ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တုိက္ပြဲေၾကာင့္ အရပ္သား ၂ ဦးထိမွန္

(Zawgyi)⤵⤵⤵
ႏုိဝင္ဘာလ ၁၄ ရက္ ၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕တြင္ ယေန႔ မနက္ပိုင္းက တုိက္ပြဲေၾကာင့္ အမ်ိဳးသား ၂ ဦး ထိခိုက္ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

ႏုိ၀င္ဘာလ ၁၄ ရက္ ယေန့မနက္ ၇ နာရီ ဝန္းက်င္က တအာင္း(ပေလာင္) အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (TNLA) ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ ကြတ္ခိုင္ၿမိဳ႕ နယ္ လြိဳင္ဆမ္ဆစ္ ေတာင္ေျခ အနီးတြင္ တုိက္ပြဲျဖစ္ပြါးရာ အမ်ိဳးသား ၂ ဦး က်ည္ဆန္ထိမွန္ဒဏ္ရာရရွိကာ ကြတ္ခိုင္ ေဆး႐ံုသို႔ ပုိ့ေဆာင္ ေဆးကု ရေၾကာင္း ကြတ္ခိုင္ ျပည္သူ႔ေဆး႐ံု အုပ္ ေဒၚဝင့္ဝင့္ၿမိဳင္ က သွ်မ္းသံေတာ္ဆင့္သုိ့ ေျပာသည္။

“ အမ်ိဳးသား ၂ ေယာက္ပါ။ အသက္ က ၁၈၊ ၁၉ ေလာက္ဘဲရွိမယ္ထင္တယ္။ တေယာက္ကေတာ့ လည္ပင္းမွာ တခ်က္၊ ေနာက္တေယာကက္ေတာ့ ေနာက့္ေစ့မွာ ထိပါတယ္။ စိုးရိမ္စရာေတာ့ မရွိပါဘူး” ဟု ေဒၚဝင့္ဝင့္ၿမိဳင္ ကေျပာသည္။

အလားတူယမန္ေန႔ ကလည္း TNLA ႏွင့္ ျမန္မာ့ တပ္မေတာ္တို႔ နမ့္ဖတ္ကာ အနီး မုိင္းယုႏွင့္ ဟိုမုန္းေက်းရြာ ၾကားတုိက္ပြဲျဖစ္ပြားရာတြင္ သံဃာေတာ္တပါး ႏွင့္ အမ်ိဳးသား တဦး က်ည္ထိမွန္ခဲ့ေၾကာင္း နမ့္ဖတ္ကာ ေမတၱာရွင္ လူမူကူညီေရး အသင္းမွ တာဝန္ရွိသူ တဦးက သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

က်ည္ထိမွန္သည့္သံဃာေတာ္သည္ သက္ေတာ္ ၄၅ ႏွစ္ခန့္ရွိၿပီး၊ အမ်ိဳးသားမွာ အသက္ ၃၅နွစ္ေက်ာ္ရွိေၾကာင္း သိရသည္။

“သူတို႔ ၂ ဦးက ေပါင္မွာထိေတာ့ သိပ္စိုးရိမ္စရာမရွိဘူး။ မေန႔က က်ေနာ္တုိ႔မူဆယ္ေဆး႐ံု ပို႔လိုက္တယ္။ သက္သာသြားျပီ။ သူတုိ႔ ၂ ဦးက လမ္းပိတ္ထားတာ မသိပဲ သြားေတာ့ ပစ္ခံရတာပါ” ဟု နမ့္ဖတ္ကာ ေမတၱာရွင္ လူမႈ ကူညီေရးအသင္းက တာဝန္ရွိသူက ဆုိသည္။

ယခုရက္ပိုင္းအတြင္း ကြတ္ခိုင္ၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း TNLA ႏွင့္ ျမန္မာ့တပ္မေတာ္တို႔သည္ ေန႔စဥ္ တုိက္ပြဲျဖစ္ပြားကာ တုိက္ပြဲမွာ ျပင္းထန္ေနေၾကာင္း သိရသည္။

“ မေန႔က ျဖစ္တဲ့ တုိက္ပြဲ က က်ေနာ္တို႔ TEC ေက်ာင္း၀င္းထဲ လက္နက္ႀကီးက်တယ္။ ေက်ာင္းဝင္းထဲမွာ ၁လံုး၊ ေက်ာင္းျပင္နားမွာ ၂ လံုးက်တယ္။ ကေလးေတြေတာ့ မသိဘူး” ဟု ကြတ္ခိုင္ တအာင္း စာေပ၊ယဥ္ေက်းမႈ ဥကၠဌ မိုင္းအုိက္မြန္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ယမန္ေန႔ တုိက္ပြဲျဖစ္ပြားမႈေၾကာင့္ ကေလးမ်ားထိခိုက္ဒဏ္ရာရမႈ မရွိေသာ္လည္း ကေလးမ်ား ထိတ္လန္႔မႈ ရွိေနေၾကာင္း၊ ျပည္သူႏွင့္ နီးသည့္ေနရာတြင္ တိုက္ပြဲမ်ားမျပဳလုပ္ၾကေစလိုေၾကာင္းလည္း မိုင္းအုိက္မြန္က ေျပာသည္။

ယေန႔ မနက္ ပိုင္း ၇ နာရီ အခ်ိန္ခန့္တြင္ TNLA ႏွင့္ ျမန္မာ့ တပ္မေတာ္တုိ႔သည္ ေက်ာက္မဲၿမိဳ႕နယ္ ခြန္ေကာ္ေက်းရြာတြင္ တႀကိမ္၊ ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ၂ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း TNLA သတင္းထုတ္ျပန္ခ်က္ အရ သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵
ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် အရပ်သား ၂ ဦးထိမှန်

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

နိုဝင်ဘာလ ၁၄ ရက် ၂၀၁၉


သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ယနေ့ မနက်ပိုင်းက တိုက်ပွဲကြောင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၁၄ ရက် ယနေ့မနက် ၇ နာရီ ဝန်းကျင်က တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့ ကွတ်ခိုင်မြို့ နယ် လွိုင်ဆမ်ဆစ် တောင်ခြေ အနီးတွင် တိုက်ပွဲဖြစ်ပွါးရာ အမျိုးသား ၂ ဦး ကျည်ဆန်ထိမှန်ဒဏ်ရာရရှိကာ ကွတ်ခိုင် ဆေးရုံသို့ ပို့ဆောင် ဆေးကု ရကြောင်း ကွတ်ခိုင် ပြည်သူ့ဆေးရုံ အုပ် ဒေါ်ဝင့်ဝင့်မြိုင် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ အမျိုးသား ၂ ယောက်ပါ။ အသက် က ၁၈၊ ၁၉ လောက်ဘဲရှိမယ်ထင်တယ်။ တယောက်ကတော့ လည်ပင်းမှာ တချက်၊ နောက်တယောကက်တော့ နောက့်စေ့မှာ ထိပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး” ဟု ဒေါ်ဝင့်ဝင့်မြိုင် ကပြောသည်။

အလားတူယမန်နေ့ ကလည်း TNLA နှင့် မြန်မာ့ တပ်မတော်တို့ နမ့်ဖတ်ကာ အနီး မိုင်းယုနှင့် ဟိုမုန်းကျေးရွာ ကြားတိုက်ပွဲဖြစ်ပွားရာတွင် သံဃာတော်တပါး နှင့် အမျိုးသား တဦး ကျည်ထိမှန်ခဲ့ကြောင်း နမ့်ဖတ်ကာ မေတ္တာရှင် လူမူကူညီရေး အသင်းမှ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ကျည်ထိမှန်သည့်သံဃာတော်သည် သက်တော် ၄၅ နှစ်ခန့်ရှိပြီး၊ အမျိုးသားမှာ အသက် ၃၅နှစ်ကျော်ရှိကြောင်း သိရသည်။

“သူတို့ ၂ ဦးက ပေါင်မှာထိတော့ သိပ်စိုးရိမ်စရာမရှိဘူး။ မနေ့က ကျနော်တို့မူဆယ်ဆေးရုံ ပို့လိုက်တယ်။ သက်သာသွားပြီ။ သူတို့ ၂ ဦးက လမ်းပိတ်ထားတာ မသိပဲ သွားတော့ ပစ်ခံရတာပါ” ဟု နမ့်ဖတ်ကာ မေတ္တာရှင် လူမှု ကူညီရေးအသင်းက တာဝန်ရှိသူက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့နယ်နှင့် ကျောက်မဲမြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော်တို့သည် နေ့စဉ် တိုက်ပွဲဖြစ်ပွားကာ တိုက်ပွဲမှာ ပြင်းထန်နေကြောင်း သိရသည်။

“ မနေ့က ဖြစ်တဲ့ တိုက်ပွဲ က ကျနော်တို့ TEC ကျောင်းဝင်းထဲ လက်နက်ကြီးကျတယ်။ ကျောင်းဝင်းထဲမှာ ၁လုံး၊ ကျောင်းပြင်နားမှာ ၂ လုံးကျတယ်။ ကလေးတွေတော့ မသိဘူး” ဟု ကွတ်ခိုင် တအာင်း စာပေ၊ယဉ်ကျေးမှု ဥက္ကဌ မိုင်းအိုက်မွန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယမန်နေ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးများထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ကလေးများ ထိတ်လန့်မှု ရှိနေကြောင်း၊ ပြည်သူနှင့် နီးသည့်နေရာတွင် တိုက်ပွဲများမပြုလုပ်ကြစေလိုကြောင်းလည်း မိုင်းအိုက်မွန်က ပြောသည်။

ယနေ့ မနက် ပိုင်း ၇ နာရီ အချိန်ခန့်တွင် TNLA နှင့် မြန်မာ့ တပ်မတော်တို့သည် ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာတွင် တကြိမ်၊ ကွတ်ခိုင်မြို့နယ်တွင် ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းထုတ်ပြန်ချက် အရ သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တုိက္ပြဲေၾကာင့္ အရပ္သား ၂ ဦးထိမွန္ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တုိက္ပြဲေၾကာင့္ အရပ္သား ၂ ဦးထိမွန္ Reviewed by THITHTOOLWIN on 19:41 Rating: 5
Powered by Blogger.