အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ ႏွစ္ဘက္လံုးအထိနာေၾကာင္း ကုလေျပာ


(Zawgyi/Unicode)

အေမရိကန္နဲ႔ တ႐ုတ္တို႔ၾကား လက္ရွိျဖစ္ပြားေနတဲ့ ကုန္သြယ္ေရးစစ္ပြဲဟာ စားသံုးသူေတြ အတြက္ ကုန္ေစ်းႏႈန္းႀကီးျမင့္မႈနဲ႔အတူ ထုတ္ကုန္က်ဆင္းမႈေၾကာင့္ ႏွစ္ဘက္စလံုးရဲ႕ စီးပြားေရး ကို ထိခိုက္ေစတယ္လို႔ ကုလသမဂၢက ေျပာလိုက္ပါတယ္။

ကမာၻ႔စီးပြားေရးအင္အားအႀကီးမားဆံုး ႏိုင္ငံႀကီး ႏွစ္ႏိုင္ငံရဲ႕ အျပန္အလွန္ ကုန္သြယ္ခြန္ တိုးျမႇင့္ေကာက္ခံေနမႈရဲ႕ အက်ိဳးဆက္ေတြကို ေလ့လာရာမွာ ႏွစ္ဘက္စလံုး ႀကီးမားတဲ့ ဆံုးရႈံးမႈ ေတြ ၾကံဳေနရတာကို ေတြ႔ရွိခဲ့ရေၾကာင္း ကုလသမဂၢ ကုန္သြယ္ေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ အဖြဲ႔ (UNCTAD) က ေနာက္ဆံုး ထုတ္ျပန္လိုက္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဒီလို ျဖစ္ပြားေနတာကေန ႏွစ္ဘက္စလံုး အ႐ံႈးေပၚေနတဲ့ ကုန္သြယ္ေရးဟာ ကုန္သြယ္ဘက္ ႏွစ္ႏိုင္ငံအတြက္သာမက တကမာၻလံုးရဲ႕ စီးပြားေရး တည္ၿငိမ္မႈအေပၚ သက္ေရာက္ေနတဲ့အျပင္ အနာဂတ္ စီးပြားေရးႀကီးထြားမႈအတြက္ပါ ႐ိုက္ခတ္မႈ ရွိလာတယ္လို႔လည္း UNCTAD ရဲ႕ ႏိုင္ငံတကာ ကုန္သြယ္ေရးနဲ႔ ကုန္ပစၥည္းဆိုင္ရာဌာနက Pamela Coke Hamilton က ေၾကညာ ခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

တ႐ုတ္သြင္းကုန္ေတြအေပၚ အေမရိကန္ရဲ႕ အခြန္တုိးျမႇင့္ေကာက္ခံမႈ တခုထဲကတင္ ၂၀၁၉ ပထမႏွစ္ဝက္မွာပဲ ကုန္တင္သြင္းမႈ ၂၅ % က်ဆင္းသြားတာ ေတြ႔ရသလို ဒါဟာ ႏွစ္ဘက္လံုးရဲ႕ စီးပြားေရးကို ထိခိုက္ေစတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

ဒါတင္မကေသးဘဲ အေမရိကန္ စားသံုးသူေတြ ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈဒဏ္ကို ခံစားၾကရ တယ္လို႔လည္း ေျပာပါတယ္။

..................

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ် နှစ်ဘက်လုံးအထိနာကြောင်း ကုလပြော

(Unicode)

အမေရိကန်နဲ့ တရုတ်တို့ကြား လက်ရှိဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ စားသုံးသူတွေ အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ ထုတ်ကုန်ကျဆင်းမှုကြောင့် နှစ်ဘက်စလုံးရဲ့ စီးပွားရေး ကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးမားဆုံး နိုင်ငံကြီး နှစ်နိုင်ငံရဲ့ အပြန်အလှန် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံနေမှုရဲ့ အကျိုးဆက်တွေကို လေ့လာရာမှာ နှစ်ဘက်စလုံး ကြီးမားတဲ့ ဆုံးရှုံးမှု တွေ ကြုံနေရတာကို တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့ (UNCTAD) က နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလို ဖြစ်ပွားနေတာကနေ နှစ်ဘက်စလုံး အရှုံးပေါ်နေတဲ့ ကုန်သွယ်ရေးဟာ ကုန်သွယ်ဘက် နှစ်နိုင်ငံအတွက်သာမက တကမ္ဘာလုံးရဲ့ စီးပွားရေး တည်ငြိမ်မှုအပေါ် သက်ရောက်နေတဲ့အပြင် အနာဂတ် စီးပွားရေးကြီးထွားမှုအတွက်ပါ ရိုက်ခတ်မှု ရှိလာတယ်လို့လည်း UNCTAD ရဲ့ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ကုန်ပစ္စည်းဆိုင်ရာဌာနက Pamela Coke Hamilton က ကြေညာ ချက် ထုတ်ပြန်ပြောဆိုပါတယ်။

တရုတ်သွင်းကုန်တွေအပေါ် အမေရိကန်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှု တခုထဲကတင် ၂၀၁၉ ပထမနှစ်ဝက်မှာပဲ ကုန်တင်သွင်းမှု ၂၅ % ကျဆင်းသွားတာ တွေ့ရသလို ဒါဟာ နှစ်ဘက်လုံးရဲ့ စီးပွားရေးကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ဒါတင်မကသေးဘဲ အမေရိကန် စားသုံးသူတွေ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားကြရ တယ်လို့လည်း ပြောပါတယ်။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ ႏွစ္ဘက္လံုးအထိနာေၾကာင္း ကုလေျပာ အေမရိကန္-တ႐ုတ္ ကုန္သြယ္ေရးစစ္ ႏွစ္ဘက္လံုးအထိနာေၾကာင္း ကုလေျပာ Reviewed by THITHTOOLWIN on 02:15 Rating: 5
Powered by Blogger.