အေမရိကန္မွာ လူသတ္မႈ သံသယ တရားခံႏွစ္ဦး ေထာင္ကို အေပါက္ေဖာက္ ထြက္ေျပး

လူသတ္မႈ သံသယတရားခံေတြ ထြက္ေျပးလြတ္ေျမာက္သြားတဲ့ ၂၂ လက္မအက်ယ္ အေပါက္
(Zawgyi)⤵⤵⤵
ကယ္လီဖိုးနီးယားျပည္နယ္မွာ အံ့ၾသစရာေကာင္းေလာက္ေအာင္ ေထာင္ေဖာက္ ေျပးသြားႏိုင္ခဲ့တဲ့ လူသတ္မႈ သံသယ တရားခံႏွစ္ဦးရဲ႕ ပုံေတြကို ရဲေတြက ထုတ္ျပန္လိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ဆန္ေတာ့စ္ ဆယ္ျမဴယယ္ ဖြန္ေဆးကာ နဲ႔ အသက္ ၂၀ အ႐ြယ္ ေဂ်ာ္နသန္ ဆာလာဇာ တို႔ဟာ ဆန္ဖရန္စစၥကိုၿမိဳ႕ ေတာင္ပိုင္း ဆာလီနက္စ္ၿမိဳ႕ အက်ဥ္းေထာင္က အိမ္သာ မ်က္ႏွာၾကက္တစ္ခုမွာ ၂၂ လက္မ အက်ယ္ အေပါက္ ေဖာက္ၿပီး အဲဒီအေပါက္ထဲကေန ထြက္ေျပးသြားခဲ့တာပါ။

အဲဒီလူေတြဟာ အေစာင့္ေတြ ၾကည့္လို႔မရတဲ့ ေနရာတစ္ခုကို အသုံးခ်ၿပီး ထြက္ေျပးသြားခဲ့ၾကတယ္လို႔ ရဲမႉး႐ုံးက ေျပာပါတယ္။

သူတို႔ႏွစ္ဦးဟာ သီးျခား လူသတ္မႈ ႏွစ္ခုအတြက္ တရားရင္ဆိုင္ဖို႔ ေစာင့္ဆိုင္းေနစဥ္ တနဂၤေႏြေန႔က ေထာင္ေဖာက္ ထြက္ေျပး လြတ္ေျမာက္သြားတာပါ။

လူသတ္မႈနဲ႔ တရားစြဲခံထားရတဲ့သူေတြ ေထာင္ထဲကေန ထြက္ေျပး လြတ္ေျမာက္သြားတဲ့အတြက္ အေတာ့္ကို ေဒါသထြက္ စိတ္ပ်က္ခဲ့ရတယ္လို႔ မြန္တာရီ ခ႐ိုင္ရဲမႉးႀကီး ႐ုံးရဲ႕ ေျပာခြင့္ရ ပုဂၢိဳလ္ ေဂ်ာ္နသန္ ေသာန္ဘာ့ဂ္ က ေျပာပါတယ္။

မြန္တာရီ ခ႐ိုင္က အက်ဥ္းေထာင္တစ္ခုကေန ထြက္ေျပးသြားၾကတဲ့ ဆန္ေတာ့စ္ ဆယ္ျမဴယယ္ ဖြန္ေဆးကာ (ဝဲ) နဲ႔ ေဂ်ာ္နသန္ ဆာလာဇာ (ယာ)
လက္နက္ကိုင္ေဆာင္ထားတယ္လို႔ ယူဆရတဲ့ အဲဒီလူႏွစ္ဦးဟာ အႏၲရာယ္ေပးႏိုင္ေၾကာင္း အာဏာပိုင္ေတြက ေၾကညာထားၿပီး ပိုက္စိပ္တိုက္ ရွာေဖြေနပါတယ္။

သူတို႔ ဘယ္မွာ ရွိေနသလဲ ဆိုတာ သတင္းေပးႏိုင္ရင္ ဆုေငြ ေဒၚလာ ၅၀၀၀ ဆုခ်မယ္လို႔ ရဲမႉးႀကီး ႐ုံးက ထုတ္ေဖာ္ ေၾကညာထားပါတယ္။

အဲဒီလူေတြ ဘယ္လို လြတ္ေျမာက္သြားတာလဲ

အဲဒီလူေတြဟာ ေထာင္အေစာင့္ေတြ မျမင္ႏိုင္တဲ့ အိမ္သာထဲမွာ အေပါက္ ေဖာက္ခဲ့တာလို႔ တာဝန္ရွိပုဂၢိဳလ္ေတြက ေျပာပါတယ္။

အဲဒီအေပါက္ဟာ အရပ္ ၅ ေပ ၇ လက္မစီ ရွိၾကတဲ့ သူတို႔ႏွစ္ဦး လွ်ိဳၿပီး ဝင္ႏိုင္ေလာက္ေအာင္ က်ယ္တယ္လို႔ ဆိုပါတယ္။

အက်ဥ္းေထာင္ထဲက အိမ္သာထဲမွာ အေစာင့္ေတြ မျမင္ႏိုင္တဲ့ ေနရာတစ္ခုကို အဲဒီလူေတြ ရွာေတြ႕ခဲ့ၾကတယ္လို႔ အာဏာပိုင္ေတြေျပာ
အဲဒီအေပါက္ကေနတဆင့္ ပိုက္လိုင္းေတြနဲ႔ ျပည့္ေနတဲ့ ျပဳျပင္ထိန္းသိမ္းတဲ့ ေနရာတစ္ခုဆီ တြားသြားခဲ့ပါတယ္။ တခ်ိဳ႕ေနရာေတြမွာဆို ၁၁ လက္မေလာက္ပဲ က်ယ္တယ္လို႔ ဆိုပါတယ္။ အဲဒီကေနမွ အျပင္ထြက္တဲ့ မလြယ္ေပါက္တံခါးတစ္ခုကို အတင္းတြန္းၿပီး အဲဒီလူႏွစ္ေယာက္ ထြက္ေျပး လြတ္ေျမာက္သြားတာလို႔ သိရပါတယ္။

မ်က္ႏွာၾကက္ အေပါက္ကေန တဆင့္ ျပဳျပင္ထိန္းသိမ္းတဲ့ ေနရာကို ေက်ာ္ျဖတ္ၿပီး အျပင္ကို ထြက္ေျပးသြား
အဲဒီ မလြယ္ေပါက္ တံခါးဟာ အက်ဥ္းေထာင္ရဲ႕ အေနာက္ဘက္မွာ ရွိၿပီး အဲဒီမွာ လုံၿခဳံေရး သံဆူးႀကိဳးေတြ ကာရံထားတာ မရွိဘူးလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

သူတို႔ကို ဘယ္လို စြဲခ်က္ေတြနဲ႔ တရားစြဲထားတာလဲ

အဲဒီ လူႏွစ္ဦးကို သီးျခား လူသတ္မႈ တစ္ခုစီမွာ ဆက္ႏႊယ္ေနမႈနဲ႔ မႏွစ္တုန္းက ဖမ္းဆီးၿပီး တရားစြဲခဲ့တာလို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

လူသတ္မႈ သံသယ တရားခံေတြ ထြက္ေျပးသြားတဲ့ မလြယ္ေပါက္
ဆန္ေတာ့စ္ ဆယ္ျမဴယယ္ ဖြန္ေဆးကာ ဟာ ၂၀၁၈ ခုႏွစ္ ဇြန္လက အသက္ ၃၇ ႏွစ္အ႐ြယ္ ေလာရန္ဇို ဂိုမက္ဇ္ အေကာ့စ္တာ နဲ႔ အသက္ ၂၇ ႏွစ္အ႐ြယ္ အာနက္စ္တို ဂါဆီယာ ခ႐ူဇ္ တို႔ကို သတ္ခဲ့တယ္လို႔ စြပ္စြဲခံထားရတာပါ။

ေဂ်ာ္နသန္ ဆာလာဇာ ကေတာ့ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာတုန္းက ေဂ်မီ မာတီးနက္ဇ္ကို ေသနတ္နဲ႔ ပစ္သတ္ခဲ့မႈနဲ႔ တရားစြဲခံထားရတာ ျဖစ္ပါတယ္။

သူတို႔ ႏွစ္ဦးစလုံးက အျပစ္မရွိေၾကာင္း ႐ုံးေတာ္မွာ ထြက္ဆိုထားတယ္လို႔ Los Angeles Times သတင္းစာမွာ ေဖာ္ျပထားပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
အမေရိကန်မှာ လူသတ်မှု သံသယ တရားခံနှစ်ဦး ထောင်ကို အပေါက်ဖောက် ထွက်ပြေး

Image caption လူသတ်မှု သံသယတရားခံတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ၂၂ လက်မအကျယ် အပေါက်

ကယ်လီဖိုးနီးယားပြည်နယ်မှာ အံ့သြစရာကောင်းလောက်အောင် ထောင်ဖောက် ပြေးသွားနိုင်ခဲ့တဲ့ လူသတ်မှု သံသယ တရားခံနှစ်ဦးရဲ့ ပုံတွေကို ရဲတွေက ထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဆန်တော့စ် ဆယ်မြူယယ် ဖွန်ဆေးကာ နဲ့ အသက် ၂၀ အရွယ် ဂျော်နသန် ဆာလာဇာ တို့ဟာ ဆန်ဖရန်စစ္စကိုမြို့ တောင်ပိုင်း ဆာလီနက်စ်မြို့ အကျဉ်းထောင်က အိမ်သာ မျက်နှာကြက်တစ်ခုမှာ ၂၂ လက်မ အကျယ် အပေါက် ဖောက်ပြီး အဲဒီအပေါက်ထဲကနေ ထွက်ပြေးသွားခဲ့တာပါ။

အဲဒီလူတွေဟာ အစောင့်တွေ ကြည့်လို့မရတဲ့ နေရာတစ်ခုကို အသုံးချပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ ရဲမှူးရုံးက ပြောပါတယ်။

သူတို့နှစ်ဦးဟာ သီးခြား လူသတ်မှု နှစ်ခုအတွက် တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေစဉ် တနင်္ဂနွေနေ့က ထောင်ဖောက် ထွက်ပြေး လွတ်မြောက်သွားတာပါ။

လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့သူတွေ ထောင်ထဲကနေ ထွက်ပြေး လွတ်မြောက်သွားတဲ့အတွက် အတော့်ကို ဒေါသထွက် စိတ်ပျက်ခဲ့ရတယ်လို့ မွန်တာရီ ခရိုင်ရဲမှူးကြီး ရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျော်နသန် သောန်ဘာ့ဂ် က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Monterey County Sheriff's Office
Image caption မွန်တာရီ ခရိုင်က အကျဉ်းထောင်တစ်ခုကနေ ထွက်ပြေးသွားကြတဲ့ ဆန်တော့စ် ဆယ်မြူယယ် ဖွန်ဆေးကာ (ဝဲ) နဲ့ ဂျော်နသန် ဆာလာဇာ (ယာ)

လက်နက်ကိုင်ဆောင်ထားတယ်လို့ ယူဆရတဲ့ အဲဒီလူနှစ်ဦးဟာ အန္တရာယ်ပေးနိုင်ကြောင်း အာဏာပိုင်တွေက ကြေညာထားပြီး ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။

သူတို့ ဘယ်မှာ ရှိနေသလဲ ဆိုတာ သတင်းပေးနိုင်ရင် ဆုငွေ ဒေါ်လာ ၅၀၀၀ ဆုချမယ်လို့ ရဲမှူးကြီး ရုံးက ထုတ်ဖော် ကြေညာထားပါတယ်။

အဲဒီလူတွေ ဘယ်လို လွတ်မြောက်သွားတာလဲ

အဲဒီလူတွေဟာ ထောင်အစောင့်တွေ မမြင်နိုင်တဲ့ အိမ်သာထဲမှာ အပေါက် ဖောက်ခဲ့တာလို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။

အဲဒီအပေါက်ဟာ အရပ် ၅ ပေ ၇ လက်မစီ ရှိကြတဲ့ သူတို့နှစ်ဦး လျှိုပြီး ဝင်နိုင်လောက်အောင် ကျယ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Monterey County Sheriff's Office
Image caption အကျဉ်းထောင်ထဲက အိမ်သာထဲမှာ အစောင့်တွေ မမြင်နိုင်တဲ့ နေရာတစ်ခုကို အဲဒီလူတွေ ရှာတွေ့ခဲ့ကြတယ်လို့ အာဏာပိုင်တွေပြော

အဲဒီအပေါက်ကနေတဆင့် ပိုက်လိုင်းတွေနဲ့ ပြည့်နေတဲ့ ပြုပြင်ထိန်းသိမ်းတဲ့ နေရာတစ်ခုဆီ တွားသွားခဲ့ပါတယ်။ တချို့နေရာတွေမှာဆို ၁၁ လက်မလောက်ပဲ ကျယ်တယ်လို့ ဆိုပါတယ်။ အဲဒီကနေမှ အပြင်ထွက်တဲ့ မလွယ်ပေါက်တံခါးတစ်ခုကို အတင်းတွန်းပြီး အဲဒီလူနှစ်ယောက် ထွက်ပြေး လွတ်မြောက်သွားတာလို့ သိရပါတယ်။
ဓာတ်ပုံ မူပိုင် Monterey County Sheriff's Office
Image caption မျက်နှာကြက် အပေါက်ကနေ တဆင့် ပြုပြင်ထိန်းသိမ်းတဲ့ နေရာကို ကျော်ဖြတ်ပြီး အပြင်ကို ထွက်ပြေးသွား

အဲဒီ မလွယ်ပေါက် တံခါးဟာ အကျဉ်းထောင်ရဲ့ အနောက်ဘက်မှာ ရှိပြီး အဲဒီမှာ လုံခြုံရေး သံဆူးကြိုးတွေ ကာရံထားတာ မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

သူတို့ကို ဘယ်လို စွဲချက်တွေနဲ့ တရားစွဲထားတာလဲ

အဲဒီ လူနှစ်ဦးကို သီးခြား လူသတ်မှု တစ်ခုစီမှာ ဆက်နွှယ်နေမှုနဲ့ မနှစ်တုန်းက ဖမ်းဆီးပြီး တရားစွဲခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Monterey County Sheriff's Office
Image caption လူသတ်မှု သံသယ တရားခံတွေ ထွက်ပြေးသွားတဲ့ မလွယ်ပေါက်

ဆန်တော့စ် ဆယ်မြူယယ် ဖွန်ဆေးကာ ဟာ ၂၀၁၈ ခုနှစ် ဇွန်လက အသက် ၃၇ နှစ်အရွယ် လောရန်ဇို ဂိုမက်ဇ် အကော့စ်တာ နဲ့ အသက် ၂၇ နှစ်အရွယ် အာနက်စ်တို ဂါဆီယာ ခရူဇ် တို့ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ဂျော်နသန် ဆာလာဇာ ကတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာတုန်းက ဂျေမီ မာတီးနက်ဇ်ကို သေနတ်နဲ့ ပစ်သတ်ခဲ့မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

သူတို့ နှစ်ဦးစလုံးက အပြစ်မရှိကြောင်း ရုံးတော်မှာ ထွက်ဆိုထားတယ်လို့ Los Angeles Times သတင်းစာမှာ ဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com
အေမရိကန္မွာ လူသတ္မႈ သံသယ တရားခံႏွစ္ဦး ေထာင္ကို အေပါက္ေဖာက္ ထြက္ေျပး အေမရိကန္မွာ လူသတ္မႈ သံသယ တရားခံႏွစ္ဦး ေထာင္ကို အေပါက္ေဖာက္ ထြက္ေျပး Reviewed by THITHTOOLWIN on 02:12 Rating: 5
Powered by Blogger.