုက္ရတယ္။ အဲဒီအတြက္ အဲဒီလူအတြက္ သူ႔ရဲ႕အနာဂတ္တခုလုံးေပ်ာက္သြားတယ္။ ေဆးေျခာက္တလိပ္ေလာက္နဲ႔ ေထာင္ထဲငါးႏွစ္သြားရတယ္ဆိုတာ ဒီေခတ္မွာမရွိသင့္ေတာ့ဘူးလို႔ က်ေနာ္တို႔က ယူဆတယ္”

အေမရိကန္ျပည္ေထာင္စုမွာ ျပည္နယ္ ၅၀ ရွိၿပီး အဲဒီထဲမွာ အေပ်ာ္တမ္းသုံးခြင့္ တရားဝင္ခြင့္ျပဳလိုက္တဲ့ ျပည္နယ္က ဝါရွင္တန္ဒီစီနဲ႔ တျခား ၁၂ ျပည္နယ္ျဖစ္ၿပီး၊ ေဆးဝါးအျဖစ္ ဆရာဝန္လက္မွတ္နဲ႔သုံးခြင့္ျပဳတဲ့ ျပည္နယ္က ၂၁ ျပည္နယ္ပဲရွိပါေသးတယ္။ က်န္တဲ့ ၁၇ ျပည္နယ္က တရားဝင္ခြင့္ျပဳတာမရွိေသးပါဘူး။

ဒါနဲ႔ပတ္သက္လို႔ ကိုစိန္လွေမာင္က .....

“ေဆးေျခာက္နဲ႔ ပတ္သက္လို႔ ဥပမာေပးမယ္ဆိုရင္ က်ေနာ္က အေမရိကန္ကို ဥပမာမေပးခ်င္ဘူး။ နယ္သာလန္တို႔ ကေနဒါတို႔ ေပၚတူကီတို႔ ဥေရာပကႏိုင္ငံေတြကို က်ေနာ္က ပိုၿပီးဥပမာေပးေစခ်င္တယ္။ ကမာၻမွာ တားျမစ္ထားတဲ့ မူးယစ္ေဆးေတာ္ေတာ္မ်ားမ်ားကို နယ္သာလန္က ခြင့္ျပဳထားတယ္။ အဲဒီအတြက္ နယ္သာလန္မွာ ဘာေတြ ဆိုးသြားတယ္။ ဘာေတြေကာင္းသြားတယ္ဆိုတာ က်ေနာ္တို႔ ထပ္ေလ့လာၾကည့္ေတာ့ အဲဒီလိုခြင့္ျပဳၿပီး ဆယ္စုႏွစ္တခုအတြင္း နယ္သာလန္မွာ အၾကမ္းဖက္မႈက သုညရာခိုင္ႏႈန္းထိ ေလ်ာ့က်သြားတယ္။ သုညကေန တဆယ္အတြင္းထိ ေလ်ာ့က်သြားတယ္ဗ်ာ။ ၂၀၁၅ ကေန ၂၀၁၉ အတြင္း နယ္သာလန္ေထာင္ေတြမွာ အက်ဥ္းသားေတြ မရွိေတာ့ဘူး။ ျမန္မာျပည္မွာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး ႏွိမ္နင္းေနေပမယ့္ မေအာင္ျမင္ဘူး။ အဲဒါဘာေၾကာင့္လဲဆိုတာ ျပည္သူေတြသိေအာင္လို႔ အစိုးရက တာဝန္ရွိတယ္။ သူက အသိပညာျဖန႔္ေဝေပးရမွာ။ အစိုးရက ေထာက္ပံ့ေပးမွသာ ပညာရွင္ေတြကဝိုင္းၿပီး သုေတသနလုပ္ၾကမွာ။ ႏိုင္ငံတကာနဲ႔ ျပည္တြင္းပညာရွင္ေတြ ေပါင္းၿပီး သုေတသနလုပ္မယ္။ ၿပီးေတာ့မွ ေဆးေျခာက္တဂရမ္သုံးလို႔ ဘာမွမျဖစ္ဘူးဆိုတဲ့ သက္ေသျပခ်င္မ်ိဳး ဒါမွမဟုတ္လဲ ေသေလာက္တယ္၊ အႏၲရာယ္ရွိတယ္ဆိုတဲ့သက္ေသျပခ်က္မ်ိဳး၊ ဘာပဲျဖစ္ျဖစ္ေသခ်ာတဲ့ သက္ေသျပခ်က္မ်ိဳး က်ေနာ္တို႔ လိုခ်င္တာ” လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး၊ လူမ်ိဳးေရးျပႆနာေတြ မေျဖရွင္းႏိုင္ေသးသလို၊ ပညာေရးမွာလဲ ျပဳျပင္ေျပာင္းလဲဖို႔၊ လူေတြအသိဉာဏ္တိုးဖို႔ မလုပ္ႏိုင္ေသးခင္မွာ အခုလို ေဆးေျခာက္တရားဝင္ခြင့္ျပဳေရး မျဖစ္သင့္ေသးဘူးဆိုတဲ့ အယူအဆကိုေျပာဆိုေနသူေတြလဲ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ဆေးခြောက်ကို တရားဝင်ခွင့်ပြုဖို့ တောင်းဆိုသူရော မတောင်းဆိုသူပါအမှုဖွင့်ခံရ

နိုဝင်ဘာ ၁၁ ရက်နေ့က ကျောက်တံတားမြို့နယ်က ပြုလုပ်တဲ့ ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရရေး တောင်းဆိုတဲ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော လူငယ်တချို့။
ဓာတ်ပုံ - ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး (NJ)

မြန်မာနိုင်ငံမှာ ဆေးခြောက်သုံးစွဲခွင့်၊ စိုက်ပျိုးခွင့်နဲ့ ဆေးဝါးနဲ့ကုန်ပစ္စည်းတွေမှာ အသုံးပြုခွင့်ကို ဥပဒေနဲ့ တရားဝင်သတ်မှတ်ပေးဖို့ တောင်းဆိုကြတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကိုစိန်လှမောင်နဲ့ ကိုထက်ခိုင်စိုးဆိုတဲ့ လူငယ်နှစ်ယောက်ကို ကျောက်တံတားမြို့နယ်ရဲစခန်းက ငြိမ်းချမ်းစွာစီတန်းခွင့်နဲ့ စုဝေးခွင့်ဆိုင်ရာဥပဒေ-ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပါတယ်။

ဒီလိုအမှုဖွင့်ခံရတာနဲ့ ပတ်သက်လို့ ကိုစိန်လှမောင်က “ငြိမ်းစုစီပဲပေါ့။ ပုဒ်မ (၁၉) ပဲ။ ကျနော်နဲ့နောက် ထပ်တယောက်နဲ့။ ကျနော့်ကို တခြားမီဒီယာကလာပြော တာကတော့ စိန်လှမောင်နဲ့ထက်ခိုင်စိုးဆိုပြီး လာပြောတယ်။ ဒါပေမယ့် ထက်ခိုင်စိုးဆိုတာက ရှင်းရှင်းပြောရရင် ကျနော်ကသေချာမသိဘူး” လို့ပြောပါတယ်။

ကျောက်တံတားရဲစခန်းမှူး ဒု-ရဲမှူး ဘိုထွန်းကလည်း အမှုဖွင့်တာ ဟုတ်မှန်တယ်လို့ RFA ကို ဒီနေ့ အတည်ပြုပြောဆိုပါတယ်။

“ ဟုတ်တယ်၊ ဟုတ်တယ်။ ကျနော်တို့ရဲစခန်းကို အရင်လာပြီးတော့တွေ့ရမယ်။ လုပ်ငန်းပိုင်းတွေ မေးမြန်းရမှာပေါ့နော်။ လုပ်ထုံးလုပ်နည်းပြီးမှ တရားရုံးရောက်မှာပေါ့နော်။ ငြိမ်းစုစီ (၁၉) ပေါ့ဗျာ။ သက်ဆိုင်ရာမြို့နယ်တပ်ဖွဲ့မှူးကို အသိပေးအကြောင်းကြားခြင်းမရှိတာလေ”

ကိုစိန်လှမောင်အပါအဝင် လူငယ်အုပ်စုတစုဟာ ပြီးခဲ့တဲ့တန်ဆောင်မုန်းလပြည့်ညက ကျောက်တံတားမြို့နယ် က လွတ်လပ်ရေးကျောက်တိုင်အောက်မှာ ဒီလှုပ်ရှားမှုကို လုပ်ခဲ့ကြတာပါ။ တကယ်တော့ ရဲတပ်ဖွဲ့က အမှုဖွင့်တဲ့သူနှစ်ယောက်ထဲက ကိုထက်ခိုင်စိုးက အဲဒီလှုပ်ရှားမှုမှာမပါဝင်ဘဲ အမှုဖွင့်ခံရတာလို့ စုံစမ်းသိရှိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုထက်ခိုင်စိုးကို ဆက်သွယ်မေးမြန်းကြည့်တော့ သူဟာ ဆေးဆိုးပန်းရိုက်လုပ်ငန်းလုပ်တဲ့သူဖြစ်လို့ ဆေးခြောက်ရွက်ပုံပါတဲ့ တီရှပ်အင်္ကျီတွေ ရောင်းဖူးတာပဲရှိပြီး အဲဒီလှုပ်ရှားတဲ့သူတွေကို လူချင်းမသိသလို၊ လှုပ်ရှားမှုမှာလဲ မပါဝင်ဘူးလို့ ပြောပါတယ်။

“အလဲဗင်းမီဒီယာမှာ ကျနော်ဖတ်လိုက်ရတာပေါ့နော်။ ကျနော့်နာမည်တွေ့တယ်။ ကျနော့်နာမည်နဲ့တူတာလဲ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။ ဒါပေမယ့် ဒီလှုပ်ရှားမှုမှာ ကျနော်ဘာမှမပါဘူး။ အဲဒီပွဲလဲမသွား ခဲ့ဘူး။ ဒါပေမယ့် အဲဒီနာမည်တွေ့တယ်ဆိုပြီး သူငယ်ချင်းတွေကပြတယ်ပေါ့ဗျာ။ ဖြစ်နိုင်တာက ဆိုရှယ်မီဒီယာရဲ့ ရိုက်ခတ်မှုလို့လဲ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ကလဲ ဆေးခြောက်ရွက်ပုံပါတဲ့တီရှပ်တွေ ပြီးခဲ့တဲ့လက ရိုက်ရောင်းခဲ့တာရှိတယ်။ ပြီးတော့ ဒီလှုပ်ရှားမှုကို ထောက်ခံတယ်ဆိုတာ ဖေ့စ်ဘွတ်မှာရေးဖူး တယ်ပေါ့နော်။ အဲဒါတွေကြောင့်လဲ ဖြစ်နိုင်တယ်”

ကိုထက်ခိုင်စိုးဟာ အရင်သမ္မတဦးသိန်းစိန်လက်ထက်က ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးသလို၊ လက်ရှိမှာလဲ တရားစွဲခံထားရတဲ့အမှု ရှိနေသူဖြစ်ပါတယ်။ အဲဒီအပြင် သူအရင်ကဆန္ဒပြဖူးတဲ့ ဓာတ်ပုံတွေမှာ စာသားကို ဖိုတိုရှော့နဲ့ပြင်ပြီး ဆေးခြောက်တရားဝင်ဖြစ်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့သူပုံစံမျိုး တခြားလူတွေက ပုံဖျက်ပြီး ဖေ့စ်ဘွတ်မှာဖြန့်နေတာကို တွေ့ရတယ်လို့လဲ ပြောပြပါတယ်။ ဒါပေမယ့် အခုအမှုဖွင့်ထားတဲ့ကိစ္စကို ပြည်တွင်းသတင်းမှာ တွေ့ရပြီး၊ သူ့ကို ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက တိုက်ရိုက်အကြောင်းကြားတာမရှိသေးဘူးလို့ ပြောပါတယ်။

အမှုဖွင့်ခံရတဲ့ ကိုစိန်လှမောင်ကတော့ သူတို့အနေနဲ့ ဆေးခြောက်တရားဝင်ဖြစ်ရေး တောင်းဆိုရတာဟာ တည်ဆဲဥပဒေပုဒ်မအရ လူငယ်တွေ ဘဝထိခိုက်ရတာတွေရှိသလို၊ အိမ်နီးချင်းထိုင်းနိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေမှာ ဆေးခြောက်ကို တရားဝင်သတ်မှတ်လိုက်လို့ အကျိုးကျေးဇူးရနေတဲ့အတွက် မြန်မာပြည်မှာလဲ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတာလို့ ပြောပြပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကျနော်တို့မြန်မာနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ရရေးပေ့ါ။ ဒါဟာဆေးခြောက်သုံးဖို့မဟုတ်ဘူး။ ဆေးခြောက်ရှူဖို့အဓိကမဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ ဆေးခြောက် ကိုတရားဝင်ခွင့်ပြုမယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေး၊ ဆေးခြောက်ကနေ ကမ္ဘာမှာလဲထုတ်နေကြတဲ့အတိုင်း ဆေးဝါးတွေပေါ့။ ဥပမာ - ကင်ဆာဆေးတို့၊ အေအိုင်ဒီအက်စ်ဆေးတို့၊ ပိုလီယိုဆေးတို့၊ အဲလိုမျိုး ရောဂါဝေဒနာရှင်တွေအတွက် အဆင်ပြေဖို့တွေ၊ ပြီးတော့ ပုဒ်မ (၁၅) ပေါ့။ ဖမ်းတဲ့ပုဒ်မပေါ့။ အဲဒါမျိုးကိုလဲ ကျနော်တို့ကပြင်ချင်တာ။ ပြီးတော့ တကိုယ်ရေအသုံးပြုဖို့ပေါ့”

မူးယစ်ဆေးကြောင့် ထောင်ကျဘဝပျက်ရတာမျိုးတွေ မရှိသင့်တော့ဘူးလို့လဲ ကိုစိန်လှမောင်က ပြောပါ တယ်။

“ကျောင်းသားလူငယ်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းတယောက်ပဲဖြစ်ဖြစ် သူတို့တွေ တကိုယ်ရေအပန်းဖြေဖို့ ဆေးခြောက်သောက်လိုက်တယ်/ ဒါပေမယ့် အဲဒီဆေးခြောက်လေးတလိပ်ကြောင့် ထောင်ထဲကို  ငါးနှစ်၊ဆယ်နှစ်သွားလိုက်ရတယ်။ အဲဒီအတွက် အဲဒီလူအတွက် သူ့ရဲ့အနာဂတ်တခုလုံးပျောက်သွားတယ်။ ဆေးခြောက်တလိပ်လောက်နဲ့ ထောင်ထဲငါးနှစ်သွားရတယ်ဆိုတာ ဒီခေတ်မှာမရှိသင့်တော့ဘူးလို့ ကျနော်တို့က ယူဆတယ်”

အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ် ၅၀ ရှိပြီး အဲဒီထဲမှာ အပျော်တမ်းသုံးခွင့် တရားဝင်ခွင့်ပြုလိုက်တဲ့ ပြည်နယ်က ဝါရှင်တန်ဒီစီနဲ့ တခြား ၁၂ ပြည်နယ်ဖြစ်ပြီး၊ ဆေးဝါးအဖြစ် ဆရာဝန်လက်မှတ်နဲ့သုံးခွင့်ပြုတဲ့ ပြည်နယ်က ၂၁ ပြည်နယ်ပဲရှိပါသေးတယ်။ ကျန်တဲ့ ၁၇ ပြည်နယ်က တရားဝင်ခွင့်ပြုတာမရှိသေးပါဘူး။

ဒါနဲ့ပတ်သက်လို့ ကိုစိန်လှမောင်က .....

“ဆေးခြောက်နဲ့ ပတ်သက်လို့ ဥပမာပေးမယ်ဆိုရင် ကျနော်က အမေရိကန်ကို ဥပမာမပေးချင်ဘူး။ နယ်သာလန်တို့ ကနေဒါတို့ ပေါ်တူကီတို့ ဥရောပကနိုင်ငံတွေကို ကျနော်က ပိုပြီးဥပမာပေးစေချင်တယ်။ ကမ္ဘာမှာ တားမြစ်ထားတဲ့ မူးယစ်ဆေးတော်တော်များများကို နယ်သာလန်က ခွင့်ပြုထားတယ်။ အဲဒီအတွက် နယ်သာလန်မှာ ဘာတွေ ဆိုးသွားတယ်။ ဘာတွေကောင်းသွားတယ်ဆိုတာ ကျနော်တို့ ထပ်လေ့လာကြည့်တော့ အဲဒီလိုခွင့်ပြုပြီး ဆယ်စုနှစ်တခုအတွင်း နယ်သာလန်မှာ အကြမ်းဖက်မှုက သုညရာခိုင်နှုန်းထိ လျော့ကျသွားတယ်။ သုညကနေ တဆယ်အတွင်းထိ လျော့ကျသွားတယ်ဗျာ။ ၂၀၁၅ ကနေ ၂၀၁၉ အတွင်း နယ်သာလန်ထောင်တွေမှာ အကျဉ်းသားတွေ မရှိတော့ဘူး။ မြန်မာပြည်မှာ ဆယ်စုနှစ်နဲ့ချီပြီး နှိမ်နင်းနေပေမယ့် မအောင်မြင်ဘူး။ အဲဒါဘာကြောင့်လဲဆိုတာ ပြည်သူတွေသိအောင်လို့ အစိုးရက တာဝန်ရှိတယ်။ သူက အသိပညာဖြန့်ဝေပေးရမှာ။ အစိုးရက ထောက်ပံ့ပေးမှသာ ပညာရှင်တွေကဝိုင်းပြီး သုတေသနလုပ်ကြမှာ။ နိုင်ငံတကာနဲ့ ပြည်တွင်းပညာရှင်တွေ ပေါင်းပြီး သုတေသနလုပ်မယ်။ ပြီးတော့မှ ဆေးခြောက်တဂရမ်သုံးလို့ ဘာမှမဖြစ်ဘူးဆိုတဲ့ သက်သေပြချင်မျိုး ဒါမှမဟုတ်လဲ သေလောက်တယ်၊ အန္တရာယ်ရှိတယ်ဆိုတဲ့သက်သေပြချက်မျိုး၊ ဘာပဲဖြစ်ဖြစ်သေချာတဲ့ သက်သေပြချက်မျိုး ကျနော်တို့ လိုချင်တာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူမျိုးရေးပြဿနာတွေ မဖြေရှင်းနိုင်သေးသလို၊ ပညာရေးမှာလဲ ပြုပြင်ပြောင်းလဲဖို့၊ လူတွေအသိဉာဏ်တိုးဖို့ မလုပ်နိုင်သေးခင်မှာ အခုလို ဆေးခြောက်တရားဝင်ခွင့်ပြုရေး မဖြစ်သင့်သေးဘူးဆိုတဲ့ အယူအဆကိုပြောဆိုနေသူတွေလဲ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ေဆးေျခာက္ကို တရားဝင္ခြင့္ျပဳဖို႔ ေတာင္းဆိုသူေရာ မေတာင္းဆိုသူပါအမႈဖြင့္ခံရ ေဆးေျခာက္ကို တရားဝင္ခြင့္ျပဳဖို႔ ေတာင္းဆိုသူေရာ မေတာင္းဆိုသူပါအမႈဖြင့္ခံရ Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.