ယူကရိန္းကို ဖိအားေပးခဲ့တဲ့စြပ္စြဲခ်က္ ကန္သံအမတ္ဝန္ခံ

EU ဆိုင္ရာအေမရိကန္သံအမတ္ႀကီး Gordon Sondland (စက္တင္ဘာ၊ ၀၅၊ ၂၀၁၉)

(Zawgyi/Unicode)

အေမရိကန္သမၼတကို တရားစြဲသင့္မသင့္စံုစမ္းမႈေတြအတြင္း လႊတ္ေတာ္အမတ္ေတြရဲ႕ အေမးကို ေျဖၾကားခဲ့တဲ့ အဓိက သံတမန္ တေယာက္က ယူကရိန္းအေနနဲ႔ သမၼတ Donald Trump ကို ႏိုင္ငံေရးအရကူညီရာေရာက္တဲ့ လုပ္ရပ္ကို မလုပ္ရင္ အေမရိကန္က စစ္ေရးေထာက္ပံ့မႈ ေဒၚလာသန္း ၄၀၀ ေလာက္ကို ေပးမွာ မဟုတ္ဘူးလို႔ ယူကရိန္း သံတမန္တေယာက္ကို သူေျပာၾကားခဲ့ေၾကာင္း ေျဖဆိုထားပါတယ္။

EU ဆိုင္ရာအေမရိကန္သံအမတ္ႀကီး Gordon Sondland ျပန္လည္ထြက္ဆုိတဲ့ ေျဖၾကားခ်က္ကို လႊတ္ေတာ္စံုစမ္းေရးေကာ္မတီကေန အဂၤါေန႔က ထုတ္ျပန္ခဲ့တာမွာ ဒုသမၼတေဟာင္း Joe Biden ရဲ႕ သားဘုတ္အဖဲြ႔ဝင္အျဖစ္ ပါဝင္ခဲ့တဲ့ ကုမၸဏီတခုအေပၚ အဂတိလိုက္စားမႈနဲ႔ စံုစမ္းတယ္လို႔ ယူကရိန္းက လူသိ႐ွင္ၾကား မေၾကညာသေ႐ြ႕ အေမရိကန္ရဲ႕ေထာက္ပံ့ေၾကးရမွာ မဟုတ္ဘူးလို႔ သူက ယူကရိန္းသမၼတ Volodymyr Zelenskiy ရဲ႕အႀကံေပးတေယာက္ကို စက္တင္ဘာ ၁ ရက္ေန႔က ေျပာၾကားခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီကိစၥစံုစမ္းဖုိ႔ အေမရိကန္နဲ႔ ယူကရိန္းၾကား သီတင္းပတ္နဲ႔ခ်ီ ေဆြးေႏြးေျပာခဲ့ၾကတယ္လို႔လည္း ေျပာထားပါတယ္။ EU သံအမတ္အျဖစ္ သမၼတ Trump တာဝန္ေပးထားတဲ့ Gordon Sondland ဟာ သမၼတမဲဆြယ္စည္း႐ံုးေရးအဖဲြ႔ကို အလွဴေငြအေျမာက္အမ်ား ထည့္ခဲ့သူ ျဖစ္ပါတယ္။

၂၀၂၀ သမၼတေ႐ြးေကာက္ပြဲက်ရင္ သမၼတ Trump နဲ႔ ၿပိဳင္ဘက္ျဖစ္လာႏိုင္သူ ဒုသမၼတေဟာင္း Joe Biden နဲ႔ သားျဖစ္သူ Hunter Biden တုိ႔အေပၚ စံုစမ္းဖုိ႔ ယူရကိန္းကို ဖိအားေပး အၾကပ္မကိုင္ခဲ့ဘူးလို႔ သမၼတ Trump က အႀကိမ္ႀကိမ္ ျငင္းဆိုေနတာပါ။

ဒါေပမဲ့ သမၼတကို ကာကြယ္ရပ္တည္ေနသူ သံအမတ္ႀကီး Sondland ရဲ႕ လႊတ္ေတာ္အမတ္ေတြကို ေျပာၾကားမႈက သိသိသာသာကြဲလြဲေနပါတယ္။

အေမရိကန္သမၼတနဲ႔ ယူကရိန္းသမၼတၾကား ဖုန္းဆက္သြယ္ေျပာၾကားမႈ တခုအတြင္း Biden သားအဖအေပၚ စံုစမ္းဖုိ႔ ေျပာခဲ့တဲ့ ကိစၥေၾကာင့္ သမၼတဟာ သူ႔ လုပ္ပိုင္ခြင့္ အာဏာသံုးၿပီး ႏိုင္ငံေရးအက်ဳိးအျမတ္ရေအာင္ လုပ္ခဲ့သလားဆိုတာကို ေအာက္လႊတ္ေတာ္ Democrat အမတ္ေတြ စံုစမ္းေနၾကတာျဖစ္ပါတယ္။

[Unicode Version]

ယူကရိန်းကို ဖိအားပေးခဲ့တဲ့စွတ်စွဲချက် ကန်သံအမတ်ဝန်ခံ

အမေရိကန်သမ္မတကို တရားစွဲသင့်မသင့်စုံစမ်းမှုတွေအတွင်း လွှတ်တော်အမတ်တွေရဲ့ အမေးကို ဖြေကြားခဲ့တဲ့ အဓိက သံတမန် တယောက်က ယူကရိန်းအနေနဲ့ သမ္မတ Donald Trump ကို နိုင်ငံရေးအရကူညီရာရောက်တဲ့ လုပ်ရပ်ကို မလုပ်ရင် အမေရိကန်က စစ်ရေးထောက်ပံ့မှု ဒေါ်လာသန်း ၄၀၀ လောက်ကို ပေးမှာ မဟုတ်ဘူးလို့ ယူကရိန်း သံတမန်တယောက်ကို သူပြောကြားခဲ့ကြောင်း ဖြေဆိုထားပါတယ်။

EU ဆိုင်ရာအမေရိကန်သံအမတ်ကြီး Gordon Sondland ပြန်လည်ထွက်ဆိုတဲ့ ဖြေကြားချက်ကို လွှတ်တော်စုံစမ်းရေးကော်မတီကနေ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တာမှာ ဒုသမ္မတဟောင်း Joe Biden ရဲ့ သားဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့ ကုမ္ပဏီတခုအပေါ် အဂတိလိုက်စားမှုနဲ့ စုံစမ်းတယ်လို့ ယူကရိန်းက လူသိရှင်ကြား မကြေညာသရွေ့ အမေရိကန်ရဲ့ထောက်ပံ့ကြေးရမှာ မဟုတ်ဘူးလို့ သူက ယူကရိန်းသမ္မတ Volodymyr Zelenskiy ရဲ့အကြံပေးတယောက်ကို စက်တင်ဘာ ၁ ရက်နေ့က ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီကိစ္စစုံစမ်းဖို့ အမေရိကန်နဲ့ ယူကရိန်းကြား သီတင်းပတ်နဲ့ချီ ဆွေးနွေးပြောခဲ့ကြတယ်လို့လည်း ပြောထားပါတယ်။ EU သံအမတ်အဖြစ် သမ္မတ Trump တာဝန်ပေးထားတဲ့ Gordon Sondland ဟာ သမ္မတမဲဆွယ်စည်းရုံးရေးအဖွဲ့ကို အလှူငွေအမြောက်အများ ထည့်ခဲ့သူ ဖြစ်ပါတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲကျရင် သမ္မတ Trump နဲ့ ပြိုင်ဘက်ဖြစ်လာနိုင်သူ ဒုသမ္မတဟောင်း Joe Biden နဲ့ သားဖြစ်သူ Hunter Biden တို့အပေါ် စုံစမ်းဖို့ ယူရကိန်းကို ဖိအားပေး အကြပ်မကိုင်ခဲ့ဘူးလို့ သမ္မတ Trump က အကြိမ်ကြိမ် ငြင်းဆိုနေတာပါ။

ဒါပေမဲ့ သမ္မတကို ကာကွယ်ရပ်တည်နေသူ သံအမတ်ကြီး Sondland ရဲ့ လွှတ်တော်အမတ်တွေကို ပြောကြားမှုက သိသိသာသာကွဲလွဲနေပါတယ်။

အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတကြား ဖုန်းဆက်သွယ်ပြောကြားမှု တခုအတွင်း Biden သားအဖအပေါ် စုံစမ်းဖို့ ပြောခဲ့တဲ့ ကိစ္စကြောင့် သမ္မတဟာ သူ့ လုပ်ပိုင်ခွင့် အာဏာသုံးပြီး နိုင်ငံရေးအကျိုးအမြတ်ရအောင် လုပ်ခဲ့သလားဆိုတာကို အောက်လွှတ်တော် Democrat အမတ်တွေ စုံစမ်းနေကြတာဖြစ်ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ယူကရိန္းကို ဖိအားေပးခဲ့တဲ့စြပ္စြဲခ်က္ ကန္သံအမတ္ဝန္ခံ ယူကရိန္းကို ဖိအားေပးခဲ့တဲ့စြပ္စြဲခ်က္ ကန္သံအမတ္ဝန္ခံ Reviewed by THITHTOOLWIN on 02:16 Rating: 5
Powered by Blogger.