ျမန္မာႏိုင္ငံ အႀကီးအကဲေတြကို အာဂ်င္တီးနား တရား႐ုံးမွာ စြဲဆိုမည္

မွတ္တမ္းဓာတ္ပံု
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအဝင္ ထိပ္တန္း ေခါင္းေဆာင္ အမ်ားအျပားကို ႐ိုဟင္ဂ်ာ မူစလင္ေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈနဲ႔ စြပ္စြဲၿပီး ႐ိုဟင္ဂ်ာေတြနဲ႔ လက္တင္အေမရိက လူ႔အခြင့္ေရး အဖြဲ႕ေတြက ဗုဒၶဟူးေန႔မွာ အာဂ်င္တီးနား တရား႐ုံးမွာ တင္သြင္းခဲ့ပါတယ္။

ဒါဟာ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ကို ႐ိုဟင္ဂ်ာျပႆနာနဲ႔ ပတ္သက္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ တရားေရးအရ ပစ္မွတ္ထား လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

အာဂ်င္တီးနားႏိုင္ငံနဲ႔ အျခားႏိုင္ငံ အမ်ားအျပားရဲ႕ ဥပေဒအရ လက္ခံထားတဲ့ ႏိုင္ငံတကာ စီရင္ပိုင္ခြင့္ (universal jurisdiction) မူ အရ အာဂ်င္တီးနားမွာ တရားစြဲဆိုလိုက္တာ ျဖစ္ပါတယ္။

ႏိုင္ငံတႏိုင္ငံမွာ က်ဴးလြန္တဲ့ စစ္ရာဇဝတ္မႈေတြနဲ႔ လူသားထုအေပၚ က်ဴးလြန္မႈေတြ အပါအဝင္ ဆိုးဝါးတဲ့ လုပ္ရပ္ေတြအတြက္ ဘယ္ေနရာမွာ မဆို ဒီစီရင္ပိုင္ခြင့္ ဥပေဒအရ တရားစြဲဆို ႏိုင္တာ ျဖစ္ပါတယ္။

လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္သူေတြ၊ အကူညီေပးသူေတြနဲ႔ ဖုံးကြယ္ဖို႔ လုပ္ေဆာင္သူေတြကို ရာဇဝတ္ျပစ္မႈနဲ႔ တရားစြဲဆိုႏိုင္ဖို႔ အခုလို လုပ္ေဆာင္ရတာ ျဖစ္ၿပီး၊ ျမန္မာေခါင္းေဆာင္ေတြကို တျခားဘယ္ေနရာမွာမွ ရာဇဝတ္ျပစ္မႈနဲ႔ တရားစြဲဆိုဖို႔ မျဖစ္ႏိုင္တဲ့ အတြက္ အခုလို အာဂ်င္တီးနားႏိုင္ငံကေန တဆင့္ တရားစြဲဆိုရတာျဖစ္ေၾကာင္း တရားလိုေရွ႕ေန Tomas Ojea က AFP သတင္းဌာနကို ေျပာပါတယ္။

ျမန္မာ အစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာ ဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံပါဘူး။ ဒါေပမယ့္ အခြင့္အေရး ခိ်ဳးေဖာက္မႈေတြကို စံုစမ္းစစ္ေဆးမယ္၊ ဒုကၡသည္ေတြကို စိစစ္ၿပီး ျပန္လက္ခံရမယ့္ တာ၀န္ကိုလည္း ေရွာင္လႊဲမွာ မဟုတ္ဘူးလို႔ ေျပာထားတာပါ။

အာဂ်င္တီးနား တရား႐ုံးက လုပ္ေဆာင္ေနတဲ့ တျခား ႏိုင္ငံတကာ စီရင္ပိုင္ခြင့္ ဆိုင္ရာအမႈေတြထဲမွာ တ႐ုတ္ႏိုင္ငံက Falun Gong လႈပ္ရွားမႈ ဆိုင္ရာ အမႈအျပင္ ကြယ္လြန္သူ စပိန္ႏိုင္ငံက အာဏာရွင္ေဟာင္း Francisco Franco နဲ႔ ဆက္ႏြယ္ေနတဲ့ အမႈလည္း ပါဝင္ပါတယ္။

(Unicode)

မြန်မာနိုင်ငံ အကြီးအကဲတွေကို အာဂျင်တီးနား တရားရုံးမှာ စွဲဆိုမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင် အများအပြားကို ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာတွေနဲ့ လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ အာဂျင်တီးနား တရားရုံးမှာ တင်သွင်းခဲ့ပါတယ်။

ဒါဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ်အဖြစ် တရားရေးအရ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံနဲ့ အခြားနိုင်ငံ အများအပြားရဲ့ ဥပဒေအရ လက်ခံထားတဲ့ နိုင်ငံတကာ စီရင်ပိုင်ခွင့် (universal jurisdiction) မူ အရ အာဂျင်တီးနားမှာ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတနိုင်ငံမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်မှုတွေ အပါအဝင် ဆိုးဝါးတဲ့ လုပ်ရပ်တွေအတွက် ဘယ်နေရာမှာ မဆို ဒီစီရင်ပိုင်ခွင့် ဥပဒေအရ တရားစွဲဆို နိုင်တာ ဖြစ်ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူတွေ၊ အကူညီပေးသူတွေနဲ့ ဖုံးကွယ်ဖို့ လုပ်ဆောင်သူတွေကို ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲဆိုနိုင်ဖို့ အခုလို လုပ်ဆောင်ရတာ ဖြစ်ပြီး၊ မြန်မာခေါင်းဆောင်တွေကို တခြားဘယ်နေရာမှာမှ ရာဇဝတ်ပြစ်မှုနဲ့ တရားစွဲဆိုဖို့ မဖြစ်နိုင်တဲ့ အတွက် အခုလို အာဂျင်တီးနားနိုင်ငံကနေ တဆင့် တရားစွဲဆိုရတာဖြစ်ကြောင်း တရားလိုရှေ့နေ Tomas Ojea က AFP သတင်းဌာနကို ပြောပါတယ်။

မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါပေမယ့် အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးမယ်၊ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံရမယ့် တာဝန်ကိုလည်း ရှောင်လွှဲမှာ မဟုတ်ဘူးလို့ ပြောထားတာပါ။

အာဂျင်တီးနား တရားရုံးက လုပ်ဆောင်နေတဲ့ တခြား နိုင်ငံတကာ စီရင်ပိုင်ခွင့် ဆိုင်ရာအမှုတွေထဲမှာ တရုတ်နိုင်ငံက Falun Gong လှုပ်ရှားမှု ဆိုင်ရာ အမှုအပြင် ကွယ်လွန်သူ စပိန်နိုင်ငံက အာဏာရှင်ဟောင်း Francisco Franco နဲ့ ဆက်နွယ်နေတဲ့ အမှုလည်း ပါဝင်ပါတယ်။

VOA Burmese
https://burmese.voanews.com
ျမန္မာႏိုင္ငံ အႀကီးအကဲေတြကို အာဂ်င္တီးနား တရား႐ုံးမွာ စြဲဆိုမည္ ျမန္မာႏိုင္ငံ အႀကီးအကဲေတြကို အာဂ်င္တီးနား တရား႐ုံးမွာ စြဲဆိုမည္ Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.