ေျမာက္ကိုရီးယားနဲ႔ သံတမန္ေရးနဲ႔ ေျပလည္ႏိုင္ရင္ ေတာင္ကိုးရီးယားမွာ ကန္ စစ္ေရးေလွ်ာ့မည္

(မွတ္တမ္းဓာတ္ပံု) အေမရိကန္ ေတာင္ကိုရီးယား ပူးတြဲ စစ္ေရးေလ႔က်င့္မႈမွာ ပါ၀င္ေလ႔က်င့္ခဲ႔တဲ႔ Blackhawk ရဟတ္ယာဥ္ အုပ္စု။ ဓာတ္ပံု - AP
(Zawgyi)⤵⤵⤵
ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ႏ်ဴးကလီးယားအစီအစဥ္ ဖ်က္သိမ္းေရးအတြက္ သံခင္းတမန္ခင္း အေပးအယူကို အေထာက္အကူျဖစ္မယ္ဆိုရင္ ေတာင္ကိုရီးယားႏိုင္ငံမွာ ျပဳလုပ္ေနတဲ့ အေမရိကန္ရဲ႕ စစ္ေရး အျပဳအမူေတြကို ေျပာင္းလဲပစ္ဖို႔ လမ္းပြင့္ သြားႏိုင္တယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Mark Esper က ေျပာၾကားလိုက္ပါတယ္။

ဒီလို ေျပာင္းလဲရာမွာ တိုက္ပြဲဝင္ဖို႔ အသင့္ျဖစ္ေနတဲ့ တပ္ဖြဲ႕ေတြရဲ႕ အေျခအေနကို ထိခိုက္ေစမွာ မဟုတ္သလို၊ ဒီလုပ္ရပ္ကို ေတာင္ကိုရီးယား အစိုးရနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ေတာ္အသြား ေလယာဥ္ေပၚမွာ သတင္းေထာက္ေတြကို ဝန္ႀကီး Esper က ေျပာလိုက္တာပါ။
ဘယ္လို အေသးစိတ္ ညႇိႏႈိင္းမႈေတြ လုပ္သြားမလဲဆိုတာကို ဝန္ႀကီးက မေျပာေပမဲ့ ၊ ေျမာက္ကိုရီးယားက ႏ်ဴးကလီးယားအစီအစဥ္ကို စြန႔္လႊတ္ လိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေတာင္ကိုရီးယားနဲ႔ ျပဳလုပ္ေနတဲ့ စစ္ေရးေလ့က်င့္မႈေတြကိုေတာ့ အေမရိကန္က အရွိန္ ေလွ်ာ့ထားခဲ့ၿပီး ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံကေတာ့ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ စစ္ေရး ေလ့က်င့္မႈေတြဟာ သူတို႔ႏိုင္ငံကို က်ဴးေက်ာ္ဖို႔ ျပင္ဆင္ေနတာ ျဖစ္တယ္ဆိုၿပီး ကာလၾကာရွည္ ျပင္းျပင္းထန္ထန္ ကန႔္ကြက္လာခဲ့တာ ျဖစ္ပါတယ္။

သမၼတ Donald Trump ကလည္း စစ္ေရးေလ့က်င့္မႈေတြဟာ အကုန္အက်မ်ားၿပီး ရန္စသလိုျဖစ္ေနတယ္လို႔ ေျပာထားေပမဲ့ အေမရိကန္စစ္တပ္ အႀကီးအကဲေတြကေတာ့ ဒီလုပ္ရပ္ေတြဟာ ေျမာက္ကိုရီးယားရဲ႕က်ဴးေက်ာ္မႈကို ဟန႔္တားဖို႔အတြက္လို႔ ယူဆၾကပါတယ္။

(Unicode)

မြောက်ကိုရီးယားနဲ့ သံတမန်ရေးနဲ့ ပြေလည်နိုင်ရင် တောင်ကိုးရီးယားမှာ ကန်စစ်ရေးလျှော့မည်

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားအစီအစဉ် ဖျက်သိမ်းရေးအတွက် သံခင်းတမန်ခင်း အပေးအယူကို အထောက်အကူဖြစ်မယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်နေတဲ့ အမေရိကန်ရဲ့ စစ်ရေး အပြုအမူတွေကို ပြောင်းလဲပစ်ဖို့ လမ်းပွင့် သွားနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ပြောကြားလိုက်ပါတယ်။

ဒီလို ပြောင်းလဲရာမှာ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ တပ်ဖွဲ့တွေရဲ့ အခြေအနေကို ထိခိုက်စေမှာ မဟုတ်သလို၊ ဒီလုပ်ရပ်ကို တောင်ကိုရီးယား အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အသွား လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ဝန်ကြီး Esper က ပြောလိုက်တာပါ။
ဘယ်လို အသေးစိတ် ညှိနှိုင်းမှုတွေ လုပ်သွားမလဲဆိုတာကို ဝန်ကြီးက မပြောပေမဲ့ ၊ မြောက်ကိုရီးယားက နျူးကလီးယားအစီအစဉ်ကို စွန့်လွှတ် လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တောင်ကိုရီးယားနဲ့ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုတော့ အမေရိကန်က အရှိန် လျှော့ထားခဲ့ပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ သူတို့နိုင်ငံကို ကျူးကျော်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်ဆိုပြီး ကာလကြာရှည် ပြင်းပြင်းထန်ထန် ကန့်ကွက်လာခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Donald Trump ကလည်း စစ်ရေးလေ့ကျင့်မှုတွေဟာ အကုန်အကျများပြီး ရန်စသလိုဖြစ်နေတယ်လို့ ပြောထားပေမဲ့ အမေရိကန်စစ်တပ် အကြီးအကဲတွေကတော့ ဒီလုပ်ရပ်တွေဟာ မြောက်ကိုရီးယားရဲ့ကျူးကျော်မှုကို ဟန့်တားဖို့အတွက်လို့ ယူဆကြပါတယ်။

VOA Burmese
https://burmese.voanews.com
ေျမာက္ကိုရီးယားနဲ႔ သံတမန္ေရးနဲ႔ ေျပလည္ႏိုင္ရင္ ေတာင္ကိုးရီးယားမွာ ကန္ စစ္ေရးေလွ်ာ့မည္ ေျမာက္ကိုရီးယားနဲ႔ သံတမန္ေရးနဲ႔ ေျပလည္ႏိုင္ရင္ ေတာင္ကိုးရီးယားမွာ ကန္ စစ္ေရးေလွ်ာ့မည္ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.