တူရကီသမၼတကို Donald Trump အိမ္ျဖဴေတာ္မွာေတြ႕ဆုံ

(Zawgyi)⤵⤵⤵
အေမရိကန္-တူရကီ ႏွစ္ႏိုင္ငံ ဆက္ဆံေရး က်ဆင္းေနခ်ိန္မွာ သမၼတ ေဒၚနယ္ထရမ့္က တူရကီ သမၼတ Recep Tayyip Erdogan ကို အိမ္ျဖဴေတာ္မွာ ဒုတိယအႀကိမ္အျဖစ္ ႀကိဳဆို ေတြ႕ဆုံပါတယ္။

“က်ေနာ္ ႏွစ္ဦးဟာ ကာလၾကာရွည္ကတည္းက မိတ္ေဆြေတြ ျဖစ္လာခဲ့တာပါ။ တႏိုင္ငံအေၾကာင္းကို တႏိုင္ငံက နားလည္ၾကပါတယ္” လို႔ ဗုဒၶဟူးေန႔မွာ သမၼတထရမ့္က ဆိုပါတယ္။

ဆီးရီးယားေျမာက္ပိုင္းက ကာ့ဒ္ေတြကို ပစ္မွတ္ထားၿပီး က်ဴးေက်ာ္ဝင္ေရာက္မယ့္ ကိစၥမွာ အေမရိကန္ရဲ႕ သတိေပးခ်က္ကို တူရကီသမၼတ လ်စ္လ်ဴ ရႈခဲ့တဲ့အတြက္ အေမရိကန္တို႔ အတြက္ ေဒါသထြက္စရာ ျဖစ္ေစခဲ့ပါတယ္။

ဒါ့အျပင္ တူရကီသမၼတ Erdogan ဟာ ႐ုရွားဆီက S-400 ဒုံးက်ည္ကာကြယ္ေရး စနစ္ကို ဝယ္ယူခဲ့တဲ့ အတြက္လည္း အေမရိကန္ ကာကြယ္ေရးအရာရွိေတြ၊ သံတမန္ေတြကို စိတ္ပ်က္ေစခဲ့ၿပီး ၊ အေမရိကန္လုပ္ F-35 တိုက္ေလယာဥ္ ေရာင္းခ်မယ့္အစီအစဥ္ကေန တူရကီကို ဖယ္ရွားခဲ့ပါတယ္။ ဒါေပမဲ့ သမၼတ ထရမ့္ကေတာ့ S-400 ကိစၥကိုေရာ ၊ F-35 ဂ်က္တိုက္ေလယာဥ္ကိစၥကိုပါ ေဆြးေႏြး ညႇိႏႈိင္းသြားမယ္လို႔ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ဆီက တိုက္ေလယာဥ္ ဝယ္လို႔ မရႏိုင္ဘူးဆိုရင္၊ ႐ုရွားလုပ္ SU-57 နဲ႔ SU-35 ဂ်က္တိုက္ေလယာဥ္ေတြကို ဝယ္ယူမယ္လို႔ ႐ုရွားသမၼတ Vladimir Putin နဲ႔ တူရကီ သမၼတ Erdogan တို႔ မၾကာေသးမီက ေဆြးေႏြးထားတာ ျဖစ္ပါတယ္။

(Unicode)

တူရကီသမ္မတကို Donald Trump အိမ်ဖြူတော်မှာတွေ့ဆုံ

အမေရိကန်-တူရကီ နှစ်နိုင်ငံ ဆက်ဆံရေး ကျဆင်းနေချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်က တူရကီ သမ္မတ Recep Tayyip Erdogan ကို အိမ်ဖြူတော်မှာ ဒုတိယအကြိမ်အဖြစ် ကြိုဆို တွေ့ဆုံပါတယ်။

“ကျနော် နှစ်ဦးဟာ ကာလကြာရှည်ကတည်းက မိတ်ဆွေတွေ ဖြစ်လာခဲ့တာပါ။ တနိုင်ငံအကြောင်းကို တနိုင်ငံက နားလည်ကြပါတယ်” လို့ ဗုဒ္ဓဟူးနေ့မှာ သမ္မတထရမ့်က ဆိုပါတယ်။

ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်တွေကို ပစ်မှတ်ထားပြီး ကျူးကျော်ဝင်ရောက်မယ့် ကိစ္စမှာ အမေရိကန်ရဲ့ သတိပေးချက်ကို တူရကီသမ္မတ လျစ်လျူ ရှုခဲ့တဲ့အတွက် အမေရိကန်တို့ အတွက် ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။

ဒါ့အပြင် တူရကီသမ္မတ Erdogan ဟာ ရုရှားဆီက S-400 ဒုံးကျည်ကာကွယ်ရေး စနစ်ကို ဝယ်ယူခဲ့တဲ့ အတွက်လည်း အမေရိကန် ကာကွယ်ရေးအရာရှိတွေ၊ သံတမန်တွေကို စိတ်ပျက်စေခဲ့ပြီး ၊ အမေရိကန်လုပ် F-35 တိုက်လေယာဉ် ရောင်းချမယ့်အစီအစဉ်ကနေ တူရကီကို ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ထရမ့်ကတော့ S-400 ကိစ္စကိုရော ၊ F-35 ဂျက်တိုက်လေယာဉ်ကိစ္စကိုပါ ဆွေးနွေး ညှိနှိုင်းသွားမယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ဆီက တိုက်လေယာဉ် ဝယ်လို့ မရနိုင်ဘူးဆိုရင်၊ ရုရှားလုပ် SU-57 နဲ့ SU-35 ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူမယ်လို့ ရုရှားသမ္မတ Vladimir Putin နဲ့ တူရကီ သမ္မတ Erdogan တို့ မကြာသေးမီက ဆွေးနွေးထားတာ ဖြစ်ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
တူရကီသမၼတကို Donald Trump အိမ္ျဖဴေတာ္မွာေတြ႕ဆုံ တူရကီသမၼတကို Donald Trump အိမ္ျဖဴေတာ္မွာေတြ႕ဆုံ Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.